အားလံုး သိခ်င္ေနၾကတဲ့ YBS ယာဥ္စီးခ ႀကိဳတင္ေငြေပးကဒ္ အေၾကာင္း

0
262

(Zawgyi)

အားလံုး သိခ်င္ေနၾကတဲ့ YBS ယာဥ္စီးခ ႀကိဳတင္ေငြေပးကဒ္ အေၾကာင္း

YBS (2) ႏွစ္ျပည့္ အခမ္းအနား မွာ ထုတ္ေဖာ္ ျပသလိုက္ေသာ ယာဥ္စီးခ ႀကိဳတင္ေငြေပး ကဒ္ႏွင့္ စက္သည္ Down Town ယာဥ္လိုင္း မ်ားတြင္သာ စတင္ အသံုးျပဳ ႏိုင္မွာ ျဖစ္ပါသည္။ သို႔ေသာ္ မည္သည့္ ရက္တြင္ စတင္ အသံုးျပဳႏိုင္မည္ ကို မသိရိွရ ေသးပါ ။

စက္တင္ဘာလ ေလာက္မွသာ ယာဥ္အသစ္ မ်ားတြင္ စတင္ တပ္ဆင္ အသံုးျပဳႏိုင္မည္ ျဖစ္သည္ ဟု ခန္႔မွန္းရ မိပါသည္။

ယာဥ္စီးခ ႀကိဳတင္ ေငြေပးကဒ္ ထဲသို႔ ေငြျဖည့္လို ပါက G and G Convenience Store မ်ားတြင္ ျဖည့္သြင္းႏိုင္ ပါသည္။

ယာဥ္စီးခ ႀကိဳတင္ aငြေပးကဒ္ အသံုးျပဳပံု

– ယာဥ္ေပၚသို႔ မတက္ေရာက္ခင္ အခ်ိန္ တြင္ ယာဥ္စီးခ ႀကိဳတင္ေငြေပး ကဒ္အား အဆင့္သင့္ ထုတ္ထား ရပါမည္ ။

– ယာဥ္ေပၚသို႔ တက္ေရာက္ ၿပီးေသာ အခါ ယာဥ္ေမာင္း၏ ညာဘက္ အျခမ္းတြင္ ရိွေသာ စက္၏ အေပၚပိုင္ း” ေက်းဇူးျပဳ၍ ကဒ္ျဖတ္ပါ ” ဟု ေရးသားထားေသာ ေနရာတြင္ ကဒ္အား ကပ္ေပးရ ပါမည္ ။

– စက္ႏွင့္ ကဒ္အား ကပ္ၿပီးသည့္ အခ်ိန္တြင္ စက္မွ Voice System ျဖင့္ ျပန္လည္ ေျဖၾကားမည္ ျဖစ္ပါသည္ ။

– ထို႔ေနာက္ မိမိ ဆင္းလိုေသာ မွတ္တိုင္သို႔ ေရာက္ေသာ အခါ ေနာက္တံခါး အနီးတြင္ တပ္ဆင္ထားေသာ စက္ႏွင့္ ကဒ္အား ဒုတိယ တႀကိမ္ ျဖတ္ေပးရ ပါမည္ ။

– *** ကဒ္ျဖတ္မႈ အား အတက္တြင္သာ ျပဳလုပ္ၿပီး အဆင္းတြင္ မျပဳလုပ္ပါက ခရီးစဥ္ တေလ်ာက္ က်သင့္ေငြ အားလံုးကို ျဖတ္ေတာက္သြားမည္ ျဖစ္ပါသည္ ။ ***

– အတက္အဆင္း ႏွစ္ေနရာ စလံုး ျပဳလုပ္ပါက မိမိစီးႏွင္းခဲ့ ခရီးမိုင္ အကြာ အေဝး အလိုက္သာ ယာဥ္စီးခအား ျဖတ္ေတာက္မည္ ျဖစ္ပါသည္။

( ဥပမာ – ခရီးသည္ တဦးသည္ မွတ္တိုင္ A မွ C သို႔ သြားသည္ ဆိုပါစို႕
ခရီးစဥ္ အစ အဆံုးသည္ မွတ္တိုင္ A မွ G ျဖစ္ပါသည္ ။
မွတ္တိုင္ A မွ G အထိ မွတ္တိုင္ အစအဆံုးကို ယာဥ္စီးခ ၅၀၀ က်ပ္ သတ္မွတ္ထားသည္ ။
မွတ္တိုင္ A မွ C အထိ ယာဥ္္စီးခ မွာ ၂၀၀ က်ပ္ သတ္မွတ္သည္ ဆိုပါစို႕ ။
အတက္တြင္သာ ကဒ္ျဖတ္ၿပီး အဆင္းတြင္ ကဒ္မျဖတ္ပါက ထိုခရီးသည္အား မွတ္တိုင္ A မွ G အထိ သတ္မွတ္ယာဥ္ စီးခ ၅၀၀ က်ပ္ ျဖတ္ေတာက္ သြားမည္ ျဖစ္ပါသည္ ။)

ယာဥ္စီးခ ႀကိဳတင္ ေငြေပး ကဒ္မ်ား စတင္ ေရာင္းခ်မည့္ရက္ ကို အခ်ိန္ႏွင့္ တေျပးညီ ထုတ္ျပန္ ေဖာ္ျပေပး သြားပါမည္။

DYN

(Unicode)

အားလုံး သိချင်နေကြတဲ့ YBS ယာဉ်စီးခ ကြိုတင်ငွေပေးကဒ် အကြောင်း

YBS (2) နှစ်ပြည့် အခမ်းအနား မှာ ထုတ်ဖော် ပြသလိုက်သော ယာဉ်စီးခ ကြိုတင်ငွေပေး ကဒ်နှင့် စက်သည် Down Town ယာဉ်လိုင်း များတွင်သာ စတင် အသုံးပြု နိုင်မှာ ဖြစ်ပါသည်။ သို့သော် မည်သည့် ရက်တွင် စတင် အသုံးပြုနိုင်မည် ကို မသိရှိရ သေးပါ ။

စက်တင်ဘာလ လောက်မှသာ ယာဉ်အသစ် များတွင် စတင် တပ်ဆင် အသုံးပြုနိုင်မည် ဖြစ်သည် ဟု ခန့်မှန်းရ မိပါသည်။

ယာဉ်စီးခ ကြိုတင် ငွေပေးကဒ် ထဲသို့ ငွေဖြည့်လို ပါက G and G Convenience Store များတွင် ဖြည့်သွင်းနိုင် ပါသည်။

ယာဉ်စီးခ ကြိုတင် aငွပေးကဒ် အသုံးပြုပုံ

– ယာဉ်ပေါ်သို့ မတက်ရောက်ခင် အချိန် တွင် ယာဉ်စီးခ ကြိုတင်ငွေပေး ကဒ်အား အဆင့်သင့် ထုတ်ထား ရပါမည် ။

– ယာဉ်ပေါ်သို့ တက်ရောက် ပြီးသော အခါ ယာဉ်မောင်း၏ ညာဘက် အခြမ်းတွင် ရှိသော စက်၏ အပေါ်ပိုင် း” ကျေးဇူးပြု၍ ကဒ်ဖြတ်ပါ ” ဟု ရေးသားထားသော နေရာတွင် ကဒ်အား ကပ်ပေးရ ပါမည် ။

– စက်နှင့် ကဒ်အား ကပ်ပြီးသည့် အချိန်တွင် စက်မှ Voice System ဖြင့် ပြန်လည် ဖြေကြားမည် ဖြစ်ပါသည် ။

– ထို့နောက် မိမိ ဆင်းလိုသော မှတ်တိုင်သို့ ရောက်သော အခါ နောက်တံခါး အနီးတွင် တပ်ဆင်ထားသော စက်နှင့် ကဒ်အား ဒုတိယ တကြိမ် ဖြတ်ပေးရ ပါမည် ။

– *** ကဒ်ဖြတ်မှု အား အတက်တွင်သာ ပြုလုပ်ပြီး အဆင်းတွင် မပြုလုပ်ပါက ခရီးစဉ် တလျောက် ကျသင့်ငွေ အားလုံးကို ဖြတ်တောက်သွားမည် ဖြစ်ပါသည် ။ ***

– အတက်အဆင်း နှစ်နေရာ စလုံး ပြုလုပ်ပါက မိမိစီးနှင်းခဲ့ ခရီးမိုင် အကွာ အဝေး အလိုက်သာ ယာဉ်စီးခအား ဖြတ်တောက်မည် ဖြစ်ပါသည်။

( ဥပမာ – ခရီးသည် တဦးသည် မှတ်တိုင် A မှ C သို့ သွားသည် ဆိုပါစို့
ခရီးစဉ် အစ အဆုံးသည် မှတ်တိုင် A မှ G ဖြစ်ပါသည် ။
မှတ်တိုင် A မှ G အထိ မှတ်တိုင် အစအဆုံးကို ယာဉ်စီးခ ၅၀၀ ကျပ် သတ်မှတ်ထားသည် ။
မှတ်တိုင် A မှ C အထိ ယာဉ်စီးခ မှာ ၂၀၀ ကျပ် သတ်မှတ်သည် ဆိုပါစို့ ။
အတက်တွင်သာ ကဒ်ဖြတ်ပြီး အဆင်းတွင် ကဒ်မဖြတ်ပါက ထိုခရီးသည်အား မှတ်တိုင် A မှ G အထိ သတ်မှတ်ယာဉ် စီးခ ၅၀၀ ကျပ် ဖြတ်တောက် သွားမည် ဖြစ်ပါသည် ။)

ယာဉ်စီးခ ကြိုတင် ငွေပေး ကဒ်များ စတင် ရောင်းချမည့်ရက် ကို အချိန်နှင့် တပြေးညီ ထုတ်ပြန် ဖော်ပြပေး သွားပါမည်။

DYN

LEAVE A REPLY

Please enter your comment!
Please enter your name here