ပုဇြန္ေတာင္ သိမ္ျဖဴလမ္းမေပၚရွိ အမ်ဳိးသမီး အေဆာင္အတြင္း လူငယ္ ၂ ဦး ဝင္ေရာက္ အႏုၾကမ္းစီး

0
235

(Zawgyi)

ပုဇြန္ေတာင္ သိမ္ျဖဴလမ္းမေပၚရွိ အမ်ဳိးသမီး အေဆာင္အတြင္း လူငယ္ ၂ ဦး ဝင္ေရာက္ အႏုၾကမ္းစီး

ရန္ကုန္ျမိဳ႕ ပုဇြန္ေတာင္ၿမိဳ႕နယ္ အမွတ္ (၈) ရပ္ကြက္ သိမ္ျဖဴလမ္းမေပၚ႐ွိ ကုမၺဏီဝင္း အတြင္းရွိ အမ်ဳိးသမီးအေဆာင္ အခန္းတခန္း အတြင္းသို႔ အမ်ဳိးသားလူငယ္ ၂ ဦး ဇန္နဝါရီ ၁၅ ရက္ နံနက္ ၄ နာရီခန္႔တြင္ တိတ္တဆိတ္ ဝင္ေရာက္ ပစၥည္းခိုးယူရာမွ အႏုၾကမ္းစီးမႈ တခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အခင္း ျဖစ္ပြားရာေနရာမွာ ယခင္ က်န္းမာေရး ဝန္ႀကီးဌာနပိုင္း ႐ုံး၀င္းျဖစ္ျပီး ယခုအခါ ပုဂၢလိကကုမၺဏီတခုသို႔ ငွားရမ္းထားရာ အဆိုပါ ကုမၺဏီ၏ ဝန္ထမ္းေဆာင္ရွိ အမ်ဳိးသမီးသံုးဦး ေနထိုင္သည့္ အခန္းအတြင္းသို႔ လူငယ္ ၂ ဦးက ၀င္ေရာက္ ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔က အခန္းေ႐ွ႕မွန္ျပတင္းက တဆင့္ ဝင္လာတာ ဖိနပ္ရာေတြ ေတြ႕တယ္။ ပိုက္ဆံအိတ္က ခုတင္ေဘး စားပြဲေပၚမွာ တင္ၿပီးအိပ္ေတာ့ အလြယ္တကူ ဖြင့္ၿပီး ယူသြားတယ္။ ဖုန္းကလည္း အိပ္ယာေဘးေလးပဲ ဆိုေတာ့ ယူသြားတယ္ ။ အတြင္းခန္းက မီးပိတ္အိပ္ေတာ ့ေမွာင္ေနတယ္။ အဲေတာ့ ႐ွာေနတယ္ ထင္ပါတယ္

‘ ခြၽတ္ ခြၽတ္ ခြၽတ္ ’ အသံၾကားေတာ့ ဘယ္သူလဲ၊ ဘယ္သူလဲ ေမးေတာ့ မေျဖတာနဲ႔ သူခိုးလို႔ ေအာ္လိုက္ေတာ့ ေအာက္ကို ေျပးဆင္းသြားတယ္။ ကြၽန္မတို႔လည္း ေနာက္က လိုက္ဆင္းမလို႔ ၾကည့္ေတာ့ ေလွကားရင္းမွာ ဓားနဲ႔ ရြယ္ထားတယ္။ အဲဒါနဲ႔ ကြၽန္မတို႔လည္း မေအာ္ရဲဘူး ” ဟု ကာယကံ႐ွင္ အမ်ဳိးသမီးတဦးက ေျပာသည္။

အေဆာင္ခန္းတြင္း ဝင္ေရာက္ ခိုးယူသူႏွစ္ဦးက ဖုန္း ၂ လံုးႏွင့္ ေငြသား က်ပ္ ၈ သိန္းခြဲ ကို ယူေဆာင္သြားၿပီး အမ်ဳိးသမီးမ်ားမွ ေအာ္ဟစ္ အကူအညီေတာင္းသည့္ အခါ ႏွစ္ဦးအနက္ တဦးမွာ အေနာက္ဖက္အေပါက္မွ ေျပးဆင္းသြားၿပီး က်န္တဦးမွာ အေ႐ွ႕ေလွကားမွာ ေျပးဆင္းကာ ေလွကားေအာက္တြင္ရပ္၍ အမ်ဳိးသမီး ၃ ဦးအား ဓားႏွစ္လက္ျဖင့္ ရြယ္၍ မေအာ္ရန္ ျခိမ္းေျခာက္ တားဆီးခဲ့ေၾကာင္း ၎က ေျပာသည္။

ဓားႏွင့္ရြယ္သူ လူငယ္အမ်ဳိးသားမွာ မူးယစ္ေဆး သံုးစြဲထားပံုရၿပီး အေဆာင္ေန အမ်ဳိးသမီးတဦးမွ ‘ဘယ္က ဝင္လာတာလဲ’ ဟု ေမးသည့္အခါ အခန္းေ႐ွ႕မွန္ျပတင္းမွ တဆင့္ ဖြင့္ဝင္သည္ဟု ေျဖၿပီး ‘ သြားေတာ့၊ သြားေတာ့’ ဟု ေျပာသည့္အခါ ဓားႏွစ္လက္ကို ခ်၍ ေျပးထြက္သြားေၾကာင္း သိရသည္ ။

“သူတို႔ဆီ ပါသြားတဲ့ ဖုန္းႏွစ္လံုးကို ကြၽန္မတို႔ ဆက္သြယ္ၾကည့္တယ္။ တလံုးက ပိတ္ထားတယ္။ ေနာက္တလံုးက ဖုန္းကိုင္တယ္။ ကြၽန္မက ဖုန္းျပန္လိုခ်င္တယ္ ေျပာေတာ့ ဖုန္းျပန္ေပးရမွာလားတဲ့ ။ မေပးရင္ ရဲတိုင္မယ္ ေျပာေတာ့ ရဲတိုင္ေတာ့ေရာ ရဲက ဖမ္းေပးမွာလား လို႔ ျပန္ေျပာတယ္ ။ ကြၽန္မတို႔ သိတာက အေနာက္ေပါက္က ေျပးသြားတဲ့သူရယ္ ဓားကိုင္ ခ်ိန္းေျခာက္တဲ့သူရယ္ ႏွစ္ေယာက္ေပါ့ ။

ဒါေပမဲ့ ဖုန္းဆက္ေတာ့ ဖုန္းကိုင္တဲ့သူက ပိုက္ဆံက ကြၽန္ေတာ္ ရတာမဟုတ္ဘူး။ ဟိုေကာင္ေတြဆီပါသြားတာ။ ကြၽန္ေတာ္က ဖုန္းႏွစ္လံုးပဲ ရတာ လို႔ေျပာေတာ့ ၃ ေယာက္ျဖစ္ေနတယ္ ” ဟု အထက္ပါ ကာယကံ႐ွင္ အမ်ဳိးသမီးက ေျပာသည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပုဇြန္ေတာင္ၿမိဳ႕မ ရဲစခန္းသို႔တိုင္ၾကားထားၿပီး ျပစ္မႈ က်ဴးလြန္သူ မ်ားကို အျမန္ဆံုး ဖမ္းဆီးရမိရန္ ေဆာင္ရြက္လ်က္ ႐ွိေၾကာင္း သက္ဆိုင္ရာရဲစခန္းမွ တာဝန္႐ွိသူ တဦးက ေျပာသည္။

“အဲဒီဝင္းထဲမွာ အုတ္နံရံေတြ ကလည္း ျမင့္ျမင့္မားမား ကာထားတယ္။ သံဆူးႀကိဳးေတြကို ျဖတ္ေတာက္ ဝင္ေရာက္တာလည္း မေတြ႕႐ွိရဘူး။ CCTV ေတြလည္း တပ္ထားသလို လံုျခံဳေရး သံုးေယာက္လည္း႐ွိတယ္။ ေယာက်္ားေလး အေဆာင္နဲ႔ ကလည္း မ်က္ႏွာခ်င္းဆိုင္ ေပ ၂၀ ေလာက္ပဲ ျခားတယ္။ ေတာ္႐ုံလူက ဝင္းထဲ မဝင္ႏိုင္ဘူး။ အဲဒီအထဲကမွ မိန္းကေလးေတြပဲ ႐ွိတဲ့ အခန္းကို အခုလို လုပ္တယ္ဆိုေတာ့ စဥ္းစားစရာေပါ့ဗ်ာ ။ ကြၽန္ေတာ့္ စံုစမ္းထားရ သေလာက္ေတာ့ ဝင္းအတြင္းေနထိုင္သူ တေယာက္ေတာ့ ပါမယ္ဗ် ” ဟု ပုဇြန္ေတာင္ရဲစခန္းမွ အမႈလိုက္ ရဲအရာ႐ွိကေျပာသည္ ။

ယင္းျဖစ္စဥ္ကို ပုဇြန္ေတာင္ရဲစခန္းမွ တာဝန္႐ွိသူမ်ားက CCTV မွတ္တမ္းမ်ားေတာင္းယူရာတြင္ CCTV မွတ္တမ္းမ်ား ပ်က္စီးေနသည္ဟု IT ပိုင္း တာ၀န္ယူထားသူ ကုမၸဏီ၀န္ထမ္းက ေျပာေၾကာင္း၊ အမႈႏွင့္ပတ္သက္၍ ဆက္လက္ စံုစမ္းစစ္ေဆးလ်က္ ရွိေၾကာင္း ပုဇြန္ေတာင္စခန္းမွ သိရသည္။ ေက်ာ္သူ news watch

(Unicode)

ပုဇွန်တောင် သိမ်ဖြူလမ်းမပေါ်ရှိ အမျိုးသမီး အဆောင်အတွင်း လူငယ် ၂ ဦး ဝင်ရောက် အနုကြမ်းစီး

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ် (၈) ရပ်ကွက် သိမ်ဖြူလမ်းမပေါ်ရှိ ကုမ္ဗဏီဝင်း အတွင်းရှိ အမျိုးသမီးအဆောင် အခန်းတခန်း အတွင်းသို့ အမျိုးသားလူငယ် ၂ ဦး ဇန်နဝါရီ ၁၅ ရက် နံနက် ၄ နာရီခန့်တွင် တိတ်တဆိတ် ဝင်ရောက် ပစ္စည်းခိုးယူရာမှ အနုကြမ်းစီးမှု တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာနေရာမှာ ယခင် ကျန်းမာရေး ဝန်ကြီးဌာနပိုင်း ရုံးဝင်းဖြစ်ပြီး ယခုအခါ ပုဂ္ဂလိကကုမ္ဗဏီတခုသို့ ငှားရမ်းထားရာ အဆိုပါ ကုမ္ဗဏီ၏ ဝန်ထမ်းဆောင်ရှိ အမျိုးသမီးသုံးဦး နေထိုင်သည့် အခန်းအတွင်းသို့ လူငယ် ၂ ဦးက ဝင်ရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အခန်းရှေ့မှန်ပြတင်းက တဆင့် ဝင်လာတာ ဖိနပ်ရာတွေ တွေ့တယ်။ ပိုက်ဆံအိတ်က ခုတင်ဘေး စားပွဲပေါ်မှာ တင်ပြီးအိပ်တော့ အလွယ်တကူ ဖွင့်ပြီး ယူသွားတယ်။ ဖုန်းကလည်း အိပ်ယာဘေးလေးပဲ ဆိုတော့ ယူသွားတယ် ။ အတွင်းခန်းက မီးပိတ်အိပ်တော့မှောင်နေတယ်။ အဲတော့ ရှာနေတယ် ထင်ပါတယ်

‘ ချွတ် ချွတ် ချွတ် ’ အသံကြားတော့ ဘယ်သူလဲ၊ ဘယ်သူလဲ မေးတော့ မဖြေတာနဲ့ သူခိုးလို့ အော်လိုက်တော့ အောက်ကို ပြေးဆင်းသွားတယ်။ ကျွန်မတို့လည်း နောက်က လိုက်ဆင်းမလို့ ကြည့်တော့ လှေကားရင်းမှာ ဓားနဲ့ ရွယ်ထားတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မအော်ရဲဘူး ” ဟု ကာယကံရှင် အမျိုးသမီးတဦးက ပြောသည်။

အဆောင်ခန်းတွင်း ဝင်ရောက် ခိုးယူသူနှစ်ဦးက ဖုန်း ၂ လုံးနှင့် ငွေသား ကျပ် ၈ သိန်းခွဲ ကို ယူဆောင်သွားပြီး အမျိုးသမီးများမှ အော်ဟစ် အကူအညီတောင်းသည့် အခါ နှစ်ဦးအနက် တဦးမှာ အနောက်ဖက်အပေါက်မှ ပြေးဆင်းသွားပြီး ကျန်တဦးမှာ အရှေ့လှေကားမှာ ပြေးဆင်းကာ လှေကားအောက်တွင်ရပ်၍ အမျိုးသမီး ၃ ဦးအား ဓားနှစ်လက်ဖြင့် ရွယ်၍ မအော်ရန် ခြိမ်းခြောက် တားဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

ဓားနှင့်ရွယ်သူ လူငယ်အမျိုးသားမှာ မူးယစ်ဆေး သုံးစွဲထားပုံရပြီး အဆောင်နေ အမျိုးသမီးတဦးမှ ‘ဘယ်က ဝင်လာတာလဲ’ ဟု မေးသည့်အခါ အခန်းရှေ့မှန်ပြတင်းမှ တဆင့် ဖွင့်ဝင်သည်ဟု ဖြေပြီး ‘ သွားတော့၊ သွားတော့’ ဟု ပြောသည့်အခါ ဓားနှစ်လက်ကို ချ၍ ပြေးထွက်သွားကြောင်း သိရသည် ။

“သူတို့ဆီ ပါသွားတဲ့ ဖုန်းနှစ်လုံးကို ကျွန်မတို့ ဆက်သွယ်ကြည့်တယ်။ တလုံးက ပိတ်ထားတယ်။ နောက်တလုံးက ဖုန်းကိုင်တယ်။ ကျွန်မက ဖုန်းပြန်လိုချင်တယ် ပြောတော့ ဖုန်းပြန်ပေးရမှာလားတဲ့ ။ မပေးရင် ရဲတိုင်မယ် ပြောတော့ ရဲတိုင်တော့ရော ရဲက ဖမ်းပေးမှာလား လို့ ပြန်ပြောတယ် ။ ကျွန်မတို့ သိတာက အနောက်ပေါက်က ပြေးသွားတဲ့သူရယ် ဓားကိုင် ချိန်းခြောက်တဲ့သူရယ် နှစ်ယောက်ပေါ့ ။

ဒါပေမဲ့ ဖုန်းဆက်တော့ ဖုန်းကိုင်တဲ့သူက ပိုက်ဆံက ကျွန်တော် ရတာမဟုတ်ဘူး။ ဟိုကောင်တွေဆီပါသွားတာ။ ကျွန်တော်က ဖုန်းနှစ်လုံးပဲ ရတာ လို့ပြောတော့ ၃ ယောက်ဖြစ်နေတယ် ” ဟု အထက်ပါ ကာယကံရှင် အမျိုးသမီးက ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့မ ရဲစခန်းသို့တိုင်ကြားထားပြီး ပြစ်မှု ကျူးလွန်သူ များကို အမြန်ဆုံး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အဲဒီဝင်းထဲမှာ အုတ်နံရံတွေ ကလည်း မြင့်မြင့်မားမား ကာထားတယ်။ သံဆူးကြိုးတွေကို ဖြတ်တောက် ဝင်ရောက်တာလည်း မတွေ့ရှိရဘူး။ CCTV တွေလည်း တပ်ထားသလို လုံခြုံရေး သုံးယောက်လည်းရှိတယ်။ ယောကျ်ားလေး အဆောင်နဲ့ ကလည်း မျက်နှာချင်းဆိုင် ပေ ၂၀ လောက်ပဲ ခြားတယ်။ တော်ရုံလူက ဝင်းထဲ မဝင်နိုင်ဘူး။ အဲဒီအထဲကမှ မိန်းကလေးတွေပဲ ရှိတဲ့ အခန်းကို အခုလို လုပ်တယ်ဆိုတော့ စဉ်းစားစရာပေါ့ဗျာ ။ ကျွန်တော့် စုံစမ်းထားရ သလောက်တော့ ဝင်းအတွင်းနေထိုင်သူ တယောက်တော့ ပါမယ်ဗျ ” ဟု ပုဇွန်တောင်ရဲစခန်းမှ အမှုလိုက် ရဲအရာရှိကပြောသည် ။

ယင်းဖြစ်စဉ်ကို ပုဇွန်တောင်ရဲစခန်းမှ တာဝန်ရှိသူများက CCTV မှတ်တမ်းများတောင်းယူရာတွင် CCTV မှတ်တမ်းများ ပျက်စီးနေသည်ဟု IT ပိုင်း တာဝန်ယူထားသူ ကုမ္ပဏီဝန်ထမ်းက ပြောကြောင်း၊ အမှုနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပုဇွန်တောင်စခန်းမှ သိရသည်။ ကျော်သူ news watch

LEAVE A REPLY

Please enter your comment!
Please enter your name here