သင့္ ယာဥ္ေမာင္းလိုင္စင္ သက္တမ္း (၁) ရက္ေလး လြန္တာနဲ႔ ဒဏ္ေငြ (၂၅၀၀၀) ေဆာင္ရမည္ဆိုတာ သင္သိပါသလား

0
219

(Zawgyi)

သင့္ ယာဥ္ေမာင္းလိုင္စင္ သက္တမ္း (၁) ရက္ေလး လြန္တာနဲ႔ ဒဏ္ေငြ (၂၅၀၀၀) ေဆာင္ရမည္ဆိုတာ သင္သိပါသလား

သက္တမ္း တရက္ေလး ေက်ာ္သြားတာနဲ႔တင္ သင္ကိုင္တဲ႔ ယာဥ္ေမာင္ းလိုင္စင္ဟာ

“င” ဆိုရင္ ဒဏ္ေၾကး (၂၅၀၀၀) က်ပ္ပါ
“ဃ” ဆိုရင္ ဒဏ္ေၾကး (၂၀၀၀၀) က်ပ္ပါ
“ခ” ဆိုရင္ (၁၀၀၀၀) က်ပ္
“က” ဆို (၂၄၀၀) က်ပ္ပါ စသည္ျဖင့္ အသီးသီး ဒဏ္ေၾကးေတြ ေဆာင္ရမွာပါ
တရက္ေလး သက္တမ္း လြန္တာနဲ႔တင္ေနာ္

ကြ်န္ေတာ္တို႔ ယာဥ္ေမာင္းလိုင္စင္ေတြ ေစ်းႏႈန္း ေျပာင္းစဥ္ အခါက တခါတည္း ေဖာ္ျပထားတဲ႔ စာေလး ရွိပါတယ္ ။ အဲ႔ဒါ ကေတာ့ ယာဥ္ေမာင္း လိုင္စင္ေတြ သက္တမ္း ေက်ာ္လြန္ ကာလ အခ်ိန္လြန္ ဒဏ္ေၾကး ကို မွတ္ပံုတင္ခ တႏွစ္စာ ရဲ႕ ၁၀၀% ေကာက္ခံရန္ ဆိုတာ ပါပဲ

ဒီေတာ့ ဥပမာအေနနဲ႔ “ င ” လိုင္စင္ တခု သက္တမ္း တိုးမယ္ ဆိုပါစို႔
သက္တမ္းတိုး (ႏွစ္လဲ) ခက (၇၅၀၀၀) က်ပ္
သက္တမ္း တရက္ လြန္တယ္ ဆိုတာနဲ႔ တႏွစ္စာ ရဲ႕ ၁၀၀% ေကာက္ခံရန္ ဆိုတဲ႔ အတြက္

(၇၅၀၀၀) ကို ၁၀၀% တြက္လိုက္ေတာ့ (၂၅၀၀၀) က်ပ္ က်ေရာ
တရက္ လြန္လြန္ ႏွစ္ရက္ လြန္လြန္ေနာ္

တႏွစ္ မျပည့္ခင္အထိ သက္တမ္းလြန္လဲ
၁၀၀ % မို႔ (၂၅၀၀၀) က်ပ္ပဲ
အဲ႔ တႏွစ္နဲ႔ တရက္ လြန္သြားရင္ေတာ့ (၂) ႏွစ္စာ ျဖစ္သြားၿပီး (၅၀၀၀၀) က်ပ္ ျဖစ္သြားမွာ

ဒီေတာ႔ ယာဥ္ေမာင္းလိုင္စင္ ေတြဟာ (၃) လ ႀကိဳတင္ သက္တမ္း တိုးႏိုင္တာမို႔ ရက္ အလြန္ မခံပါနဲ႔ေတာ့ ႀကိဳတင္ သက္တမ္း တိုးၾကပါ

ဒီအေၾကာင္းအရာ ေလးကို ဗဟုသုတ ရေစခ်င္ သိေစခ်င္လို႔ ကြ်န္ေတာ္ သိထားတာကို ျပန္လည္ မွ်ေဝ ေပးျခင္း ျဖစ္ပါတယ္

ယာဥ္ေမာင္းလိုင္စင္ အမ်ိဳးအစား အလိုက္ အသစ္ လုပ္လုပ္ သက္တမ္း တိုးတိုး ကုန္က် စရိတ္ကို first comment မွာ ျပန္လည္ ေဖာ္ျပေပးလိုက္ ပါတယ္ ခင္ဗ် ။

( သိထားသည္ကို ျပန္လည္ မွ်ေဝျခင္းသာ ျဖစ္ပါသည္
ဤထက္ပို၍ ဘာမွ မသိ ရွိပါ)

ဒုရဲအုပ္ေဌးလြင္ (ခ) ေနမ်ိဳးသူရ

(Unicode)

သင့် ယာဉ်မောင်းလိုင်စင် သက်တမ်း (၁) ရက်လေး လွန်တာနဲ့ ဒဏ်ငွေ (၂၅၀၀၀) ဆောင်ရမည်ဆိုတာ သင်သိပါသလား

သက်တမ်း တရက်လေး ကျော်သွားတာနဲ့တင် သင်ကိုင်တဲ့ ယာဉ်မောင် းလိုင်စင်ဟာ

“င” ဆိုရင် ဒဏ်ကြေး (၂၅၀၀၀) ကျပ်ပါ
“ဃ” ဆိုရင် ဒဏ်ကြေး (၂၀၀၀၀) ကျပ်ပါ
“ခ” ဆိုရင် (၁၀၀၀၀) ကျပ်
“က” ဆို (၂၄၀၀) ကျပ်ပါ စသည်ဖြင့် အသီးသီး ဒဏ်ကြေးတွေ ဆောင်ရမှာပါ
တရက်လေး သက်တမ်း လွန်တာနဲ့တင်နော်

ကျွန်တော်တို့ ယာဉ်မောင်းလိုင်စင်တွေ ဈေးနှုန်း ပြောင်းစဉ် အခါက တခါတည်း ဖော်ပြထားတဲ့ စာလေး ရှိပါတယ် ။ အဲ့ဒါ ကတော့ ယာဉ်မောင်း လိုင်စင်တွေ သက်တမ်း ကျော်လွန် ကာလ အချိန်လွန် ဒဏ်ကြေး ကို မှတ်ပုံတင်ခ တနှစ်စာ ရဲ့ ၁၀၀% ကောက်ခံရန် ဆိုတာ ပါပဲ

ဒီတော့ ဥပမာအနေနဲ့ “ င ” လိုင်စင် တခု သက်တမ်း တိုးမယ် ဆိုပါစို့
သက်တမ်းတိုး (နှစ်လဲ) ခက (၇၅၀၀၀) ကျပ်
သက်တမ်း တရက် လွန်တယ် ဆိုတာနဲ့ တနှစ်စာ ရဲ့ ၁၀၀% ကောက်ခံရန် ဆိုတဲ့ အတွက်

(၇၅၀၀၀) ကို ၁၀၀% တွက်လိုက်တော့ (၂၅၀၀၀) ကျပ် ကျရော
တရက် လွန်လွန် နှစ်ရက် လွန်လွန်နော်

တနှစ် မပြည့်ခင်အထိ သက်တမ်းလွန်လဲ
၁၀၀ % မို့ (၂၅၀၀၀) ကျပ်ပဲ
အဲ့ တနှစ်နဲ့ တရက် လွန်သွားရင်တော့ (၂) နှစ်စာ ဖြစ်သွားပြီး (၅၀၀၀၀) ကျပ် ဖြစ်သွားမှာ

ဒီတော့ ယာဉ်မောင်းလိုင်စင် တွေဟာ (၃) လ ကြိုတင် သက်တမ်း တိုးနိုင်တာမို့ ရက် အလွန် မခံပါနဲ့တော့ ကြိုတင် သက်တမ်း တိုးကြပါ

ဒီအကြောင်းအရာ လေးကို ဗဟုသုတ ရစေချင် သိစေချင်လို့ ကျွန်တော် သိထားတာကို ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါတယ်

ယာဉ်မောင်းလိုင်စင် အမျိုးအစား အလိုက် အသစ် လုပ်လုပ် သက်တမ်း တိုးတိုး ကုန်ကျ စရိတ်ကို first comment မှာ ပြန်လည် ဖော်ပြပေးလိုက် ပါတယ် ခင်ဗျ ။

( သိထားသည်ကို ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါသည်
ဤထက်ပို၍ ဘာမှ မသိ ရှိပါ)

ဒုရဲအုပ်ဌေးလွင် (ခ) နေမျိုးသူရ

LEAVE A REPLY

Please enter your comment!
Please enter your name here