တုိက္ပြဲျဖစ္ပြားၿပီး AA တပ္ဖြဲ႕ နယ္စပ္ၿခံစည္းရုိး ဖ်က္၍ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သုိ႔ ဝင္ေျပး

0
408

(Zawgyi)

တုိက္ပြဲျဖစ္ပြားၿပီး AA တပ္ဖြဲ႕ နယ္စပ္ၿခံစည္းရုိး ဖ်က္၍ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သုိ႔ ဝင္ေျပး

ရခိုင္တပ္မေတာ္ ( AA) ႏွင့္ တပ္မေတာ္ အၾကား ယမန္ေန႔ ေန႔လယ္ပိုင္းက ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ ၿခံစည္း႐ိုး အနီးတြင္ တိုက္ပြဲျဖစ္ပြားၿပီး AA တပ္ဖြဲ႕ဝင္မ်ားသည္ နယ္စပ္ၿခံစည္း႐ိုးကို ဖ်က္၍ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲသို႔ ထြက္ေျပးသြားေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္သည္။

အဆိုပါတိုက္ပြဲျဖစ္စဥ္တြင္ AA တပ္ဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိ၍ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္ ၿခံစည္း႐ိုး၊ နယ္စပ္မွတ္တိုင္အမွတ္၊ ဘီပီ-၅၆ လုံၿခဳံေရးစခန္းတြင္ နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္လ်က္ ရွိေသာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္အခ်ိဳ႕သည္ ဘီပီ-၅၆ စခန္း၏ ေတာင္ဘက္ မီတာ ၁၇ဝဝ သို႔အေရာက္၌ AA အဖြဲ႕မွ ေထာင္ထားေသာ နင္းမိုင္းတစ္လုံး နင္းမိေပါက္ကြဲခဲ့ၿပီး AA အဖြဲ႕မွအင္အားအခ်ိဳ႕ႏွင့္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊

အဆိုပါတိုက္ပြဲ ျဖစ္စဥ္ေနရာသို႔ တပ္မေတာ္ႏွင့္ရဲ ပူးေပါင္းအဖြဲ႕တို႔ သြားေရာက္ ပူးေပါင္းစဥ္ ျဖစ္စဥ္ေနရာသို႔ မေရာက္မီ မီတာ ၄ဝဝ ခန္႔အကြာသို႔ အေရာက္၌ ခန္႔မွန္းအင္အား ၅ဝ ဦးခန္႔ရွိ AA အဖြဲ႕က အသင့္ေစာင့္ႀကိဳ ျဖတ္ေတာက္ တိုက္ခိုက္ခဲ့ေၾကာင္း၊ AA အဖြဲ႕ဝင္မ်ားသည္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ၿခံစည္း ႐ိုး၏အျပင္တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္းသို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း၊

ျဖစ္စဥ္ေနရာ အနီးတစ္ဝိုက္၌ AA အဖြဲ႕ဝင္မ်ား အသင့္ေစာင့္ႀကိဳ ေနရာယူထားသည့္ ပစ္က်င္းမ်ားႏွင့္ ႏွစ္ႏိုင္ငံ နယ္စပ္ၿခံစည္း ႐ိုးတြင္ အက်ယ္ ၄ ေပ၊ အျမင့္ ၅ ေပခန္႔ရွိ ဖ်က္ဆီးထားေသာ ေနရာေလးေနရာအား ေတြ႕ရွိရေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါသတင္းႏွင့္ပတ္သက္၍ ရန္ကုန္ေခတ္သစ္က AA ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခထံ ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရေသးေပ။ ဓာတ္ပုံ- နယ္စပ္ၿခံစည္း႐ိုးဖ်က္စည္းထားပုံႏွင့္ တိုက္ပြဲျဖစ္ပြားရာ ေနရာျပပုံ။ khitthitnews

(Unicode)

တိုက်ပွဲဖြစ်ပွားပြီး AA တပ်ဖွဲ့ နယ်စပ်ခြံစည်းရိုး ဖျက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ပြေး

ရခိုင်တပ်မတော် ( AA) နှင့် တပ်မတော် အကြား ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုး အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး AA တပ်ဖွဲ့ဝင်များသည် နယ်စပ်ခြံစည်းရိုးကို ဖျက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်တွင် AA တပ်ဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုး၊ နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ-၅၆ လုံခြုံရေးစခန်းတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် ဘီပီ-၅၆ စခန်း၏ တောင်ဘက် မီတာ ၁၇ဝဝ သို့အရောက်၌ AA အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ပြီး AA အဖွဲ့မှအင်အားအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊

အဆိုပါတိုက်ပွဲ ဖြစ်စဉ်နေရာသို့ တပ်မတော်နှင့်ရဲ ပူးပေါင်းအဖွဲ့တို့ သွားရောက် ပူးပေါင်းစဉ် ဖြစ်စဉ်နေရာသို့ မရောက်မီ မီတာ ၄ဝဝ ခန့်အကွာသို့ အရောက်၌ ခန့်မှန်းအင်အား ၅ဝ ဦးခန့်ရှိ AA အဖွဲ့က အသင့်စောင့်ကြို ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ AA အဖွဲ့ဝင်များသည် နှစ်နိုင်ငံ နယ်နိမိတ်ခြံစည်း ရိုး၏အပြင်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊

ဖြစ်စဉ်နေရာ အနီးတစ်ဝိုက်၌ AA အဖွဲ့ဝင်များ အသင့်စောင့်ကြို နေရာယူထားသည့် ပစ်ကျင်းများနှင့် နှစ်နိုင်ငံ နယ်စပ်ခြံစည်း ရိုးတွင် အကျယ် ၄ ပေ၊ အမြင့် ၅ ပေခန့်ရှိ ဖျက်ဆီးထားသော နေရာလေးနေရာအား တွေ့ရှိရကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။ ဓာတ်ပုံ- နယ်စပ်ခြံစည်းရိုးဖျက်စည်းထားပုံနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာပြပုံ။ khitthitnews

LEAVE A REPLY

Please enter your comment!
Please enter your name here