အသက္နဲ႔ရင္းၿပီး သန္႔ရွင္းေရး လုပ္ေနရတဲ့ ရန္ကုန္ၿမိဳ႕လည္မွ အိမ္အကူ႐ုပ္သံ ပ်ံ႔ႏွ႔ံ

0
350

(Zawgyi)

အသက္နဲ႔ရင္းၿပီး သန္႔ရွင္းေရး လုပ္ေနရတဲ့ ရန္ကုန္ၿမိဳ႕လည္မွ အိမ္အကူ႐ုပ္သံ ပ်ံ႔ႏွ႔ံ

ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းႏွင့္ ဝါးတန္းလမ္းေထာင့္ရွိ ျမဝတီဘဏ္ ဖြင့္လွစ္ထားရာ ကြန္ဒိုတိုက္ခန္း (၇) လႊာတြင္ ေနအိမ္ အခန္း ျပင္ပရွိ ကပန္းေပၚ ထြက္ကာ သန႔္ရွင္းေရး လုပ္ေနေသာ အမ်ိဳးသမီးငယ္၏ ႐ုပ္သံ ယေန႔ အြန္လိုင္းေပၚ ပ်ံ႕ႏွံ့ခဲ့ၿပီး ေဝဖန္မွုမ်ား ျပင္းထန္ေန ခဲ့ပါတယ္ ။

“Kyaw Min” အေကာင့္ပိုင္ရွင္ တင္ထားခဲ့ေသာ ႐ုပ္သံတြင္ အိမ္အကူ မိန္းကေလးဟု ယူဆရေသာ မိန္းကေလးက တီရွပ္အျဖဴေရာင္ ေဘာင္းရွည္ ဝတ္ဆင္လၽွက္ မ်က္ႏွာမွာ ႏွာေခါင္းစီး တပ္ဆင္ထားကာ ေျခလြတ္ လက္လြတ္ျဖင့္ တိုက္ခန္း အျပင္ဘက္ ကြန္ကရစ္ ကပန္းေပၚတြင္ တံျမက္စည္း လွည္း အမိႈက္က်ဳံးေနသည္ ကို ေတြ႕ခဲ့ရသည္။

အဆိုပါ တိုက္ခန္း၏ ျပင္တင္းေပါက္ ႏွစ္ခုမွလည္း လူႏွစ္ဦး ၾကည့္ေနၿပီး တဦးမွာ ခိုင္းေစသူဟု ယူဆရၿပီး က်န္တဦးမွာ အျခား အိမ္အကူ ျဖစ္ဟန္ တူၿပီး မိန္းကေလးက ကမ္းေပးေသာ အမိႈက္အိတ္ကို လက္ဆင့္ ကမ္းယူေန တာကို ေတြ႕ခဲ့ရ ပါတယ္။

အဆိုပါအခန္းမွာ ႐ုံးခန္းလား၊ လူေနအိမ္ခန္းလာဟု ေသခ်ာစြာ မသိရွိရေသာ္လည္း ယင္းကဲ့သို႔ ေျခလြတ္လက္လြတ္ အျပင္ဘက္သို႔ ထြက္ကာ အလုပ္ လုပ္ေနရျခင္းက တခ်က္ မွားသြာတာနဲ႔ အသက္ ေပးလိုက္ရ နိုင္ပါတယ္။ အခုလို Safety မရွိပဲ အလုပ္ရွင္ အေနနဲ႔ ရက္စက္စြာ မခိုင္းေစသင့္ဘူး လို႔ ေဝဖန္ထား ၾကပါတယ္ ။

CRD

(Unicode)

အသက်နဲ့ရင်းပြီး သန့်ရှင်းရေး လုပ်နေရတဲ့ ရန်ကုန်မြို့လည်မှ အိမ်အကူရုပ်သံ ပျံ့နှံ့

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ မြဝတီဘဏ် ဖွင့်လှစ်ထားရာ ကွန်ဒိုတိုက်ခန်း (၇) လွှာတွင် နေအိမ် အခန်း ပြင်ပရှိ ကပန်းပေါ် ထွက်ကာ သန့်ရှင်းရေး လုပ်နေသော အမျိုးသမီးငယ်၏ ရုပ်သံ ယနေ့ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်နေ ခဲ့ပါတယ် ။

“Kyaw Min” အကောင့်ပိုင်ရှင် တင်ထားခဲ့သော ရုပ်သံတွင် အိမ်အကူ မိန်းကလေးဟု ယူဆရသော မိန်းကလေးက တီရှပ်အဖြူရောင် ဘောင်းရှည် ဝတ်ဆင်လျှက် မျက်နှာမှာ နှာခေါင်းစီး တပ်ဆင်ထားကာ ခြေလွတ် လက်လွတ်ဖြင့် တိုက်ခန်း အပြင်ဘက် ကွန်ကရစ် ကပန်းပေါ်တွင် တံမြက်စည်း လှည်း အမှိုက်ကျုံးနေသည် ကို တွေ့ခဲ့ရသည်။

အဆိုပါ တိုက်ခန်း၏ ပြင်တင်းပေါက် နှစ်ခုမှလည်း လူနှစ်ဦး ကြည့်နေပြီး တဦးမှာ ခိုင်းစေသူဟု ယူဆရပြီး ကျန်တဦးမှာ အခြား အိမ်အကူ ဖြစ်ဟန် တူပြီး မိန်းကလေးက ကမ်းပေးသော အမှိုက်အိတ်ကို လက်ဆင့် ကမ်းယူနေ တာကို တွေ့ခဲ့ရ ပါတယ်။

အဆိုပါအခန်းမှာ ရုံးခန်းလား၊ လူနေအိမ်ခန်းလာဟု သေချာစွာ မသိရှိရသော်လည်း ယင်းကဲ့သို့ ခြေလွတ်လက်လွတ် အပြင်ဘက်သို့ ထွက်ကာ အလုပ် လုပ်နေရခြင်းက တချက် မှားသွာတာနဲ့ အသက် ပေးလိုက်ရ နိုင်ပါတယ်။ အခုလို Safety မရှိပဲ အလုပ်ရှင် အနေနဲ့ ရက်စက်စွာ မခိုင်းစေသင့်ဘူး လို့ ဝေဖန်ထား ကြပါတယ် ။

CRD