မိန္းမရဲ႕ နားပူမႈဒဏ္ကို မခံစားႏုိင္ေတာ႔လို႔ ေတာထဲထြက္ေျပးသြားခ့ဲတဲ့ အမ်ိဳးသား

0
109

(Zawgyi)

မိန္းမရဲ႕ နားပူမႈဒဏ္ကို မခံစားႏုိင္ေတာ႔လို႔ ေတာထဲထြက္ေျပးသြားခ့ဲတဲ့ အမ်ိဳးသား

ဇနီးသည္ရဲ႕ ျမည္တြန္းေတာက္တီးသံနဲ႔ ဆူညံမႈကုိ နားပူမခံႏုိင္လုိ႔ အဂၤလန္က အမ်ိဳးသား တစ္ဦးဟာ ေတာထဲမွာ ငါးႏွစ္ေက်ာ္ၾကာ ေနထုိင္ခဲ့တယ္လုိ႔ သိရပါတယ္။

အသက္ ၆၂ ႏွစ္အရြယ္ရွိ အဂၤလန္၊ ဘာမင္ဟန္ၿမိဳ႕သား အမ်ိဳးသားက အိမ္ေျခယာမဲ့ ေစာင့္ေရွာက္ေရး စခန္းကုိ မသြားေရာက္ခင္ ေတာထဲ ႏွစ္ေပါင္းအေတာ္ၾကာ ေနထုိင္ခဲ့ကာ ဇနီးျဖစ္သူရဲ႕ ထိန္းခ်ဳပ္မႈေအာက္ လြတ္လပ္ ခဲ့တယ္လုိ႔ ဆုိပါတယ္။

မယ္လ္ကြန္ အက္ပဲလ္ဂိတ္က ပန္းၿခံနဲ႔ ပ်ိဳးဥယ်ာဥ္ စုိက္ခင္းအလုပ္ကုိ လုပ္ကုိင္ခဲ့ကာ လြန္ခဲ့တဲ့ ၁၃ ႏွစ္ေက်ာ္ၾကာ အခ်ိန္အထိ သူ႔ဘဝက ေအးေအးခ်မ္းခ်မ္း ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ ဇနီးသည္နဲ႔ အိမ္ ေထာင္ရက္သား ျပဳၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ ဘဝမွာ ဆူပူမႈေတြ စတင္ခဲ့တယ္လုိ႔ သိရပါတယ္။

သာယာ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ဦးအစ ျဖတ္သန္းၿပီး ေနာက္မွာ သူ႔ဆီမွာ အလုပ္တာဝန္ေတြ အမ်ားအျပား ဖိစီးလာကာ ဇနီးသည္မွာလည္း သူ႔အေပၚ ထိန္းခ်ဳပ္လႊမ္းမိုးမႈေတြ ပုိလာခဲ့တယ္လုိ႔ ဆုိပါတယ္။

တစ္ရက္တာ နာရီေပါင္း မ်ားစြာမွာ ဇနီးသည္ရဲ႕ ဆူပူသံ၊ ညဥ္းတြားႀကိမ္းေမာင္း သံမ်ားနဲ႔ ႏွစ္ရွည္လ မ်ား ႀကံဳေတြ႔ခဲ့ရကာ ထြက္ေျပးခ်င္တဲ့ စိတ္ေတြ ေပၚေပါက္ခဲ့တယ္လုိ႔ သိရပါတယ္။

အၿမဲလုိလုိ ခင္ပြန္းျဖစ္သူအေပၚ ရန္လုပ္ ျမည္တြန္းေတာက္တီး ၿပီးေတာ့ စိတ္ဆင္းရဲေအာင္ မ်ိဳးစံု လုပ္ေနခဲ့တဲ့ ဇနီးျဖစ္သူကုိ ကြာရွင္းခြင့္ လက္မွတ္ ေရးထိုးေပးခဲ့ၿပီးေနာက္ သူငယ္ခ်င္းအိမ္ ေခတၱ ေျပာင္းေရႊ႕ေနထုိင္ကာ အဆုိပါ ခင္ပြန္းသည္ အမ်ိဳးသားဟာ လံုးဝ ေပ်ာက္ကြယ္သြားခဲ့ ပါတယ္။

သံုးႏွစ္ေက်ာ္ၾကာ အိမ္ေထာင္ သက္တမ္းမွာ သူ႔အတြက္ ကံဆိုးမႈေတြပဲ ဆက္တုိက္ ႀကံဳေနတဲ့အတြက္ဘဝႀကီးဟာ ေနမေပ်ာ္ေတာ့ပဲ ထိန္းခ်ဳပ္မႈေတြ မ်ားခဲ့တာေၾကာင့္ စိတ္ထြက္ေပါက္ အေနနဲ႔ ဇနီးသည္နဲ႔ ေဝးရာကုိ ထြက္ခြာၿပီး ပုန္းေအာင္းေနခဲ့တယ္ လုိ႔ သူက ဆုိထားပါတယ္။

လန္ဒန္ အေနာက္ေတာင္ပုိင္း၊ ကင္းမ္စတန္း အနီးက ထူထပ္တဲ့ ေတာအုပ္တစ္ခုမွာ အေျခခ်ေနထုိင္ၿပီး လူသူ မေရာက္ မေပါက္တဲ့ ေတာထဲမွာပဲ အသက္ရွင္ေနထုိင္ ႏုိင္ဖုိ႔ ႀကိဳးစားခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ လန္ဒန္ ေတာင္ပုိင္းက၊ ဂရင္းဝစ္ အိမ္ေျခယာမဲ့ တည္းခုိစခန္းကုိ ေျပာင္းေရႊ႕ေနထုိင္ ခဲ့တယ္လုိ႔ ဆုိပါ တယ္။ crd

(Unicode)

မိန်းမရဲ့ နားပူမှုဒဏ်ကို မခံစားနိုင်တော့လို့ တောထဲထွက်ပြေးသွားခဲ့တဲ့ အမျိုးသား

ဇနီးသည်ရဲ့ မြည်တွန်းတောက်တီးသံနဲ့ ဆူညံမှုကို နားပူမခံနိုင်လို့ အင်္ဂလန်က အမျိုးသား တစ်ဦးဟာ တောထဲမှာ ငါးနှစ်ကျော်ကြာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၂ နှစ်အရွယ်ရှိ အင်္ဂလန်၊ ဘာမင်ဟန်မြို့သား အမျိုးသားက အိမ်ခြေယာမဲ့ စောင့်ရှောက်ရေး စခန်းကို မသွားရောက်ခင် တောထဲ နှစ်ပေါင်းအတော်ကြာ နေထိုင်ခဲ့ကာ ဇနီးဖြစ်သူရဲ့ ထိန်းချုပ်မှုအောက် လွတ်လပ် ခဲ့တယ်လို့ ဆိုပါတယ်။

မယ်လ်ကွန် အက်ပဲလ်ဂိတ်က ပန်းခြံနဲ့ ပျိုးဥယျာဉ် စိုက်ခင်းအလုပ်ကို လုပ်ကိုင်ခဲ့ကာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကြာ အချိန်အထိ သူ့ဘဝက အေးအေးချမ်းချမ်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးသည်နဲ့ အိမ် ထောင်ရက်သား ပြုပြီးနောက်မှာတော့ သူ့ရဲ့ ဘဝမှာ ဆူပူမှုတွေ စတင်ခဲ့တယ်လို့ သိရပါတယ်။

သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ဦးအစ ဖြတ်သန်းပြီး နောက်မှာ သူ့ဆီမှာ အလုပ်တာဝန်တွေ အများအပြား ဖိစီးလာကာ ဇနီးသည်မှာလည်း သူ့အပေါ် ထိန်းချုပ်လွှမ်းမိုးမှုတွေ ပိုလာခဲ့တယ်လို့ ဆိုပါတယ်။

တစ်ရက်တာ နာရီပေါင်း များစွာမှာ ဇနီးသည်ရဲ့ ဆူပူသံ၊ ညဉ်းတွားကြိမ်းမောင်း သံများနဲ့ နှစ်ရှည်လ များ ကြုံတွေ့ခဲ့ရကာ ထွက်ပြေးချင်တဲ့ စိတ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အမြဲလိုလို ခင်ပွန်းဖြစ်သူအပေါ် ရန်လုပ် မြည်တွန်းတောက်တီး ပြီးတော့ စိတ်ဆင်းရဲအောင် မျိုးစုံ လုပ်နေခဲ့တဲ့ ဇနီးဖြစ်သူကို ကွာရှင်းခွင့် လက်မှတ် ရေးထိုးပေးခဲ့ပြီးနောက် သူငယ်ချင်းအိမ် ခေတ္တ ပြောင်းရွှေ့နေထိုင်ကာ အဆိုပါ ခင်ပွန်းသည် အမျိုးသားဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ ပါတယ်။

သုံးနှစ်ကျော်ကြာ အိမ်ထောင် သက်တမ်းမှာ သူ့အတွက် ကံဆိုးမှုတွေပဲ ဆက်တိုက် ကြုံနေတဲ့အတွက်ဘဝကြီးဟာ နေမပျော်တော့ပဲ ထိန်းချုပ်မှုတွေ များခဲ့တာကြောင့် စိတ်ထွက်ပေါက် အနေနဲ့ ဇနီးသည်နဲ့ ဝေးရာကို ထွက်ခွာပြီး ပုန်းအောင်းနေခဲ့တယ် လို့ သူက ဆိုထားပါတယ်။

လန်ဒန် အနောက်တောင်ပိုင်း၊ ကင်းမ်စတန်း အနီးက ထူထပ်တဲ့ တောအုပ်တစ်ခုမှာ အခြေချနေထိုင်ပြီး လူသူ မရောက် မပေါက်တဲ့ တောထဲမှာပဲ အသက်ရှင်နေထိုင် နိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ လန်ဒန် တောင်ပိုင်းက၊ ဂရင်းဝစ် အိမ်ခြေယာမဲ့ တည်းခိုစခန်းကို ပြောင်းရွှေ့နေထိုင် ခဲ့တယ်လို့ ဆိုပါ တယ်။ crd

LEAVE A REPLY

Please enter your comment!
Please enter your name here