ေလယာဥ္ပ်က္က်ေတာ့မယ့္ အခ်ိန္မွာ တန္ခိုးျပကာကြယ္ေပးခဲ့ေသာ ေတာင္ပုလုဆရာေတာ္ဘုရားၾကီး၏ ကမၻာေက်ာ္ ျဖစ္ရပ္

0
828

(Zawgyi)

ေလယာဥ္ပ်က္က်ေတာ့မယ့္ အခ်ိန္မွာ တန္ခိုးျပကာကြယ္ေပးခဲ့ေသာ ေတာင္ပုလုဆရာေတာ္ဘုရားၾကီး၏ ကမၻာေက်ာ္ ျဖစ္ရပ္

လြန္​ခဲ့တဲ့ ၃၈ ႏွစ္​​ေလာက္​က ထူးျခားျဖစ္​စဥ္​တခုပါ. . . ဘာသာေရးႏွင့္ ဆက္ႏြယ္ေသာ အေထြေထြ ဗဟုသုတ မႏၱေလးတိုင္းေဒသႀကီး မိတၳီလာျမိဳ႕အနီးရွိ ေတာင္ပုလု ေတာရရိပ္သာတြင္ သီတင္းသံုးေနထိုင္ခဲ့ေသာ ေတာင္ပုလုဆရာေတာ္ ဘုရားႀကီးသည္ တစ္ခ်ိန္က ရဟႏၱာဟု ထင္ေပၚ ေက်ာ္ၾကားခဲ့သည္။

ရတနာသံုးပါးကို ယံုၾကည္ ကိုးကြယ္လာသူ တစ္ေယာက္ အေၾကာင္း အပါအ၀င္ စာအုပ္ေပါင္းမ်ားစြာကိုေရးခဲ့သူ စာေရးဆရာ ဒါရိုက္တာ ဦးဆန္းလြင္သည္ ေတာင္ပုလုဆရာေတာ္ ဘုရားႀကီးကို အေၾကာင္းျပဳ၍ ဗုဒၶဘာသာသို႔ ကူးေျပာင္းကာ အရွင္အာဒိစၥရံသီ ဘြဲ႔အမည္ျဖင့္ ရဟန္း၀တ္ျပီး ျမန္မာျပည္အႏွံတရားမ်ား လွည့္လည္ ေဟာခဲ့ပါသည္ ။

ပ်ဥ္းမနား မဟာျမိဳင္ဆရာေတာ္ ဦးေဇာတိက သည္လည္း ဆရာေတာ္ႀကီးကို အေၾကာင္းျပဳ၍ ဘာသာကူးေျပာင္းကာ ရဟန္း၀တ္ျပီး စာအုပ္ေပါင္းမ်ားစြာ ေရး၍ ကမာၻ႔ႏိုင္ငံ အသီးသီးကို လွည့္လည္ တရားေဟာခဲ့ပါသည္။

1970 ခုႏွစ္ေက်ာ္၀န္းက်င္ေလာက္က အေမရိကန္ကို ပ်ံသန္းတဲ့ေလယာဥ္တစ္စီးဟာ ေကာင္းကင္ယံမွ ပ်က္က်လုဆဲဆဲ ျဖစ္ခဲ့တယ္ ။ အဲ့ဒီအခ်ိန္မွာဘဲ ေလယာဥ္မူးႏွစ္ဦးဟာ ေလယာဥ္ ဦးေခါင္းေရွ႕တည့္တည့္မွာ သကၤန္း၀တ္နဲ႔ ရဟန္းေတာ္တစ္ပါးကို ျမင္လိုက္ရျပီး ေလယာဥ္ပ်ံဟာ ရုတ္တရက္ ျပန္လည္ေကာင္းသြားျပီး အေမရိကန္ကို ေခ်ာေမာစြာ ျပန္လည္ေရာက္ရွိခဲ့ ပါတယ္ ။ အဲ့ဒီသတင္းကို အေမရိကန္သတင္းစာမွာ ဟိုးေလးတစ္ေက်ာ္ ျဖစ္ခဲ့ျပီး ျမန္မာရဟန္းေတာ္ တစ္ပါးက ေလယာဥ္ကို ကယ္တင္ခဲ့ေၾကာင္း အက်ယ္တစ္၀န္း ေရးသား ဂုဏ္ျပဳၾကတယ္။

အဲ့ဒီအျဖစ္အပ်က္ကို အဲ့ဒီေလယာဥ္မွာ ပါတဲ့ ခရီးသည္ေတြေတာင္ မသိလိုက္ဘူးတဲ့ အဲ့ဒီေလယာဥ္မွာပါတဲ့ ျမန္မာႏိုင္ငံက သစ္ကုန္သည္ ေဒၚခင္၀င္းဆိုသူဟာ အံၾသျပီး အေမရိကန္ကို အဲ့ဒီေန႔က ထြက္တဲ့ ေလယာဥ္ရဲ႕ ခရီးစဥ္ကို လွမ္းစံုစမ္းၾကည့္ေတာ့ အဲ့ဒီေန႔က ခရီးသည္ေတြမွာ ျမန္မာႏိုင္ငံသားႏွစ္ဦးပါျပီး တစ္ဦးက ေဒၚခင္၀င္းျဖစ္ကာ တစ္ျခား တစ္ဦးက ေတာင္ပုလု ဆရာေတာ္ႀကီးပါတဲ့ ။

ေဒၚခင္၀င္းဟာ ေတာင္ပုလု ဆရာေတာ္ ဘုရားႀကီးပံုကို ေလယာဥ္မႈးေတြကို ျပတဲ့အခါ ေလယာဥ္ဦးေခါင္းပိုင္းမွာ ရပ္ျပီး ေလထဲမွာ သကၤန္းတလူလူနဲ႔ လြင့္ေနတာ အဲ့ဒီရဟန္းေတာ္ ပါတဲ့ ။ အဲ့ဒီ ေလယာဥ္မႈးေတြရဲ႕ေက်းဇူးေၾကာင့္ အေမရိကန္မွာ ေတာင္ပုလု တရားစခန္းတစ္ခု ဖြင့္လွစ္ေပးျပီး ခုအခ်ိန္ထိ သာသနာျပဳေနၾက ပါတယ္ ။

crd

(Unicode)

လေယာဉ်ပျက်ကျတော့မယ့် အချိန်မှာ တန်ခိုးပြကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ်

လွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ. . . ဘာသာရေးနှင့် ဆက်နွယ်သော အထွေထွေ ဗဟုသုတ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးရှိ တောင်ပုလု တောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလုဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ် ကျော်ကြားခဲ့သည်။

ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်လာသူ တစ်ယောက် အကြောင်း အပါအဝင် စာအုပ်ပေါင်းများစွာကိုရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာ ဦးဆန်းလွင်သည် တောင်ပုလုဆရာတော် ဘုရားကြီးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့် ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများ လှည့်လည် ဟောခဲ့ပါသည် ။

ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိက သည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီး စာအုပ်ပေါင်းများစွာ ရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည် တရားဟောခဲ့ပါသည်။

1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ် ။ အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ် ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ ရဟန်းတော်တစ်ပါးကို မြင်လိုက်ရပြီး လေယာဉ်ပျံဟာ ရုတ်တရက် ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ ပါတယ် ။ အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပြီး မြန်မာရဟန်းတော် တစ်ပါးက လေယာဉ်ကို ကယ်တင်ခဲ့ကြောင်း အကျယ်တစ်ဝန်း ရေးသား ဂုဏ်ပြုကြတယ်။

အဲ့ဒီအဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာ ပါတဲ့ ခရီးသည်တွေတောင် မသိလိုက်ဘူးတဲ့ အဲ့ဒီလေယာဉ်မှာပါတဲ့ မြန်မာနိုင်ငံက သစ်ကုန်သည် ဒေါ်ခင်ဝင်းဆိုသူဟာ အံသြပြီး အမေရိကန်ကို အဲ့ဒီနေ့က ထွက်တဲ့ လေယာဉ်ရဲ့ ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့က ခရီးသည်တွေမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြား တစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့ ။

ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော် ဘုရားကြီးပုံကို လေယာဉ်မှုးတွေကို ပြတဲ့အခါ လေယာဉ်ဦးခေါင်းပိုင်းမှာ ရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့ လွင့်နေတာ အဲ့ဒီရဟန်းတော် ပါတဲ့ ။ အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလု တရားစခန်းတစ်ခု ဖွင့်လှစ်ပေးပြီး ခုအချိန်ထိ သာသနာပြုနေကြ ပါတယ် ။

crd