နာမည္ႀကီးေနတဲ့ ငါးမည္ရ ခေမာက္ေတာင္ Review

0
280

(Zawgyi)

နာမည္ႀကီးေနတဲ့ ငါးမည္ရ ခေမာက္ေတာင္ Review

နာမည္ ႀကီးေနတဲ့ ငါးမည္ရ ခေမာက္ေတာင္ဟာ ခရီးသြားေတြ ၾကား ထင္ေပၚလာ ေနတဲ့ ေနရာေလးတခု ျဖစ္ပါတယ္ ။ ဒီတခါ ဘုရားဖူး သြားေစခ်င္တဲ့ ေနရာေလး ကေတာ့ ေကာလင္းၿမိဳ႕နယ္ရဲ႕ နာမည္ႀကီး ေနရာ တေနရာ ျဖစ္တဲ့ နာမည္ ( ၅ ) မ်ိဳး ရတဲ့ ခေမာက္ေတာင္ ကို သြားေစခ်င္ ပါတယ္ ။

ေကာလင္းၿမိဳ႕ ကေန အေနာက္ အရပ္ ကို ဆိုင္ကယ္ နဲ႔ မိနစ္ ၂၀ ေလာက္ ေမာင္းရင္ ခေမာက္ေတာင္ကို ေရာက္ပါ လိမ့္မယ္ ။ မ်ားေသာ အားျဖင့္ တေပါင္း လဆုတ္ (မတ္လ ၁၀ ရက္ ဝန္းက်င္ ) ေလာက္မွာ ပြဲေတာ္ ရက္ကို က်င္းပေလ့ ရွိပါတယ္ ။ ပြဲေတာ္ရက္ကို ငါးရက္ တိုင္တိုင္ က်င္းပေလ့ ရွိၿပီး ေနာက္ဆုံးရက္ က ဆြမ္းေလာင္းတဲ့ ရက္ပဲ ျဖစ္ပါတယ္။ ခေမာက္ေတာင္ကို အမည္ ငါးမ်ိဳး မွည့္ ေခၚၾက ပါတယ္။

အဲဒီ အမည္ နာမေတြ ကေတာ့
၁. ခေမာက္ေတာင္
၂. သံခေမာက္ေတာင္
၃. လြယ္ေမာက္ေတာင္
၄. ဦးစီေတာင္
၅. ျမဴခိုးရစ္ ေမွာင္နဂါးရစ္ေတာင္ လို႔ ေခၚပါတယ္ ။

ငါးမည္ရ ခေမာက္ေတာင္ ပြဲေတာ္ရက္ ဆိုရင္ နာမည္ႀကီး မင္းသား မင္းသမီးေတြပါ လာေလ့ ရွိလို႔ ႏွစ္တိုင္း ႀကိတ္ႀကိတ္တိုး စည္ကား လွပါတယ္ ။

ပြဲေတာ္ရက္မွာ အထက္ မိုးညႇင္း မိုးေကာင္း အင္းေတာ္ႀကီး ဘက္က ရွမ္းေတြပါ လာေရာက္ ဆင္ႏႊဲၾကပါတယ္ ။ ပြဲေတာ္ရဲ႕ ေနာက္ဆုံးရက္ ဆြမ္းေလာင္းပြဲ ကေတာ့ အစည္ကားဆုံး ရက္ လို႔ ေျပာရပါမယ္။

ျမန္မာႏိုင္ငံ အနယ္နယ္ အရပ္ရပ္က ဘုရားေတြကို လွည့္လည္ ဖူးေျမာ္လို႔ ဝၿပီ ဆိုရင္ေတာ့ ခေမာက္ေတာင္ ေတာင္ေပၚက ေက်ာက္ထီး ေစတီေတာ္ရဲ႕ ဗုဒၶပူဇနိယ ပြဲေတာ္ ေလးကို သြားေရာက္ ဖူးေျမာ္ ေစခ်င္ ပါတယ္ ။

MyanmarTraveller

(Unicode)

နာမည်ကြီးနေတဲ့ ငါးမည်ရ ခမောက်တောင် Review

နာမည် ကြီးနေတဲ့ ငါးမည်ရ ခမောက်တောင်ဟာ ခရီးသွားတွေ ကြား ထင်ပေါ်လာ နေတဲ့ နေရာလေးတခု ဖြစ်ပါတယ် ။ ဒီတခါ ဘုရားဖူး သွားစေချင်တဲ့ နေရာလေး ကတော့ ကောလင်းမြို့နယ်ရဲ့ နာမည်ကြီး နေရာ တနေရာ ဖြစ်တဲ့ နာမည် ( ၅ ) မျိုး ရတဲ့ ခမောက်တောင် ကို သွားစေချင် ပါတယ် ။

ကောလင်းမြို့ ကနေ အနောက် အရပ် ကို ဆိုင်ကယ် နဲ့ မိနစ် ၂၀ လောက် မောင်းရင် ခမောက်တောင်ကို ရောက်ပါ လိမ့်မယ် ။ များသော အားဖြင့် တပေါင်း လဆုတ် (မတ်လ ၁၀ ရက် ဝန်းကျင် ) လောက်မှာ ပွဲတော် ရက်ကို ကျင်းပလေ့ ရှိပါတယ် ။ ပွဲတော်ရက်ကို ငါးရက် တိုင်တိုင် ကျင်းပလေ့ ရှိပြီး နောက်ဆုံးရက် က ဆွမ်းလောင်းတဲ့ ရက်ပဲ ဖြစ်ပါတယ်။ ခမောက်တောင်ကို အမည် ငါးမျိုး မှည့် ခေါ်ကြ ပါတယ်။

အဲဒီ အမည် နာမတွေ ကတော့
၁. ခမောက်တောင်
၂. သံခမောက်တောင်
၃. လွယ်မောက်တောင်
၄. ဦးစီတောင်
၅. မြူခိုးရစ် မှောင်နဂါးရစ်တောင် လို့ ခေါ်ပါတယ် ။

ငါးမည်ရ ခမောက်တောင် ပွဲတော်ရက် ဆိုရင် နာမည်ကြီး မင်းသား မင်းသမီးတွေပါ လာလေ့ ရှိလို့ နှစ်တိုင်း ကြိတ်ကြိတ်တိုး စည်ကား လှပါတယ် ။

ပွဲတော်ရက်မှာ အထက် မိုးညှင်း မိုးကောင်း အင်းတော်ကြီး ဘက်က ရှမ်းတွေပါ လာရောက် ဆင်နွှဲကြပါတယ် ။ ပွဲတော်ရဲ့ နောက်ဆုံးရက် ဆွမ်းလောင်းပွဲ ကတော့ အစည်ကားဆုံး ရက် လို့ ပြောရပါမယ်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ဘုရားတွေကို လှည့်လည် ဖူးမြော်လို့ ဝပြီ ဆိုရင်တော့ ခမောက်တောင် တောင်ပေါ်က ကျောက်ထီး စေတီတော်ရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော် လေးကို သွားရောက် ဖူးမြော် စေချင် ပါတယ် ။

MyanmarTraveller

LEAVE A REPLY

Please enter your comment!
Please enter your name here