ျခံအမွတ္ ၅၄ ကို ျပတိုက္လုပ္ရန္ ေျပာဆိုေနမႈမ်ား ဦးေအာင္ဆန္းဦး လက္မခံ

0
499

(Zawgyi)

ျခံအမွတ္ ၅၄ ကို ျပတိုက္လုပ္ရန္ ေျပာဆိုေနမႈမ်ား ဦးေအာင္ဆန္းဦး လက္မခံ

နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လက္ရွိ ေနထိုင္လ်က္ ရွိသည့္ ရန္ကုန္ၿမိဳ႕ တကၠသိုလ္ ရိပ္သာလမ္းရွိ ၿခံ အမွတ္ ၅၄ ကို ျပည္သူတခ်ိဳ႕က သမိုင္းဝင္ျပတိုက္ ျဖစ္လာေစေရး ေျပာဆိုမွုမ်ား ရွိေနျခင္းကို ၎အေနျဖင့္ သေဘာမတူေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္၏ အစ္ကို ျဖစ္သူ ဦးေအာင္ဆန္းဦးက ယေန႔ ေနျပည္ေတာ္တြင္ သတင္းေထာက္မ်ားကို ေျပာသည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္သို႔ ေနအိမ္ႏွင့္ ၿခံဝင္း ကိစၥ အထူးအယူခံ တင္ျပခြင့္ျပဳရန္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးထံ ၎၏ ေရွ႕ေနႏွင့္အတူ လာေရာက္ တင္ျပစဥ္ ဦးေအာင္ဆန္းဦးက အထက္ပါအတိုင္း ေျပာဆို လိုက္ျခင္း ျဖစ္သည္။

ဦးေအာင္ဆန္းဦး က “ဒါႀကီးက သမိုင္းဝင္တယ္ဆိုေတာ့ ဘာျဖစ္လို႔ သမိုင္းဝင္လဲ။ ဟီလာရီ ကလင္တန္နဲ႔ အိုဘားမား လာတယ္။ အဲဒီ သမိုင္းဝင္တယ္ ဆိုတဲ့ဟာႀကီးကလည္း ေဒၚခင္ၾကည္နဲ႔ သူတို႔ ေတြ႕တာ မဟုတ္ဘူး။ ေဒၚခင္ၾကည္ ျပတိုက္အေနနဲ႔ ဘာမွ သမိုင္း ဝင္တာ မဟုတ္ဘူး။ ေနာက္တခုက သူတို႔ မလာခင္ကတည္းက ၂၀၁၂ မွာ က်ေနာ့္မွာ ပိုင္ဆိုင္မွု ရွိတယ္ဆိုတာ ပဏာမ ဒီဂရီ မွာ ဆုံးျဖတ္ၿပီးသား။ ဘာမွ မဆိုင္ဘူး” ဟု ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ လက္ရွိ ေနထိုင္ေနသည့္ ေနအိမ္ အေမြခြဲေဝမွု ျပႆနာသည္ ၂၀၁၁ ခုႏွစ္မွ စတင္ကာ ျဖစ္ ပြားခဲ့ျခင္း ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ နိုဝင္ဘာလတြင္ ရန္ကုန္ၿမိဳ႕ အေနာက္ပိုင္း ခရိုင္ တရား႐ုံးက အၿပီးသတ္ အမိန႔္ခ်ခဲ့ ေသာ္လည္း ဦးေအာင္ဆန္းဦးက မေက်နပ္သျဖင့္ တရား လႊတ္ေတာ္ခ်ဳပ္ အထိ တက္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ေျမအက်ယ္ ၁ ဒႆမ ၉၂၃ ဧကရွိ မိခင္ေဒၚခင္ၾကည္ အမည္ေပါက္ ၿခံအမွတ္ ၅၄ အား ႏွစ္ထပ္ အိမ္ႏွင့္ ေျမတဝက္ ကို ေဒၚေအာင္ ဆန္းစုၾကည္၊ တထပ္တိုက္ႏွင့္ ေျမတဝက္ကို ဦးေအာင္ဆန္းဦးတို႔ ခြဲေဝရယူရန္ တရား႐ုံးက ဆုံးျဖတ္ ခဲ့ျခင္း ျဖစ္သည္။

ယင္းဆုံးျဖတ္ခ်က္သည္ တရားမၽွတမွု မရွိဟု ဦးေအာင္ဆန္းဦးက ထပ္ခါတလဲလဲ ေျပာဆိုေလ့ရွိၿပီး ၿခံအမွတ္ ၅၄ ေန အိမ္ကို ေလလံပစ္၍ ရသည္ကို ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တေယာက္တဝက္ ယူရန္ ေတာင္းဆိုလ်က္ ရွိသည္။

ဦးေအာင္ဆန္းဦး က “ျပတိုက္က က်ေနာ့္ အေဖ အတြက္ ျပတိုက္က ရွိၿပီးေနၿပီ။ မိခင္ေဒၚခင္ၾကည္လည္း သူလည္း အဲဒီျပတိုက္နဲ႔ ပတ္သက္လို႔ ပါသင့္တဲ့ ေနရာမွာ ရွိေနၿပီး။ က်ေနာ္ ကေတာ့ မိသားစုအေနနဲ႔ ပါေနၿပီ။ အခု ျပတိုက္ ဆိုတာက က်ေနာ္က မိသားစုနဲ႔ ပါမယ့္ ပုံလည္း မေပၚဘူး။ အေမကေရာ ပါလား ဆိုေတာ့ မဟုတ္ပါဘူး” ဟု ေျပာ သည္။

၎က ဆက္၍ “က်ေနာ္ ပိုင္ဆိုင္မွု ရွိတယ္ ဆိုတာခ်ည္းကို သူတို႔က ျပတိုက္လုပ္ရမယ္ဆိုတာကေတာ့ လုပ္ခ်င္ရင္ ဥပေဒကို ေက်ာ္ၿပီး လုပ္တယ္ဆိုတာေတာ့ အဓိပၸာယ္ မရွိတာ”ဟု ဧရာဝတီ သတင္းဌာန၏ ေမးျမန္းမွုကို ေဝဖန္ခဲ့ သည္။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္း က်ဆုံးသြားသည့္ အခါ က်န္ရစ္သူ မိသားစုကို ဂ႐ုဏာ သက္သျဖင့္ ထိုစဥ္က ဖဆပလ အစိုးရ သည္ ဘဏ္တြင္ အေပါင္ဆုံး ေနသည့္ ယခု ေနရာကို တရားဝင္ ထုခြဲေရာင္းခ်ၿပီး ဝယ္ေပးခဲ့ျခင္း ျဖစ္၍ ျပည္သူက ဝယ္ေပးခဲ့သည့္ သေဘာရွိေၾကာင္း၊ ထို႔ေၾကာင့္ ႏွစ္ ၇၀ ေက်ာ္ သမိုင္း သက္တမ္း ရွိသည့္ ျမန္မာျပည္ ဒီမိုကေရစီ လွုပ္ရွားမွု သမိုင္းေၾကာင္းႏွင့္ ေပၚေပါက္လာသည့္ အိမ္ကို ျပည္သူက ျပတိုက္ ျဖစ္ေစခ်င္ေၾကာင္း ရန္ကုန္တိုင္း NLD ဒုတိယ ဥကၠဌ ေဒါက္တာ စိုးဝင္းဦး က ေျပာသည္။

ေဒါက္တာ စိုးဝင္းဦး က “ဒီအိမ္ႀကီးမွာ လြမ္းဆြတ္ဖြယ္၊ သင္ခန္းစာ ယူဖြယ္၊ ဂုဏ္ယူဖြယ္ အကုန္လုံး ႏွစ္ေပါင္း ၇၀ လုံးလုံး တိုင္းျပည္ရဲ့ သမိုင္းက အဲဒီမွာ ေပၚေနတယ္။ ၿခံလည္း က်ယ္၊ ေနရာလည္း ေကာင္းေတာ့ ေနာက္လာ ေနာက္ သားေတြကို တခုခု ေပးနိုင္တဲ့ ေနရာမ်ိဳး ျဖစ္သင့္တဲ့ အတြက္ ထုခြဲ ေရာင္းခ်တယ္ ဆိုရင္ ေတာ္ေတာ္ကို မိုက္မဲရာ က် မွာေပါ့” ဟု သုံးသပ္သည္။

၁၉၈၈ ခုႏွစ္က မိခင္ျဖစ္သူ ေဒၚခင္ၾကည္ က်န္းမာေရး ခ်ိဳ႕ယြင္းခ်ိန္တြင္ ျပည္ပ ေရာက္ေနသည့္ သားသမီး ႏွစ္ဦး စလုံး ျပန္လာရန္ ေျပာဆိုေသာ္လည္း သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္သာ ျပန္လာၿပီး ဦးေအာင္ဆန္းဦးသည္ ျပန္မလာ ခဲ့ေၾကာင္း၊ သမီး ျဖစ္သူ ျပန္ေရာက္ခ်ိန္ ေဒၚခင္ၾကည္က တူျဖစ္သူ ဦးခင္ေမာင္ေအးကို ေပ ၇၀ x ေပ ၁၀၀ ေျမေနရာ ေပးအပ္ခဲ့ေၾကာင္း ၎တို႔ႏွင့္ နီးစပ္မွု ရွိသူမ်ားထံမွ သိရသည္။

ေဒါက္တာ စိုးဝင္းဦးက “တေယာက္ တဝက္ ကိစၥကေတာ့ တရား႐ုံးနဲ႔ ေမာင္ႏွမ ကိစၥပဲ ျဖစ္တယ္။ ျပည္သူေတြက အဲဒါကို စိတ္မဝင္စားဘူး။ ဦးေအာင္ဆန္းဦး အေမြရထိုက္တယ္ဆိုတာ ျပည္သူေတြ နားလည္တယ္။ ဒါေပမယ့္ ဒီအိမ္ႀကီးကိုေတာ့ ေရာင္းခ်ယူတာမ်ိဳး မဟုတ္ဘဲနဲ႔ ရသင့္တဲ့ တဝက္ကို ေပးလိုက္တယ္ဆိုရင္လည္း ေဒၚေအာင္ ဆန္းစုၾကည္ဘက္က ရပ္တဲ့ ျပည္သူေတြက ေက်နပ္မွာပဲ။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း သားပဲေလ။ ရသင့္တာေပါ့။ ဒါေပ မယ့္ ဒီအိမ္ႀကီးက ျပည္သူေတြက ဝယ္ေပးခဲ့တဲ့ အိမ္ျဖစ္ေနတယ္” ဟု ေျပာသည္။

၁၉၄၇ ခုႏွစ္ ေနာက္ပိုင္း ယခု အိမ္ေနရာသို႔ ေရာက္မွသာ ေဒၚခင္ၾကည္မွာ ထင္ရွားလာျခင္း၊ ေဒၚေအာင္ဆန္းစုၾကည္ ၏ ေနအိမ္ အက်ယ္ခ်ဳပ္သမိုင္း ရွိျခင္း၊ အေမရိကန္ သမၼတ အိုဘားမားကဲ့သို႔ နိုင္ငံတကာ ေခါင္းေဆာင္မ်ား ေရာက္ရွိ ခဲ့ျခင္း၊ ဂၽြန္ယက္ေတာလို လူမ်ားေၾကာင့္ နိုင္ငံေရး အလွည့္မ်ား ျဖစ္ခဲ့ျခင္းတို႔သည္ ျမန္မာျပည္ ဒီမိုကေရစီ လွုပ္ရွားမွု ႏွင့္ ဆက္စပ္ေန၍ ယခု အိမ္ေနရာသည္ ျပတိုက္ ျဖစ္သင့္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံသူမ်ားက ေျပာဆိုသည္။

ဦးေအာင္ဆန္းဦးကမူ ယင္းအခ်က္မ်ားကို သေဘာမတူေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာသည္။

“ေနာက္ၿပီးေတာ့ ဟီလာရီ ကလင္တန္ ၊ အိုဘားမားတို႔ အေမရိကန္က အဆင့္တခုမွာ ရွိတဲ့ လူႀကီးေတြ တျခားနိုင္ငံမွာ သြားလည္ပတ္လည္း သူတို႔ေရာက္သြားတဲ့ အိမ္ႀကီးေတြက ျပတိုက္ ျဖစ္သြားတာ မဟုတ္ဘူး။ ဘာမွ မဆိုင္ဘူး။ အဓိပၸာယ္မွ မရွိတာ”ဟု ဦးေအာင္ဆန္းဦးက ဆိုသည္။

၎က ဆက္၍ “ရွင္းရွင္းေျပာရင္ရင္ စုၾကည္က သူ႔အတြက္ Monument အေနနဲ႔ လုပ္ခ်င္ရင္ေတာ့ ဒါအဓိပၸာယ္ မရွိဘူး။ အဲဒီ တခုပဲ ရွိမယ္။ အဲဒါကလည္း ဥပေဒ အရ လုပ္ခြင့္ရွိလားဆိုေတာ့ ဘာမွ မရွိဘူး။ ဘာလို႔ဆိုေတာ့ က်ေနာ္က တဝက္ပိုင္တာ။ က်ေနာ့္ကို ေက်နပ္ေအာင္ က်ေနာ္ ပိုင္ဆိုင္မွုကို ဝယ္ၿပီးေတာ့ သူတို႔ဟာသူတို႔ Monument လုပ္ခ်င္ရင္လည္း ဒါက ရပါတယ္”ဟု ေျပာသည္။

ထို႔ျပင္ ေနအိမ္ၿခံဝန္း ကိစၥႏွင့္ ပတ္သက္၍ လူမွုကြန္ရက္တြင္ ၎ကို ေထာက္ခံသူမ်ား၏ ေဖ့ဘုတ္စ္ အေကာင့္မ်ား အပိတ္ခံေနရ ေၾကာင္း၊ ထို႔ေၾကာင့္ လူမွုကြန္ရက္တြင္ ၎ကို ေထာက္ခံသူမရွိဟု အမ်ားက ထင္ေနၾကေၾကာင္း၊ ၎ကို ေဝဖန္သူမ်ားမွာ ဥပေဒ အရ အခ်က္အလက္ျဖင့္ မဟုတ္ဘဲ ေလၽွာက္ေျပာေနသူမ်ားသာ ေတြ႕ရေၾကာင္း ဦးေအာင္ဆန္းဦးက ေဝဖန္ခဲ့သည္။

ယခု တေခါက္ ဦးေအာင္ဆန္းဦး ေနျပည္ေတာ္သို႔ လာေရာက္ရျခင္းသည္ ၎တို႔၏ အယူခံအမွုကို ျပည္ေထာင္စု တရား လႊတ္ေတာ္ခ်ဳပ္က အရွုံးေပးခဲ့ သျဖင့္ အထူးအယူခံ တင္ခြင့္ျပဳရန္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး ထံသို႔ တင္ျပရန္ လာေရာက္ျခင္း ျဖစ္ေၾကာင္း ဦးေအာင္ဆန္းဦး၏ ေရွ႕ေန ဦးေအးလြင္က သတင္းေထာက္မ်ားကို ရွင္းျပခဲ့သည္။

irrawaddy

(Unicode)

ခြံအမှတ် ၅၄ ကို ပြတိုက်လုပ်ရန် ပြောဆိုနေမှုများ ဦးအောင်ဆန်းဦး လက်မခံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်လျက် ရှိသည့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ ကို ပြည်သူတချို့က သမိုင်းဝင်ပြတိုက် ဖြစ်လာစေရေး ပြောဆိုမှုများ ရှိနေခြင်းကို ၎င်းအနေဖြင့် သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ နေအိမ်နှင့် ခြံဝင်း ကိစ္စ အထူးအယူခံ တင်ပြခွင့်ပြုရန် တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ၎င်း၏ ရှေ့နေနှင့်အတူ လာရောက် တင်ပြစဉ် ဦးအောင်ဆန်းဦးက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဦးအောင်ဆန်းဦး က “ဒါကြီးက သမိုင်းဝင်တယ်ဆိုတော့ ဘာဖြစ်လို့ သမိုင်းဝင်လဲ။ ဟီလာရီ ကလင်တန်နဲ့ အိုဘားမား လာတယ်။ အဲဒီ သမိုင်းဝင်တယ် ဆိုတဲ့ဟာကြီးကလည်း ဒေါ်ခင်ကြည်နဲ့ သူတို့ တွေ့တာ မဟုတ်ဘူး။ ဒေါ်ခင်ကြည် ပြတိုက်အနေနဲ့ ဘာမှ သမိုင်း ဝင်တာ မဟုတ်ဘူး။ နောက်တခုက သူတို့ မလာခင်ကတည်းက ၂၀၁၂ မှာ ကျနော့်မှာ ပိုင်ဆိုင်မှု ရှိတယ်ဆိုတာ ပဏာမ ဒီဂရီ မှာ ဆုံးဖြတ်ပြီးသား။ ဘာမှ မဆိုင်ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေသည့် နေအိမ် အမွေခွဲဝေမှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖြစ် ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင် တရားရုံးက အပြီးသတ် အမိန့်ချခဲ့ သော်လည်း ဦးအောင်ဆန်းဦးက မကျေနပ်သဖြင့် တရား လွှတ်တော်ချုပ် အထိ တက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြေအကျယ် ၁ ဒဿမ ၉၂၃ ဧကရှိ မိခင်ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ အား နှစ်ထပ် အိမ်နှင့် မြေတဝက် ကို ဒေါ်အောင် ဆန်းစုကြည်၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးတို့ ခွဲဝေရယူရန် တရားရုံးက ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ဦးအောင်ဆန်းဦးက ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိပြီး ခြံအမှတ် ၅၄ နေ အိမ်ကို လေလံပစ်၍ ရသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တယောက်တဝက် ယူရန် တောင်းဆိုလျက် ရှိသည်။

ဦးအောင်ဆန်းဦး က “ပြတိုက်က ကျနော့် အဖေ အတွက် ပြတိုက်က ရှိပြီးနေပြီ။ မိခင်ဒေါ်ခင်ကြည်လည်း သူလည်း အဲဒီပြတိုက်နဲ့ ပတ်သက်လို့ ပါသင့်တဲ့ နေရာမှာ ရှိနေပြီး။ ကျနော် ကတော့ မိသားစုအနေနဲ့ ပါနေပြီ။ အခု ပြတိုက် ဆိုတာက ကျနော်က မိသားစုနဲ့ ပါမယ့် ပုံလည်း မပေါ်ဘူး။ အမေကရော ပါလား ဆိုတော့ မဟုတ်ပါဘူး” ဟု ပြော သည်။

၎င်းက ဆက်၍ “ကျနော် ပိုင်ဆိုင်မှု ရှိတယ် ဆိုတာချည်းကို သူတို့က ပြတိုက်လုပ်ရမယ်ဆိုတာကတော့ လုပ်ချင်ရင် ဥပဒေကို ကျော်ပြီး လုပ်တယ်ဆိုတာတော့ အဓိပ္ပာယ် မရှိတာ”ဟု ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ဝေဖန်ခဲ့ သည်။

ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားသည့် အခါ ကျန်ရစ်သူ မိသားစုကို ဂရုဏာ သက်သဖြင့် ထိုစဉ်က ဖဆပလ အစိုးရ သည် ဘဏ်တွင် အပေါင်ဆုံး နေသည့် ယခု နေရာကို တရားဝင် ထုခွဲရောင်းချပြီး ဝယ်ပေးခဲ့ခြင်း ဖြစ်၍ ပြည်သူက ဝယ်ပေးခဲ့သည့် သဘောရှိကြောင်း၊ ထို့ကြောင့် နှစ် ၇၀ ကျော် သမိုင်း သက်တမ်း ရှိသည့် မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာသည့် အိမ်ကို ပြည်သူက ပြတိုက် ဖြစ်စေချင်ကြောင်း ရန်ကုန်တိုင်း NLD ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးဝင်းဦး က ပြောသည်။

ဒေါက်တာ စိုးဝင်းဦး က “ဒီအိမ်ကြီးမှာ လွမ်းဆွတ်ဖွယ်၊ သင်ခန်းစာ ယူဖွယ်၊ ဂုဏ်ယူဖွယ် အကုန်လုံး နှစ်ပေါင်း ၇၀ လုံးလုံး တိုင်းပြည်ရဲ့ သမိုင်းက အဲဒီမှာ ပေါ်နေတယ်။ ခြံလည်း ကျယ်၊ နေရာလည်း ကောင်းတော့ နောက်လာ နောက် သားတွေကို တခုခု ပေးနိုင်တဲ့ နေရာမျိုး ဖြစ်သင့်တဲ့ အတွက် ထုခွဲ ရောင်းချတယ် ဆိုရင် တော်တော်ကို မိုက်မဲရာ ကျ မှာပေါ့” ဟု သုံးသပ်သည်။

၁၉၈၈ ခုနှစ်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းချိန်တွင် ပြည်ပ ရောက်နေသည့် သားသမီး နှစ်ဦး စလုံး ပြန်လာရန် ပြောဆိုသော်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လာပြီး ဦးအောင်ဆန်းဦးသည် ပြန်မလာ ခဲ့ကြောင်း၊ သမီး ဖြစ်သူ ပြန်ရောက်ချိန် ဒေါ်ခင်ကြည်က တူဖြစ်သူ ဦးခင်မောင်အေးကို ပေ ၇၀ x ပေ ၁၀၀ မြေနေရာ ပေးအပ်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်မှု ရှိသူများထံမှ သိရသည်။

ဒေါက်တာ စိုးဝင်းဦးက “တယောက် တဝက် ကိစ္စကတော့ တရားရုံးနဲ့ မောင်နှမ ကိစ္စပဲ ဖြစ်တယ်။ ပြည်သူတွေက အဲဒါကို စိတ်မဝင်စားဘူး။ ဦးအောင်ဆန်းဦး အမွေရထိုက်တယ်ဆိုတာ ပြည်သူတွေ နားလည်တယ်။ ဒါပေမယ့် ဒီအိမ်ကြီးကိုတော့ ရောင်းချယူတာမျိုး မဟုတ်ဘဲနဲ့ ရသင့်တဲ့ တဝက်ကို ပေးလိုက်တယ်ဆိုရင်လည်း ဒေါ်အောင် ဆန်းစုကြည်ဘက်က ရပ်တဲ့ ပြည်သူတွေက ကျေနပ်မှာပဲ။ ဗိုလ်ချုပ် အောင်ဆန်း သားပဲလေ။ ရသင့်တာပေါ့။ ဒါပေ မယ့် ဒီအိမ်ကြီးက ပြည်သူတွေက ဝယ်ပေးခဲ့တဲ့ အိမ်ဖြစ်နေတယ်” ဟု ပြောသည်။

၁၉၄၇ ခုနှစ် နောက်ပိုင်း ယခု အိမ်နေရာသို့ ရောက်မှသာ ဒေါ်ခင်ကြည်မှာ ထင်ရှားလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ်သမိုင်း ရှိခြင်း၊ အမေရိကန် သမ္မတ အိုဘားမားကဲ့သို့ နိုင်ငံတကာ ခေါင်းဆောင်များ ရောက်ရှိ ခဲ့ခြင်း၊ ဂျွန်ယက်တောလို လူများကြောင့် နိုင်ငံရေး အလှည့်များ ဖြစ်ခဲ့ခြင်းတို့သည် မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု နှင့် ဆက်စပ်နေ၍ ယခု အိမ်နေရာသည် ပြတိုက် ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ပြောဆိုသည်။

ဦးအောင်ဆန်းဦးကမူ ယင်းအချက်များကို သဘောမတူကြောင်း ပွင့်ပွင့်လင်းလင်း ပြောသည်။

“နောက်ပြီးတော့ ဟီလာရီ ကလင်တန် ၊ အိုဘားမားတို့ အမေရိကန်က အဆင့်တခုမှာ ရှိတဲ့ လူကြီးတွေ တခြားနိုင်ငံမှာ သွားလည်ပတ်လည်း သူတို့ရောက်သွားတဲ့ အိမ်ကြီးတွေက ပြတိုက် ဖြစ်သွားတာ မဟုတ်ဘူး။ ဘာမှ မဆိုင်ဘူး။ အဓိပ္ပာယ်မှ မရှိတာ”ဟု ဦးအောင်ဆန်းဦးက ဆိုသည်။

၎င်းက ဆက်၍ “ရှင်းရှင်းပြောရင်ရင် စုကြည်က သူ့အတွက် Monument အနေနဲ့ လုပ်ချင်ရင်တော့ ဒါအဓိပ္ပာယ် မရှိဘူး။ အဲဒီ တခုပဲ ရှိမယ်။ အဲဒါကလည်း ဥပဒေ အရ လုပ်ခွင့်ရှိလားဆိုတော့ ဘာမှ မရှိဘူး။ ဘာလို့ဆိုတော့ ကျနော်က တဝက်ပိုင်တာ။ ကျနော့်ကို ကျေနပ်အောင် ကျနော် ပိုင်ဆိုင်မှုကို ဝယ်ပြီးတော့ သူတို့ဟာသူတို့ Monument လုပ်ချင်ရင်လည်း ဒါက ရပါတယ်”ဟု ပြောသည်။

ထို့ပြင် နေအိမ်ခြံဝန်း ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ၎င်းကို ထောက်ခံသူများ၏ ဖေ့ဘုတ်စ် အကောင့်များ အပိတ်ခံနေရ ကြောင်း၊ ထို့ကြောင့် လူမှုကွန်ရက်တွင် ၎င်းကို ထောက်ခံသူမရှိဟု အများက ထင်နေကြကြောင်း၊ ၎င်းကို ဝေဖန်သူများမှာ ဥပဒေ အရ အချက်အလက်ဖြင့် မဟုတ်ဘဲ လျှောက်ပြောနေသူများသာ တွေ့ရကြောင်း ဦးအောင်ဆန်းဦးက ဝေဖန်ခဲ့သည်။

ယခု တခေါက် ဦးအောင်ဆန်းဦး နေပြည်တော်သို့ လာရောက်ရခြင်းသည် ၎င်းတို့၏ အယူခံအမှုကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က အရှုံးပေးခဲ့ သဖြင့် အထူးအယူခံ တင်ခွင့်ပြုရန် တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ထံသို့ တင်ပြရန် လာရောက်ခြင်း ဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ ရှေ့နေ ဦးအေးလွင်က သတင်းထောက်များကို ရှင်းပြခဲ့သည်။

irrawaddy

LEAVE A REPLY

Please enter your comment!
Please enter your name here