ႏွစ္လအတြင္း အလွဴေငြ က်ပ္သိန္းေပါင္း ၂ ေသာင္းခန္႔ ရရွိခ့ဲသည့္ က်ဳိက္ထီး႐ိုးဘုရား

0
93

(Zawgyi)

ႏွစ္လအတြင္း အလွဴေငြ က်ပ္သိန္းေပါင္း ၂ ေသာင္းခန္႔ ရရွိခ့ဲသည့္ က်ဳိက္ထီး႐ိုးဘုရား

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ ဆံေတာ္ရွင္က်ိဳက္ထီး႐ုိးကုိ ဘုရားဖူး၀င္ေရာက္မႈ မ်ားျပားခဲ့တာေၾကာင့္ ၂ လအတြင္း အလႉေငြ က်ပ္သိန္းေပါင္း ၂ ေသာင္းနီးပါး ရရွိခဲ့တယ္လို႔ က်ိဳက္ထီး႐ုိးေဂါပကအဖြဲ႔က ေျပာပါတယ္။

က်ိဳက္ထီး႐ုိးဘုရားေပၚရွိ ေခါင္းေလာင္းအေရာင္းဌာန၊ ဘက္စံုအလႉခံဌာန၊ ေရႊဆိုင္းအေရာင္းဌာနနဲ႔ ဘုရားရင္ျပင္ေတာ္ေပၚရွိ အလႉခံပံုး ၃၁ ပံုးကို က်ိဳက္ထီး႐ုိးေဂါပကအဖြဲ႔က တာ၀န္ယူထားၿပီး တပတ္တခါ အလႉခံပံုးေတြကို အပတ္စဥ္စစ္ေဆးေနတာပါ။

က်ိဳက္ထိီး႐ုိးေဂါပကသစ္အဖြဲ႔၀င္ ဦးေက်ာ္၀င္းလိႈင္က “ေဂါပက အသစ္သက္တမ္းက ၂ လေက်ာ္ၿပီ။ ၂ လေက်ာ္မွာ ဘုရားအလႉေငြ သိန္း ၁၉၀၀၀ ေက်ာ္ ရတယ္။ လက္ရွိ တနလၤာေန႔အထိ စာရင္းအရ ယခင္ယာယီေဂါပကတုန္းက ၂ ႏွစ္အလႉေငြ က်ပ္သိန္း ၁၀၀ ၀၀၀ ေက်ာ္ရွိတယ္။ အခုႏွစ္လနဲ႔ဆို က်ပ္သိန္းေပါင္း ၁၁၉,၀၀၀ ေက်ာ္ရရွိထားတယ္။ အေထြေထြအရပ္ရပ္က ရတဲ့ အလႉေငြေပါ့” လို႔ေျပာပါတယ္။

က်ိဳက္ထီး႐ုိးေစတီေတာ္ ယာယီေဂါပကအဖြဲ႔ကုိ အဖြဲ႔၀င္ ၁၅ ဦးနဲ႔ ၿပီးခဲ့တဲ့၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလက စတင္ဖြဲ႔စည္းခဲ့ၿပီး ယာယီေဂါပအဖြဲ႔ စတင္တာ၀န္ထမ္းေဆာင္စဥ္က ဘုရားအလႉေငြ က်ပ္သိန္းေပါင္း ၁၆၀ ၀၀ နဲ႔ စတင္ခဲ့ၿပီး ယာယီေဂါပက သက္တမ္္းကုန္ဆံုးတဲ့အခါ အလွဴေငြ က်ပ္သိန္းေပါင္း ၁၀၀ ၀၀၀ ေက်ာ္ရရွိခဲ့ပါတယ္။ ေဂါပကအသစ္ကို ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလက စတင္ေရြးခ်ယ္ခဲ့တဲ့အတြက္ လက္ရွိ စုစုေပါင္း အလႉေငြမွာ ၁၁၉ ၀၀၀ ေက်ာ္ရရွိခဲ့တာပါ။

ဒါ့အျပင္ ဒီဇင္ဘာလ ဘုရားဖူးရာသီတုန္းကလည္း ျပည္တြင္း၊ ျပည္ပဘုရားဖူး ဧည့္သည္ေတြ တေန႔တည္းသိန္းခ်ိီ ၀င္ေရာက္မႈေတြေၾကာင့္ ေတာင္တက္လမ္းခရီးေတြ ပိတ္ဆို႔ခဲ့ရတဲ့အထိ ဘုရားဖူးေတြမ်ားျပားခဲ့ပါတယ္။

လက္ရွိေ၀ဖန္မႈေတြ ျဖစ္ေပၚေနတဲ့ က်ိဳက္ထီး႐ိုးေတာင္ေစာင္းက အမိႈက္ပံုကိစၥနဲ႔ ပတ္သက္ၿပီး ဦီးေက်ာ္၀င္းလိႈင္က “က်ေနာ္တို႔ ျပည္နယ္အစိုးရအစီစဥ္နဲ႔ အမိႈက္ခြဲစက္ လုပ္ထားပါတယ္။ အမိႈ္က္ခြဲစက္ကၿပီးေတာ့မွာပါ။ မီးခ်ိတ္ၿပီးတာနဲ႔ အမိႈက္ေတြကုိ စနစ္တက် စြန္႔ပစ္လို႔ရပါတယ္။ အလႉရွင္က လႉထားတဲ့ အမိႈက္မီး႐ိႈ႕စက္ေတြကို ေန႔စဥ္အသံုးျပဳၿပီးေတာ့ ရွင္းေနပါတယ္။ ေတာင္ေပၚအမႈိက္ကေတာ့ ေန႔စဥ္ရွင္းေနတာပါ။ အရင္ေခတ္အဆက္ဆက္က ေအာက္မွာေရာက္ေနတဲ့ အမိႈက္ေဟာင္းေတြကိုလည္း တျဖည္းျဖည္း အေပၚဆြဲတင္ၿပီးေတာ့ အမိႈက္ကင္းေအာင္လုပ္ဖို႔ အစီစဥ္ရွိပါတယ္။ ဒါကေတာ့ ေရရွည္စီမံၿပီးမွ လုပ္ႏိုင္မွာပါ။ ေလာေလာဆယ္ေတာ့ ထြက္လာသမွ် အမိႈက္ေတြကိုရွင္းႏုိင္ပါတယ္” လို႔ေျပာပါတယ္။

က်ိဳက္ထီး႐ိုးေတာင္ေပၚက အမိႈက္ေတြဟာ သဘာ၀ပတ္၀န္းက်င္ညစ္ညမ္းမႈနဲ႔ သဘာ၀ေဘးအႏၱရာယ္ေတြေၾကာင့္လည္း အႏၱရာယ္ရွိလာႏိုင္ၿပီး က်ိဳက္ထီးရိုးေစတီေတာ္ဆီ ဘုရားဖူးဧည့္သည္ ၀င္ေရာက္မႈကိုလည္း ထိခိုက္ႏိုင္တဲ့ အခ်က္တခ်က္ျဖစ္ၿပီး ဘုရားဖူးရာသီမွာ တရက္ကို အမိႈက္ ၅ တန္မွ ၁၀ တန္ၾကား ထြက္ရွိေနတဲ့အတြက္ မိုးရာသီကာလမွာ ေျမၿပိဳက်ႏိုင္တဲ့ အႏၱရာယ္၊ ေႏြရာသီကာလမွာ မေတာ္တဆ မီးေလာင္မႈ အႏၱရယ္ေတြ ရွိလာႏိုင္တာေတြေၾကာင့္ ဘုရားဖူးျပည္သူေတြအတြက္ စိုးရိမ္ဖြယ္ရာတစ္ခုျဖစ္ေနပါတယ္။

က်ိဳက္ထီးရိုးဘုရားဖူးရာသီကို သီတင္းကြ်တ္လျပည့္ေန႔မွ ကဆုန္လျပည့္ေနအထိ ႏွစ္စဥ္က်င္းပေလ့ရွိၿပီး ၂၀၁၇ ခုႏွစ္ကလည္း ဘုရားဖူးရာသီဖြင့္ပြဲအၿပီး ႏွစ္လအၾကာမွာ က်ပ္သိန္းေပါင္း ၄၂၀၀ ေက်ာ္ရရွိခဲ့ပါတယ္။

dvb

(Unicode)

နှစ်လအတွင်း အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်းခန့် ရရှိခဲ့သည့် ကျိုက်ထီးရိုးဘုရား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးကို ဘုရားဖူးဝင်ရောက်မှု များပြားခဲ့တာကြောင့် ၂ လအတွင်း အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်းနီးပါး ရရှိခဲ့တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားပေါ်ရှိ ခေါင်းလောင်းအရောင်းဌာန၊ ဘက်စုံအလှူခံဌာန၊ ရွှေဆိုင်းအရောင်းဌာနနဲ့ ဘုရားရင်ပြင်တော်ပေါ်ရှိ အလှူခံပုံး ၃၁ ပုံးကို ကျိုက်ထီးရိုးဂေါပကအဖွဲ့က တာဝန်ယူထားပြီး တပတ်တခါ အလှူခံပုံးတွေကို အပတ်စဉ်စစ်ဆေးနေတာပါ။

ကျိုက်ထီးရိုးဂေါပကသစ်အဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က “ဂေါပက အသစ်သက်တမ်းက ၂ လကျော်ပြီ။ ၂ လကျော်မှာ ဘုရားအလှူငွေ သိန်း ၁၉၀၀၀ ကျော် ရတယ်။ လက်ရှိ တနင်္လာနေ့အထိ စာရင်းအရ ယခင်ယာယီဂေါပကတုန်းက ၂ နှစ်အလှူငွေ ကျပ်သိန်း ၁၀၀ ၀၀၀ ကျော်ရှိတယ်။ အခုနှစ်လနဲ့ဆို ကျပ်သိန်းပေါင်း ၁၁၉,၀၀၀ ကျော်ရရှိထားတယ်။ အထွေထွေအရပ်ရပ်က ရတဲ့ အလှူငွေပေါ့” လို့ပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော် ယာယီဂေါပကအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ယာယီဂေါပအဖွဲ့ စတင်တာဝန်ထမ်းဆောင်စဉ်က ဘုရားအလှူငွေ ကျပ်သိန်းပေါင်း ၁၆၀ ၀၀ နဲ့ စတင်ခဲ့ပြီး ယာယီဂေါပက သက်တမ်းကုန်ဆုံးတဲ့အခါ အလှူငွေ ကျပ်သိန်းပေါင်း ၁၀၀ ၀၀၀ ကျော်ရရှိခဲ့ပါတယ်။ ဂေါပကအသစ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ရွေးချယ်ခဲ့တဲ့အတွက် လက်ရှိ စုစုပေါင်း အလှူငွေမှာ ၁၁၉ ၀၀၀ ကျော်ရရှိခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာလ ဘုရားဖူးရာသီတုန်းကလည်း ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်တွေ တနေ့တည်းသိန်းချီ ဝင်ရောက်မှုတွေကြောင့် တောင်တက်လမ်းခရီးတွေ ပိတ်ဆို့ခဲ့ရတဲ့အထိ ဘုရားဖူးတွေများပြားခဲ့ပါတယ်။

လက်ရှိဝေဖန်မှုတွေ ဖြစ်ပေါ်နေတဲ့ ကျိုက်ထီးရိုးတောင်စောင်းက အမှိုက်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်ဝင်းလှိုင်က “ကျနော်တို့ ပြည်နယ်အစိုးရအစီစဉ်နဲ့ အမှိုက်ခွဲစက် လုပ်ထားပါတယ်။ အမှိုက်ခွဲစက်ကပြီးတော့မှာပါ။ မီးချိတ်ပြီးတာနဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်လို့ရပါတယ်။ အလှူရှင်က လှူထားတဲ့ အမှိုက်မီးရှို့စက်တွေကို နေ့စဉ်အသုံးပြုပြီးတော့ ရှင်းနေပါတယ်။ တောင်ပေါ်အမှိုက်ကတော့ နေ့စဉ်ရှင်းနေတာပါ။ အရင်ခေတ်အဆက်ဆက်က အောက်မှာရောက်နေတဲ့ အမှိုက်ဟောင်းတွေကိုလည်း တဖြည်းဖြည်း အပေါ်ဆွဲတင်ပြီးတော့ အမှိုက်ကင်းအောင်လုပ်ဖို့ အစီစဉ်ရှိပါတယ်။ ဒါကတော့ ရေရှည်စီမံပြီးမှ လုပ်နိုင်မှာပါ။ လောလောဆယ်တော့ ထွက်လာသမျှ အမှိုက်တွေကိုရှင်းနိုင်ပါတယ်” လို့ပြောပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်လည်း အန္တရာယ်ရှိလာနိုင်ပြီး ကျိုက်ထီးရိုးစေတီတော်ဆီ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုကိုလည်း ထိခိုက်နိုင်တဲ့ အချက်တချက်ဖြစ်ပြီး ဘုရားဖူးရာသီမှာ တရက်ကို အမှိုက် ၅ တန်မှ ၁၀ တန်ကြား ထွက်ရှိနေတဲ့အတွက် မိုးရာသီကာလမှာ မြေပြိုကျနိုင်တဲ့ အန္တရာယ်၊ နွေရာသီကာလမှာ မတော်တဆ မီးလောင်မှု အန္တရယ်တွေ ရှိလာနိုင်တာတွေကြောင့် ဘုရားဖူးပြည်သူတွေအတွက် စိုးရိမ်ဖွယ်ရာတစ်ခုဖြစ်နေပါတယ်။

ကျိုက်ထီးရိုးဘုရားဖူးရာသီကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေအထိ နှစ်စဉ်ကျင်းပလေ့ရှိပြီး ၂၀၁၇ ခုနှစ်ကလည်း ဘုရားဖူးရာသီဖွင့်ပွဲအပြီး နှစ်လအကြာမှာ ကျပ်သိန်းပေါင်း ၄၂၀၀ ကျော်ရရှိခဲ့ပါတယ်။

dvb

LEAVE A REPLY

Please enter your comment!
Please enter your name here