ခ်စ္သူ မိန္းခေလးနဲ႔ အတူေနၿပီး လက္မထပ္တဲ့ အမ်ိဳးသားမ်ားကို ေထာင္ဒဏ္ ၅ ႏွစ္ႏွင့္ အထက္

0
703

(Zawgyi)

ခ်စ္သူ မိန္းခေလးနဲ႔ အတူေနၿပီး လက္မထပ္တဲ့ အမ်ိဳးသားမ်ားကို ေထာင္ဒဏ္ ၅ ႏွစ္ႏွင့္ အထက္

သမီးရည္းစား ဘဝတြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသားမ်ား ကို ေထာင္ဒဏ္ ငါးႏွစ္ႏွင့္ အထက္ အေရးယူ ႏိုင္သည့္ ဥပေဒေရးဆြဲ ျပ႒ာန္း သြားမည္ ။

သမီးရည္းစားဘဝတြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသားမ်ား ကို ေထာင္ဒဏ္ ငါးႏွစ္ႏွင့္ အထက္ အေရးယူႏိုင္သည့္ ဥပေဒ ေရးဆြဲျပ႒ာန္း သြားမည္ ျဖစ္ေၾကာင္း ဒီဇင္ဘာ ၂၇ ရက္က ျပဳလုပ္သည့္ ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အမ်ိဳးသမီးေရးရာ ေကာ္မတီ အစည္းအေဝးႏွင့္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသား ေကာ္မတီ အစည္းအေဝး ပြဲမွ သိရသည္။

“ ငါးႏွစ္နဲ႔ အထက္ေပါ့ေနာ္။ အကယ္၍မ်ား အမ်ိဳးသမီးေလးမွာ ကိုယ္ဝန္ပါ ရွိသြားမယ္ ဆိုရင္ အဲ့ဒီအမ်ိဳးသားဟာ အနည္းဆုံး ေထာင္ဒဏ္ ခုနစ္ႏွစ္ ဆိုၿပီး ကြၽန္မတို႔က အဲ့လိုမ်ိဳး ထည့္သြင္းထား ပါတယ္ ” ဟု လူမႈဝန္ထမ္း ဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚေနာ္သဝါက မီဒီယာမ်ားသို႔ေျပာသည္။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး အထူး ဥပေဒကို လာမည့္ လႊတ္ေတာ္ အစည္းအေဝးတြင္ အတည္ျပဳျပ႒ာန္းႏိုင္ရန္ ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္ ။ ယင္းဥပေဒအရ အမ်ိဳးသမီးတဦး စိတ္ အေႏွာင့္အယွက္ ျဖစ္ေစရန္ အေနာက္မွ လိုက္၍ စကားေျပာလွ်င္ လည္း ျပစ္ဒဏ္ေျမာက္သည္ဟု ထည့္သြင္းထားကာ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီးမ်ားသည္ အၾကမ္းဖက္ခံရၿပီး လူေတာမတိုးရဲသည့္ အေျခ အေန ျဖစ္လာျခင္းေၾကာင့္ အမ်ိဳးသမီးမ်ားကို အကာအကြယ္ ေပးသည့္ ဥပေဒေရးဆြဲေနျခင္း ျဖစ္ေၾကာင္း သိရသည္ ။

“ အမ်ိဳးသမီးေတြကို ညႇဥ္းပန္း ႏွိပ္စက္ေနတာ၊ အၾကမ္းဖက္ေနတာ မ်ိဳးစုံရွိ တယ္ ။ ႐ုပ္ပိုင္းဆိုင္ရာ ကြဲရွ ထိခိုက္သြားမွ မဟုတ္ဘူး ၊ စိတ္ပိုင္းဆိုင္ရာေတြ လည္း အမ်ားႀကီး ရွိတယ္ ” ဟု လူမႈန္ထမ္း ဦးစီးဌာန ေခတၱၫႊန္ၾကားေရး မႉး ေဒါက္တာ စန္းစန္းေအးက မီဒီယာမ်ားသို႔ ေျပာသည္ ။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီး ကာကြယ္ေရး ဥပေဒကို အတည္ျပဳႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး အမ်ိဳးသမီးမ်ားကို ရႈေထာင့္ေပါင္း စုံမွ ကာကြယ္ ေစာင့္ေရွာက္ေပးႏိုင္ရန္ ေရးဆြဲ ထားျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အမ်ိဳးသမီးေရးရာ ေကာ္မတီ ဥကၠ႒၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားသည္။

အဆိုပါဥပေဒကို အတည္ျပဳ ျပ႒ာန္းၿပီးပါက တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္ေဒသရွိ ေအာက္ေျခေက်း႐ြာမ်ားအထိ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကို အသိပညာေပးရန္ ေဆာင္႐ြက္ ထားေၾကာင္းလည္း သိရသည္။

crd

(Unicode)

ချစ်သူ မိန်းခလေးနဲ့ အတူနေပြီး လက်မထပ်တဲ့ အမျိုးသားများကို ထောင်ဒဏ် ၅ နှစ်နှင့် အထက်

သမီးရည်းစား ဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ် ငါးနှစ်နှင့် အထက် အရေးယူ နိုင်သည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်း သွားမည် ။

သမီးရည်းစားဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ် ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပွဲမှ သိရသည်။

“ ငါးနှစ်နဲ့ အထက်ပေါ့နော်။ အကယ်၍များ အမျိုးသမီးလေးမှာ ကိုယ်ဝန်ပါ ရှိသွားမယ် ဆိုရင် အဲ့ဒီအမျိုးသားဟာ အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ် ဆိုပြီး ကျွန်မတို့က အဲ့လိုမျိုး ထည့်သွင်းထား ပါတယ် ” ဟု လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါက မီဒီယာများသို့ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အထူး ဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည် ။ ယင်းဥပဒေအရ အမျိုးသမီးတဦး စိတ် အနှောင့်အယှက် ဖြစ်စေရန် အနောက်မှ လိုက်၍ စကားပြောလျှင် လည်း ပြစ်ဒဏ်မြောက်သည်ဟု ထည့်သွင်းထားကာ လက်ရှိအချိန်တွင် အမျိုးသမီးများသည် အကြမ်းဖက်ခံရပြီး လူတောမတိုးရဲသည့် အခြေ အနေ ဖြစ်လာခြင်းကြောင့် အမျိုးသမီးများကို အကာအကွယ် ပေးသည့် ဥပဒေရေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည် ။

“ အမျိုးသမီးတွေကို ညှဉ်းပန်း နှိပ်စက်နေတာ၊ အကြမ်းဖက်နေတာ မျိုးစုံရှိ တယ် ။ ရုပ်ပိုင်းဆိုင်ရာ ကွဲရှ ထိခိုက်သွားမှ မဟုတ်ဘူး ၊ စိတ်ပိုင်းဆိုင်ရာတွေ လည်း အများကြီး ရှိတယ် ” ဟု လူမှုန်ထမ်း ဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူး ဒေါက်တာ စန်းစန်းအေးက မီဒီယာများသို့ ပြောသည် ။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်း စုံမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးပါက တိုင်းဒေသကြီးနှင့် ပြည် နယ်ဒေသရှိ အောက်ခြေကျေးရွာများအထိ အမျိုးသား၊ အမျိုးသမီးများကို အသိပညာပေးရန် ဆောင်ရွက် ထားကြောင်းလည်း သိရသည်။

crd

LEAVE A REPLY

Please enter your comment!
Please enter your name here