(၈) ႏွစ္ေက်ာ္ၾကာ ကြဲကြာၿပီးမွ ျပန္လည္ ေပါင္းစည္းၿပီး သီခ်င္းအသစ္နဲ႔ ျပန္လာခဲ့တဲ့ Westlife

0
88

(Zawgyi)

(၈) ႏွစ္ေက်ာ္ၾကာ ကြဲကြာၿပီးမွ ျပန္လည္ ေပါင္းစည္းၿပီး သီခ်င္းအသစ္နဲ႔ ျပန္လာခဲ့တဲ့ Westlife

၂၁ ရာစုႏွစ္ အစပိုင္းေတြမွာ ေပါ့ပ္ေလာကကိုလႊမ္းမိုးခဲ့တဲ့ Westlife ဆိုရင္ပရိတ္သတ္ႀကီးကို အထူးတလည္မိတ္ဆက္ေပးစရာလိုမယ္မထင္ပါဘူး။ My Love လို႔ေျပာလိုက္တာနဲ႔ Westlife ဆိုၿပီး တန္းသိၾကတာပါပဲ။

တစ္ခ်ိန္က ႏႈတ္ခမ္းနီမေလးေတြအသဲစြဲတဲ့ Westlife အဖြဲ႕ဝင္ေတြဟာ လက္ရွိမွာေတာ့ အသက္ ၄၀ ပတ္လည္ဝန္းက်င္ ရွိေနၾကပါၿပီ။ အဖြဲ႕သားေတြအားလုံးဟာ အိမ္ေထာင္ကိုယ္စီနဲ႔ သာယာတဲ့မိသားစုဘဝေလးေတြကို ကိုယ္စီပိုင္ဆိုင္ထားၾကပါတယ္။ အဖြဲ႕သားထဲမွ Markus ကလြဲလို႔ ဘာေၾကာင့္လဲဆိုေတာ့ Markus ကသူ႔ကိုယ္သူ gay တစ္ေယာက္ဆိုတာ အတိအလင္းဝန္ခံထားသူတစ္ေယာက္ျဖစ္ၿပီး UK မွာရွိတဲ့ LGBT အသိုင္းအဝန္းထဲမွ ထိပ္ဆုံးထိေအာင္ျမင္ေက်ာ္ၾကားသူအျဖစ္ အသိအမွတ္ျပဳျခင္းခံရသူတစ္ဦးျဖစ္ပါတယ္။

Westlife အဖြဲ႕ဟာ ၁၉၉၈ ခုႏွစ္မွာ ယခု X-factor ရဲ႕ ပ႐ိုဂ်ဴဆာတစ္ဦးလဲျဖစ္၊ ဒိုင္တစ္ဦးလဲျဖစ္တဲ့ Simon Cowell ကေန စတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ အဖြဲ႕ဝင္ Brian McFadden က အဖြဲ႕ကေန ႏႈတ္ထြက္ခဲ့ၿပီး တစ္ကိုယ္ေတာ္ အဆိုေတာ္အျဖစ္ရပ္တည္ခဲ့ပါတယ္။ Brain ႏႈတ္ထြက္သြားအၿပီး Westlife ဟာ က်န္တဲ့ အဖြဲ႕သား ေလးဦးနဲ႔ပဲ သီခ်င္းမ်ားကို ဆက္လုပ္ခဲ့ပါတယ္။

Westlife အဖြဲ႕ကို အစပ်ိဳးတည္ေထာင္ေပးခဲ့တဲ့ Simon Cowell ဟာအစပထမက US ေဟာလိဝုဒ္ရဲ႕ ေဈးကြက္ထိေဖာက္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားျခင္းမရွိပဲ ဥေရာပႏိုင္ငံေတြေလာက္သာ ထိုးေဖာက္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာပါ။ သို႔ေပမဲ Westlife ဟာ Swear It again သီခ်င္းထြက္ရွိၿပီးတဲ့အခ်ိန္မွာေတာ့ တားမႏိုင္ဆီးမရ တဟုန္ထိုး ေဟာလိဝုဒ္အထိပါေပါက္သြားခဲ့တာျဖစ္ပါတယ္။

Brian ထြက္သြားၿပီး က်န္တဲ့ႏွစ္ေတြမွာလဲ Westlife ဟာသီခ်င္းအသစ္ေတြဆက္လက္ထြက္ရွိခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာေတာ့ disband ခဲ့ပါတယ္။ အားလုံးကေတာ့ Westlife အဖြဲ႕ႀကီးဖ်က္သိမ္းသြားၿပီဆိုေတာ့ သီခ်င္းအေဟာင္းေတြကိုပဲနားေထာင္ရင္း လြမ္းေနခဲ့ရတာေပါ့။ ၂၀၁၈ ခုႏွစ္မကုန္ခင္ တစ္လေလာက္မွာ Markus, Shane, Nicky, Kian တို႔ေလးေယာက္ပါဝင္တဲ့ Westlife အဖြဲ႕ ျပန္လည္ေပါင္းစည္းၿပီး သီခ်င္းအသစ္ေတြထြက္ေပၚ လာေတာ့မယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

၂၀၁၉ ရဲ႕ ၁ လပိုင္း ၁၀ ရက္ေန႔မွာ အားလုံးေမွ်ာ္လင့္ထားတဲ့အတိုင္း Westlife က ‘Hello My Love’ ဆိုတဲ့သီခ်င္းအသစ္နဲ႔ျပန္လာခဲ့ပါတယ္။ သီခ်င္းေလးက Westlife ရဲ႕ပုံစံအတိုင္း sweet ျဖစ္ၿပီး ခပ္ျမဴးျမဴး ဒီဇိုင္းေလးပါ။ အားလုံးပဲခံစားနားဆင္ၾကည့္လိုက္ၾကပါဦး။

(Unicode)

(၈) နှစ်ကျော်ကြာ ကွဲကွာပြီးမှ ပြန်လည် ပေါင်းစည်းပြီး သီချင်းအသစ်နဲ့ ပြန်လာခဲ့တဲ့ Westlife

၂၁ ရာစုနှစ် အစပိုင်းတွေမှာ ပေါ့ပ်လောကကိုလွှမ်းမိုးခဲ့တဲ့ Westlife ဆိုရင်ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ My Love လို့ပြောလိုက်တာနဲ့ Westlife ဆိုပြီး တန်းသိကြတာပါပဲ။

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေအသဲစွဲတဲ့ Westlife အဖွဲ့ဝင်တွေဟာ လက်ရှိမှာတော့ အသက် ၄၀ ပတ်လည်ဝန်းကျင် ရှိနေကြပါပြီ။ အဖွဲ့သားတွေအားလုံးဟာ အိမ်ထောင်ကိုယ်စီနဲ့ သာယာတဲ့မိသားစုဘဝလေးတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။ အဖွဲ့သားထဲမှ Markus ကလွဲလို့ ဘာကြောင့်လဲဆိုတော့ Markus ကသူ့ကိုယ်သူ gay တစ်ယောက်ဆိုတာ အတိအလင်းဝန်ခံထားသူတစ်ယောက်ဖြစ်ပြီး UK မှာရှိတဲ့ LGBT အသိုင်းအဝန်းထဲမှ ထိပ်ဆုံးထိအောင်မြင်ကျော်ကြားသူအဖြစ် အသိအမှတ်ပြုခြင်းခံရသူတစ်ဦးဖြစ်ပါတယ်။

Westlife အဖွဲ့ဟာ ၁၉၉၈ ခုနှစ်မှာ ယခု X-factor ရဲ့ ပရိုဂျူဆာတစ်ဦးလဲဖြစ်၊ ဒိုင်တစ်ဦးလဲဖြစ်တဲ့ Simon Cowell ကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အဖွဲ့ဝင် Brian McFadden က အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီး တစ်ကိုယ်တော် အဆိုတော်အဖြစ်ရပ်တည်ခဲ့ပါတယ်။ Brain နှုတ်ထွက်သွားအပြီး Westlife ဟာ ကျန်တဲ့ အဖွဲ့သား လေးဦးနဲ့ပဲ သီချင်းများကို ဆက်လုပ်ခဲ့ပါတယ်။

Westlife အဖွဲ့ကို အစပျိုးတည်ထောင်ပေးခဲ့တဲ့ Simon Cowell ဟာအစပထမက US ဟောလိဝုဒ်ရဲ့ ဈေးကွက်ထိဖောက်နိုင်ဖို့ မျှော်မှန်းထားခြင်းမရှိပဲ ဥရောပနိုင်ငံတွေလောက်သာ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ သို့ပေမဲ Westlife ဟာ Swear It again သီချင်းထွက်ရှိပြီးတဲ့အချိန်မှာတော့ တားမနိုင်ဆီးမရ တဟုန်ထိုး ဟောလိဝုဒ်အထိပါပေါက်သွားခဲ့တာဖြစ်ပါတယ်။

Brian ထွက်သွားပြီး ကျန်တဲ့နှစ်တွေမှာလဲ Westlife ဟာသီချင်းအသစ်တွေဆက်လက်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ disband ခဲ့ပါတယ်။ အားလုံးကတော့ Westlife အဖွဲ့ကြီးဖျက်သိမ်းသွားပြီဆိုတော့ သီချင်းအဟောင်းတွေကိုပဲနားထောင်ရင်း လွမ်းနေခဲ့ရတာပေါ့။ ၂၀၁၈ ခုနှစ်မကုန်ခင် တစ်လလောက်မှာ Markus, Shane, Nicky, Kian တို့လေးယောက်ပါဝင်တဲ့ Westlife အဖွဲ့ ပြန်လည်ပေါင်းစည်းပြီး သီချင်းအသစ်တွေထွက်ပေါ် လာတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

၂၀၁၉ ရဲ့ ၁ လပိုင်း ၁၀ ရက်နေ့မှာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Westlife က ‘Hello My Love’ ဆိုတဲ့သီချင်းအသစ်နဲ့ပြန်လာခဲ့ပါတယ်။ သီချင်းလေးက Westlife ရဲ့ပုံစံအတိုင်း sweet ဖြစ်ပြီး ခပ်မြူးမြူး ဒီဇိုင်းလေးပါ။ အားလုံးပဲခံစားနားဆင်ကြည့်လိုက်ကြပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here