၂၀၁၉ မွာ ရိုက္ကူးမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ရဲ႕ ထူးျခားတဲ့ အခ်က္မ်ား

0
170

(Zawgyi)

၂၀၁၉ မွာ ရိုက္ကူးမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ရဲ႕ ထူးျခားတဲ့ အခ်က္မ်ား

၂၀၁၉ ခုႏွစ္ ရဲ႕ (၇၁)ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔မွာ ျပန္လည္ တည္ေဆာက္႐ိုက္ကူးေတာ့မယ့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ကို ပရိသတ္ေတြ ေမ်ာ္လင့္တႀကီးေစာင့္စားလို႔ ေနၾကျပန္ပါၿပီ ။ ျမန္မာတစ္ႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕ ေမ်ာ္လင့္ခ်က္ေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳး နဲ႔ အခ်ိန္ၾကာျမင့္ေနခဲ့တဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဟာ မ်ားမၾကာခင္ ကာလမွာ မိဘျပည္သူေတြရဲ႕ေရွ႕ကို ေရာက္ရွိမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြ သိရွိထားရမယ့္ ထူးျခားခ်က္ေတြကို တင္ျပလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကို ေအာင္ဆန္း လို႔ အမည္ေပးထားၿပီး ၂၀၁၉ မွာစတင္႐ိုက္ကူးသြားမွာပါ။ေအာင္ဆန္း႐ုပ္ရွင္မွာပါဝင္မယ့္သူေတြကိုအေသးစိတ္ဂ႐ုစိုက္ၿပီးေ႐ြးခ်ယ္မယ္လို႔သိရပါတယ္။

အာင္ဆန္း႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္မယ့္ သူေတြကိုေ႐ြးခ်ယ္တဲ့အခါမွာ အေသးစိတ္ ကအစ ဂ႐ုစိုက္ၿပီး ေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။ပါဝင္သ႐ုပ္ေဆာင္ဖို႔ေ႐ြးခ်ယ္ခံရတဲ့သူေတြကိုလည္း အမူအရာပိုင္း ကို ေလ့က်င့္ ေပးဦးမွာပါ။

ေအာင္ဆန္း႐ုပ္ရွင္ရဲ႕အဓိက က်တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ေဒၚခင္ၾကည္ေနရာ မွာေတာ့ အရင္က ေ႐ြးခ်ယ္ထားၿပီးသား ကိုေက်ာ္ေက်ာ္မ်ိဳးနဲ႔ နန႔္ဇာျခည္လင္း တို႔ သာ ပါဝင္မွာျဖစ္ပါတယ္။

ေအာင္ဆန္း႐ုပ္ရွင္ရဲ႕ ဇာတ္ၫႊန္းကို ဇာတ္ၫႊန္းေရးအဖြဲ႕ဖြဲ႕ၿပီးေရးသားၾကပါတယ္။ဇာတ္ၫႊန္းေရးအဖြဲ႕မွာေတာ့ အဖြဲ႕ ဦးေဆာင္သူက အကယ္ဒမီ ဒါ႐ိုက္တာ ညီညီထြန္းလြင္ပါ။အဖြဲ႕ထဲမွာေတာ့ ဒါ႐ိုက္တာေဇာ္ျမင့္ဦး ၊ဇာတ္ၫႊန္းေအာင္ႀကီး၊ ဇာတ္ၫႊန္း စိုးသီဟ၊ သ႐ုပ္ေဆာင္ဘုဏ္းသိုက္တို႔ပါဝင္ၾကပါတယ္။ေအာင္ဆန္း႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္မယ့္သူေတြရဲ႕ အဝတ္အစားေတြကို ဒီဇိုင္နာ ( ၇ )ဦးပါဝင္တဲ့ အဖြဲ႕က တာဝန္ယူၿပီး စီစဥ္ေပးသြားမွာျဖစ္ပါတယ္။

ဒီဇိုင္နာအဖြဲ႕မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း ဒီဇိုင္နာ ေတြျဖစ္တဲ့ မမၪၹဴ၊ ၊ မိုးကုတ္ေပါက္ေပါက္၊ လတ္လတ္၊ ျပည္စိုးေအာင္၊ ယုံးယုံး၊ သြင္စုေထြး၊ ေမသက္လြင္တို႔ ပါဝင္ပါတယ္။ဒီဇိုင္နာအဖြဲ႕က ႐ုပ္ရွင္မွာပါဝင္မယ့္ အဝတ္အစားေတြကို ဖန္တီးခ်ဳပ္လုပ္မွာျဖစ္ၿပီး နမူနာစတင္ခ်ဳပ္လုပ္ေနၾကၿပီ လို႔သိရပါတယ္။ ပရိသတ္ႀကီးေရ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ အတြက္ ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။

(Unicode)

၂၀၁၉ မှာ ရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရဲ့ ထူးခြားတဲ့ အချက်များ

၂၀၁၉ ခုနှစ် ရဲ့ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ပြန်လည် တည်ဆောက်ရိုက်ကူးတော့မယ့် ဗိုလ်ချုပ်ရုပ်ရှင် ကို ပရိသတ်တွေ မျော်လင့်တကြီးစောင့်စားလို့ နေကြပြန်ပါပြီ ။ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ မျော်လင့်ချက်တွေနဲ့ အကြောင်းအမျိုးမျိုး နဲ့ အချိန်ကြာမြင့်နေခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဟာ များမကြာခင် ကာလမှာ မိဘပြည်သူတွေရဲ့ရှေ့ကို ရောက်ရှိမှာဖြစ်တဲ့အတွက် ပရိသတ်တွေ သိရှိထားရမယ့် ထူးခြားချက်တွေကို တင်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ကို အောင်ဆန်း လို့ အမည်ပေးထားပြီး ၂၀၁၉ မှာစတင်ရိုက်ကူးသွားမှာပါ။အောင်ဆန်းရုပ်ရှင်မှာပါဝင်မယ့်သူတွေကိုအသေးစိတ်ဂရုစိုက်ပြီးရွေးချယ်မယ်လို့သိရပါတယ်။

အာင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် သူတွေကိုရွေးချယ်တဲ့အခါမှာ အသေးစိတ် ကအစ ဂရုစိုက်ပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံရတဲ့သူတွေကိုလည်း အမူအရာပိုင်း ကို လေ့ကျင့် ပေးဦးမှာပါ။

အောင်ဆန်းရုပ်ရှင်ရဲ့အဓိက ကျတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်နေရာ မှာတော့ အရင်က ရွေးချယ်ထားပြီးသား ကိုကျော်ကျော်မျိုးနဲ့ နန့်ဇာခြည်လင်း တို့ သာ ပါဝင်မှာဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးအဖွဲ့ဖွဲ့ပြီးရေးသားကြပါတယ်။ဇာတ်ညွှန်းရေးအဖွဲ့မှာတော့ အဖွဲ့ ဦးဆောင်သူက အကယ်ဒမီ ဒါရိုက်တာ ညီညီထွန်းလွင်ပါ။အဖွဲ့ထဲမှာတော့ ဒါရိုက်တာဇော်မြင့်ဦး ၊ဇာတ်ညွှန်းအောင်ကြီး၊ ဇာတ်ညွှန်း စိုးသီဟ၊ သရုပ်ဆောင်ဘုဏ်းသိုက်တို့ပါဝင်ကြပါတယ်။အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေရဲ့ အဝတ်အစားတွေကို ဒီဇိုင်နာ ( ၇ )ဦးပါဝင်တဲ့ အဖွဲ့က တာဝန်ယူပြီး စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

ဒီဇိုင်နာအဖွဲ့မှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဒီဇိုင်နာ တွေဖြစ်တဲ့ မမဉ္ဖူ၊ ၊ မိုးကုတ်ပေါက်ပေါက်၊ လတ်လတ်၊ ပြည်စိုးအောင်၊ ယုံးယုံး၊ သွင်စုထွေး၊ မေသက်လွင်တို့ ပါဝင်ပါတယ်။ဒီဇိုင်နာအဖွဲ့က ရုပ်ရှင်မှာပါဝင်မယ့် အဝတ်အစားတွေကို ဖန်တီးချုပ်လုပ်မှာဖြစ်ပြီး နမူနာစတင်ချုပ်လုပ်နေကြပြီ လို့သိရပါတယ်။ ပရိသတ်ကြီးရေ ဗိုလ်ချုပ်ရုပ်ရှင် အတွက် ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here