ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ ေျမာက္ဖက္ အရံေစတီေတာ္ အမွတ္ (၂၆) ေစတီ၏ ငွက္ေပ်ာဖူး ေအာက္နားမွ အနီေရာင္ အရည္မ်ား စီးက် ေနေၾကာင္း (ရုပ္သံ)

0
608

(Zawgyi)

ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ ေျမာက္ဖက္ အရံေစတီေတာ္ အမွတ္ (၂၆) ေစတီ၏ ငွက္ေပ်ာဖူး ေအာက္နားမွ အနီေရာင္ အရည္မ်ား စီးက် ေနေၾကာင္း

ဒီလိုျဖစ္စဥ္ကို…”#ကိတ္လႊတ္ျခင္း”…ဟုေျပာဆိုေနၾက သလို တခ်ိဳ႕ကလည္း…ဒီအရည္ဟာ ေစတီေတာ္ ကို တည္ေဆာက္ထားတဲ့ အုတ္ေတြက အခ်ိန္ကာလနဲ႔ ရာသီဥတုဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းၿပီး အုတ္သား မ်ား အရည္ ေပ်ာ္က်လို႔… အခုလို အနီေရာင္ျဖစ္ေနတာ ဟု ထင္ျမင္ယူဆေနၾကၿပီး မည္သည့္အတြတ္ေၾကာင့္ ဒီအရည္ေတြ အခုလို စီးက်ေနရတာလည္း ဆိုတာကို ေတာ့…တိတိက်က်အေနျဖင့္ အခုထိ မသိရေသးပါဘူး။

“ကိတ္လႊင္ျခင္း”…ဆိုတာကို မသိၾကေသးတဲ့သူေတြ အတြတ္ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။

#ကိတ္လႊတ္ျခင္း ဟူသည္ေစတီ၊ပုထိုး၊ဘုရား၊ေက်ာင္း၊ ကန္ စေသာ သာသနိကအေဆာက္အဦးတို႔မွ ထင္ရွား စြာ ျဖစ္ေပၚလာေသာ နိမိတ္ပင္တည္း။ေက်း႐ြာတစ္ခု၏ အထင္ကရ သာသနိကမွ ျဖစ္ေပၚေသာ နိမိတ္သည္ … ထိုေက်း႐ြာအတြက္သာျဖစ္ၿပီး၊ ၿမိဳ႕တစ္ၿမိဳ႕၏ အထင္ကရ သာသနိကဆိုင္ရာမွ ျဖစ္ေပၚေသာ ကိတ္လႊတ္ျခင္း သည္ လည္း ထိုေဒသႏွင့္ သက္ဆိုင္သည္။

ထို႔အတူ ျပည္ေထာင္တစ္ခု၏ အထင္ကရ သာသနိက ေနရာ တစ္ခုတြင္ ျဖစ္တည္ေသာ နိမိတ္သည္လည္း… ျပည္ေထာင္တစ္ခုလုံးႏွင့္ စပ္ဆိုင္သည္ဟု ေရွးပညာရွိ တို႔ လမ္းၫႊန္မႈကို မွတ္သားနာယူခဲ့ရာ၏။

#အပရိဟာနိယ တရား -၇ပါး၌ ေဟာၾကားေတာ္မူေသာ တိုင္းေစာင့္ျပည္ေစာင့္နတ္တို႔ အမ်က္သင့္၍ ျပဳေသာ #ဥပါဒ္ႀကီးရွစ္ပါး

၁။ ဣႏၵဥပါဒ္

၂။ အဂၢိဥပါဒ္

၃။ ယမဥပါဒ္

၄။ နရာယနဥပါဒ္

၅။ ဝ႐ုဏာဥပါဒ္

၆။ ေသာမၼဥပါဒ္

၇။ ေသာမဥပါဒ္

၈။ ဝါယုဥပါဒ္

တို႔သည္ ထိုအရပ္ေဒသ တိုင္းႏိူင္ငံၿမိဳ႕႐ြာတို႔၌ ထင္ျမင္ ကုန္၏။ထိုအရပ္ေဒသ တိုင္းႏိူင္ငံၿမိဳ႕႐ြာမ်ား၌ ရန္မ်ားအံ့။ ျပည္႐ြာ ေခ်ာက္ခ်ားအံ့။အနာေရာဂါ မ်ားအံ့။ငတ္မြတ္အံ့ ။ အေသအေပ်ာက္ မ်ားအ့ံ။ မစည္ပင္ မသာယာအံ့။ မီးေလာင္ဖန္ မ်ားအံ့။ေကာက္ပဲသီးႏွံ႔တို႔ ပ်က္စီးအံ့။ ဘုရား ပုထိုး ေစတီ ေက်ာင္းကန္တို႔ ပ်က္စီးအံ့။ လူတို႔ ႏွလုံး မသာယာ ရွိအ့ံ။ ….

စသည္တို႔သည္ ဥပါဒ္ႀကီးရွစ္ပါး သင့္ျခင္း…ျဖစ္ေၾကာင္း #ေနမိတၱကဝိဇၨာက်မ္း (အာကာသ သွ်တရက်မ္း)၌ မွတ္သားဖူးသည္ ။

ထို႔ျပင္ ဘုရား၊ပုထိုး၊ေစတီတို႔ ကိတ္လႊတ္နိမိတ္ျပ၍ ျဖစ္ ေသာ အေၾကာင္းသည္ ဥပါဒ္ႀကီးရွစ္ပါး အား မ်ားစြာ အက်ိဳး သက္ေရာက္ေစၿပီး ျဖစ္ပ်က္ လွ်င္ ျမန္သည္။

ယံဒုႏၷိမိတၱံ အဝမဂၤလၪၥ

ေယာစာမနာေပါ၊ သကုဏႆ သေဒၵါ

ပါပဂၢေဟာ ဒုသုပိနံ အကႏၲံ

ဗုဒၶါ ႏူဘာေဝန ဝိနာသေမႏၲဳ

ဓမၼာ ႏူဘာေဝန ဝိနာသေမႏၲဳ

သံဃာ ႏူဘာေဝန ဝိနာသေမႏၲဳ

မေကာင္းေသာ အတိတ္ နိမိတ္ တေဘာင္ စနည္းမ်ား ငွက္ဆိုး လူဆိုး အိပ္မက္ဆိုး ပါပၾကမၼာဆိုး ေဘးဆိုး ရန္ဆိုး အႏၲရာယ္ဆိုးတို႔သည္ ဗုဒၶ၊ဓမၼ၊ သံဃာေတာ္တို႔၏ ဘုန္းတန္ခိုးေတေဇာ္ ေမတၱာအာႏူေဘာ္တို႔ ေၾကာင့္ … ေပ်ာက္ပ်က္လြင့္ပ ခ်မ္းသာၾကပါေစသတည္း …

ဟူ၍ ျဖစ္ေလသည္။ၾကည့္ေသာသူျမင္၏။

ေယာနိေသာမနသီကာရ

စိန္လြင္ဦး

(Unicode)

ရွှေတိဂုံစေတီတော်ကြီး၏ မြောက်ဖက် အရံစေတီတော် အမှတ် (၂၆) စေတီ၏ ငှက်ပျောဖူး အောက်နားမှ အနီရောင် အရည်များ စီးကျ နေကြောင်း

ဒီလိုဖြစ်စဉ်ကို…”#ကိတ်လွှတ်ခြင်း”…ဟုပြောဆိုနေကြ သလို တချို့ကလည်း…ဒီအရည်ဟာ စေတီတော် ကို တည်ဆောက်ထားတဲ့ အုတ်တွေက အချိန်ကာလနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး အုတ်သား များ အရည် ပျော်ကျလို့… အခုလို အနီရောင်ဖြစ်နေတာ ဟု ထင်မြင်ယူဆနေကြပြီး မည်သည့်အတွတ်ကြောင့် ဒီအရည်တွေ အခုလို စီးကျနေရတာလည်း ဆိုတာကို တော့…တိတိကျကျအနေဖြင့် အခုထိ မသိရသေးပါဘူး။

“ကိတ်လွှင်ခြင်း”…ဆိုတာကို မသိကြသေးတဲ့သူတွေ အတွတ် အောက်မှာ ဖော်ပြပေးထားပါတယ်။

#ကိတ်လွှတ်ခြင်း ဟူသည်စေတီ၊ပုထိုး၊ဘုရား၊ကျောင်း၊ ကန် စသော သာသနိကအဆောက်အဦးတို့မှ ထင်ရှား စွာ ဖြစ်ပေါ်လာသော နိမိတ်ပင်တည်း။ကျေးရွာတစ်ခု၏ အထင်ကရ သာသနိကမှ ဖြစ်ပေါ်သော နိမိတ်သည် … ထိုကျေးရွာအတွက်သာဖြစ်ပြီး၊ မြို့တစ်မြို့၏ အထင်ကရ သာသနိကဆိုင်ရာမှ ဖြစ်ပေါ်သော ကိတ်လွှတ်ခြင်း သည် လည်း ထိုဒေသနှင့် သက်ဆိုင်သည်။

ထို့အတူ ပြည်ထောင်တစ်ခု၏ အထင်ကရ သာသနိက နေရာ တစ်ခုတွင် ဖြစ်တည်သော နိမိတ်သည်လည်း… ပြည်ထောင်တစ်ခုလုံးနှင့် စပ်ဆိုင်သည်ဟု ရှေးပညာရှိ တို့ လမ်းညွှန်မှုကို မှတ်သားနာယူခဲ့ရာ၏။

#အပရိဟာနိယ တရား -၇ပါး၌ ဟောကြားတော်မူသော တိုင်းစောင့်ပြည်စောင့်နတ်တို့ အမျက်သင့်၍ ပြုသော #ဥပါဒ်ကြီးရှစ်ပါး

၁။ ဣန္ဒဥပါဒ်

၂။ အဂ္ဂိဥပါဒ်

၃။ ယမဥပါဒ်

၄။ နရာယနဥပါဒ်

၅။ ဝရုဏာဥပါဒ်

၆။ သောမ္မဥပါဒ်

၇။ သောမဥပါဒ်

၈။ ဝါယုဥပါဒ်

တို့သည် ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာတို့၌ ထင်မြင် ကုန်၏။ထိုအရပ်ဒေသ တိုင်းနိူင်ငံမြို့ရွာများ၌ ရန်များအံ့။ ပြည်ရွာ ချောက်ချားအံ့။အနာရောဂါ များအံ့။ငတ်မွတ်အံ့ ။ အသေအပျောက် များအံ့။ မစည်ပင် မသာယာအံ့။ မီးလောင်ဖန် များအံ့။ကောက်ပဲသီးနှံ့တို့ ပျက်စီးအံ့။ ဘုရား ပုထိုး စေတီ ကျောင်းကန်တို့ ပျက်စီးအံ့။ လူတို့ နှလုံး မသာယာ ရှိအံ့။ ….

စသည်တို့သည် ဥပါဒ်ကြီးရှစ်ပါး သင့်ခြင်း…ဖြစ်ကြောင်း #နေမိတ္တကဝိဇ္ဇာကျမ်း (အာကာသ သျှတရကျမ်း)၌ မှတ်သားဖူးသည် ။

ထို့ပြင် ဘုရား၊ပုထိုး၊စေတီတို့ ကိတ်လွှတ်နိမိတ်ပြ၍ ဖြစ် သော အကြောင်းသည် ဥပါဒ်ကြီးရှစ်ပါး အား များစွာ အကျိုး သက်ရောက်စေပြီး ဖြစ်ပျက် လျှင် မြန်သည်။

ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ

ယောစာမနာပေါ၊ သကုဏဿ သဒ္ဒေါ

ပါပဂ္ဂဟော ဒုသုပိနံ အကန္တံ

ဗုဒ္ဓါ နူဘာဝေန ဝိနာသမေန္တု

ဓမ္မာ နူဘာဝေန ဝိနာသမေန္တု

သံဃာ နူဘာဝေန ဝိနာသမေန္တု

မကောင်းသော အတိတ် နိမိတ် တဘောင် စနည်းများ ငှက်ဆိုး လူဆိုး အိပ်မက်ဆိုး ပါပကြမ္မာဆိုး ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့သည် ဗုဒ္ဓ၊ဓမ္မ၊ သံဃာတော်တို့၏ ဘုန်းတန်ခိုးတေဇော် မေတ္တာအာနူဘော်တို့ ကြောင့် … ပျောက်ပျက်လွင့်ပ ချမ်းသာကြပါစေသတည်း …

ဟူ၍ ဖြစ်လေသည်။ကြည့်သောသူမြင်၏။

ယောနိသောမနသီကာရ

စိန်လွင်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here