
0
650

(Zawgyi)


တိုက်​ကြီး ဇန်​နဝါရီ ၁၁ ရန်​ကုန်​တိုင်း​ဒေသကြီး၊ တိုက်​ကြီးမြို့နယ်​၊ ဥက္ကံမြို့အပိုင်​ ၊ချောင်း​စောက်​​ကျေးရွာအုပ်​စု၊​ ချောင်း​စောက်​​အောက်​​ ​ကျေးရွာ၌ ဇန်​နဝါရီလ၁၀ ရက်​ ည(၉ ) နာရီ အချိန်​က အသက်​(၇၀)အရွယ်​ အဘိုးအိုက (၉) နှစ်​သမီး ဒုတိယတန်း​​ကျောင်​သူအား အတင်းအဓမ္မ သားမယား အဖြစ်​ပြုကျင့်​​ကြောင်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှုးထံမှ သိရသည်​။



ထွန်းလှိုင်​(မြိုင်​)

(Unicode)

အသက် (၇၀) အရွယ် အဘိုးအို က (၉) နှစ် သမီး ဒုတိယတန်း ကျောင်းသူအား အတင်းအဓမ္မ သားမယားပြုကျင့်

တိုက်ကြီး ဇန်နဝါရီ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အပိုင် ၊ချောင်းစောက်ကျေးရွာအုပ်စု၊ ချောင်းစောက်အောက် ကျေးရွာ၌ ဇန်နဝါရီလ၁၀ ရက် ည(၉ ) နာရီ အချိန်က အသက်(၇၀)အရွယ် အဘိုးအိုက (၉) နှစ်သမီး ဒုတိယတန်းကျောင်သူအား အတင်းအဓမ္မ သားမယား အဖြစ်ပြုကျင့်ကြောင်း ကျေးရွ ာအုပ်ချုပ်ရေးမှုူးထံမှ သိရသည်။

ဖြစ်စဉ်မှာ ချောင်းစောက်အောက် ကျေးရွာ ဦးစိုးဝင်းသန်း၏ အိမ်ပေါ်တွင် ခေတ္တ လာရောက် နေထိုင်သူ ဦးမြင့် (၇၀) နှစ် (ဘ) ဦးမောင်ပျံ ၊ဒီဒုတ်ကွင်းရွာ ဖလုံဘူတာ အုပ်စု ၊တိုက်ကြီးမြို့နယ် နေသူသည် ချောင်းစောက်အောက်ကျေးနေ ဦး—–၊ဒေါ်——- တို့၏သမီးဖြစ်သူ (၉) နှစ် ဒုတိယတန်း ကျောင်းသူ မ ——– အား အတင်း အဓမ္မ သားမယားအဖြစ် ပြုကျင့်ကြောင်း သတင်းရသဖြင့်၊ ချောင်းစောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်း၊ ရပ်ကျေးစာရေး ဦးသိန်းဇော်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ ဥက္ကံရဲစခန်းမှ တကက နေမျိုးအောင်ပါ ၃ ဦးတို့နှင့် ဦးမြင့်အား ဝိုင်ဝန်းဖမ်းဆီးရာ ခေတ္တနေထိုင်ရာ အိမ်မှ ထွက်ပြေးခဲ့၍ ဇန်နဝါရီလ (၁၁) ရက် နံနက် ၀၁း၂၀ နာရီတွင် စမ်းရွာနယ်မြေ အတွင်းရှိ ဥက္ကံ – တဘူးလှဆည် လမ်းပေါ်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည် ။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဓမ္မ သားမယား အဖြစ် ပြုကျင့်သူ ဦးမြင့်ဝေကို ဥက္ကံ ရဲစခန်းမှ (ပ) ၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိသည် ။

ထွန်းလှိုင်(မြိုင်)

LEAVE A REPLY

Please enter your comment!
Please enter your name here