တစ္ေသာင္းတန္ ေငြစကၠဴ အတုမ်ားျဖင့္ အဖမ္းခံခဲ့ရသည့္ ေနာ္ေသာ့သြဲ႕ထူး အတြက္ စင္ကာပူ အလုပ္ရွင္က နစ္နာေၾကး ေငြ ၃၄ သိန္းေက်ာ္ ျပန္လည္ေပးအပ္

0
232

(Zawgyi)

တစ္ေသာင္းတန္ ေငြစကၠဴ အတုမ်ားျဖင့္ အဖမ္းခံခဲ့ရသည့္ ေနာ္ေသာ့သြဲ႕ထူး အတြက္ စင္ကာပူ အလုပ္ရွင္က နစ္နာေၾကး ေငြ ၃၄ သိန္းေက်ာ္ ျပန္လည္ေပးအပ္

တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ား ျဖင့္ တရားစြဲဆို ဖမ္းဆီးျခင္း ခံရသည့္ ေနာ္ေသာ့သြဲ႕ထူးအား ၄င္း၏ စင္ကာပူႏိုင္ငံ အလုပ္ရွင္က က်ပ္ေငြ ၃၄ သိန္းေက်ာ္ကို ဇန္နဝါရီ ၈ ရက္ က ဒိုက္ဦးၿမိဳ႕နယ္က ဘဏ္တခုသို႔ လႊဲေျပာင္း ေပးအပ္ ခဲ့ေၾကာင္း အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလွဝင္းက ေျပာၾကားသည္ ။

” မေန႔က လႊဲေပးလိုက္တာပါ ။ သူဆုံးရႈံးသြားတဲ့ ၂၉ သိန္းေျခာက္ေသာင္း အစားကို အခု ၃၄ သိန္း အစြန္း ထြက္ေလးကို လႊဲေပး လိုက္တယ္။ ကြၽန္ေတာ္တို႔ ကေတာ့ ျပည္သူက နစ္နာတဲ့ အတြက္ အခုလို နစ္နာေၾကး ျပန္ေပးတာ ၀မ္းသာတာေပါ့ ။ သူရသင့္ ရထိုက္တဲ့ အခြင့္အေရးပဲ ။ သူမ်ားႏိုင္ငံမွာ အလုပ္ လုပ္ၿပီးေတာ့ ေငြတုေတြနဲ႔ တိုးၿပီး တကယ္ နစ္နာတဲ့ အျပင္ကို အဖမ္းပါ ခံရတယ္ ဆိုေတာ့ ျဖစ္သင့္ ျဖစ္ထိုက္တဲ့ အလုပ္တစ္ခု လို႔ ျမင္တယ္ ။ ျဖစ္သင့္ ျဖစ္ထိုက္တယ္ လို႔ ထင္တယ္ ” ဟု ဦးလွဝင္းက ရွင္းျပသည္ ။

လက္ရွိတြင္ ေနာ္ေသာ့သြဲ႕ထူး အေနျဖင့္ ဗဟိုဘဏ္ ဥပေဒ ပုဒ္မ ၁၀၅ ကို ဆက္လက္ ေျဖရွင္းရန္ က်န္ရွိေန ေသးၿပီး၊ လာမည့္ ဇန္နဝါ၇ီ ၁၇ ရက္ တြင္ ဆက္လက္ စစ္ေဆးရန္ ခ်ိန္းဆို ထားေၾကာင္း သိရသည္။

MinYanNaung

(Unicode)

တစ်သောင်းတန် ငွေစက္ကူ အတုများဖြင့် အဖမ်းခံခဲ့ရသည့် နော်သော့သွဲ့ထူး အတွက် စင်ကာပူ အလုပ်ရှင်က နစ်နာကြေး ငွေ ၃၄ သိန်းကျော် ပြန်လည်ပေးအပ်

တစ်သောင်းတန် ငွေစက္ကူအတုများ ဖြင့် တရားစွဲဆို ဖမ်းဆီးခြင်း ခံရသည့် နော်သော့သွဲ့ထူးအား ၎င်း၏ စင်ကာပူနိုင်ငံ အလုပ်ရှင်က ကျပ်ငွေ ၃၄ သိန်းကျော်ကို ဇန်နဝါရီ ၈ ရက် က ဒိုက်ဦးမြို့နယ်က ဘဏ်တခုသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဝင်းက ပြောကြားသည် ။

” မနေ့က လွှဲပေးလိုက်တာပါ ။ သူဆုံးရှုံးသွားတဲ့ ၂၉ သိန်းခြောက်သောင်း အစားကို အခု ၃၄ သိန်း အစွန်း ထွက်လေးကို လွှဲပေး လိုက်တယ်။ ကျွန်တော်တို့ ကတော့ ပြည်သူက နစ်နာတဲ့ အတွက် အခုလို နစ်နာကြေး ပြန်ပေးတာ ဝမ်းသာတာပေါ့ ။ သူရသင့် ရထိုက်တဲ့ အခွင့်အရေးပဲ ။ သူများနိုင်ငံမှာ အလုပ် လုပ်ပြီးတော့ ငွေတုတွေနဲ့ တိုးပြီး တကယ် နစ်နာတဲ့ အပြင်ကို အဖမ်းပါ ခံရတယ် ဆိုတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အလုပ်တစ်ခု လို့ မြင်တယ် ။ ဖြစ်သင့် ဖြစ်ထိုက်တယ် လို့ ထင်တယ် ” ဟု ဦးလှဝင်းက ရှင်းပြသည် ။

လက်ရှိတွင် နော်သော့သွဲ့ထူး အနေဖြင့် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅ ကို ဆက်လက် ဖြေရှင်းရန် ကျန်ရှိနေ သေးပြီး၊ လာမည့် ဇန်နဝါရီ ၁၇ ရက် တွင် ဆက်လက် စစ်ဆေးရန် ချိန်းဆို ထားကြောင်း သိရသည်။

MinYanNaung

LEAVE A REPLY

Please enter your comment!
Please enter your name here