ပဲခူးတိုင္း လက္ပံတန္းမွာ ေက်ာင္းသား ၇ ေယာက္ ေပါင္းကာ ဆန္ကုမၸဏီ လာေထာင္ၿပီး ေဒၚလာတစ္သန္း စြန္႔ဦးတီထြင္ဆု ရရွိ (ျမန္မာေက်ာင္းသားမ်ား မပါဝင္ပါ)

0
264

(Zawgyi)

ပဲခူးတိုင္း လက္ပံတန္းမွာ ေက်ာင္းသား ၇ ေယာက္ ေပါင္းကာ ဆန္ကုမၸဏီ လာေထာင္ၿပီး ေဒၚလာတစ္သန္း စြန္႔ဦးတီထြင္ဆု ရရွိ (ျမန္မာေက်ာင္းသားမ်ား မပါဝင္ပါ)

ပဲခူးတိုင္း လက္ပံတန္းမွာ ေက်ာင္းသား ၇ ေယာက္ေပါင္းကာ ဆန္ကုမၸဏီ လာေထာင္ၿပီး ေဒၚလာတစ္သန္း စြန္႔ဦးတီထြင္ဆု ရရွိ (ျမန္မာ ေက်ာင္းသားမ်ား မပါဝင္ပါ)

ဆန္အေျခာက္ခံ လုပ္ငန္း ကုမၸဏီ ေထာင္တဲ့ ေက်ာင္းသားတစု လူငယ္ စြန္႔ဦး တီထြင္မႈဆု Hult Prize ေဒၚလာ ၁ သန္းတန္ ဆုရရွိ ခဲ့ပါတယ္ ။ ဒီဆုကို အေမရိကန္သမၼတေဟာင္း Bill Clinton ကခ်ီးျမႇင့္ခဲ့ ပါတယ္ ။

ဖိလစ္ပိုင္ လာအို ခ်က္ ဗီယက္နမ္ ၄ ႏိုင္ငံမွ ေက်ာင္းသား တစုဟာ ပဲခူးတိုင္း လက္ပံတန္းမွာ စြန္႔ဦးတီထြင္ လုပ္ငန္းကို စတင္ ခဲ့တာျဖစ္ၿပီး လယ္သမားေတြ မိုးစိုစပါး ေအာက္ေစ်း နဲ႔ ထိုးေရာင္းေန ရတာ ေတြကို ကူညီ ေျဖရွင္းဖို႔ ဦးတည္ ေဆာင္ရြက္ခဲ့ ပါတယ္ ။ မိ႐ိုးဖလာ ေနလွန္းဆန္ေတြဟာ ေရေငြ႕ ပါဝင္မႈေၾကာင့္ ေစ်းကြက္မွာ ေစ်းေကာင္း မရဘဲ အႏွိမ္ခံေန ရတာပါ ။

လယ္သမားေတြ ခမ်ာ ရာသီဥတု ေဖါက္ျပန္လို႔ အခ်ိန္အခါ မဟုတ္ မိုးရြာရင္ ေနာက္ရာသီ စိုက္ဖို႔ မေျပာနဲ႔ စားဖို႔ေတာင္ မရွိ ျဖစ္ေနၾက တာပါ ။ ဒီလုပ္ငန္း အရွိန္ ျမႇင့္ဖို႔ ရွိၿပီး ေအာင္ျမင္ လာရင္ ျမန္မာ့လူဦးေရရဲ႕ ၆၀% ေသာ ေတာင္သူ လယ္သမား ေတြရဲ႕ ဝင္ေငြနဲ႔ လူေနမႈ ဘဝ ေတြကို ျမႇင့္တင္ ႏိုင္မွာ ျဖစ္ပါတယ္ ။

ဒီဆုကို ကမ႓ာတဝွမ္း ေက်ာင္းသား ၁၀၀၀၀ ေက်ာ္ ဝင္ၿပိဳင္ ခဲ့တာ ျဖစ္ၿပီး ဆိုလာ ေနစြမ္းအင္သံုး လုပ္ငန္း နဲ႔ ေနာက္ဆံုး ယွဥ္ၿပိဳင္ ၿပီးမွ ဆင္းရဲသားေတြ အတြက္ ပို အက်ိဳးျပဳ ႏိုင္တဲ့ ဆန္အေျခာက္ခံ လုပ္ငန္းကို ေပးအပ္ ခဲ့တာ ျဖစ္ပါတယ္ ။ ျမန္မာ့ လယ္သမားေတြကို ကူညီဖို႔ သူမ်ား ႏိုင္ငံက ေက်ာင္းသားေတြက ႀကိဳးစားေနခ်ိန္ ျမန္မာ တေယာက္မွ မပါဘူး ဆိုေတာ့ ဖက္ရင္းနဲ႔ ရွက္မိပါရဲ႕ ။

Ko Aung Myo Thant , khukhit

(Unicode)

ပဲခူးတိုင်း လက်ပံတန်းမှာ ကျောင်းသား ၇ ယောက် ပေါင်းကာ ဆန်ကုမ္ပဏီ လာထောင်ပြီး ဒေါ်လာတစ်သန်း စွန့်ဦးတီထွင်ဆု ရရှိ (မြန်မာကျောင်းသားများ မပါဝင်ပါ)

ပဲခူးတိုင်း လက်ပံတန်းမှာ ကျောင်းသား ၇ ယောက်ပေါင်းကာ ဆန်ကုမ္ပဏီ လာထောင်ပြီး ဒေါ်လာတစ်သန်း စွန့်ဦးတီထွင်ဆု ရရှိ (မြန်မာ ကျောင်းသားများ မပါဝင်ပါ)

ဆန်အခြောက်ခံ လုပ်ငန်း ကုမ္ပဏီ ထောင်တဲ့ ကျောင်းသားတစု လူငယ် စွန့်ဦး တီထွင်မှုဆု Hult Prize ဒေါ်လာ ၁ သန်းတန် ဆုရရှိ ခဲ့ပါတယ် ။ ဒီဆုကို အမေရိကန်သမ္မတဟောင်း Bill Clinton ကချီးမြှင့်ခဲ့ ပါတယ် ။

ဖိလစ်ပိုင် လာအို ချက် ဗီယက်နမ် ၄ နိုင်ငံမှ ကျောင်းသား တစုဟာ ပဲခူးတိုင်း လက်ပံတန်းမှာ စွန့်ဦးတီထွင် လုပ်ငန်းကို စတင် ခဲ့တာဖြစ်ပြီး လယ်သမားတွေ မိုးစိုစပါး အောက်ဈေး နဲ့ ထိုးရောင်းနေ ရတာ တွေကို ကူညီ ဖြေရှင်းဖို့ ဦးတည် ဆောင်ရွက်ခဲ့ ပါတယ် ။ မိရိုးဖလာ နေလှန်းဆန်တွေဟာ ရေငွေ့ ပါဝင်မှုကြောင့် ဈေးကွက်မှာ ဈေးကောင်း မရဘဲ အနှိမ်ခံနေ ရတာပါ ။

လယ်သမားတွေ ခမျာ ရာသီဥတု ဖေါက်ပြန်လို့ အချိန်အခါ မဟုတ် မိုးရွာရင် နောက်ရာသီ စိုက်ဖို့ မပြောနဲ့ စားဖို့တောင် မရှိ ဖြစ်နေကြ တာပါ ။ ဒီလုပ်ငန်း အရှိန် မြှင့်ဖို့ ရှိပြီး အောင်မြင် လာရင် မြန်မာ့လူဦးရေရဲ့ ၆၀% သော တောင်သူ လယ်သမား တွေရဲ့ ဝင်ငွေနဲ့ လူနေမှု ဘဝ တွေကို မြှင့်တင် နိုင်မှာ ဖြစ်ပါတယ် ။

ဒီဆုကို ကမ္ဘာတဝှမ်း ကျောင်းသား ၁၀၀၀၀ ကျော် ဝင်ပြိုင် ခဲ့တာ ဖြစ်ပြီး ဆိုလာ နေစွမ်းအင်သုံး လုပ်ငန်း နဲ့ နောက်ဆုံး ယှဉ်ပြိုင် ပြီးမှ ဆင်းရဲသားတွေ အတွက် ပို အကျိုးပြု နိုင်တဲ့ ဆန်အခြောက်ခံ လုပ်ငန်းကို ပေးအပ် ခဲ့တာ ဖြစ်ပါတယ် ။ မြန်မာ့ လယ်သမားတွေကို ကူညီဖို့ သူများ နိုင်ငံက ကျောင်းသားတွေက ကြိုးစားနေချိန် မြန်မာ တယောက်မှ မပါဘူး ဆိုတော့ ဖက်ရင်းနဲ့ ရှက်မိပါရဲ့ ။

Ko Aung Myo Thant , khukhit

LEAVE A REPLY

Please enter your comment!
Please enter your name here