
0
371

(Zawgyi)




Chef Michel Louis Meca ကွယ်လွန်သည့် အကြောင်းကို Presenter အဖြစ် ဆောင်ရွက်ပေးသည့် ကိုကောင်းထက်ဇော် ဖေ့စ်ဘုတ် ပေ့ခ်ျမှ ယခုလို တင်ထားတာ ကိုလည်း တွေ့ရပါတယ်..




(Unicode)

MasterChef Myanmar ဒိုင်တဦး ရုတ်တရက် ကွယ်လွန်

စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ဖြစ်ပါတယ် . . . မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပ ခဲ့တဲ့ MasterChef Myanmar ပြိုင်ပွဲမှာ ဒိုင် အဖြစ် ဆောင်ရွက် ပေးခဲ့တဲ့ ကမ္ဘာ့ အဆင့်မှီ စာဖိုမှူးကြီး တစ်ယောက် ဖြစ်တဲ့ Chef Michel Louis Meca ဟာ ယနေ့ နေ့လည်လောက်က ပြင်သစ်နိုင်ငံမှာ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန် သွားကြောင်း သိရပါတယ် . . .

Chef Michel Louis Meca ဟာ စိတ်ထား ဖြူစင်ပီး သဘော မနော ကောင်းတာကြောင့် MasterChef Myanmarရဲ့ ပြိုင်ပွဲဝင်တွေရဲ့ ချစ်ခင် လေးစားမှုကို ခံယူ ထားတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် . . .

Chef Michel Louis Meca ကွယ်လွန်သည့် အကြောင်းကို Presenter အဖြစ် ဆောင်ရွက်ပေးသည့် ကိုကောင်းထက်ဇော် ဖေ့စ်ဘုတ် ပေ့ချ်မှ ယခုလို တင်ထားတာ ကိုလည်း တွေ့ရပါတယ်..

MasterChef Myanmar ရဲ့ဒိုင်လူကြီး တစ်ဦးဖြစ်ပြီး စိတ်ထားဖြူစင်သော ကမ္ဘာ့အဆင့်မှီ စာဖိုမှူး Chef Michel Louis Meca ယနေ့နေ့လည် ပြင်သစ်နိုင်ငံတွင် ရုတ်တရက်နှလုံးရပ် ကွယ်လွန်သည် ။
I got the information from French Doctor Olivier.He is currently working at Parami hospital.

ဆိုပီး စိတ်မကောင်းစွာ ရေးသားထားခဲ့ပါတယ်…

AungYe(Loveshortnotes)

LEAVE A REPLY

Please enter your comment!
Please enter your name here