ျပည္ႀကီးငါး ၊ ေရဘဝဲ ၊ ကင္းမြန္ တို႔ကို အခုခ်ိန္အထိ မသဲကြဲေသးတဲ့ သူမ်ားအတြက္

0
298

(Zawgyi)

ျပည္ႀကီးငါး ၊ ေရဘဝဲ ၊ ကင္းမြန္ တို႔ကို အခုခ်ိန္အထိ မသဲကြဲေသးတဲ့ သူမ်ားအတြက္

စားေသာက္ဆိုင္ေတြ ေပါမ်ားလာတဲ့ ယေန႔ေခတ္မွာ ပင္လယ္စာကို စားသုံးတဲ့ သူေတြလည္း မ်ားျပား လာပါတယ္ ။ ပင္လယ္နဲ႔ နီးစပ္တဲ့ ေဒသမွာ ေနထိုင္တဲ့ သူေတြ ကေတာ့ ျပည္ႀကီးငါး၊ ေရဘဝဲ၊ ကင္းမြန္တို႔ကို ေကာင္းေကာင္း မြန္မြန္ ခြဲျခား တတ္ေပမယ့္ ကုန္းတြင္းပိုင္း ေဒသက လူေတြ အတြက္ ကေတာ့ ႐ုတ္တရက္ဆို ခြဲျခားရ နည္းနည္း ခက္ပါလိမ့္မယ္ ။ အဲဒါေၾကာင့္ ျပည္ႀကီးငါး၊ ေရဘဝဲနဲ႔ ကင္းမြန္တို႔ရဲ႕ ေဈးမွာေရာင္းတဲ့ ေဈးႏႈန္းေတြနဲ႔ အတူ ပုံကိုပါ တပါထဲ ေဖာ္ျပ လိုက္ပါတယ္ ခင္ဗ်ာ။

ျပည္ႀကီးငါး

အသားက ႏူးညံ့ၿပီး ရန္ကုန္မွာ ေဈးတိုင္းမွာ မရဘူး။ သံေဈး မွာေတာ့ ေပါတယ္။ လတ္တေလာ ေပါက္ေဈးအရ အေကာင္ အႀကီးအေသး အလိုက္ တစ္ပိႆာ ၁၂၀၀၀ ကေန ၁၈၀၀၀ ထိ ရွိတယ္။ ပိစိေလးေတြ ကေတာ့ ေပါပါတယ္။

အေကာင္ႀကီးေလ အသားထူေလ ပါးပါးလွီးၿပီး သုပ္စားလို႔ ကေတာ့ ရွယ္ပဲ။ MSK မွာ ပင္လယ္စာထမင္းေၾကာ္၊ ပင္လယ္စာ ဟင္းက အစ ျပည္ႀကီးငါးပဲ သုံးေပးတယ္။ သန္လ်င္ေဈး ထဲမွာေတာ့ အလတ္ဆိုဒ္ေလာက္ေတာင္ ၂၀၀၀၀ ေဈးေလာက္ ေရာင္းၾကတယ္ ။

ေရဘဝဲ

hwya ကေတာ့ ေရဘဝဲ အႀကိဳက္ဆုံးပဲ ။ ျပည္ႀကီးငါး ကင္းမြန္တို႔လို ကိုက္ရင္ ထုတ္ကနဲ မျပတ္သြားပဲ နည္းနည္း ပ်င္းတြဲတြဲ နဲ႔ ဝါးရတာ ႀကိဳက္တဲ့ သူေတြ အတြက္ အဆင္ေျပတယ္။ ေဈးလဲ သက္သာတယ္။ တပိႆာ ၉၀၀၀ ကေန ၁၀၀၀၀ ဝန္းက်င္ မွာပဲ ရွိတယ္။

ကင္းမြန္

ကင္းမြန္နဲ႔ ျပည္ႀကီးငါးကို ေတာ္ေတာ္ႀကီး မကြဲၾကဘူး ။ MSK မွာက ျပည္ႀကီးငါးပဲ ေရာင္းေတာ့ အဲ့ ကင္းမြန္ ျပည္ႀကီးငါး ျပသနာ အၿမဲ ရွင္းရတယ္ ။ ျပည္ႀကီးငါးခြက္ႀကီး ကိုင္ၿပီး ဒီကင္းမြန္ေတြ ေဈးထဲ ဒီေလာက္ ေပါတာ ဆိုၿပီး ရန္ေတြ႕တာလဲ ႀကဳံဖူးပါတယ္ ။ ကင္းမြန္က ညႇီတယ္။ အေကာင္ ေတာ္ေတာ္ႀကီးထိ အသားက အရမ္းႀကီး မထူဘူး။ ကင္းမြန္က ေဈးေပါ တယ္။ တစ္ပိႆာ သုံးေလးေထာင္ပဲ ရွိတယ္။ ဆိုဒ္အရမ္းႀကီးမွ ေဈးနည္းနည္း ေကာင္းယုံပဲ။ အေသးေလးေတြမ်ားဆို တခါတေလ ၃၀ သား ေလာက္ပါတဲ့ တဘန္းလုံးမွ တစ္ဘန္း ၅၀၀ ဆိုၿပီး ေရာင္းၾကတယ္။

ျပည္ႀကီးငါးသည္ ျပည္ႀကီးငါး ျဖစ္ၿပီး ကင္းမြန္သည္ ကင္းမြန္ ျဖစ္ပါသည္ ။ သို႔ပါေသာေၾကာင့္ ျပည္ႀကီးငါးကို ကင္းမြန္ ေဈးႏွင့္ မေရာင္းႏိုင္ပါ။ ျပည္ႀကီးငါးႏွင့္ ကင္းမြန္ သဲကြဲႏိုင္ၾက ပါေစ ။

ထပ္ျဖည့္ – (၀၉.၁.၂၀၁၉)

ဒီရက္ထဲမွာ ပင္လယ္စာေတြ ပိုးစိုး ပက္စက္ ေဈးတက္ ပါတယ္။ ကင္းမြန္ေတာင္ ရွစ္ေထာင္ တစ္ေသာင္းေတြ ျဖစ္ေနၿပီ။ ဒီသုံးမ်ိဳးလုံးကို သံေဈးမွာ အလြယ္တကူရႏိုင္ပါတယ္ အေနာက္လမ္းၾကားထဲက ဆိုင္ေတြမွာ မဝယ္ပါနဲ႔။ ႐ႊံ႕ေပခံၿပီး Basement ထဲထိ ဆင္းဝယ္ပါ။ ေဈးေတာ္ေတာ္ကြာပါတယ္။

Hlwan Wint Yee Aung

(Unicode)

ပြည်ကြီးငါး ၊ ရေဘဝဲ ၊ ကင်းမွန် တို့ကို အခုချိန်အထိ မသဲကွဲသေးတဲ့ သူများအတွက်

စားသောက်ဆိုင်တွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ ပင်လယ်စာကို စားသုံးတဲ့ သူတွေလည်း များပြား လာပါတယ် ။ ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသမှာ နေထိုင်တဲ့ သူတွေ ကတော့ ပြည်ကြီးငါး၊ ရေဘဝဲ၊ ကင်းမွန်တို့ကို ကောင်းကောင်း မွန်မွန် ခွဲခြား တတ်ပေမယ့် ကုန်းတွင်းပိုင်း ဒေသက လူတွေ အတွက် ကတော့ ရုတ်တရက်ဆို ခွဲခြားရ နည်းနည်း ခက်ပါလိမ့်မယ် ။ အဲဒါကြောင့် ပြည်ကြီးငါး၊ ရေဘဝဲနဲ့ ကင်းမွန်တို့ရဲ့ ဈေးမှာရောင်းတဲ့ ဈေးနှုန်းတွေနဲ့ အတူ ပုံကိုပါ တပါထဲ ဖော်ပြ လိုက်ပါတယ် ခင်ဗျာ။

ပြည်ကြီးငါး

အသားက နူးညံ့ပြီး ရန်ကုန်မှာ ဈေးတိုင်းမှာ မရဘူး။ သံဈေး မှာတော့ ပေါတယ်။ လတ်တလော ပေါက်ဈေးအရ အကောင် အကြီးအသေး အလိုက် တစ်ပိဿာ ၁၂၀၀၀ ကနေ ၁၈၀၀၀ ထိ ရှိတယ်။ ပိစိလေးတွေ ကတော့ ပေါပါတယ်။

အကောင်ကြီးလေ အသားထူလေ ပါးပါးလှီးပြီး သုပ်စားလို့ ကတော့ ရှယ်ပဲ။ MSK မှာ ပင်လယ်စာထမင်းကြော်၊ ပင်လယ်စာ ဟင်းက အစ ပြည်ကြီးငါးပဲ သုံးပေးတယ်။ သန်လျင်ဈေး ထဲမှာတော့ အလတ်ဆိုဒ်လောက်တောင် ၂၀၀၀၀ ဈေးလောက် ရောင်းကြတယ် ။

ရေဘဝဲ

hwya ကတော့ ရေဘဝဲ အကြိုက်ဆုံးပဲ ။ ပြည်ကြီးငါး ကင်းမွန်တို့လို ကိုက်ရင် ထုတ်ကနဲ မပြတ်သွားပဲ နည်းနည်း ပျင်းတွဲတွဲ နဲ့ ဝါးရတာ ကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေတယ်။ ဈေးလဲ သက်သာတယ်။ တပိဿာ ၉၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် မှာပဲ ရှိတယ်။

ကင်းမွန်

ကင်းမွန်နဲ့ ပြည်ကြီးငါးကို တော်တော်ကြီး မကွဲကြဘူး ။ MSK မှာက ပြည်ကြီးငါးပဲ ရောင်းတော့ အဲ့ ကင်းမွန် ပြည်ကြီးငါး ပြသနာ အမြဲ ရှင်းရတယ် ။ ပြည်ကြီးငါးခွက်ကြီး ကိုင်ပြီး ဒီကင်းမွန်တွေ ဈေးထဲ ဒီလောက် ပေါတာ ဆိုပြီး ရန်တွေ့တာလဲ ကြုံဖူးပါတယ် ။ ကင်းမွန်က ညှီတယ်။ အကောင် တော်တော်ကြီးထိ အသားက အရမ်းကြီး မထူဘူး။ ကင်းမွန်က ဈေးပေါ တယ်။ တစ်ပိဿာ သုံးလေးထောင်ပဲ ရှိတယ်။ ဆိုဒ်အရမ်းကြီးမှ ဈေးနည်းနည်း ကောင်းယုံပဲ။ အသေးလေးတွေများဆို တခါတလေ ၃၀ သား လောက်ပါတဲ့ တဘန်းလုံးမှ တစ်ဘန်း ၅၀၀ ဆိုပြီး ရောင်းကြတယ်။

ပြည်ကြီးငါးသည် ပြည်ကြီးငါး ဖြစ်ပြီး ကင်းမွန်သည် ကင်းမွန် ဖြစ်ပါသည် ။ သို့ပါသောကြောင့် ပြည်ကြီးငါးကို ကင်းမွန် ဈေးနှင့် မရောင်းနိုင်ပါ။ ပြည်ကြီးငါးနှင့် ကင်းမွန် သဲကွဲနိုင်ကြ ပါစေ ။

ထပ်ဖြည့် – (၀၉.၁.၂၀၁၉)

ဒီရက်ထဲမှာ ပင်လယ်စာတွေ ပိုးစိုး ပက်စက် ဈေးတက် ပါတယ်။ ကင်းမွန်တောင် ရှစ်ထောင် တစ်သောင်းတွေ ဖြစ်နေပြီ။ ဒီသုံးမျိုးလုံးကို သံဈေးမှာ အလွယ်တကူရနိုင်ပါတယ် အနောက်လမ်းကြားထဲက ဆိုင်တွေမှာ မဝယ်ပါနဲ့။ ရွှံ့ပေခံပြီး Basement ထဲထိ ဆင်းဝယ်ပါ။ ဈေးတော်တော်ကွာပါတယ်။

Hlwan Wint Yee Aung

LEAVE A REPLY

Please enter your comment!
Please enter your name here