အိမ်ထောင်တခုမှာ ငွေထက် သစ္စာတရားက ပိုပြီး အရေးကြီးပါတယ်

0
217

(Zawgyi)










ခရက်ဒစ်

(Unicode)

အိမ်ထောင်တခုမှာ ငွေထက် သစ္စာတရားက ပိုပီး အရေးကြီးပါတယ်

1) ငွေ ချမ်းသာ ရုံနဲ့ မပီးသေးဘူး

အိမ်ထောင် မကျခင်က အချစ် ဆိုတာ လေးနက်ပေမယ့် အိမ်ထောင် ကျပြီး သွားရင် အချစ် ဆိုတာ တစ်ခါတစ်လေ ဘယ်နား ရောက်နေမှန်းတောင် မသိ ဖြစ်တတ်ပါတယ်။ အဲဒီလို အချစ်တွေ အဝေး တစ်နေရာမှာ ရှိနေခဲ့မယ် ဆိုရင်တောင် သစ္စာတရားကို လက်ကိုင် ထားပါ။ တစ်ခါတစ်လေ အိမ်ထောင်တစ်ခုမှာ ငွေရှိနေရုံနဲ့ မပြီးပြည့်စုံ ပါဘူး။

2) သစ္စာတရား လက်ကိုင်ထား

ကိုယ့် ခင်ပွန်းသည်းအပေါ် လည်းကောင်း၊ ဇနီးသည်း အပေါ်လည်းကောင်း နောက်ကွယ်မှာရော ရှေ့မှာရော မဖောက်ပြန်မိတာ မကောင်းဆုံး။ သစ္စာတရားနဲ့ တည်ဆောင်ထားတဲ့ အိမ်ထောင်ရေး ဆိုတာ အလွန်ပျော်ဖို့ ကောင်းပါတယ်။

3) သစ္စာမရှိတဲ့ သူတွေ သွားရာလမ်း

မိမိ အိမ်ထောင်ဖက် အပေါ် သစ္စာဖောက်တဲ့ သူတွေဟာ အိမ်ထောင်ရေးမှာ တည်မြဲဖို့ မလွယ်ပါဘူး။ ပျော်ရွှင်စရာ တွေလည်း မရှိ၊ တစ်သက်တာလုံး စိတ်ဆင်းရဲမှု တွေကိုသာ ကြုံတွေ့ရ ပါလိမ့်မယ်။ သစ္စာမရှိသူတွေ သွားရာလမ်းဟာ အလွန်ခက်ခဲ ကြမ်းတမ်းပါတယ်။

4) သစ္စာတရားနဲ့သာ တည်ဆောက်ပါ

သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးထက် ကောင်းတဲ့ အိမ်ထောင်ရေး ဆိုတာ မရှိပါ။ ဒါကြောင့် မိမိ အိမ်ထောင်ရေး သာယာဖို့ သစ္စာတရားလေးကို အလေးအနက် တန်းဖိုးထားပါစို့ လို့ တိုက်တွန်းလိုက် ရပါတယ်။

ခရက်ဒစ်

LEAVE A REPLY

Please enter your comment!
Please enter your name here