ရည္စားက သူ႔မွာ ကုိယ္ဝန္ ရွိလာေၾကာင္း ေျပာရာမွ စကားမ်ားကာ ဓါးနဲ႔ ထိုးၿပီး ေခ်ာက္ထဲ တြန္းခ်ခဲ႔တဲ႔ ျဖစ္ရပ္

0
533

(Zawgyi)

ရည္စားက သူ႔မွာ ကုိယ္ဝန္ ရွိလာေၾကာင္း ေျပာရာမွ စကားမ်ားကာ ဓါးနဲ႔ ထိုးၿပီး ေခ်ာက္ထဲ တြန္းခ်ခဲ႔တဲ႔ ျဖစ္ရပ္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ဟုိပန္ျမိဳ႕တြင္ ခ်စ္ႀကိဳက္ရာမွ ကုိယ္ဝန္ ရွိလာ ေသာေၾကာင္႔ ရည္းစားျဖစ္သူမိန္းကေလး အား ဓါးနဲ႔ ထိုးသတ္ၿပီး ေခ်ာက္အတြင္း တြန္းခ်မႈ ျဖစ္ပြား ခဲ႔ေၾကာင္း သတင္း ရရွိသည္ ။

ျဖစ္စဥ္မွာ ၁၂.၁၂.၂၀၁၈ ရက္ေန႔က နံနက္ ၁၁ နာရီ ၄၅ မိနစ္ အခ်ိန္ ဟုိပန္ျမိဳ႕နယ္ ပန္လုံ ရပ္ကြက္ ႏွင္႔ ေမာ္ေဟြရြာၾကား ဗ်ာဒိတ္ေပးဘုရား သြားလမ္း၏ ၀ဲဘက္ အနက္ ၁၅ ေပခန္႔ ရွိ ေခ်ာက္ထဲ ၌ ၉ ရက္ေန႔ ည ၆ နာရီ အခ်ိန္က အိမ္အလည္ သြားရာမွ ေပ်ာက္ဆုံးေနသူ မ ××× ၁၅ ႏွစ္အား ေသဆုံးေနသည္ကုိ အစ္ကုိ ျဖစ္သူမွ ေတြ႔ရွိရ သျဖင့္ အေရးယူ ေပးရန္ တိုင္ၾကားခ်က္ အရ ဟိုပန္ျမိဳ႕မ ရဲစခန္း မွ (ပ) ၃၁/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင္႔ အမႈဖြင့္ စုံစမ္း ေဆာင္ရြက္ ခဲ႔သည္ ။

ထို တိုင္တန္းခ်က္ အရ ရဲတပ္ဖြဲ႔ဝင္ မ်ား က ျပစ္မႈ က်ဴးလြန္သူအား ဖမ္းဆီး ရမိႏိုင္ေရး ေဆာင္ရြက္ေနစဥ္ အမႈမွ မသကၤာသူ ေနာင္မိုရြာေန ဆိုင္လိန္ (ခ) အိုက္လိန္ (၁၇) ႏွစ္အား စစ္ေဆးခဲ႔ရာ ၄င္းႏွင့္ ေသဆုံးသူ မ××× တို႔ ခ်စ္ၾကိဳက္ခဲ႔ရာမွ ၉.၁၂.၂၀၁၈ ညပိုင္းက အခင္းျဖစ္ ေနရာတြင္ ေတြ႕ဆုံစကားေျပာရာ မ××× က သူ႕မွာ ကုိယ္၀န္ ရွိေနေၾကာင္း ေျပာရင္း ႏွစ္ဦး စကားမ်ား ၾကရာမွ အိုက္လိန္က အသင္႔ ပါလာေသာ စတီးဓါးျဖင္႔ ထိုးကာ လမ္းေဘးေခ်ာက္ထဲသုိ႕ တြန္းခ်ခဲ႔ေၾကာင္း ၀န္ခံ ထြက္ဆိုခဲ႔ သျဖင္႔ ဆိုင္လိန္ (ခ) အိုက္လိန္အားး ဖမ္းဆီး စစ္ေဆး ေဆာင္ရြက္လ်က္ ရွိသည္ ။

CRD
KT

(Unicode)

ရည်စားက သူ့မှာ ကိုယ်ဝန် ရှိလာကြောင်း ပြောရာမှ စကားများကာ ဓါးနဲ့ ထိုးပြီး ချောက်ထဲ တွန်းချခဲ့တဲ့ ဖြစ်ရပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့တွင် ချစ်ကြိုက်ရာမှ ကိုယ်ဝန် ရှိလာ သောကြောင့် ရည်းစားဖြစ်သူမိန်းကလေး အား ဓါးနဲ့ ထိုးသတ်ပြီး ချောက်အတွင်း တွန်းချမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည် ။

ဖြစ်စဉ်မှာ ၁၂.၁၂.၂၀၁၈ ရက်နေ့က နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန် ဟိုပန်မြို့နယ် ပန်လုံ ရပ်ကွက် နှင့် မော်ဟွေရွာကြား ဗျာဒိတ်ပေးဘုရား သွားလမ်း၏ ဝဲဘက် အနက် ၁၅ ပေခန့် ရှိ ချောက်ထဲ ၌ ၉ ရက်နေ့ ည ၆ နာရီ အချိန်က အိမ်အလည် သွားရာမှ ပျောက်ဆုံးနေသူ မ ××× ၁၅ နှစ်အား သေဆုံးနေသည်ကို အစ်ကို ဖြစ်သူမှ တွေ့ရှိရ သဖြင့် အရေးယူ ပေးရန် တိုင်ကြားချက် အရ ဟိုပန်မြို့မ ရဲစခန်း မှ (ပ) ၃၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက် ခဲ့သည် ။

ထို တိုင်တန်းချက် အရ ရဲတပ်ဖွဲ့ဝင် များ က ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်နေစဉ် အမှုမှ မသင်္ကာသူ နောင်မိုရွာနေ ဆိုင်လိန် (ခ) အိုက်လိန် (၁၇) နှစ်အား စစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူ မ××× တို့ ချစ်ကြိုက်ခဲ့ရာမှ ၉.၁၂.၂၀၁၈ ညပိုင်းက အခင်းဖြစ် နေရာတွင် တွေ့ဆုံစကားပြောရာ မ××× က သူ့မှာ ကိုယ်ဝန် ရှိနေကြောင်း ပြောရင်း နှစ်ဦး စကားများ ကြရာမှ အိုက်လိန်က အသင့် ပါလာသော စတီးဓါးဖြင့် ထိုးကာ လမ်းဘေးချောက်ထဲသို့ တွန်းချခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့ သဖြင့် ဆိုင်လိန် (ခ) အိုက်လိန်အားး ဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျက် ရှိသည် ။

CRD
KT

LEAVE A REPLY

Please enter your comment!
Please enter your name here