ျမန္မာႏိုင္ငံ ေဒသ ၉ ခု တြင္ မုိးႀကီးႏုိင္၍ သဘာဝေဘး သတိျပဳရန္

0
368

(Zawgyi)

ျမန္မာႏိုင္ငံ ေဒသ ၉ ခု တြင္ မုိးႀကီးႏုိင္၍ သဘာဝေဘး သတိျပဳရန္

ေဒသကိုးခု မုိးႀကီးႏုိင္၍ သဘာဝေဘး သတိျပဳရန္ ထုတ္ျပန္ ။ ဘဂၤလားပင္လယ္ေအာ္ မွ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ေဒသအႏွံ႔ အခ်ိန္အခါ မဟုတ္ မိုးေကာင္းေနၿပီး ေဒသကိုးခု၌ မိုးႀကီးႏုိင္၍ သဘာဝေဘး သတိ ျပဳေနထိုင္ရန္ မိုးေလဝသႏွင့္ ဇလ ေဗဒၫႊန္ၾကားမႈ ဦးစီး ဌာနက သတိေပးခ်က္ ထုတ္ျပန္သည္။

ထိုင္းႏုိင္ငံတြင္ ပ်က္စီး ဆံုး႐ႈံးမႈ မ်ားခဲ့ေသာ ပါဘက္မုန္တုိင္း အားေလ်ာ့က်လာ ရာမွ ျဖစ္ေပၚ လာသည့္ ေလဖိအားနည္း ရပ္ဝန္း သည္ ယခုအခါ ျမန္မာ့ကမ္း႐ိုး တန္းဘက္သို႔ ဦးတည္ေနသည္ ။ ဇန္နဝါရီ ၈ ရက္ ညေန တုိင္းတာ ခ်က္အရ ဧရာဝတီတုိင္းေဒသႀကီး ႏွင့္ ရခိုင္ျပည္နယ္ (ေတာင္ပိုင္း) တို႔၌ ေလဖိအားနည္း ရပ္ဝန္း၏ သက္ေရာက္မႈအႏၲရာယ္ ခံစားရႏုိင္ေၾကာင္း မိုးဇလဌာနက ယမန္ေန႔ ညေနတြင္ ထုတ္ျပန္ထား သည္။

ဇန္နဝါရီ ၈ ရက္မွ ဇန္နဝါရီ ၁၁ ရက္အတြင္း ေဒသအႏွံ႔ အခ်ိန္အခါမဟုတ္ မိုးရြာႏုိင္ကာ ေနျပည္ေတာ္၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ မႏၲေလးတုိင္း ေဒသႀကီး၊ ရွမ္း၊ ကယားႏွင့္ ရခုိင္ျပည္နယ္တုိ႔ တြင္ မုိးႀကီးႏိုင္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ ထားသည္။

ထို႔အ ျပင္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုး ႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚ ႏိုင္သျဖင့္ ကုန္းျမင့္ေဒသအနီး ေနထိုင္သူမ်ား ေျမၿပိဳမႈအႏၲရာယ္ သတိျပဳရန္၊ ကမ္း႐ိုးတန္းတစ္ ေလွ်ာက္ႏွင့္ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္သူမ်ား ေရႀကီး၊ ေရလွ်ံမႈမ်ား ႀကိဳတင္ သတိျပဳေန ထိုင္ရန္ တိုက္တြန္း ထားသည္။ ျပည္တြင္း ေလေၾကာင္းပ်ံသန္း ေရးႏွင့္ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္း ေရယာဥ္မ်ား၊ သေဘၤာမ်ားလည္း ႀကိဳတင္သတိျပဳရန္ သတိေပး ထားသည္။

ရန္ကုန္ၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံ ေဒသအမ်ားစုတြင္ ဇန္နဝါရီ ၇ ရက္ ညကစတင္ကာ အခ်ိန္အခါမဟုတ္ မိုးအားေကာင္း ခဲ့ၿပီး ၿမိဳ႕နယ္ ၁၃ ခု၌ ပံုမွန္ထက္ မိုးေကာင္းခဲ့သည္။ထူးျခားျဖစ္စဥ္အေနျဖင့္ ကိုကိုးကြၽန္းၿမိဳ႕တြင္ ၁၃ ဒီဂရီ စင္တီဂရိတ္အထိ ေအးခဲ့ၿပီး အေအးစံခ်ိန္သစ္တင္ခဲ့သည္။

ဇန္နဝါရီ ၈ ရက္ တုိင္းတာခ်က္ အရ ေလဖိအားနည္း ရပ္ဝန္းသည္ ရခုိင္ျပည္နယ္ ေတာင္ပိုင္း၊ ဧရာဝတီေျမာက္ပိုင္း ကမ္းေျခကို ျဖတ္သန္းရင္း အားေလ်ာ့ သြားမည္ဟု ခန္႔မွန္း ထားေၾကာင္း မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာသည္ ။

7day

(Unicode)

မြန်မာနိုင်ငံ ဒေသ ၉ ခု တွင် မိုးကြီးနိုင်၍ သဘာဝဘေး သတိပြုရန်

ဒေသကိုးခု မိုးကြီးနိုင်၍ သဘာဝဘေး သတိပြုရန် ထုတ်ပြန် ။ ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသအနှံ့ အချိန်အခါ မဟုတ် မိုးကောင်းနေပြီး ဒေသကိုးခု၌ မိုးကြီးနိုင်၍ သဘာဝဘေး သတိ ပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ပျက်စီး ဆုံးရှုံးမှု များခဲ့သော ပါဘက်မုန်တိုင်း အားလျော့ကျလာ ရာမှ ဖြစ်ပေါ် လာသည့် လေဖိအားနည်း ရပ်ဝန်း သည် ယခုအခါ မြန်မာ့ကမ်းရိုး တန်းဘက်သို့ ဦးတည်နေသည် ။ ဇန်နဝါရီ ၈ ရက် ညနေ တိုင်းတာ ချက်အရ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် (တောင်ပိုင်း) တို့၌ လေဖိအားနည်း ရပ်ဝန်း၏ သက်ရောက်မှုအန္တရာယ် ခံစားရနိုင်ကြောင်း မိုးဇလဌာနက ယမန်နေ့ ညနေတွင် ထုတ်ပြန်ထား သည်။

ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၁ ရက်အတွင်း ဒေသအနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်ကာ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်း၊ ကယားနှင့် ရခိုင်ပြည်နယ်တို့ တွင် မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန် ထားသည်။

ထို့အ ပြင် လေပြင်းတိုက်ခတ်ခြင်း၊ မိုး ကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှုအန္တရာယ် သတိပြုရန်၊ ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီး၊ ရေလျှံမှုများ ကြိုတင် သတိပြုနေ ထိုင်ရန် တိုက်တွန်း ထားသည်။ ပြည်တွင်း လေကြောင်းပျံသန်း ရေးနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများလည်း ကြိုတင်သတိပြုရန် သတိပေး ထားသည်။

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ ဒေသအများစုတွင် ဇန်နဝါရီ ၇ ရက် ညကစတင်ကာ အချိန်အခါမဟုတ် မိုးအားကောင်း ခဲ့ပြီး မြို့နယ် ၁၃ ခု၌ ပုံမှန်ထက် မိုးကောင်းခဲ့သည်။ထူးခြားဖြစ်စဉ်အနေဖြင့် ကိုကိုးကျွန်းမြို့တွင် ၁၃ ဒီဂရီ စင်တီဂရိတ်အထိ အေးခဲ့ပြီး အအေးစံချိန်သစ်တင်ခဲ့သည်။

ဇန်နဝါရီ ၈ ရက် တိုင်းတာချက် အရ လေဖိအားနည်း ရပ်ဝန်းသည် ရခိုင်ပြည်နယ် တောင်ပိုင်း၊ ဧရာဝတီမြောက်ပိုင်း ကမ်းခြေကို ဖြတ်သန်းရင်း အားလျော့ သွားမည်ဟု ခန့်မှန်း ထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည် ။

7day

LEAVE A REPLY

Please enter your comment!
Please enter your name here