KBZ ဘဏ္မွ ေငြထုတ္လာသူ က်ပ္သိန္း ၅၀ ေက်ာ္ လုယက္ခံရ

0
279

(Zawgyi)

KBZ ဘဏ္မွ ေငြထုတ္လာသူ က်ပ္သိန္း ၅၀ ေက်ာ္ လုယက္ခံရ

ဘဏ္မွ ေငြထုတ္ၿပီး ျပန္လာသူ ထံမွ ေငြက်ပ္သိန္း ၅၀ ေက်ာ္ လုယက္သြားမႈ ဘုရားႀကီး ၿမိဳ႕တြင္ ျဖစ္ပြား ။ ပဲခူးၿမိဳ႕နယ္ ဘုရားႀကီးၿမိဳ႕ရွိ ကေမၻာဇဘဏ္ (KBZ) ၌ ေငြထုတ္ ယူၿပီး ျပန္လာသူ ထံမွ က်ပ္သိန္း ၅၀ ေက်ာ္ကို လမ္းတြင္ ျဖတ္၍ လုယက္ ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း ဘုရားႀကီး နယ္ေျမ ရဲစခန္းထံမွ သိရသည္ ။

ဇန္နဝါရီလ (၇) ရက္ေန႔ နံနက္ ၁၁ နာရီ အခ်ိန္ခန္႔က ဘုရားႀကီးၿမိဳ႕ အမွတ္ ၂ ရပ္ကြက္ ၊ ပေဒသာရပ္ မင္းလမ္ေန ဦးတင့္လြင္ ဆိုသူမွာ ၎အိမ္ ႏွင့္ ၄ ဖာလုံခန္႔ ေဝးေသာ KBZ ဘဏ္သို႔ ဆိုင္ကယ္ျဖင့္သြားကာ ေငြက်ပ္ ၅၂ သိန္း ထုတ္ယူၿပီး အိမ္သို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ျပန္လာစဥ္ ဘုရားႀကီး အထက ေက်ာင္းေရွ႕အေရာက္တြင္ စူပါဖို႔ ဆိုင္ကယ္ (အႀကီး) စီးနင္းသူ လူငယ္ ၂ ဦးမွ ဦးတင့္လြင္၏ ဆိုင္ကယ္ျခင္း အတြင္းရွိ ဘဏ္မွ ထုတ္ယူလာသည့္ ေငြက်ပ္ ၅၂ သိန္း ထည့္ထားေသာ ေငြထုပ္အား လုယူ ထြက္ေျပးသြားေၾကာင္း ကာယကံရွင္၏ ေျပာျပခ်က္ အရ သိရသည္ ။

“ က်ြန္ေတာ္တို႔လည္း ဒိုက္ဦး၊ ပ်ဥ္ပံု၊ အျမန္လမ္း စတဲ့ ရဲတပ္ဖြဲ႔ စခန္းေတြထံ မသကၤာ ေတြ႔ရွိတာနဲ႔ စစ္ေဆး ႏိုင္ေအာင္ အေၾကာင္း ၾကားေပးထား ပါတယ္ ။ ကာယကံရွင္ေတြ ကေတာ့ အခု လုယက္ ခံရမႈနဲ႔ ပတ္သက္လို႔ အမႈ ဖြင့္ထား ပါတယ္ ” ဟု ဘုရားႀကီး နယ္ေျမ ရဲစခန္းမွ တာဝန္ရွိသူ တဦးက ေျပာသည္ ။

အဆိုပါ လုယက္မႈႏွင့္ ပတ္သက္ၿပီး ဘုရားႀကီး နယ္ေျမ ရဲစခန္းမွ (ပ) ၇/၂၀၁၉ ျဖင့္ အမႈ ေရးဖြင့္ကာ လုယူ ထြက္ေျပးသြားသူ ႏွစ္ဦးအား အျမန္ဆံုး ဖမ္းဆီး ႏိုင္ေရး လိုက္လံ စံုစမ္းေနေၾကာင္း သိရသည္ ။

ျမဴခိုး – ပဲခူး (အကုန္သိ)

(Unicode)

KBZ ဘဏ်မှ ငွေထုတ်လာသူ ကျပ်သိန်း ၅၀ ကျော် လုယက်ခံရ

ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသူ ထံမှ ငွေကျပ်သိန်း ၅၀ ကျော် လုယက်သွားမှု ဘုရားကြီး မြို့တွင် ဖြစ်ပွား ။ ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှိ ကမ္ဘောဇဘဏ် (KBZ) ၌ ငွေထုတ် ယူပြီး ပြန်လာသူ ထံမှ ကျပ်သိန်း ၅၀ ကျော်ကို လမ်းတွင် ဖြတ်၍ လုယက် ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဘုရားကြီး နယ်မြေ ရဲစခန်းထံမှ သိရသည် ။

ဇန်နဝါရီလ (၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဘုရားကြီးမြို့ အမှတ် ၂ ရပ်ကွက် ၊ ပဒေသာရပ် မင်းလမ်နေ ဦးတင့်လွင် ဆိုသူမှာ ၎င်းအိမ် နှင့် ၄ ဖာလုံခန့် ဝေးသော KBZ ဘဏ်သို့ ဆိုင်ကယ်ဖြင့်သွားကာ ငွေကျပ် ၅၂ သိန်း ထုတ်ယူပြီး အိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဉ် ဘုရားကြီး အထက ကျောင်းရှေ့အရောက်တွင် စူပါဖို့ ဆိုင်ကယ် (အကြီး) စီးနင်းသူ လူငယ် ၂ ဦးမှ ဦးတင့်လွင်၏ ဆိုင်ကယ်ခြင်း အတွင်းရှိ ဘဏ်မှ ထုတ်ယူလာသည့် ငွေကျပ် ၅၂ သိန်း ထည့်ထားသော ငွေထုပ်အား လုယူ ထွက်ပြေးသွားကြောင်း ကာယကံရှင်၏ ပြောပြချက် အရ သိရသည် ။

“ ကျွန်တော်တို့လည်း ဒိုက်ဦး၊ ပျဉ်ပုံ၊ အမြန်လမ်း စတဲ့ ရဲတပ်ဖွဲ့ စခန်းတွေထံ မသင်္ကာ တွေ့ရှိတာနဲ့ စစ်ဆေး နိုင်အောင် အကြောင်း ကြားပေးထား ပါတယ် ။ ကာယကံရှင်တွေ ကတော့ အခု လုယက် ခံရမှုနဲ့ ပတ်သက်လို့ အမှု ဖွင့်ထား ပါတယ် ” ဟု ဘုရားကြီး နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည် ။

အဆိုပါ လုယက်မှုနှင့် ပတ်သက်ပြီး ဘုရားကြီး နယ်မြေ ရဲစခန်းမှ (ပ) ၇/၂၀၁၉ ဖြင့် အမှု ရေးဖွင့်ကာ လုယူ ထွက်ပြေးသွားသူ နှစ်ဦးအား အမြန်ဆုံး ဖမ်းဆီး နိုင်ရေး လိုက်လံ စုံစမ်းနေကြောင်း သိရသည် ။

မြူခိုး – ပဲခူး (အကုန်သိ)

LEAVE A REPLY

Please enter your comment!
Please enter your name here