မုန္တိုင္းသတိေပးခ်က္ ၈.၁.၂၀၁၉

0
534

(Zawgyi)

မုန္တိုင္းသတိေပးခ်က္ ၈.၁.၂၀၁၉

ဘဂၤလား ပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္၏ ဗဟိုခ်က္သည္ ဘဂၤလား ပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းသို႔ ေရာက္ရွိေနၿပီး၊ ရခိုင္ျပည္နယ္ ေတာင္ပိုင္း ရွိရာ ေျမာက္အေရွ႕ ယြန္ယြန္းသို႔ ဆက္လက္ ေ႐ြ႕လွ်ားေန ပါတယ္။ ဗဟိုခ်က္အနီး ေလတိုက္ႏႈန္းမွာ 30-34 mph ခန္႔ ရွိေနပါတယ္ ။

မုန္တိုင္းငယ္ဟာ တျဖည္းျဖည္း အားေလ်ာ့က် လာၿပီး ေနာက္ (၁၂) နာရီအတြင္း ရခိုင္ျပည္နယ္ေတာင္ပိုင္း ကမ္းေျခကို ျဖတ္ေက်ာ္ ဝင္ေရာက္သြားႏိုင္ ပါတယ္ ။ ေဒါက္တာထြန္းလြင္

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ (Depression) ဟာ ေလဖိအားနည္း ရပ္ဝန္း အျဖစ္ အားေလ်ာ့သြားၿပီ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံ တဝွမ္း မိုးဆက္လက္ၿပီး ႐ြာသြန္းႏိုင္ေသးတယ္ လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္႔ၾကားမႈ ဦးစီးဌာနရဲ႕ ဇန္နဝါရီ ၈ ရက္ေန႔ မနက္ပိုင္းထုတ္ျပန္တဲ့ သတင္းအရ သိရပါတယ္ ။

မုန္တိုင္းငယ္ရဲ႕ ဗဟိုခ်က္ဟာ ဘဂၤလား ပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းကို ေရာက္ရွိေနၿပီး ရခိုင္ျပည္နယ္ေတာင္ပိုင္း ရွိရာ ေျမာက္အေရွ႕ယြန္ယြန္းသို႔ ဆက္လက္ ေ႐ြ႕လွ်ားေနၿပီး ဗဟိုခ်က္ အနီး ေလတိုက္ႏႈန္းမွာ 30-34 mph ခန္႔ ရွိေနပါတယ္။

မုန္တိုင္းငယ္ဟာ တျဖည္းျဖည္း အားေလ်ာ့က်လာၿပီး ေနာက္ (၁၂) နာရီအတြင္း ရခိုင္ျပည္နယ္ ေတာင္ပိုင္း ကမ္းေျခကို ျဖတ္ေက်ာ္ ဝင္ေရာက္သြားႏိုင္ တယ္လို႔ သိရပါတယ္ ။

မုန္တိုင္းရဲ႕အရွိန္ေၾကာင့္ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္မွာ (၃)ရက္ ကေန (၄)ရက္အထိ မိုးဆက္လက္ ႐ြာႏိုင္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္း ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္ေတြမွာ (၁) ရက္ ကေန (၂) ရက္ အထိ မိုး႐ြာႏိုင္ ပါေသးတယ္။

ရန္ကုန္က တနသၤာရီကမ္း႐ိုးတန္း တစ္‌ေလွ်ာက္ ပင္လယ္ျပင္ မွာ လႈိင္းအျမင့္က ၄ ေပကေန ၇ ေပအထိ ရွိႏိုင္ၿပီး ရန္ကုန္ကေန ရခိုင္ ကမ္း႐ိုးတမ္း တေလ်ာက္ မွာေတာ့ လႈိင္းအျမင့္ေပ ၄ ေပကေန ၈ ေပ အထိ ရွိႏိုင္တယ္ လို႔ ထုတ္ျပန္ထားပါတယ္။

(Unicode)

မုန်တိုင်းသတိပေးချက် ၈.၁.၂၀၁၉

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ ဗဟိုချက်သည် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေပြီး၊ ရခိုင်ပြည်နယ် တောင်ပိုင်း ရှိရာ မြောက်အရှေ့ ယွန်ယွန်းသို့ ဆက်လက် ရွေ့လျှားနေ ပါတယ်။ ဗဟိုချက်အနီး လေတိုက်နှုန်းမှာ 30-34 mph ခန့် ရှိနေပါတယ် ။

မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားလျော့ကျ လာပြီး နောက် (၁၂) နာရီအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်သွားနိုင် ပါတယ် ။ ဒေါက်တာထွန်းလွင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ လေဖိအားနည်း ရပ်ဝန်း အဖြစ် အားလျော့သွားပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံ တဝှမ်း မိုးဆက်လက်ပြီး ရွာသွန်းနိုင်သေးတယ် လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန့်ကြားမှု ဦးစီးဌာနရဲ့ ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ် ။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်ဟာ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ရှိရာ မြောက်အရှေ့ယွန်ယွန်းသို့ ဆက်လက် ရွေ့လျှားနေပြီး ဗဟိုချက် အနီး လေတိုက်နှုန်းမှာ 30-34 mph ခန့် ရှိနေပါတယ်။

မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားလျော့ကျလာပြီး နောက် (၁၂) နာရီအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်သွားနိုင် တယ်လို့ သိရပါတယ် ။

မုန်တိုင်းရဲ့အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှာ (၃)ရက် ကနေ (၄)ရက်အထိ မိုးဆက်လက် ရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တွေမှာ (၁) ရက် ကနေ (၂) ရက် အထိ မိုးရွာနိုင် ပါသေးတယ်။

ရန်ကုန်က တနင်္သာရီကမ်းရိုးတန်း တစ်‌လျှောက် ပင်လယ်ပြင် မှာ လှိုင်းအမြင့်က ၄ ပေကနေ ၇ ပေအထိ ရှိနိုင်ပြီး ရန်ကုန်ကနေ ရခိုင် ကမ်းရိုးတမ်း တလျောက် မှာတော့ လှိုင်းအမြင့်ပေ ၄ ပေကနေ ၈ ပေ အထိ ရှိနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here