ျမန္မာအမ်ိဳးသမီးမ်ားအား လက္ထပ္လို၍ ေစ်းလိုက္ေမးသည္ ဆုိေသာ တ႐ုတ္အမ်ိဳးသားကို မူဆယ္ရဲတပ္ဖြဲ႔မွ ေခၚယူစစ္ေဆး

0
347

(Zawgyi)

ျမန္မာအမ်ိဳးသမီးမ်ားအား လက္ထပ္လို၍ ေစ်းလိုက္ေမးသည္ ဆုိေသာ တ႐ုတ္အမ်ိဳးသားကို မူဆယ္ရဲတပ္ဖြဲ႔မွ ေခၚယူစစ္ေဆး

တ႐ုတ္- ျမန္မာနယ္စပ္ ၿမိဳ႕ မူဆယ္တြင္ တ႐ုတ္အမ်ိဳး သားတစ္ဦးက ျမန္မာအမ်ိဳးသမီး မ်ားအား လက္ထပ္လိုၿပီး ေငြ မည္မွ်ေပးရမည္ကို လိုက္ေမး ေနသည္ဆိုေသာ ဗီဒီယိုဖိုင္လူမႈ ကြန္ရက္၌ ပ်ံ႕ႏွံ႔ခဲ့ရာ ရဲတပ္ဖြဲ႕က အဆိုပါတ႐ုတ္အမ်ိဳးသားကို ေခၚ ယူစစ္ေဆးခဲ့သည္။

‘‘မိန္းမလာရွာတဲ့ တ႐ုတ္ ေတြ၊ ေန႔တိုင္းပဲ၊ ဆင္ျဖဴေပါက္ မွာ live လႊင့္ၿပီး တန္းစီေနတဲ့ ေကာင္မေလးေတြ ေတြ႕ရင္ အ တင္းလိုက္မိတ္ဆက္ေတာ့တာပဲ။ ၿပီးရင္ ျမန္မာျပည္က မိန္းမကိုယူ ရင္ ဘယ္ေလာက္ကုန္မွာလဲတဲ့’’ ဟု ေရးသားထားၿပီး တ႐ုတ္အမ်ိဳးသားတစ္ဦးက မိန္းကေလးတစ္ဦး အား ဖုန္းျပ၍ စကားေျပာေနသည့္ ႐ုပ္သံကို မူဆယ္ေဒသခံတစ္ဦး က လူမႈကြန္ရက္တြင္ တင္ခဲ့ သည္။

ဇန္နဝါရီ ၃ ရက္က ျဖစ္ရပ္ ကို လူမႈကြန္ရက္ေပၚတင္ခဲ့ၿပီး ၎အမ်ိဳးသား၏ လုပ္ရပ္ကို မတားဆီးခဲ့ဟုဆိုကာ အုပ္ခ်ဳပ္ ေရးတာဝန္ရွိသူမ်ားအား ေဒသခံ မ်ားက ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သည္။ အဆိုပါတ႐ုတ္အမ်ိဳး သားကို ေစာင့္ၾကည့္ၿပီးေနာက္ ဖုန္းကိုယူ၍ စစ္ေဆးခဲ့ရာ ျမန္မာ အမ်ိဳးသမီးမ်ားအား လက္ထပ္ လိုေၾကာင္း ေျပာၾကားျခင္းမရွိခဲ့ ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕ (မူဆယ္) မွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။

‘‘တ႐ုတ္အမ်ိဳးသားက Live လႊင့္တဲ့ဟာကို အသံဖိုင္ယူၿပီး ေတာ့မွ တ႐ုတ္စကားနားလည္တဲ့ တပ္ဖြဲ႕ဝင္ေတြ၊ အရပ္သက္ေသ နဲ႔ စစ္လိုက္တာ၊ ျပစ္မႈက်ဴးလြန္ တာ တစ္ခုမွမပါဘူး’’ဟု အထက္ ပါ ရဲအရာရွိကေျပာသည္။၎က ဆက္လက္၍ ‘‘ေန ေကာင္းလား၊ က်န္းမာလား၊ ဗမာျပည္ႀကီးက လွတယ္ ဒီလိုေျပာ တာပဲရွိတယ္’’ဟုဆိုသည္။

မူဆယ္ၿမိဳ႕ခံမ်ားကမူတ႐ုတ္ အမ်ိဳးသားအခ်ိဳ႕သည္ ျမန္မာ ပိုင္နက္အတြင္း အုပ္စုလိုက္လာ ၍ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕ကို တ႐ုတ္မယားအျဖစ္ လက္ခံေပး ရန္ ကမ္းလွမ္းမႈမ်ား ရွိေနသည္ ဟုေျပာသည္။‘‘ကြၽန္ေတာ္က ေန႔တိုင္းဝင္ ထြက္ေနတာ။ သူတို႔ကို ေန႔တိုင္း ေတြ႕ရတယ္။ အစက ကြၽန္ေတာ္ လည္း သူတို႔ ျမန္မာျပည္အ ေၾကာင္း သိခ်င္လို႔ ေမးၾကတာ ထင္ေနတာ။ ေန႔တိုင္း သူတို႔အဖြဲ႕ ေတြက မိန္းကေလးေတြကိုပဲ ေရြး ေမးၾကတယ္။ ေမးတဲ့အေၾကာင္း ကလည္း ေယာက္်ားရွိလား၊ ကေလးရွိလား၊ ၿပီးေတာ့ ျမန္မာ ျပည္က မိန္းမကိုယူရင္ ဘယ္ ေလာက္ကုန္မွာလဲ ဆိုတာေတြ’’ ဟု မူဆယ္ၿမိဳ႕ေဒသခံ စိုင္းစန္ေခး က လူမႈကြန္ရက္တြင္ ေရးသား ထားသည္။

ေဒသခံအမ်ိဳးသမီးအခ်ိဳ႕က လည္း ယင္ျဖစ္ရပ္သည္ အမွန္ ျဖစ္ၿပီး တာဝန္ရွိသူမ်ားအေနျဖင့္ ၾကပ္မတ္ ထိန္းသိမ္းေပးေစလို သည္ဟု ေျပာသည္္။

မူဆယ္ၿမိဳ႕ က႐ုဏာလူမႈကူ ညီေရးအသင္းဥကၠ႒ ဦးေသာင္း ထြန္းက ‘‘တ႐ုတ္စကားနဲ႔ေျပာ တာ။ တ႐ုတ္မယားအေနနဲ႔ေနရင္ ဘယ္ေလာက္ကုန္မလဲ လိုက္ ေျပာတယ္တဲ့။ နင့္ကို ငါခ်စ္တယ္၊ မခ်စ္တယ္ ေျပာတာမဟုတ္ဘူး တဲ့။ တ႐ုတ္ျပည္မွာ ေယာက္်ား ယူမယ္ဆို ဘယ္ေလာက္ေပးရ မလဲ။ ဘယ္ေလာက္ယူမလဲလို႔ လိုက္ေမးတာတဲ့’’ဟု ၎စံုစမ္း သိရွိရသမွ် အေျခအေနကို ေျပာ ျပသည္။

၂၀၁၈ ဒီဇင္ဘာက တ႐ုတ္ အမ်ိဳးသားမ်ားအတြက္ အငွား ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး အ လုပ္သမားအလိုရွိေၾကာင္း ေၾကာ္ ျငာစာရြက္မ်ားကို မူဆယ္ၿမိဳ႕ေပၚ ရွိ လူစည္ကားရာ ေနရာမ်ားတြင္ လာကပ္ထား၍ ၿမိဳ႕ခံမ်ား ေဒါသ ထြက္ေနၿပီး ယင္းစာရြက္မ်ားကို လိုက္လံဆုတ္ၿဖဲခဲ့သည္။

အငွားကိုယ္ဝန္ေဆာင္ အ မ်ိဳးသမီး အလုပ္သမားအလိုရွိ ေၾကာင္း ေၾကာ္ျငာစာရြက္မ်ား လာကပ္ထားသည့္ ကိစၥကို တ႐ုတ္ႏိုင္ငံ တာဝန္ရွိသူမ်ားထံ ကန္႔ကြက္စာပို႔ခဲ့ၿပီး ယခုတစ္ႀကိမ္ သတင္းထြက္ေပၚလာသည့္ တ႐ုတ္အမ်ိဳးသားအခ်ိဳ႕က ျမန္မာ အမ်ိဳးသမီးမ်ားအား လက္ထပ္လို ေၾကာင္း လိုက္ေျပာေနသည္ဆို သည့္ ျဖစ္ရပ္ကို မသိရွိေသး ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ ေက်ာ္မိုးက ေျပာသည္။

တ႐ုတ္ႏုိင္ငံ၌ အမ်ိဳးသားဦး ေရသည္ အမ်ိဳးသမီးဦးေရထက္ ၃၄ သန္းခန္႔ ပိုမ်ားေနၿပီး အိမ္နီး ခ်င္းႏိုင္ငံမ်ားျဖစ္ေသာ ျမန္မာ၊ ဗီယက္နမ္၊ ကေမၻာဒီးယားႏွင့္ ေျမာက္ကိုရီးယားကဲ့သို႔ အိမ္နီး ခ်င္းႏိုင္ငံမ်ားမွ အမ်ိဳးသမီးမ်ားကို နည္းမ်ိဳးစံုျဖင့္ ေမွာင္ခိုကူးမႈျဖစ္ ေပၚေနေၾကာင္း Johns Hopkins Bloomberg School of Public Health က မၾကာမီက အစီရင္ခံစာတစ္ေစာင္ ထုတ္ျပန္သတိေပး ထားသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၁၈ အတြင္း လူကုန္ကူးမႈ ၂၀၇ မႈ စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ရာ ၁၂၅ မႈသည္ တ႐ုတ္မယားအျဖစ္ အဓမၼလူကုန္ကူးခံရမႈမ်ား ျဖစ္ေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

Source : 7 Day
Photo: ဆင္ျဖဴဂိတ္တြင္ ျမန္မာအမ်ိဳးသမီးမ်ားအား လုိက္လံစကားေျပာေနေသာ တ႐ုတ္ ႏိုင္ငံသားတစ္ဦးကို ေတြ႕ရစဥ္ (ဓာတ္ပံု – SaiSaing Khay Facebook)

ZNH

(Unicode)

မြန်မာအမျိုးသမီးများအား လက်ထပ်လို၍ ဈေးလိုက်မေးသည် ဆိုသော တရုတ်အမျိုးသားကို မူဆယ်ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး

တရုတ်- မြန်မာနယ်စပ် မြို့ မူဆယ်တွင် တရုတ်အမျိုး သားတစ်ဦးက မြန်မာအမျိုးသမီး များအား လက်ထပ်လိုပြီး ငွေ မည်မျှပေးရမည်ကို လိုက်မေး နေသည်ဆိုသော ဗီဒီယိုဖိုင်လူမှု ကွန်ရက်၌ ပျံ့နှံ့ခဲ့ရာ ရဲတပ်ဖွဲ့က အဆိုပါတရုတ်အမျိုးသားကို ခေါ် ယူစစ်ဆေးခဲ့သည်။

‘‘မိန်းမလာရှာတဲ့ တရုတ် တွေ၊ နေ့တိုင်းပဲ၊ ဆင်ဖြူပေါက် မှာ live လွှင့်ပြီး တန်းစီနေတဲ့ ကောင်မလေးတွေ တွေ့ရင် အ တင်းလိုက်မိတ်ဆက်တော့တာပဲ။ ပြီးရင် မြန်မာပြည်က မိန်းမကိုယူ ရင် ဘယ်လောက်ကုန်မှာလဲတဲ့’’ ဟု ရေးသားထားပြီး တရုတ်အမျိုးသားတစ်ဦးက မိန်းကလေးတစ်ဦး အား ဖုန်းပြ၍ စကားပြောနေသည့် ရုပ်သံကို မူဆယ်ဒေသခံတစ်ဦး က လူမှုကွန်ရက်တွင် တင်ခဲ့ သည်။

ဇန်နဝါရီ ၃ ရက်က ဖြစ်ရပ် ကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ၎င်းအမျိုးသား၏ လုပ်ရပ်ကို မတားဆီးခဲ့ဟုဆိုကာ အုပ်ချုပ် ရေးတာဝန်ရှိသူများအား ဒေသခံ များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အဆိုပါတရုတ်အမျိုး သားကို စောင့်ကြည့်ပြီးနောက် ဖုန်းကိုယူ၍ စစ်ဆေးခဲ့ရာ မြန်မာ အမျိုးသမီးများအား လက်ထပ် လိုကြောင်း ပြောကြားခြင်းမရှိခဲ့ ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ (မူဆယ်) မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

‘‘တရုတ်အမျိုးသားက Live လွှင့်တဲ့ဟာကို အသံဖိုင်ယူပြီး တော့မှ တရုတ်စကားနားလည်တဲ့ တပ်ဖွဲ့ဝင်တွေ၊ အရပ်သက်သေ နဲ့ စစ်လိုက်တာ၊ ပြစ်မှုကျူးလွန် တာ တစ်ခုမှမပါဘူး’’ဟု အထက် ပါ ရဲအရာရှိကပြောသည်။၎င်းက ဆက်လက်၍ ‘‘နေ ကောင်းလား၊ ကျန်းမာလား၊ ဗမာပြည်ကြီးက လှတယ် ဒီလိုပြော တာပဲရှိတယ်’’ဟုဆိုသည်။

မူဆယ်မြို့ခံများကမူတရုတ် အမျိုးသားအချို့သည် မြန်မာ ပိုင်နက်အတွင်း အုပ်စုလိုက်လာ ၍ မြန်မာအမျိုးသမီးအချို့ကို တရုတ်မယားအဖြစ် လက်ခံပေး ရန် ကမ်းလှမ်းမှုများ ရှိနေသည် ဟုပြောသည်။‘‘ကျွန်တော်က နေ့တိုင်းဝင် ထွက်နေတာ။ သူတို့ကို နေ့တိုင်း တွေ့ရတယ်။ အစက ကျွန်တော် လည်း သူတို့ မြန်မာပြည်အ ကြောင်း သိချင်လို့ မေးကြတာ ထင်နေတာ။ နေ့တိုင်း သူတို့အဖွဲ့ တွေက မိန်းကလေးတွေကိုပဲ ရွေး မေးကြတယ်။ မေးတဲ့အကြောင်း ကလည်း ယောက်ျားရှိလား၊ ကလေးရှိလား၊ ပြီးတော့ မြန်မာ ပြည်က မိန်းမကိုယူရင် ဘယ် လောက်ကုန်မှာလဲ ဆိုတာတွေ’’ ဟု မူဆယ်မြို့ဒေသခံ စိုင်းစန်ခေး က လူမှုကွန်ရက်တွင် ရေးသား ထားသည်။

ဒေသခံအမျိုးသမီးအချို့က လည်း ယင်ဖြစ်ရပ်သည် အမှန် ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ထိန်းသိမ်းပေးစေလို သည်ဟု ပြောသည်။

မူဆယ်မြို့ ကရုဏာလူမှုကူ ညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်း ထွန်းက ‘‘တရုတ်စကားနဲ့ပြော တာ။ တရုတ်မယားအနေနဲ့နေရင် ဘယ်လောက်ကုန်မလဲ လိုက် ပြောတယ်တဲ့။ နင့်ကို ငါချစ်တယ်၊ မချစ်တယ် ပြောတာမဟုတ်ဘူး တဲ့။ တရုတ်ပြည်မှာ ယောက်ျား ယူမယ်ဆို ဘယ်လောက်ပေးရ မလဲ။ ဘယ်လောက်ယူမလဲလို့ လိုက်မေးတာတဲ့’’ဟု ၎င်းစုံစမ်း သိရှိရသမျှ အခြေအနေကို ပြော ပြသည်။

၂၀၁၈ ဒီဇင်ဘာက တရုတ် အမျိုးသားများအတွက် အငှား ကိုယ်ဝန်ဆောင် အမျိုးသမီး အ လုပ်သမားအလိုရှိကြောင်း ကြော် ငြာစာရွက်များကို မူဆယ်မြို့ပေါ် ရှိ လူစည်ကားရာ နေရာများတွင် လာကပ်ထား၍ မြို့ခံများ ဒေါသ ထွက်နေပြီး ယင်းစာရွက်များကို လိုက်လံဆုတ်ဖြဲခဲ့သည်။

အငှားကိုယ်ဝန်ဆောင် အ မျိုးသမီး အလုပ်သမားအလိုရှိ ကြောင်း ကြော်ငြာစာရွက်များ လာကပ်ထားသည့် ကိစ္စကို တရုတ်နိုင်ငံ တာဝန်ရှိသူများထံ ကန့်ကွက်စာပို့ခဲ့ပြီး ယခုတစ်ကြိမ် သတင်းထွက်ပေါ်လာသည့် တရုတ်အမျိုးသားအချို့က မြန်မာ အမျိုးသမီးများအား လက်ထပ်လို ကြောင်း လိုက်ပြောနေသည်ဆို သည့် ဖြစ်ရပ်ကို မသိရှိသေး ကြောင်း မူဆယ်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်မိုးက ပြောသည်။

တရုတ်နိုင်ငံ၌ အမျိုးသားဦး ရေသည် အမျိုးသမီးဦးရေထက် ၃၄ သန်းခန့် ပိုများနေပြီး အိမ်နီး ချင်းနိုင်ငံများဖြစ်သော မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြောက်ကိုရီးယားကဲ့သို့ အိမ်နီး ချင်းနိုင်ငံများမှ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် မှောင်ခိုကူးမှုဖြစ် ပေါ်နေကြောင်း Johns Hopkins Bloomberg School of Public Health က မကြာမီက အစီရင်ခံစာတစ်စောင် ထုတ်ပြန်သတိပေး ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ အတွင်း လူကုန်ကူးမှု ၂၀၇ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့ရာ ၁၂၅ မှုသည် တရုတ်မယားအဖြစ် အဓမ္မလူကုန်ကူးခံရမှုများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Source : 7 Day
Photo: ဆင်ဖြူဂိတ်တွင် မြန်မာအမျိုးသမီးများအား လိုက်လံစကားပြောနေသော တရုတ် နိုင်ငံသားတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ – SaiSaing Khay Facebook)

ZNH

LEAVE A REPLY

Please enter your comment!
Please enter your name here