ေမာင္ေတာၿမိဳ႕နယ္၌ ေငြစကၠဴအတု ၁၀၀၀၀ က်ပ္တန္ ၄၀၁ ႐ြက္ သိမ္းဆည္းရမိ

0
104

(Zawgyi)

ေမာင္ေတာၿမိဳ႕နယ္၌ ေငြစကၠဴအတု ၁၀၀၀၀ က်ပ္တန္ ၄၀၁ ႐ြက္ သိမ္းဆည္းရမိ

ေမာင္ေတာ ၊ ဇန္နဝါရီ ၈

ေငြစကၠဴ အတု ၁၀၀၀၀ က်ပ္တန္ ၄၀၁ ႐ြက္ကို ေမာင္ေတာၿမိဳ႕နယ္တြင္ ယမန္ေန႔က သိမ္းဆည္းရမိခဲ့ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနမွ သတင္း ထုတ္ျပန္ထားသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္ေန႔ ၁၄း၃၀ အခ်ိန္တြင္ ေမာင္ေတာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး သန႔္ေဇာ္ဦး ဦးစီးအဖြဲ႕သည္ သတင္းအရ ေမာင္ေတာၿမိဳ႕နယ္၊ ကေမာၻဇဘဏ္ခြဲ၌ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတု ၄၀၁ ႐ြက္ႏွင့္ ေငြလႊဲရန္ ေရာက္ရွိေနေသာ ေဇာ္လင္းထက္ (၃၁) ႏွစ္ ၊ယာဥ္ေမာင္း၊ ၿမိဳ႕မအေနာက္ရပ္ကြက္၊ ေမာင္ေတာၿမိဳ႕ေနသူအား စစ္ေဆး ခဲ့သည္။

ထိုသို႔စစ္ေဆးရာတြင္ ၎ေမာင္းႏွင္သည့္ ယာဥ္ပိုင္ရွင္ ကိုင္းႀကီး(နတလ) ေက်း႐ြာေန သန္းဝင္းေမာင္ (၂၅) ႏွစ္ (စိစစ္ဆဲ) မွ ဆက္သြယ္ေပး၍ ပုဏၰားကြၽန္းၿမိဳ႕ေန ဦးေဇာ္ေဇာ္ (စိစစ္ဆဲ) မွ ဖုန္းအမွတ္ ၀၉-xxxxxxxx ျဖင့္ ၎ထံ ဆက္သြယ္ကာ ကားေရာင္းရေငြ မ်ားဟု ေျပာ၍ ယူေဆာင္ခိုင္း သျဖင့္ ဇန္နဝါရီလ ၅ ရက္ေန႔ ၁၀၀၀ အခ်ိန္ (၃) မိုင္ ေဝသာလီေက်း႐ြာေန အသက္ (၂၀) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး (စိစစ္ဆဲ) ထံမွ က်ပ္ ၁၀၀ သိန္းအား လည္းေကာင္း၊ ဇန္နဝါရီလ ၆ ရက္ေန႔ ၁၂၀၀ အခ်ိန္ (၃) မိုင္ ေဝသာလီ ေက်း႐ြာ ေန သံေခ်ာင္း (ခ) ေက်ာ္ေအးစိန္ (၃၃) ႏွစ္ထံမွ ၁၆,၂၅၀,၀၀၀ က်ပ္အား လည္းေကာင္း၊ ဇန္နဝါရီလ ၇ ရက္ေန႔ ၀၉၀၀ အခ်ိန္ သန္းဝင္းေမာင္ ေနအိမ္မွ ၁၃,၈၅၀,၀၀၀ က်ပ္အား လည္းေကာင္း သြားယူခဲ့ေၾကာင္း၊ အဆိုပါ တစ္ဦးခ်င္း၏ ေငြမ်ားအား သီးျခားစီ ထုပ္၍ သန္းဝင္းေမာင္ ၏ ဖုန္းျဖင့္ ဆက္သြယ္ အကူအညီ ေတာင္းခံခ်က္ အရ အမ်ိဳးသမီးတစ္ဦး၏ ဘဏ္အေကာင့္သို႔ ဘဏ္မွ လႊဲေျပာင္းေပးအပ္စဥ္ သံေခ်ာင္း(ခ)ေက်ာ္ေအးစိန္ ေပးသည့္ေငြ ၁၆,၂၅၀,၀၀၀ က်ပ္အနက္ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတု ၄၀၁ ႐ြက္(၄,၀၁၀,၀၀၀ က်ပ္) မွာ အတုမ်ား ျဖစ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္ ။

ထို႔ေၾကာင့္ ယမန္ေန႔ ၁၈ ၁၅ အခ်ိန္တြင္ ေဇာ္လင္းထက္အား ေမာင္ေတာၿမိဳ႕မ ရဲစခန္း(ပ)၆/၂၀၁၉၊ ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိ ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

Source : ျပည္ထဲေရးဝန္ႀကီးဌာန

(Unicode)

မောင်တောမြို့နယ်၌ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၄၀၁ ရွက် သိမ်းဆည်းရမိ

မောင်တော ၊ ဇန်နဝါရီ ၈

ငွေစက္ကူ အတု ၁၀၀၀၀ ကျပ်တန် ၄၀၁ ရွက်ကို မောင်တောမြို့နယ်တွင် ယမန်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ၁၄း၃၀ အချိန်တွင် မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇော်ဦး ဦးစီးအဖွဲ့သည် သတင်းအရ မောင်တောမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲ၌ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၀၁ ရွက်နှင့် ငွေလွှဲရန် ရောက်ရှိနေသော ဇော်လင်းထက် (၃၁) နှစ် ၊ယာဉ်မောင်း၊ မြို့မအနောက်ရပ်ကွက်၊ မောင်တောမြို့နေသူအား စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ၎င်းမောင်းနှင်သည့် ယာဉ်ပိုင်ရှင် ကိုင်းကြီး(နတလ) ကျေးရွာနေ သန်းဝင်းမောင် (၂၅) နှစ် (စိစစ်ဆဲ) မှ ဆက်သွယ်ပေး၍ ပုဏ္ဏားကျွန်းမြို့နေ ဦးဇော်ဇော် (စိစစ်ဆဲ) မှ ဖုန်းအမှတ် ၀၉-xxxxxxxx ဖြင့် ၎င်းထံ ဆက်သွယ်ကာ ကားရောင်းရငွေ များဟု ပြော၍ ယူဆောင်ခိုင်း သဖြင့် ဇန်နဝါရီလ ၅ ရက်နေ့ ၁၀၀၀ အချိန် (၃) မိုင် ဝေသာလီကျေးရွာနေ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦး (စိစစ်ဆဲ) ထံမှ ကျပ် ၁၀၀ သိန်းအား လည်းကောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ ၁၂၀၀ အချိန် (၃) မိုင် ဝေသာလီ ကျေးရွာ နေ သံချောင်း (ခ) ကျော်အေးစိန် (၃၃) နှစ်ထံမှ ၁၆,၂၅၀,၀၀၀ ကျပ်အား လည်းကောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ ၀၉၀၀ အချိန် သန်းဝင်းမောင် နေအိမ်မှ ၁၃,၈၅၀,၀၀၀ ကျပ်အား လည်းကောင်း သွားယူခဲ့ကြောင်း၊ အဆိုပါ တစ်ဦးချင်း၏ ငွေများအား သီးခြားစီ ထုပ်၍ သန်းဝင်းမောင် ၏ ဖုန်းဖြင့် ဆက်သွယ် အကူအညီ တောင်းခံချက် အရ အမျိုးသမီးတစ်ဦး၏ ဘဏ်အကောင့်သို့ ဘဏ်မှ လွှဲပြောင်းပေးအပ်စဉ် သံချောင်း(ခ)ကျော်အေးစိန် ပေးသည့်ငွေ ၁၆,၂၅၀,၀၀၀ ကျပ်အနက် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၀၁ ရွက်(၄,၀၁၀,၀၀၀ ကျပ်) မှာ အတုများ ဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည် ။

ထို့ကြောင့် ယမန်နေ့ ၁၈ ၁၅ အချိန်တွင် ဇော်လင်းထက်အား မောင်တောမြို့မ ရဲစခန်း(ပ)၆/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Source : ပြည်ထဲရေးဝန်ကြီးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here