နႏၵမာလာက သူမအား အာမခံေပးရန္ တရား႐ုံးအတြင္း ေအာ္ဟစ္ ၿခိမ္းေျခာက္ေန

0
533

(Zawgyi)

နႏၵမာလာက သူမအား အာမခံေပးရန္ တရား႐ုံးအတြင္း ေအာ္ဟစ္ ၿခိမ္းေျခာက္ေန

နႏၵမာလာထံတြင္​ ​ေငြ​ေၾကးနစ္​နာသူ မ်ားက ၎တို႔ နႏၵမာလာႏွင့္ ခ်ဳပ္​ဆိုထား​ေသာ စာခ်ဳပ္​မ်ားကို ဇန္နဝါရီ ၆ ရက္က ျပသေနစဥ္ (ဓာတ္ပုံ − ဟိန္းသာ) က်ပ္သိန္းေပါင္းမ်ားစြာ လိမ္လည္မႈျဖင့္ တရားစြဲဆိုခံထား ရသည့္ နႏၵမာလာကို ယမန္ေန႔က တရား႐ုံးႏွစ္ခုတြင္ ႐ုံးထုတ္ရာ ၎ကို အာမခံေပးရန္ တရား႐ုံး ႏွစ္ခုစလုံး၌ ေအာ္ဟစ္ၿခိမ္းေျခာက္ ခဲ့သည္။ လက္ရွိတြင္ နႏၵမာလာ(ခ) ထန္ဏီဝင္းျပည့္ကို တရား႐ုံးခ်ဳပ္ အမိန႔္ျဖင့္ အင္းစိန္ေထာင္၌ ထိန္း သိမ္းထားၿပီး အာမခံေပး၊ မေပး ဇန္နဝါရီ ၁၅ ရက္တြင္ ဆုံးျဖတ္မည္ ျဖစ္သည္။

ယမန္ေန႔ ဇန္နဝါရီ ၇ ရက္ နံနက္တြင္ နႏၵမာလာကို လိမ္ လည္မႈပုဒ္မ ၄၂၀ ျဖင့္ လႈိင္ၿမိဳ႕နယ္တရား႐ုံး၌ ႐ုံးထုတ္ခဲ့ၿပီး နႏၵမာ လာက အာမခံ ေလွ်ာက္ထားခဲ့ သည္။ အမႈစစ္ တရားသူႀကီးက လတ္တေလာတြင္ ခ်ဳပ္မိန႔္ျဖင့္ ထားရွိကာ အာမခံကို စိစစ္ၿပီး လာမည့္ ၁၅ ရက္၌ အမိန႔္ခ်မည္ဟု ေျပာရာ နႏၵမာလာက တရားသူႀကီးကို ေအာ္ဟစ္ ၿခိမ္းေျခာက္ခဲ့ သည္။

လူသတ္မႈကိုပင္ အာမခံေပး ေၾကာင္း၊ ယခုအမႈကို မေပး၍ မရေၾကာင္း၊ ယခုတရားသူႀကီး လာဘ္စားထားေၾကာင္း၊ အာမခံ မေပးပါက တရားသူႀကီးအ ေၾကာင္းကို ဖြမည္ျဖစ္ေၾကာင္း နႏၵမာလာက တရားခြင္တြင္ ေအာ္ ဟစ္ေျပာဆိုကာ စာ႐ြက္စာတမ္းဖိုင္ မ်ားပါ လႊင့္ပစ္ခဲ့သည္ ။

အမႈစစ္ တရားသူႀကီး ဦးေအာင္ျမင့္သန္းက ယခုကဲ့သို႔ ျဖစ္ရပ္သည္ တရား႐ုံးမထီမဲ့ျမင္ သေဘာ သက္ေရာက္ေနေသာ္ လည္း သာမန္အရပ္သားျဖစ္ေန ၿပီး ဥပေဒကို နားမလည္၍ ျဖစ္ႏိုင္ ေၾကာင္း 7 day သတင္း ေထာက္အား ေျပာသည္ ။

‘‘ သူကလည္း လက္ရွိ အမႈ ရင္ဆိုင္ေနရၿပီဆိုေတာ့ သူ႔ခံစားခ်က္ ရွိေနမွာပါပဲ ’’ ဟု ၎က ေျပာ သည္ ။ ယင္းသို႔ ႐ုံးထုတ္သည့္ လႈိင္ၿမိဳ႕နယ္ တရား႐ုံးသို႔ ၎ထံမွ ေငြ ေၾကးရရန္ ရွိသူမ်ား လာေရာက္ခဲ့ ၿပီး အမႈ ထပ္မံ ဖြင့္သူမ်ားလည္း ရွိသည္။ ထို႔အျပင္ နႏၵမာလာကို ေန႔ လယ္တြင္ မဂၤလာဒုံၿမိဳ႕နယ္တရား ႐ုံး၌ လိမ္လည္မႈပုဒ္မ ၄၂၀ ျဖင့္ ႐ုံးထုတ္ရာ တြင္လည္း ထိုကဲ့သို႔ ေအာ္ဟစ္ေျပာဆို ခဲ့သည္ ။

‘‘ သူက အဓိကအာမခံ ရခ်င္ တာေပါ့။ အာမခံမေပးရင္ ေအာ္ ဟစ္ေသာင္းက်န္းမယ္လို႔ ႀကံစည္ လာပုံရပါတယ္။ ဒါေၾကာင့္လည္း တရားသူႀကီးက အာမခံ စိစစ္မယ္ ေျပာ႐ုံရွိေသးတယ္ ခ်က္ခ်င္း မေပးရေကာင္းလား ဆိုၿပီး ထၿပီး ေသာင္းက်န္းတာပါ ’’ ဟု ဥပေဒ အရာရွိတစ္ဦးက ေျပာသည္ ။ နႏၵမာလာကို လႈိင္ႏွင့္ မဂၤလာ ဒုံတရား႐ုံးတြင္ ေနာက္႐ုံးခ်ိန္း ဇန္နဝါရီ ၁၅ ရက္သို႔ ခ်ိန္းဆိုထားၿပီး မႏၲေလးၿမိဳ႕ မဟာေအာင္ေျမ တရား႐ုံးတြင္ လိမ္လည္မႈျဖင့္ ဇန္နဝါရီ ၉ ရက္တြင္ စစ္ေဆးမည္ ျဖစ္သည္။

ေယာဂီဝတ္ နႏၵမာလာကို လႈိင္ၿမိဳ႕နယ္တြင္ ေ႐ႊကိႏၷရီခရီး သြားလုပ္ငန္းမွ ဦးေနမ်ိဳးႏိုင္က က်ပ္သိန္းေထာင္ခ်ီလိမ္လည္မႈ ျဖင့္ တရားစြဲထားျခင္း ျဖစ္သည္ ။ မဂၤလာဒုံၿမိဳ႕နယ္တြင္ စီးပြားေရး လုပ္ငန္းရွင္ မသႏၲာဦးကလည္း က်ပ္သိန္းတစ္ေထာင္ေက်ာ္ လိမ္ လည္မႈျဖင့္ ၎ကို တရားစြဲထားသည္ ။ ယခု ႐ုံးထုတ္စစ္ေဆးေန သည့္ အမႈမ်ားအျပင္ နႏၵမာလာ ကို အမႈဖြင့္လိုသူ ၂၀ ဦးခန႔္ ေပၚ ထြက္လာသည္။

လက္ရွိတြင္ ၎တို႔အနက္ အခ်ိဳ႕သည္ ေရွ႕ေနႏွင့္ တိုင္ပင္ေနၿပီး မဂၤလာဒုံၿမိဳ႕နယ္ ရဲစခန္းႏွင့္ လႈိင္ၿမိဳ႕နယ္ရဲစခန္း တြင္ နႏၵမာလာကို အမႈဖြင့္ထား သူ ရွစ္မႈခန႔္ရွိသည္။ ထို႔ျပင္ အမႈ ဖြင့္ရန္ စိစစ္ေနသည္မ်ားလည္း ရွိသည္ဟု မဂၤလာဒုံၿမိဳ႕နယ္စခန္း မႉး ရဲအုပ္ေအာင္သန္းဦးက ေျပာသည္။

Source : 7day ၊ xyznews

(Unicode)

နန္ဒမာလာက သူမအား အာမခံပေးရန် တရားရုံးအတွင်း အော်ဟစ် ခြိမ်းခြောက်နေ

နန္ဒမာလာထံတွင် ငွေကြေးနစ်နာသူ များက ၎င်းတို့ နန္ဒမာလာနှင့် ချုပ်ဆိုထားသော စာချုပ်များကို ဇန်နဝါရီ ၆ ရက်က ပြသနေစဉ် (ဓာတ်ပုံ − ဟိန်းသာ) ကျပ်သိန်းပေါင်းများစွာ လိမ်လည်မှုဖြင့် တရားစွဲဆိုခံထား ရသည့် နန္ဒမာလာကို ယမန်နေ့က တရားရုံးနှစ်ခုတွင် ရုံးထုတ်ရာ ၎င်းကို အာမခံပေးရန် တရားရုံး နှစ်ခုစလုံး၌ အော်ဟစ်ခြိမ်းခြောက် ခဲ့သည်။ လက်ရှိတွင် နန္ဒမာလာ(ခ) ထန်ဏီဝင်းပြည့်ကို တရားရုံးချုပ် အမိန့်ဖြင့် အင်းစိန်ထောင်၌ ထိန်း သိမ်းထားပြီး အာမခံပေး၊ မပေး ဇန်နဝါရီ ၁၅ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။

ယမန်နေ့ ဇန်နဝါရီ ၇ ရက် နံနက်တွင် နန္ဒမာလာကို လိမ် လည်မှုပုဒ်မ ၄၂၀ ဖြင့် လှိုင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး နန္ဒမာ လာက အာမခံ လျှောက်ထားခဲ့ သည်။ အမှုစစ် တရားသူကြီးက လတ်တလောတွင် ချုပ်မိန့်ဖြင့် ထားရှိကာ အာမခံကို စိစစ်ပြီး လာမည့် ၁၅ ရက်၌ အမိန့်ချမည်ဟု ပြောရာ နန္ဒမာလာက တရားသူကြီးကို အော်ဟစ် ခြိမ်းခြောက်ခဲ့ သည်။

လူသတ်မှုကိုပင် အာမခံပေး ကြောင်း၊ ယခုအမှုကို မပေး၍ မရကြောင်း၊ ယခုတရားသူကြီး လာဘ်စားထားကြောင်း၊ အာမခံ မပေးပါက တရားသူကြီးအ ကြောင်းကို ဖွမည်ဖြစ်ကြောင်း နန္ဒမာလာက တရားခွင်တွင် အော် ဟစ်ပြောဆိုကာ စာရွက်စာတမ်းဖိုင် များပါ လွှင့်ပစ်ခဲ့သည် ။

အမှုစစ် တရားသူကြီး ဦးအောင်မြင့်သန်းက ယခုကဲ့သို့ ဖြစ်ရပ်သည် တရားရုံးမထီမဲ့မြင် သဘော သက်ရောက်နေသော် လည်း သာမန်အရပ်သားဖြစ်နေ ပြီး ဥပဒေကို နားမလည်၍ ဖြစ်နိုင် ကြောင်း 7 day သတင်း ထောက်အား ပြောသည် ။

‘‘ သူကလည်း လက်ရှိ အမှု ရင်ဆိုင်နေရပြီဆိုတော့ သူ့ခံစားချက် ရှိနေမှာပါပဲ ’’ ဟု ၎င်းက ပြော သည် ။ ယင်းသို့ ရုံးထုတ်သည့် လှိုင်မြို့နယ် တရားရုံးသို့ ၎င်းထံမှ ငွေ ကြေးရရန် ရှိသူများ လာရောက်ခဲ့ ပြီး အမှု ထပ်မံ ဖွင့်သူများလည်း ရှိသည်။ ထို့အပြင် နန္ဒမာလာကို နေ့ လယ်တွင် မင်္ဂလာဒုံမြို့နယ်တရား ရုံး၌ လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ရုံးထုတ်ရာ တွင်လည်း ထိုကဲ့သို့ အော်ဟစ်ပြောဆို ခဲ့သည် ။

‘‘ သူက အဓိကအာမခံ ရချင် တာပေါ့။ အာမခံမပေးရင် အော် ဟစ်သောင်းကျန်းမယ်လို့ ကြံစည် လာပုံရပါတယ်။ ဒါကြောင့်လည်း တရားသူကြီးက အာမခံ စိစစ်မယ် ပြောရုံရှိသေးတယ် ချက်ချင်း မပေးရကောင်းလား ဆိုပြီး ထပြီး သောင်းကျန်းတာပါ ’’ ဟု ဥပဒေ အရာရှိတစ်ဦးက ပြောသည် ။ နန္ဒမာလာကို လှိုင်နှင့် မင်္ဂလာ ဒုံတရားရုံးတွင် နောက်ရုံးချိန်း ဇန်နဝါရီ ၁၅ ရက်သို့ ချိန်းဆိုထားပြီး မန္တလေးမြို့ မဟာအောင်မြေ တရားရုံးတွင် လိမ်လည်မှုဖြင့် ဇန်နဝါရီ ၉ ရက်တွင် စစ်ဆေးမည် ဖြစ်သည်။

ယောဂီဝတ် နန္ဒမာလာကို လှိုင်မြို့နယ်တွင် ရွှေကိန္နရီခရီး သွားလုပ်ငန်းမှ ဦးနေမျိုးနိုင်က ကျပ်သိန်းထောင်ချီလိမ်လည်မှု ဖြင့် တရားစွဲထားခြင်း ျဖစ်သည် ။ မင်္ဂလာဒုံမြို့နယ်တွင် စီးပွားရေး လုပ်ငန်းရှင် မသန္တာဦးကလည်း ကျပ်သိန်းတစ်ထောင်ကျော် လိမ် လည်မှုဖြင့် ၎င်းကို တရားစွဲထားသည် ။ ယခု ရုံးထုတ်စစ်ဆေးနေ သည့် အမှုများအပြင် နန္ဒမာလာ ကို အမှုဖွင့်လိုသူ ၂၀ ဦးခန့် ပေါ် ထွက်လာသည်။

လက်ရှိတွင် ၎င်းတို့အနက် အချို့သည် ရှေ့နေနှင့် တိုင်ပင်နေပြီး မင်္ဂလာဒုံမြို့နယ် ရဲစခန်းနှင့် လှိုင်မြို့နယ်ရဲစခန်း တွင် နန္ဒမာလာကို အမှုဖွင့်ထား သူ ရှစ်မှုခန့်ရှိသည်။ ထို့ပြင် အမှု ဖွင့်ရန် စိစစ်နေသည်များလည်း ရှိသည်ဟု မင်္ဂလာဒုံမြို့နယ်စခန်း မှူး ရဲအုပ်အောင်သန်းဦးက ပြောသည်။

Source : 7day ၊ xyznews