YBS မ်ားတြင္ ကတ္စနစ္ တပ္ဆင္ၿပီးပါက ၿမိဳ႕ပတ္ယာဥ္လိုင္းသုံးလိုင္းကို ယာဥ္စီးခ ၁၀ဝ က်ပ္သာ ေကာက္ခံမည္

0
71

(Zawgyi)

YBS မ်ားတြင္ ကတ္စနစ္ တပ္ဆင္ၿပီးပါက ၿမိဳ႕ပတ္ယာဥ္လိုင္းသုံးလိုင္းကို ယာဥ္စီးခ ၁၀ဝ က်ပ္သာ ေကာက္ခံမည္

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနသည့္ YBS ယာဥ္လိုင္းမ်ားတြင္ YPS (Yangon payment system) ယာဥ္စီးခေပးကတ္စနစ္ကို MIC ခြင့္ျပဳခ်က္ရရွိၿပီးပါက တပ္ဆင္အသုံးျပဳမည္ျဖစ္ရာ ၿမိဳ႕တြင္းပတ္ေျပးဆြဲေနသည့္ YBSယာဥ္လိုင္းသုံးလိုင္းအား ယာဥ္စီးခ ၁၀ဝ က်ပ္သာ ပိုင္းျဖတ္ေကာက္ခံသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႉ အာဏာပိုင္အဖြဲ႕မွ ဇန္နဝါရီ ၇ ရက္တြင္ သိရသည္။

YPSကတ္စနစ္ လုပ္ေဆာင္ရန္ Asia Starmar Transport Intelligent တင္ဒါေအာင္ျမင္ထားသည့္ ကုမၸဏီ ႏွင့္ MoU လက္မွတ္ေရးထိုးၿပီးစီးၿပီျဖစ္သည္။

သို႔ျဖစ္ရာ MIC ခြင့္ျပဳခ်က္က်ပါက မၾကာခင္ YBS ကားမ်ားတြင္ ကတ္စနစ္မ်ားတပ္ဆင္အသုံးျပဳ သြားမည္ျဖစ္သည္။

” YBS ကားေတြမွာ ယာဥ္စီးခ ေပးေခ်တဲ့ YPS ကတ္စနစ္ တပ္ဆင္အသုံးျပဳဖို႔လုပ္ေနပါၿပီ။ ကုမၸဏီ နဲ႔စာခ်ဴပ္ခ်ဴပ္ၿပီးသြားၿပီ။ MIC ခြင့္ျပဳခ်က္က်တာနဲ႔ ပစၥည္းေတြဝယ္ယူတပ္ဆင္အသုံးျပဳတာေတြစလုပ္မယ္။ၿမိဳ႕တြင္းပတ္ေျပးဆြဲေနတဲ့ ယာဥ္လိုင္းသုံးလိုင္းက လက္ရွိေကာက္ခံေနတဲ့ ၁၀ဝ က်ပ္ႏႉန္းပဲ ေကာက္ခံသြားမယ္။”ဟု ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႉ အာဏာပိုင္အဖြဲ႕တာဝန္ရွိသူတစ္ဦးက ဇန္နဝါရီ ၇ ရက္တြင္ ျမန္မာတိုင္းမ္ေန႔စဥ္သို႔ ေျပာၾကားသည္။

ကတ္စနစ္အား ခရီးစဥ္အကြာအေဝးအလိုက္ႏႉန္းထားသတ္မွတ္ပိုင္းျဖတ္ရန္ ယာဥ္လိုင္း ကုမၸဏီႀကီးမ်ားက အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႉ အာဏာပိုင္အဖြဲ႕ YRTA သို႔ တင္ျပထားရွိေၾကာင္း ယာဥ္လိုင္းေျပးဆြဲသည့္ကုမၸဏီႀကီးတစ္ခုက ဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၿပီးခဲ့သည့္ ေမလ ၁၇ ရက္တြင္ က်င္းပခဲ့သည့္ အစည္းအေဝး အမွတ္ (၂၀/၂၀၁၈) ဆုံးျဖတ္ခ်က္ အပိုဒ္ ၇၉ အရ Asia starmar Transport intelligent ကုမၸဏီကို YPS ကတ္စနစ္တင္ဒါေအာင္ျမင္သူအျဖစ္ေ႐ြးခ်ယ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

TheMyanmarTimes

(Unicode)

YBS များတွင် ကတ်စနစ် တပ်ဆင်ပြီးပါက မြို့ပတ်ယာဉ်လိုင်းသုံးလိုင်းကို ယာဉ်စီးခ ၁၀ဝ ကျပ်သာ ကောက်ခံမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် YPS (Yangon payment system) ယာဉ်စီးခပေးကတ်စနစ်ကို MIC ခွင့်ပြုချက်ရရှိပြီးပါက တပ်ဆင်အသုံးပြုမည်ဖြစ်ရာ မြို့တွင်းပတ်ပြေးဆွဲနေသည့် YBSယာဉ်လိုင်းသုံးလိုင်းအား ယာဉ်စီးခ ၁၀ဝ ကျပ်သာ ပိုင်းဖြတ်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့မှ ဇန်နဝါရီ ၇ ရက်တွင် သိရသည်။

YPSကတ်စနစ် လုပ်ဆောင်ရန် Asia Starmar Transport Intelligent တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ နှင့် MoU လက်မှတ်ရေးထိုးပြီးစီးပြီဖြစ်သည်။

သို့ဖြစ်ရာ MIC ခွင့်ပြုချက်ကျပါက မကြာခင် YBS ကားများတွင် ကတ်စနစ်များတပ်ဆင်အသုံးပြု သွားမည်ဖြစ်သည်။

” YBS ကားတွေမှာ ယာဉ်စီးခ ပေးချေတဲ့ YPS ကတ်စနစ် တပ်ဆင်အသုံးပြုဖို့လုပ်နေပါပြီ။ ကုမ္ပဏီ နဲ့စာချူပ်ချူပ်ပြီးသွားပြီ။ MIC ခွင့်ပြုချက်ကျတာနဲ့ ပစ္စည်းတွေဝယ်ယူတပ်ဆင်အသုံးပြုတာတွေစလုပ်မယ်။မြို့တွင်းပတ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းသုံးလိုင်းက လက်ရှိကောက်ခံနေတဲ့ ၁၀ဝ ကျပ်နှူန်းပဲ ကောက်ခံသွားမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၇ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။

ကတ်စနစ်အား ခရီးစဉ်အကွာအဝေးအလိုက်နှူန်းထားသတ်မှတ်ပိုင်းဖြတ်ရန် ယာဉ်လိုင်း ကုမ္ပဏီကြီးများက အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ YRTA သို့ တင်ပြထားရှိကြောင်း ယာဉ်လိုင်းပြေးဆွဲသည့်ကုမ္ပဏီကြီးတစ်ခုက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး အမှတ် (၂၀/၂၀၁၈) ဆုံးဖြတ်ချက် အပိုဒ် ၇၉ အရ Asia starmar Transport intelligent ကုမ္ပဏီကို YPS ကတ်စနစ်တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

TheMyanmarTimes

LEAVE A REPLY

Please enter your comment!
Please enter your name here