႐ုပ္ရည္ေခ်ာေမာတဲ့ အမ်ိဳးသားမ်ားဟာ အလုပ္ခြင္မွာ အတိုက္အခိုက္ ပိုမ်ားေၾကာင္း ေတြ႕ရွိရ

0
117

(Zawgyi)

႐ုပ္ရည္ေခ်ာေမာတဲ့ အမ်ိဳးသားမ်ားဟာ အလုပ္ခြင္မွာ အတိုက္အခိုက္ ပိုမ်ားေၾကာင္း ေတြ႕ရွိရ

ဒီ သုေတသန စစ္တမ္း ကိုေတာ့ လန္ဒန္က စီမံခန႔္ခြဲေရး တကၠသိုလ္ေကာလိပ္ နဲ႔ အေမရိကန္ျပည္ရဲ႕ ေမရီလန္းတကၠသိုလ္က ပညာရွင္ေတြက ေလ့လာ ျပဳစုခဲ့တာ ျဖစ္ပါတယ္ ။ ေယာက္်ား ပီသၿပီး ႐ုပ္ရည္ အလြန္ ေခ်ာေမာခန႔္ညားတဲ့ အမ်ိဳးသားေတြဟာ လုပ္ငန္းခြင္မွာ အခက္အခဲ ပိုေတြ႕ ႏိုင္တယ္၊ ထိုးႏွက္မႈနဲ႔ အတိုက္အခိုက္ ပိုမ်ားတတ္ ပါတယ္လို႔ ဆိုထား ပါတယ္။

ေတာ္ေတာ္ေတာ့ အံ့ၾသစရာေကာင္းတဲ့ အေျဖျဖစ္ၿပီး ေနာက္ကြယ္က အေၾကာင္းရင္းေတြ ကေတာ့ အတူတူ အလုပ္ တြဲလုပ္ရတဲ့ ကိုယ့္အထက္ အရာရွိ ေယာက်ာၤးသားေတြရဲ႕ အမ်က္ရွမႈ၊ မႏွစ္လိုမႈ၊ အမုန္းစြဲေတြ နဲ႔ ေနရာမေပးမႈ၊ မိမိေနရာ အတြက္ အၿပိဳင္အဆိုင္ မျဖစ္လာေအာင္ ခ်ိဳးႏွိမ္ထားမႈ စတာေတြကို ႀကဳံေတြ႕ ႏိုင္ရတာမ်ိဳး ပါပဲ ။

ကိုယ့္အစြမ္းအစကို ျပည့္ျပည့္ဝဝ ထုတ္သုံးခြင့္ရမယ့္ ေနရာေကာင္းေတြကို ႐ုပ္ေခ်ာတဲ့ အမ်ိဳးသားေတြက လုပ္ငန္းခြင္မွာ လြယ္လြယ္ ကူကူ မရတတ္ၾက ပါဘူးတဲ့ ။ ေမရီလန္း တကၠသိုလ္က ပါေမာကၡ Sun Young Lee ကေတာ့ ဒီလို ရွင္းျပသြားခဲ့ ပါတယ္ ။

” ကုမၸဏီ မန္ေနဂ်ာေတြ ကိုယ္တိုင္ကိုက လုပ္ငန္းခြင္တြင္း ၿပိဳင္ဆိုင္မႈ မ်ားလာေစမယ့္ ႐ုပ္ရည္ေခ်ာေမာခန႔္ညားတဲ့ အမ်ိဳးသားေတြကို မလိုလားၾက ပါဘူး။ ဒါဟာ ေရွး႐ိုးစြဲစိတ္ အခံေတြလို႔လဲ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ ႐ုပ္ေခ်ာတဲ့ သူေတြကို ဝန္ထမ္းခန႔္ဖို႔ တြန႔္ဆုတ္တတ္ ၾကတယ္ ”

ဒီလိုအျဖစ္မ်ိဳးက သက္ေရာက္မႈ ႀကီးၿပီး ေနရာစုံ အလႊာစုံ အျပင္ကို ေဟာလိဝုဝ္ ႐ုပ္ရွင္ေလာကမွာပါ ႀကဳံေတြ႕ၾကရတာ ျဖစ္ပါတယ္။ မင္းသား Rob Lowe က သူငယ္႐ြယ္စဥ္က ႐ုပ္ရွင္ေလာကမွာ အေတြ႕အ ႀကဳံ ရလာခဲ့တဲ့ ျဖစ္စဥ္ေတြကို အခုလို ေျပာျပခဲ့ဖူးပါတယ္။

” ၾကည့္ေကာင္းၿပီး ေခ်ာေမာတဲ့ မင္းသားေတြ ဆိုရင္ သူတိ့ုက မေလးနက္ဘူး၊ အလုပ္ေပၚ သက္ဝင္မႈ မရွိၾကဘူးလို႔ ထင္ၾကတယ္။ ျဖဴျဖဴေခ်ာေခ်ာ ျဖစ္ေနေတာ့ကာ အေပၚယံ ဆန္ဆန္ပဲ အၾကမ္း မခံႏိုင္ဘူး၊ ပင္ပင္ပန္းပန္း မလုပ္ႏိုင္ေလာက္ဘူး၊ လက္ေၾကာ မတင္းဘူး ထင္ၾကတယ္ ။

သူတို႔ လိုသလို အနာခံၿပီး သ႐ုပ္ မေဆာင္ႏိုင္ဘူးလို႔ ခပ္လွ်မ္းလွ်မ္း ေတြးၾကတယ္။ အေပၚယံ အလွအပ ေလာက္နဲ႔သာ အရည္အခ်င္းကို ေပါ့ေပါ့ တန္တန္ တြက္သြား ၾကတယ္ ။ အခုေတာ့ ဒီလို ေနရာေတြကို ကြၽန္ေတာ္ေကာင္းေကာင္း သ႐ုပ္ေဆာင္ ေနၿပီေလ။ လူေတြကလဲ ႏွစ္လိုခ်စ္ခင္ၾကတယ္။ ကြၽန္ေတာ္ ဆယ္ေက်ာ္သက္တုန္း ကေတာ့ တကယ္ကို ေခ်ာခဲ့တာပါ ”

ZAW (H2H)

(Unicode)

ရုပ်ရည်ချောမောတဲ့ အမျိုးသားများဟာ အလုပ်ခွင်မှာ အတိုက်အခိုက် ပိုများကြောင်း တွေ့ရှိရ

ဒီ သုတေသန စစ်တမ်း ကိုတော့ လန်ဒန်က စီမံခန့်ခွဲရေး တက္ကသိုလ်ကောလိပ် နဲ့ အမေရိကန်ပြည်ရဲ့ မေရီလန်းတက္ကသိုလ်က ပညာရှင်တွေက လေ့လာ ပြုစုခဲ့တာ ဖြစ်ပါတယ် ။ ယောက်ျား ပီသပြီး ရုပ်ရည် အလွန် ချောမောခန့်ညားတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာ အခက်အခဲ ပိုတွေ့ နိုင်တယ်၊ ထိုးနှက်မှုနဲ့ အတိုက်အခိုက် ပိုများတတ် ပါတယ်လို့ ဆိုထား ပါတယ်။

တော်တော်တော့ အံ့သြစရာကောင်းတဲ့ အဖြေဖြစ်ပြီး နောက်ကွယ်က အကြောင်းရင်းတွေ ကတော့ အတူတူ အလုပ် တွဲလုပ်ရတဲ့ ကိုယ့်အထက် အရာရှိ ယောကျာၤးသားတွေရဲ့ အမျက်ရှမှု၊ မနှစ်လိုမှု၊ အမုန်းစွဲတွေ နဲ့ နေရာမပေးမှု၊ မိမိနေရာ အတွက် အပြိုင်အဆိုင် မဖြစ်လာအောင် ချိုးနှိမ်ထားမှု စတာတွေကို ကြုံတွေ့ နိုင်ရတာမျိုး ပါပဲ ။

ကိုယ့်အစွမ်းအစကို ပြည့်ပြည့်ဝဝ ထုတ်သုံးခွင့်ရမယ့် နေရာကောင်းတွေကို ရုပ်ချောတဲ့ အမျိုးသားတွေက လုပ်ငန်းခွင်မှာ လွယ်လွယ် ကူကူ မရတတ်ကြ ပါဘူးတဲ့ ။ မေရီလန်း တက္ကသိုလ်က ပါမောက္ခ Sun Young Lee ကတော့ ဒီလို ရှင်းပြသွားခဲ့ ပါတယ် ။

” ကုမ္ပဏီ မန်နေဂျာတွေ ကိုယ်တိုင်ကိုက လုပ်ငန်းခွင်တွင်း ပြိုင်ဆိုင်မှု များလာစေမယ့် ရုပ်ရည်ချောမောခန့်ညားတဲ့ အမျိုးသားတွေကို မလိုလားကြ ပါဘူး။ ဒါဟာ ရှေးရိုးစွဲစိတ် အခံတွေလို့လဲ ဆိုနိုင်ပါတယ်။ ဒါကြောင့် ရုပ်ချောတဲ့ သူတွေကို ဝန်ထမ်းခန့်ဖို့ တွန့်ဆုတ်တတ် ကြတယ် ”

ဒီလိုအဖြစ်မျိုးက သက်ရောက်မှု ကြီးပြီး နေရာစုံ အလွှာစုံ အပြင်ကို ဟောလိဝုဝ် ရုပ်ရှင်လောကမှာပါ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ မင်းသား Rob Lowe က သူငယ်ရွယ်စဉ်က ရုပ်ရှင်လောကမှာ အတွေ့အ ကြုံ ရလာခဲ့တဲ့ ဖြစ်စဉ်တွေကို အခုလို ပြောပြခဲ့ဖူးပါတယ်။

” ကြည့်ကောင်းပြီး ချောမောတဲ့ မင်းသားတွေ ဆိုရင် သူတိ့ုက မလေးနက်ဘူး၊ အလုပ်ပေါ် သက်ဝင်မှု မရှိကြဘူးလို့ ထင်ကြတယ်။ ဖြူဖြူချောချော ဖြစ်နေတော့ကာ အပေါ်ယံ ဆန်ဆန်ပဲ အကြမ်း မခံနိုင်ဘူး၊ ပင်ပင်ပန်းပန်း မလုပ်နိုင်လောက်ဘူး၊ လက်ကြော မတင်းဘူး ထင်ကြတယ် ။

သူတို့ လိုသလို အနာခံပြီး သရုပ် မဆောင်နိုင်ဘူးလို့ ခပ်လျှမ်းလျှမ်း တွေးကြတယ်။ အပေါ်ယံ အလှအပ လောက်နဲ့သာ အရည်အချင်းကို ပေါ့ပေါ့ တန်တန် တွက်သွား ကြတယ် ။ အခုတော့ ဒီလို နေရာတွေကို ကျွန်တော်ကောင်းကောင်း သရုပ်ဆောင် နေပြီလေ။ လူတွေကလဲ နှစ်လိုချစ်ခင်ကြတယ်။ ကျွန်တော် ဆယ်ကျော်သက်တုန်း ကတော့ တကယ်ကို ချောခဲ့တာပါ ”

ZAW (H2H)

LEAVE A REPLY

Please enter your comment!
Please enter your name here