ဘတ္ဂ်က္ မေလာက္ဘဲ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ မရိုက္သင့္ဘူး ဆိုတဲ့ ဇဏ္ခီ

0
409

(Zawgyi)

ဘတ္ဂ်က္ မေလာက္ဘဲ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ မရိုက္သင့္ဘူး ဆိုတဲ့ ဇဏ္ခီ

ဇဏ္ခီဟာ ဆိုရင္ ရုပ္ရွင္ကားၾကီး အနည္းငယ္သာ ရိုက္ရေသးေပမယ့္ ရိုက္ျပီးသြားတဲ့ ရုပ္ရွင္ကားေတြမွာ ပရိသတ္အားေပးမႈ အျပည့္အဝ ရရွိခဲ့သလို တစ္နိုင္ငံလံုးရဲ႕ ယံုၾကည္ကုိးစားမႈေတြကုိ ပါရရွိခဲ့တဲ့ မင္းသား တစ္ေယာက္ ျဖစ္ပါတယ္။ ဇဏ္ခီက မၾကာေသးမီက မီဒီယာေတြနဲ႔ Interview မွာ လတ္တေလာ အနုပညာ လႈပ္ရွားမႈေတြနဲ႔ ဗိုလ္ခ်ဳပ္ရုပ္ရွင္ အေပၚအျမင္ကုိ ေျပာျပသြား ပါတယ္။

ဇဏ္ခီက လတ္တေလာ အနုပညာ လႈပ္ရွားမႈ အေနနဲ႔ ရုိက္ဖို႔စီထားတဲ့ ရုပ္ရွင္ကားေတြ အေၾကာင္း “ လတ္တေလာ ကြ်န္ေတာ္တို႔ ရုိက္ဖို႔ စီထားတဲ့ ရုပ္ရွင္ကားေတြ ထဲမွာ သမိုင္းနဲ႔ ပတ္သက္တာေတာ့ မရွိဘူး။ ဒါေပမယ့္ culture နဲ႔ ပတ္သက္တာေတာ့ ရွိတယ္ေပါ့ေနာ္။ အားလံုး သိၾကတဲ့ အတုိင္းပဲ ေတာမင္းသမီး ကုိေတာ့ ဝယ္ထားတယ္ေပါ့။ သမိုင္းနဲ႔ ပတ္သက္တဲ့ ကားက ေနာက္ပုိင္းမွာေတာ့ ရုိက္ဖို႔ စီစဥ္ထားတယ္ေပါ့။ script ရယ္ လို႔ေတာ့ ေသေသခ်ာခ်ာ မေရးရေသးဘူး”လို႔ ေျဖၾကားထားပါတယ္။

သမိုင္းနဲ႔ ပတ္သက္တဲ့ ကားကုိ ရိုက္ခ်င္တဲ့ ပံုစံကုိေတာ ့ဇဏ္ခီက “ေခတ္သံုးေခတ္ေလာက္ကုိ ကြ်န္ေတာ္တို႔ ပါခ်င္တယ္။ အဲ့ဒီကားထဲမွာ ပါေတာ္မႈကေန စျပီးေတာ့ ျပီးရင္ နယ္ခ်ဲ႕ကိစၥလာမယ္ ။ျပီးေတာ့ မ်က္ေမွာက္အထိ ဘယ္လို ေရာက္လာလဲ ဆိုတာကုိ သံုးခုေပါင္းျပီးေတာ့ တစ္ကားေပ့ါ။ ဒါမွမဟုတ္လည္း နွစ္ကားျဖစ္မလားေပါ့။ အဲ့လုိမ်ိဳးေတာ့ စိတ္ကူးေလးေတာ့ ရွိတယ္။ ဒါေပမယ့္ အဲဒီ project က အၾကီးၾကီးျဖစ္မွာ ဆိုေတာ့ေလ ။ ဒီသံုးေလးငါးနွစ္ မွာေတာ့ မျဖစ္နိုင္ေလာက္ေသးဘူး ဒါေပမယ့္ ေခါင္းထဲမွာေတာ့ ရွိတယ္”လို႔ ေျပာျပသြား ပါတယ္။

ဇဏ္ခီက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ နဲ႔ ပတ္သက္တဲ့အျမင္ကို “ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရုပ္ရွင္က ကြ်န္ေတာ္ အေျခအေန ဘယ္ေရာက္ေနလဲ ။ Direction ကဘယ္လုိ သြားေနတယ္ဆိုတာ ကြ်န္ေတာ္မသိဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ဘာမွေတာ့ ကြ်န္ေတာ္ သိပ္ျပီးမေျပာလိုဘူး ” လုိ႔ေျပာထားပါတယ္။

ဒါေပမယ့္ ဗိုလ္ခ်ဳပ္ရုပ္ရွင္ကုိ ဘတ္ဂ်က္ မလံုေလာက္ပဲနဲ႔ေတာ့ မရိုက္သင့္ေၾကာင္း “တကယ္ကိုပဲ ေခတ္အဆက္ဆက္ နယ္ခ်ဲ႕ေခတ္ကုိျပမယ္။ တကယ္ကိုျပခ်င္တယ္ ဆိုရင္ေတာ့ ဘတ္ဂ်က္ေတာ့ မလံုမေလာက္နဲ႔ေတာ့ မလုပ္လိုက္သင့္ဘူး ေပါ့ေနာ္။ ဘတ္ဂ်က္ လံုလံုေလာက္ေလာက္ ရွိတဲ့အထိ ေစာင့္ျပီးေတာ့မွ ရုိက္သင့္တယ္ ေပါ့ေနာ္။ အဲ့ေလာက္ပဲ ကြ်န္ေတာ္ေျပာခ်င္ပါတယ္ ” လို႔ ရင္ဖြင့္ထားပါတယ္။

Can’tWaitToSay

(Unicode)

ဘတ်ဂျက် မလောက်ဘဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် မရိုက်သင့်ဘူး ဆိုတဲ့ ဇဏ်ခီ

ဇဏ်ခီဟာ ဆိုရင် ရုပ်ရှင်ကားကြီး အနည်းငယ်သာ ရိုက်ရသေးပေမယ့် ရိုက်ပြီးသွားတဲ့ ရုပ်ရှင်ကားတွေမှာ ပရိသတ်အားပေးမှု အပြည့်အဝ ရရှိခဲ့သလို တစ်နိုင်ငံလုံးရဲ့ ယုံကြည်ကိုးစားမှုတွေကို ပါရရှိခဲ့တဲ့ မင်းသား တစ်ယောက် ဖြစ်ပါတယ်။ ဇဏ်ခီက မကြာသေးမီက မီဒီယာတွေနဲ့ Interview မှာ လတ်တလော အနုပညာ လှုပ်ရှားမှုတွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင် အပေါ်အမြင်ကို ပြောပြသွား ပါတယ်။

ဇဏ်ခီက လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ ရိုက်ဖို့စီထားတဲ့ ရုပ်ရှင်ကားတွေ အကြောင်း “ လတ်တလော ကျွန်တော်တို့ ရိုက်ဖို့ စီထားတဲ့ ရုပ်ရှင်ကားတွေ ထဲမှာ သမိုင်းနဲ့ ပတ်သက်တာတော့ မရှိဘူး။ ဒါပေမယ့် culture နဲ့ ပတ်သက်တာတော့ ရှိတယ်ပေါ့နော်။ အားလုံး သိကြတဲ့ အတိုင်းပဲ တောမင်းသမီး ကိုတော့ ဝယ်ထားတယ်ပေါ့။ သမိုင်းနဲ့ ပတ်သက်တဲ့ ကားက နောက်ပိုင်းမှာတော့ ရိုက်ဖို့ စီစဉ်ထားတယ်ပေါ့။ script ရယ် လို့တော့ သေသေချာချာ မရေးရသေးဘူး”လို့ ဖြေကြားထားပါတယ်။

သမိုင်းနဲ့ ပတ်သက်တဲ့ ကားကို ရိုက်ချင်တဲ့ ပုံစံကိုတော့ဇဏ်ခီက “ခေတ်သုံးခေတ်လောက်ကို ကျွန်တော်တို့ ပါချင်တယ်။ အဲ့ဒီကားထဲမှာ ပါတော်မှုကနေ စပြီးတော့ ပြီးရင် နယ်ချဲ့ကိစ္စလာမယ် ။ပြီးတော့ မျက်မှောက်အထိ ဘယ်လို ရောက်လာလဲ ဆိုတာကို သုံးခုပေါင်းပြီးတော့ တစ်ကားပေ့ါ။ ဒါမှမဟုတ်လည်း နှစ်ကားဖြစ်မလားပေါ့။ အဲ့လိုမျိုးတော့ စိတ်ကူးလေးတော့ ရှိတယ်။ ဒါပေမယ့် အဲဒီ project က အကြီးကြီးဖြစ်မှာ ဆိုတော့လေ ။ ဒီသုံးလေးငါးနှစ် မှာတော့ မဖြစ်နိုင်လောက်သေးဘူး ဒါပေမယ့် ခေါင်းထဲမှာတော့ ရှိတယ်”လို့ ပြောပြသွား ပါတယ်။

ဇဏ်ခီက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် နဲ့ ပတ်သက်တဲ့အမြင်ကို “ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်က ကျွန်တော် အခြေအနေ ဘယ်ရောက်နေလဲ ။ Direction ကဘယ်လို သွားနေတယ်ဆိုတာ ကျွန်တော်မသိဘူးပေါ့နော်။ အဲဒါကြောင့် ဘာမှတော့ ကျွန်တော် သိပ်ပြီးမပြောလိုဘူး ” လို့ပြောထားပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ဘတ်ဂျက် မလုံလောက်ပဲနဲ့တော့ မရိုက်သင့်ကြောင်း “တကယ်ကိုပဲ ခေတ်အဆက်ဆက် နယ်ချဲ့ခေတ်ကိုပြမယ်။ တကယ်ကိုပြချင်တယ် ဆိုရင်တော့ ဘတ်ဂျက်တော့ မလုံမလောက်နဲ့တော့ မလုပ်လိုက်သင့်ဘူး ပေါ့နော်။ ဘတ်ဂျက် လုံလုံလောက်လောက် ရှိတဲ့အထိ စောင့်ပြီးတော့မှ ရိုက်သင့်တယ် ပေါ့နော်။ အဲ့လောက်ပဲ ကျွန်တော်ပြောချင်ပါတယ် ” လို့ ရင်ဖွင့်ထားပါတယ်။

Can’tWaitToSay

LEAVE A REPLY

Please enter your comment!
Please enter your name here