
0
163

(Zawgyi)







momolay

(Unicode)

ဆယ်ကျော်သက်တုန်းက ပုံလေးတွေ မျှဝေလိုက်တဲ့ နေခြည်ဦး

ချစ်စရာကောင်းတဲ့ Beauty Blogger မလေး နေခြည်ဦးက မိတ်ကပ် Artist အဖြစ် လူသိ များလာရသူလေး ဖြစ်ပါတယ်။ အများနဲ့ မတူတဲ့ တီထွင် ဖန်တီးမှု တွေကို ပြုလုပ်နိုင်ပြီး ပုံစံ မျိုးစုံနဲ့ မိတ်ကပ် အပြင်အဆင် တွေကို ပြင်ဆင်ခြယ်သ ပြနိုင်သူ တစ်ဦး ဖြစ်ပါတယ် ။ အဲ့ဒါကြောင့်လဲ နေခြည်ဦးကို မိန်းကလေး ပရိသတ်တွေ သာမက ယောကျာ်းလေး ပရိသတ်တွေ ပါ ချစ်ခင် အားပေးကြ တာပဲ ဖြစ်ပါတယ် ။

နေခြည်ဦးက နောက်ပိုင်းမှာ အနုပညာ လုပ်ငန်းတွေ ကိုပါ တွဲဖက် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက ၂၀၁၈ ခုနှစ် အတွင်း မှာပဲ “ ရန်သူ ” ၊ “ ဧည့်သည် ” ၊ “ အောက်ဖဲ မလှန်ကြေးနော် ” “ ခရီးသွား ကောက်ကြောင်း ”၊ “ ကိုယ်ပွား ” ၊ “ ပုရိသ ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ အဓိက သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ် ။

နေခြညဦးက လက်ရှိမှာလည်း အနုပညာ လုပ်ငန်းတွေကို ဆက်တိုက် ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက သူမ ယုံကြည်ရာ အလုပ်တွေကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သူ တဦးပါ ။

ဒီနေ့မှာတော့ နေခြည်ဦးက သူမ ငယ်စဉ်က ပုံရိပ်လေး တွေကို ပရိသတ်တွေ အတွက် မျှဝေ ပေးခဲ့ ပါတယ် ။ ဒီပုံလေးတွေမှာ နေခြည်ဦးရဲ့ မခွဲစိတ် ရသေးတဲ့ ပင်ကိုယ် သဘာဝ မျက်နှာလေးကို တွေ့ရမှာပါ ။ နေခြည်ဦးရဲ့ ဆယ်ကျော်သက် အရွယ်က ပုံလေးက ချစ်စရာလေးနော် ။

ပရိသတ်ကြီးလည်း နေခြည်ရဲ့ ငယ်စဉ်က ပုံလေးနဲ့ အခုလက်ရှိ ပုံလေး ဘယ်ဟာ ပိုလှလဲ ဆိုတာပြောပြခဲ့ ကြဦးနော် ။ဒီပိုစ့်လေးကို သဘောကျရင် Like and Share လုပ်ဖို့ မမေ့ပါနဲ့နော် ။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူး တင်ရှိ ပါတယ် ။

momolay

LEAVE A REPLY

Please enter your comment!
Please enter your name here