အျမင့္ဆံုး ေအာင္ျမင္ခ်င္ရင္ အသက္ ၂၀ ေက်ာ္မွာ ဒီအက်င့္ေတြကို စြန္႔လႊတ္လိုက္ပါ

0
240

( For Zawgyi )

အျမင့္ဆံုး ေအာင္ျမင္ခ်င္ရင္ အသက္ ၂၀ ေက်ာ္မွာ ဒီအက်င့္ေတြကို စြန္႔လႊတ္လိုက္ပါ

ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူေတြရဲ႕ေနာက္ကြယ္မွာ ခါးသီးတဲ့ စည္းကမး္ ေတြရွိပါတယ္ . . . ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးျပီး ဆႏၵကုိ သိကၡဏာနဲ႔ ထိန္းသိမ္းတတ္တဲ့ သူေတြ ၊ စိတ္ကူးအိပ္မက္ ၾကီးၾကီးမားမား ပိုင္ဆိုင္ထားတဲ့ သူေတြဟာ တစ္ခ်ိန္မွာေတာ့ တကယ့္ကို လွ်မ္းလွ်မ္း ေတာက္ေအာင္ျမင္တဲ့ သူေတြ ျဖစ္လာပါေတာ့တယ္ . . .

အခု ေဖာ္ျပေပးမွာကေတာ့ ကိုယ္ဝါသနာပါရာ လိုင္းေတြမွာ အျမင့္ဆံုးေသာ ေအာင္ျမင္မႈေတြ ရခ်င္တဲ့ သူေတြအတြက္ ၂၀ ေက်ာ္အရြယ္ကေန စတင္ ျပဳျပင္သင့္တဲ့ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္ . . . ၾကီးမားတဲ့ စိတ္ကူးေတြ ၊ အိပ္မက္ေတြရွိတဲ့ လူငယ္ေတြအတြက္ တကယ္ကို ဖတ္သင့္တဲ့ ေဆာင္းပါးေလး တစ္ပုဒ္လညး္ ျဖစ္ပါတယ္ . . .

(၁) ဆံုးျဖတ္ခ်က္ေတြကို ျပန္ရွင္းျပ မေနပါနဲ႔ေတာ့

သင္ ဘာေၾကာင့္ ဒီအရာကို ဆံုးျဖတ္ခဲ့တာလဲ ၊ ဒီလမး္ေၾကာင္းကို ေရြးခ်ယ္ခဲ့တာလည္း ဆိုတာနဲ႔ ပတ္သက္ျပီး ကုိယ့္ဘဝအတြက္ တကယ္ကို အေရးပါတဲ့ သူေတြကလြဲရင္ ရွင္းျပမေနပါနဲ႔ေတာ့ . . . ဆံုးျဖတ္ခ်က္ ခ်ခဲ့ျပီးသား ၊ ေရြးခ်ယ္ခဲ့ျပီးသား အရာေတြအတြက္ ငါမွားမ်ား မွားသြားျပီလားဆိုတဲ့ သံသယေတြ ၊ ဒြိဟ စိတ္ေတြကို ေဖ်ာက္လိုက္ပါ . . .

(၂) ရည္မွန္းခ်က္ေတြကို အာရံုစိုက္ပါ

သင့္ဘဝမွာ မေကာင္းတဲ့သူေတြ ၊ သင့္ကုိ စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့ သူေတြကုိ ႏႈတ္ဆက္လိုက္ပါေတာ့ . . . အနာဂတ္မွာ သင္လိုခ်င္တဲ့ ပန္းတိုင္ကိုသာ ေမွ်ာ္မွန္းျပီး လက္ေတြ႕ အေကာင္အထည္ ေဖာ္ဖို႔ကိုသာ စတင္ျပီး အာရံုစိုက္ပါ . . .

(၃) ေၾကကြဲစရာေတြကို ေမ့လုိက္ပါ

တိတ္ကျဖစ္ပ်က္ခဲ့တဲ့ ဝမး္နည္းစရာ ၊ ေၾကကြဲစရာ ၊ ေဆြးစရာ ၊ လြမး္စရာေတြ အားလံုးကုိ ေမ့လိုက္ပါ . . . ဒီအရာေတြက ဘဝမဟုတ္ပါဘူး . . . ဘဝတက္လမ္း္ကို ပိတ္ပင္တဲ့ အတားအဆီးေတြသာ ျဖစ္တာေၾကာင့္ ထားခဲ့လိုက္ပါေတာ့ . . .

(၄) သူမ်ားအၾကိဳက္ မေနပါနဲ႔ေတာ့

မွန္ေရွ႕မွာပဲ အခ်ိန္ေတြ ကုန္ျပီး အလွေတြျပင္ ၊ အဝတ္အစားေတြ တစ္ထည္ျပီး တစ္ထည္ေရြး ၊ ကိုယ့္ကိုယ္ကို စိတ္တိုင္းမက်တဲ့ ေန႔ေတြအားလံုးကို အဆံုးသတ္ လိုက္ပါေတာ့ . . . သူမ်ားေတြ ဘယ္လိုျမင္မွာ ၊ ဘယ္လိုေျပာမွာ စတာေတြကို ဂရုမစိုက္ပဲ သင္တကယ္ လုပ္ခ်င္စိတ္ရွိမွ လုပ္ပါ . . . သူမ်ားအၾကိဳက္ လိုက္မေနပါနဲ႔ေတာ့ . . .

(၅) ဟန္ေဆာင္တာေတြ ရပ္လုိက္ပါ

ေက်ာင္းမွာ ေပၚျပဴလာ အျဖစ္ဆံုး ေကာင္မေလး တစ္ေယာက္ေယာက္ ၊ ဒါမွမဟုတ္ နာမည္ေက်ာ္ တစ္ေယာက္ေယာက္ရဲ႕ ပံုစံတူကို လိုက္ျပီး မေနပါနဲ႔ . . . သင့္ရဲ႕ အရွိကို အရွိအတိုင္း လက္ခံတတ္ျပီး သင့္ရဲ႕ပင္ကုိယ္ သဘာဝမွာ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔၊ စိတ္ေက်နပ္ဖို႔ အခုကစျပီး သင္ယူပါ . . .

(၆) ကိုယ္ႏွစ္သက္တဲ့ အလုပ္အကိုင္ကုိပဲ ေရြးပါ

သူမ်ားေတြ မင္းသမီးျဖစ္လုိ႔ သင္ မင္းသမီးျဖစ္စရာ မလိုပါဘူး . . . သင့္ရဲ႕ ရည္မွန္းခ်က္ ၊ သင့္ရဲ႕ဘဝဟာ သင့္လက္ထဲမွာပဲရွိပါတယ္ . . . ဒါေၾကာင့္ သင္ဝါသနာ မပါေပမယ့္ ဂုဏ္ရွိေစမယ့္ အလုပ္အကိုင္ ေတြထက္ ဂုဏ္ေတြ ဘာမွ မရွိရင္ေတာင္ သင္ ႏွစ္သက္တဲ့ အလုပ္မ်ိဳးကုိပဲ ေရြးခ်ယ္ပါ . . .

(၇) ခႏၶာကုိယ္ကုိ ဂရုမစုိက္တာေတြ မလုပ္ပါနဲ႔ေတာ့

သင့္ရဲ႕ ခႏၶာကိုယ္ၾကီးဟာ အမိႈက္ပံု မဟုတ္ပါဘူး . . . ဒါေၾကာင့္ ေသေသခ်ာခ်ာ ျပဳစုတတ္ဖို႔ ၊ ေသေသခ်ာခ်ာ ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္ . . . လိုအပ္တဲ့ ေလ့က်င့္ခန္း ၊ ကိုယ္လက္ လႈပ္ရွားမႈေတြ ျပဳလုပ္ေပးတာ ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာမ်ိဳးေတြ ေရြးခ်ယ္ စားသံုးေပးတာေတြကို အခုကစျပီး လုပ္သင့္ပါျပီ . . . သင္အသက္ ၾကီးလာတဲ့အခါ ဒီအရာေတြ အတြက္ ေက်းဇူးတင္ေနမွာပါ . . .

(၈) ေပ်ာ္ရႊင္ဖို႔အတြက္ အခ်စ္လိုတယ္ ဆိုတဲ့ အေတြးမ်ိဳးမေတြးပါနဲ႔ေတာ့

သင့္ဘဝမွာ ေပ်ာ္ရႊင္မႈကို ေတြ႕ရွိရဖို႔အတြက္ ခ်စ္သူတစ္ေယာက္ လိုအပ္တယ္ ၊ မျဖစ္မေန ခ်စ္သူရွိမွ ရမယ္ဆိုတဲ့ အေတြးမ်ိဳးကို လံုးဝရပ္လုိက္ပါ . . . အမွန္တကယ္ကေတာ့ ေပ်ာ္ရႊင္မႈဆိုတာ သင့္ရဲ႕ေရြးခ်ယ္မႈပါပဲ . . . တစ္ေယာက္တည္းျဖစ္ေနရင္ေတာင္ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ သင္ယူပါ . . .

(၉) တျခားသူေတြနဲ႔ ႏိႈင္းယွဥ္ေနတာေတြ ရပ္လုိက္ပါ

သင္ဟာ ဘယ္ေတာ့မွ တျခားလူမျဖစ္သြားႏိုင္သလို ၊ တျခားသူ တစ္ေယာက္ေယာက္ကလည္း သင္ျဖစ္လာႏိုင္မွာ မဟုတ္ပါဘူး . . . ဒါေၾကာင့္ သင့္ကုိသင္ သူမ်ားေတြနဲ႔ ႏိႈင္းယွဥ္တာမ်ိဳးေတြ ရပ္လုိက္ပါ . . . သင္ဟာ ကမၻာေပၚမွာ တစ္ဦးတည္းေသာ ျပိဳင္စံရွား လူတစ္ေယာက္ ျဖစ္တယ္ဆိုတာ စတင္ လက္ခံလိုက္ပါ . . .

( For Unicode )

အမြင့်ဆုံး အောင်မြင်ချင်ရင် အသက် ၂၀ ကျော်မှာ ဒီအကျင့်တွေကို စွန့်လွှတ်လိုက်ပါ

အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်း တွေရှိပါတယ် . . . ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခဏာနဲ့ ထိန်းသိမ်းတတ်တဲ့ သူတွေ ၊ စိတ်ကူးအိပ်မက် ကြီးကြီးမားမား ပိုင်ဆိုင်ထားတဲ့ သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်း တောက်အောင်မြင်တဲ့ သူတွေ ဖြစ်လာပါတော့တယ် . . .

အခု ဖော်ပြပေးမှာကတော့ ကိုယ်ဝါသနာပါရာ လိုင်းတွေမှာ အမြင့်ဆုံးသော အောင်မြင်မှုတွေ ရချင်တဲ့ သူတွေအတွက် ၂၀ ကျော်အရွယ်ကနေ စတင် ပြုပြင်သင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ် . . . ကြီးမားတဲ့ စိတ်ကူးတွေ ၊ အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက် တကယ်ကို ဖတ်သင့်တဲ့ ဆောင်းပါးလေး တစ်ပုဒ်လည်း ဖြစ်ပါတယ် . . .

(၁) ဆုံးဖြတ်ချက်တွေကို ပြန်ရှင်းပြ မနေပါနဲ့တော့

သင်ဘာကြောင့် ဒီအရာကို ဆုံးဖြတ်ခဲ့တာလဲ ၊ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလည်း ဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ဘဝအတွက် တကယ်ကို အရေးပါတဲ့ သူတွေကလွဲရင် ရှင်းပြမနေပါနဲ့တော့ . . . ဆုံးဖြတ်ချက်ချခဲ့ပြီးသား ၊ ရွေးချယ်ခဲ့ပြီးသား အရာတွေအတွက် ငါမှားများ မှားသွားပြီလားဆိုတဲ့ သံသယတွေ ၊ ဒွိဟ စိတ်တွေကို ဖျောက်လိုက်ပါ . . .

(၂) ရည်မှန်းချက်တွေကို အာရုံစိုက်ပါ

သင့်ဘဝမှာ မကောင်းတဲ့သူတွေ ၊ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့သူတွေကို နှုတ်ဆက်လိုက်ပါတော့ . . . အနာဂတ်မှာ သင်လိုချင်တဲ့ ပန်းတိုင်ကိုသာ မျှော်မှန်းပြီး လက်တွေ့အကောင်အထည် ဖော်ဖို့ကိုသာ စတင်ပြီး အာရုံစိုက်ပါ . . .

(၃) ကြေကွဲစရာတွေကို မေ့လိုက်ပါ

တိတ်ကဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ ၊ ကြေကွဲစရာ ၊ ဆွေးစရာ ၊ လွမ်းစရာတွေ အားလုံးကို မေ့လိုက်ပါ . . . ဒီအရာတွေက ဘဝမဟုတ်ပါဘူး . . . ဘဝတက်လမ်းကို ပိတ်ပင်တဲ့ အတားအဆီးတွေသာ ဖြစ်တာကြောင့် ထားခဲ့လိုက်ပါတော့ . . .

(၄) သူများအကြိုက် မနေပါနဲ့တော့

မှန်ရှေ့မှာပဲ အချိန်တွေကုန်ပြီး အလှတွေပြင် ၊ အဝတ်အစားတွေ တစ်ထည်ပြီး တစ်ထည်ရွေး ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ နေ့တွေအားလုံးကို အဆုံးသတ်လိုက်ပါတော့ . . . သူများတွေ ဘယ်လိုမြင်မှာ ၊ ဘယ်လိုပြောမှာ စတာတွေကို ဂရုမစိုက်ပဲ သင်တကယ် လုပ်ချင်စိတ်ရှိမှ လုပ်ပါ . . . သူများအကြိုက် လိုက်မနေပါနဲ့တော့ . . .

(၅) ဟန်ဆောင်တာတွေ ရပ်လိုက်ပါ

ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံး ကောင်မလေး တစ်ယောက်ယောက် ၊ ဒါမှမဟုတ် နာမည်ကျော်တစ်ယောက်ယောက်ရဲ့ ပုံစံတူကို လိုက်ပြီး မနေပါနဲ့ . . . သင့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံတတ်ပြီး သင့်ရဲ့ပင်ကိုယ်သဘာဝမှာ ပျော်ပျော်နေတတ်ဖို့၊ စိတ်ကျေနပ်ဖို့ အခုကစပြီး သင်ယူပါ . . .

(၆) ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်ကိုပဲရွေးပါ

သူများတွေ မင်းသမီးဖြစ်လို့ သင်မင်းသမီးဖြစ်စရာမလိုပါဘူး . . . သင့်ရဲ့ ရည်မှန်းချက် ၊ သင့်ရဲ့ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ် . . . ဒါကြောင့် သင်ဝါသနာ မပါပေမယ့် ဂုဏ်ရှိစေမယ့် အလုပ်အကိုင်တွေထက် ဂုဏ်တွေဘာမှ မရှိရင်တောင် သင်နှစ်သက်တဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်ပါ . . .

(၇) ခန္ဓာကိုယ်ကို ဂရုမစိုက်တာတွေ မလုပ်ပါနဲ့တော့

သင့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ အမှိုက်ပုံ မဟုတ်ပါဘူး . . . ဒါကြောင့် သေသေချာချာ ပြုစုတတ်ဖို့ ၊ သေသေချာချာ ချစ်တတ်ဖို့ လိုအပ်ပါတယ် . . . လိုအပ်တဲ့ လေ့ကျင့်ခန်း ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးတာ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးတွေ ရွေးချယ် စားသုံးပေးတာတွေကို အခုကစပြီး လုပ်သင့်ပါပြီ . . . သင်အသက်ကြီးလာတဲ့အခါ ဒီအရာတွေအတွက် ကျေးဇူးတင်နေမှာပါ . . .

(၈) ပျော်ရွှင်ဖို့အတွက် အချစ်လိုတယ်ဆိုတဲ့ အတွေးမျိုးမတွေးပါနဲ့တော့

သင့်ဘဝမှာ ပျော်ရွှင်မှုကို တွေ့ရှိရဖို့အတွက် ချစ်သူတစ်ယောက်လိုအပ်တယ် ၊ မဖြစ်မနေ ချစ်သူရှိမှရမယ်ဆိုတဲ့ အတွေးမျိုးကို လုံးဝရပ်လိုက်ပါ . . . အမှန်တကယ်ကတော့ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပါပဲ . . . တစ်ယောက်တည်းဖြစ်နေရင်တောင် ပျော်ပျော်နေတတ်ဖို့ သင်ယူပါ . . .

(၉) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်ပါ

သင်ဟာ ဘယ်တော့မှတခြားလူမဖြစ်သွားနိုင်သလို ၊ တခြားသူ တစ်ယောက်ယောက်ကလည်း သင်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး . . . ဒါကြောင့် သင့်ကိုသင် သူများတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ရပ်လိုက်ပါ . . . သင်ဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပြိုင်စံရှား လူတစ်ယောက် ဖြစ်တယ်ဆိုတာ စတင်လက်ခံလိုက်ပါ . . .

LEAVE A REPLY

Please enter your comment!
Please enter your name here