သမီးနဲ႔ လက္ထပ္မယ့္ ဘယ္ယာက္်ားကိုမဆို ေဒၚလာသန္း ၁၈၀ ေပးမယ္ လို႔ ေဟာင္ေကာင္သူေဌးတဦးေၾကညာ

0
397

( For Zawgyi )

သမီးနဲ႔ လက္ထပ္မယ့္ ဘယ္ယာက္်ားကိုမဆို ေဒၚလာသန္း ၁၈၀ ေပးမယ္ လို႔ ေဟာင္ေကာင္သူေဌးတဦးေၾကညာ

ေဟာင္ေကာင္ ႏိုင္ငံက ဘီလီယံနာ သူေဌးတစ္ဦးျဖစ္သူ Cecil Chao Sze-tsung က သူ၏ သမီးႏွင့္ လက္ထပ္မည့္ မည္သည့္ အမ်ိဳးသားကိုမဆို ေဒၚလာ ၆၅ ဘီလီယံ တင္ေတာင္းမည္ဟု ေၾကညာထားရာကေန ေဒၚလာ ၁၈၀ ဘီလီယံထိ တိုးေပးခဲ့ပါတယ္ . . .

အဲဒီအခ်ိန္မွာ သူရဲ႕ သမီးျဖစ္သူ Gigi ဟာ အျခား အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ Sean Eva ဆိုသူနဲ႔ ရည္ငံေနၿပီး ေစ့စပ္ထားၿပီးကာစ အခ်ိန္လည္း ျဖစ္ပါတယ္ . . . သူတို႔ႏွစ္ဦးဟာ ၉ ႏွစ္ၾကာ တြဲလာခဲ့ၾကတဲ့ ခ်စ္သူေတြလည္း ျဖစ္ပါတယ္ . . . ဖခင္ျဖစ္သူက မိန္းမျခင္း ႀကိဳက္ေနၾကတဲ့ အျဖစ္ကို လက္မခံႏိုင္ပဲ သမီးျဖစ္သူကို လက္ထပ္မည့္ မည္သည့္ အမ်ိဳးသား ေယာက္်ားကိုမဆို ေဒၚလာဘီလီယံ ၁၈၀ ေပးမယ္လို႔ ကမာၻနဲ႔ အဝွမ္းမွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္ . . .

ဒီအျဖစ္အပ်က္ေလးက ၂၀၁၂ ခုႏွစ္က ျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီး အဲဒီႏွစ္မွာပဲ Gigi နဲ႔ Sean တို႔ မဂၤလာေဆာင္ခဲ့ၾကပါတယ္ . . . ဖခင္ျဖစ္သူကေတာ့ ဒီမဂၤလာပြဲကို အသိအမွတ္မျပဳပဲ သူ႔သမီးကို အပ်ိဳ လူလြတ္သဖြယ္သာ သေဘာထားခဲ့ၿပီး ေဒၚလာဘီလီယံ ၁၈၀ ေပးဖို႔ သတို႔သား အလိုရွိတယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္ . . . ဒီသတင္းဟာ အႀကီးအက်ယ္ ပ်ံ႕ႏွံ႔သြားတဲ့အတြက္ Gigi က ဖခင္ျဖစ္သူကို စိတ္ဆိုးၿပီး စကားမ်ား ရန္ျဖစ္ခဲ့ၾက ပါေသးတယ္ . . .

ႏွစ္အေတာ္ေလးၾကာ သားအဖႏွစ္ဦး အဆက္ျပတ္ေနခဲ့ၿပီး Gigi က သူ႔ဖခင္ဆီကို အိပ္ဖြင့္ေပးစားတစ္ေစာင္ ေရးသားခဲ့ၿပီး အဆိုပါစာကို တ႐ုပ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ South China Morning Post မွာ ပုံႏွိပ္ေဖာ္ျပခဲ့ပါတယ္ . . .

စာထဲမွာေတာ့ ကြၽန္မတို႔သားအဖ ႏွစ္ေယာက္ ဒီအခ်ိန္မွာ ပြင့္ပြင့္ လင္းလင္း ေျပာဖို႔ လိုေနၿပီလို႔ သူမထင္တဲ့အတြက္ ဒီစာကို ေရသားခဲ့တာလို႔ အစ ခ်ီထားပါတယ္ . . . သူမအေနနဲ႔ ဖခင္ကို ခ်စ္ခင္ၿပီး အစစ အရာရာမွာ စံထားခဲ့ၿပီး ဖခင္ကို ေပ်ာ္႐ႊင္ေစခ်င္ေၾကာင္း . . . ဒါေပမယ့္ သူမအေပၚမွာ ဖခင္တစ္ေယာက္အေနနဲ႔ ေမွ်ာ္လင့္ထားခဲ့တဲ့ ကိစၥက သူမအတြက္ အဆင္မေျပေၾကာင္း . . . သူမကိုယ္ သူမ အႀကိမ္ႀကိမ္ ျပန္သုံးသပ္ ၾကည့္ၿပီးတဲ့ေနာက္ သူမဟာ မိန္းမခ်င္း ခ်စ္ႀကိဳက္တတ္တဲ့ အမ်ိဳးသမီးျဖစ္ေနၿပီး လက္ရွိဘဝမွာလည္း စိတ္ခ်မ္းသာ ေပ်ာ္ပိုက္ေနေၾကာင္း . . . ေဟာင္ေကာင္မွာ အမ်ိဳးေကာင္းသာေတြ အမ်ားႀကီးရွိေပမယ့္ သူမအတြက္ မဟုတ္ေၾကာင္း ေရးသားခဲ့ၿပီး ေနာက္ဆုံးမွာ ခ်စ္ျခင္းတရားက ဆန္းၾကယ္တဲ့အတြက္ သူမရဲ႕ လက္ရွိ အေနအထားအေပၚ ဂုဏ္ယူ ေက်နပ္ေၾကာင္း အဆုံးသတ္ ထားပါတယ္ . . .

အဆိုပါစာနဲ႔ ပက္သက္ၿပီး ေဟာင္ေကာင္ သူေဌးႀကီး Cecil က ဘာမွျပန္လည္ တုံ႔ျပန္ျခင္း မရွိခဲ့ပါဘူး . . . ဒါေၾကာင့္ ခ်စ္ျခင္းတရားဆိုတာ လုပ္ယူလို႔လည္း မရသလို ၊ အတင္းအက်ပ္ ေစခိုင္းလို႔လည္း မရႏိုင္ပါဘူး ၊ တစ္ၿပိဳင္နက္ထဲမွာ တယ္ယူလို႔လည္း မရတဲ့ အရာတစ္ခုျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္ . . . ကိုယ္တစ္ကယ္ ခ်စ္ျမတ္ႏိုးတဲ့ သူကို ခ်စ္ပိုင္ခြင့္ ရွိတယ္ဆိုတဲ့ အေၾကာင္းကို ဖခင္ျဖစ္သူကို သိေစခ်င္ခဲ့တာ ျဖစ္ပါတယ္ . . .

ဘယ္လိုပဲ ျဖစ္ျဖစ္ သူ႔ရဲ႕ သမီးကို လက္ထပ္ယူမယ့္ ေယာက္်ားကိုေတာ့ ေဒၚလာ ၁၈၀ ဘီလီယံေပးဖို႔ သူေဌးႀကီးက ေမွ်ာ္လင့္ေနဦးမွာ ျဖစ္ပါတယ္။

popolay

( For Unicode )

သမီးနဲ့ လက်ထပ်မယ့် ဘယ်ယာက်ျားကိုမဆို ဒေါ်လာသန်း ၁၈၀ ပေးမယ် လို့ ဟောင်ကောင်သူဌေးတဦးကြေညာ

ဟောင်ကောင်နိုင်ငံက ဘီလီယံနာ သူဌေးတစ်ဦးဖြစ်သူ Cecil Chao Sze-tsung က သူ၏ သမီးနှင့် လက်ထပ်မည့် မည်သည့် အမျိုးသားကိုမဆို ဒေါ်လာ ၆၅ ဘီလီယံ တင်တောင်းမည်ဟု ကြေညာထားရာကနေ ဒေါ်လာ ၁၈၀ ဘီလီယံထိ တိုးပေးခဲ့ပါတယ် . . .

အဲဒီအချိန်မှာ သူရဲ့ သမီးဖြစ်သူ Gigi ဟာ အခြား အမျိုးသမီးတစ်ဦးဖြစ်တဲ့ Sean Eva ဆိုသူနဲ့ ရည်ငံနေပြီး စေ့စပ်ထားပြီးကာစ အချိန်လည်း ဖြစ်ပါတယ် . . . သူတို့နှစ်ဦးဟာ ၉ နှစ်ကြာ တွဲလာခဲ့ကြတဲ့ ချစ်သူတွေလည်း ဖြစ်ပါတယ် . . . ဖခင်ဖြစ်သူက မိန်းမခြင်း ကြိုက်နေကြတဲ့ အဖြစ်ကို လက်မခံနိုင်ပဲ သမီးဖြစ်သူကို လက်ထပ်မည့် မည်သည့် အမျိုးသား ယောက်ျားကိုမဆို ဒေါ်လာဘီလီယံ ၁၈၀ ပေးမယ်လို့ ကမ္ဘာနဲ့ အဝှမ်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ် . . .

ဒီအဖြစ်အပျက်လေးက ၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အဲဒီနှစ်မှာပဲ Gigi နဲ့ Sean တို့ မင်္ဂလာဆောင်ခဲ့ကြပါတယ် . . . ဖခင်ဖြစ်သူကတော့ ဒီမင်္ဂလာပွဲကို အသိအမှတ်မပြုပဲ သူ့သမီးကို အပျို လူလွတ်သဖွယ်သာ သဘောထားခဲ့ပြီး ဒေါ်လာဘီလီယံ ၁၈၀ ပေးဖို့ သတို့သား အလိုရှိတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ် . . . ဒီသတင်းဟာ အကြီးအကျယ် ပျံ့နှံ့သွားတဲ့အတွက် Gigi က ဖခင်ဖြစ်သူကို စိတ်ဆိုးပြီး စကားများ ရန်ဖြစ်ခဲ့ကြ ပါသေးတယ် . . .

နှစ်အတော်လေးကြာ သားအဖနှစ်ဦး အဆက်ပြတ်နေခဲ့ပြီး Gigi က သူ့ဖခင်ဆီကို အိပ်ဖွင့်ပေးစားတစ်စောင် ရေးသားခဲ့ပြီး အဆိုပါစာကို တရုပ်သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ် . . .

စာထဲမှာတော့ ကျွန်မတို့သားအဖ နှစ်ယောက် ဒီအချိန်မှာ ပွင့်ပွင့် လင်းလင်း ပြောဖို့ လိုနေပြီလို့ သူမထင်တဲ့အတွက် ဒီစာကို ရေသားခဲ့တာလို့ အစ ချီထားပါတယ် . . . သူမအနေနဲ့ ဖခင်ကို ချစ်ခင်ပြီး အစစ အရာရာမှာ စံထားခဲ့ပြီး ဖခင်ကို ပျော်ရွှင်စေချင်ကြောင်း . . . ဒါပေမယ့် သူမအပေါ်မှာ ဖခင်တစ်ယောက်အနေနဲ့ မျှော်လင့်ထားခဲ့တဲ့ ကိစ္စက သူမအတွက် အဆင်မပြေကြောင်း . . . သူမကိုယ် သူမ အကြိမ်ကြိမ် ပြန်သုံးသပ် ကြည့်ပြီးတဲ့နောက် သူမဟာ မိန်းမချင်း ချစ်ကြိုက်တတ်တဲ့ အမျိုးသမီးဖြစ်နေပြီး လက်ရှိဘဝမှာလည်း စိတ်ချမ်းသာ ပျော်ပိုက်နေကြောင်း . . . ဟောင်ကောင်မှာ အမျိုးကောင်းသာတွေ အများကြီးရှိပေမယ့် သူမအတွက် မဟုတ်ကြောင်း ရေးသားခဲ့ပြီး နောက်ဆုံးမှာ ချစ်ခြင်းတရားက ဆန်းကြယ်တဲ့အတွက် သူမရဲ့ လက်ရှိ အနေအထားအပေါ် ဂုဏ်ယူ ကျေနပ်ကြောင်း အဆုံးသတ် ထားပါတယ် . . .

အဆိုပါစာနဲ့ ပက်သက်ပြီး ဟောင်ကောင် သူဌေးကြီး Cecil က ဘာမှပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး . . . ဒါကြောင့် ချစ်ခြင်းတရားဆိုတာ လုပ်ယူလို့လည်း မရသလို ၊ အတင်းအကျပ် စေခိုင်းလို့လည်း မရနိုင်ပါဘူး ၊ တစ်ပြိုင်နက်ထဲမှာ တယ်ယူလို့လည်း မရတဲ့ အရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ် . . . ကိုယ်တစ်ကယ် ချစ်မြတ်နိုးတဲ့ သူကို ချစ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အကြောင်းကို ဖခင်ဖြစ်သူကို သိစေချင်ခဲ့တာ ဖြစ်ပါတယ် . . .

ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ သမီးကို လက်ထပ်ယူမယ့် ယောက်ျားကိုတော့ ဒေါ်လာ ၁၈၀ ဘီလီယံပေးဖို့ သူဌေးကြီးက မျှော်လင့်နေဦးမှာ ဖြစ်ပါတယ်။

popolay

LEAVE A REPLY

Please enter your comment!
Please enter your name here