ေသဆံုး​ၿပီးေနာက္​ ဝိညာဥ္ဘဝနဲ႔ အိမ္ထဲမွာ ၇ ရက္ေနတယ္​ဆုိတာ ဟုတ္​ ၊ မဟုတ္

0
328

( For Zawgyi )

ေသဆံုး​ၿပီးေနာက္​ ဝိညာဥ္ဘဝနဲ႔ အိမ္ထဲမွာ ၇ ရက္ေနတယ္​ဆုိတာ ဟုတ္​ ၊ မဟုတ္

မိ႐ုိးဖလာ ဗုဒၶဘာသာဝင္​ အ​ေတာ္​မ်ားမ်ားပင္​ ဘဝ​ ေဟာင္​းမွ ဘဝ သစ္​သုိ႔ ​ေျပာင္​းၾကရာ၌ ​ေသလွ်င္​​ေသျခင္​း မိမိ တုိ႔ အိမ္​မွ ထြက္​မသြားပဲ ကြန္​လြန္ ​သူတုိင္​း ၇-ရက္​လည္​​ေအာင္​ ေစာင့္​ေနသည္​ဟု ယူဆ​ေနၾကပါ၏ . . .

ထုိ႔ျပင္​ ရက္​လည္​ သပိတ္​သြတ္​ မွ သာဓု​ ေခၚကာ ​ေရာက္​ရမည့္ ဘဝကုိ ​ေျပာင္​းသြားသည္​ဟု အ​ေတြးတိမ္စြာျဖင့္​​လည္​း အထင္​လြဲ ေနၾကပါတယ္ . . . အမွန္​အားျဖင့္ ထုိသုိ႔ ထင္​ျမင္​ယူဆ​ေနျခင္​းမွာ လြဲမွာ​းေနပါတယ္ . . .

ထုိကိစၥ ႐ွင္​းလင္​းရလွ်င္ ပဋိသ​ေႏၶ စိတ္​ ​ေစတသိတ္​ႏွင့္ ကမၼဇ႐ုပ္​တုိ႔၏ ပထမဆုံး ျဖစ္​တည္​ရာ ဥပါဒ္​ခဏ ကုိ ပဋိသ​ေႏၶ ဟု​ေခၚပါ၏။ထုိ႔သုိ႔ ပဋိသ​ေႏၶ ​ေနၾက​ေသာ အမ်ဳိးအစားက ၃-မ်ဳိး႐ွိပါတယ္ . . .

၁။ သံ​ေသဒဇ ပဋိသ​ေႏၶ

၂။ ၾသပပါတိက ပဋိသ​ေႏၶ

၃။ ဂဗၻ​ေသယ်က ပဋိသ​​ေႏၶ ဆုိၿပီး၃-မ်ဳိး႐ွိပါတယ္ ​. . .

ထုိ သတၱဝါ သုံးမ်ဳိးအနက္ ​ၿပိတၱာ သရဲ ၊ မွင္​စာ ၊ တ​ေစၦ ၊ ဘီလူး အစ႐ွိတဲ့ ျပိတၱာ အမ်ဳိးအစားတုိ့က ကုိယ္​ အထင္​အ႐ွားျဖင့္ ဘြားခနဲ ​ေပၚလာၾကတဲ့ “ ၾသပပါတိက “သတၱဝါ အမ်ဳိးအစားမွာ ပါဝင္​ပါတယ္ ​. . .

ထုိ ၿပိတၱာ အမ်ဳိးအစား​ေတြကုိ “ ​ေသထရည္​ျပဳ ၊ သာဓု​ေခၚလတ္ ​၊ လႉခံျမတ္​မွ ၊ ​ေသသူရ၏ ”ဆုိတဲ့အတုိင္​း မိမိတုိ႔အတြက္​ ရည္​မွန္​းၿပီး သံဃာ​ေတာ္​ တုိ႔အား လႉဒါန္​မႈ ျပဳကာ အမွ်​ေပး​ေဝရာ၌ သာဓု​ ေခၚဆုိႏုိင္​ ခြင့္ရၿပီ ဆုိမွ ထုိၿပိတၱာ ဘုံဘဝမွ လြတ္​​ေျမာက္​ႏုိင္​ၾကမွာ ျဖစ္​ပါတယ္​ . . .

လူတစ္​​ေယာက္​ ကြယ္​လြန္​ၿပီးသည့္ေႏွာက္ ​ဝိညာဥ္​ဘဝျဖင့္ အိမ္​မွာ ၇-ရက္​ေနသည္​ဟူ​ေသာ အယူဆမွာ လုံးဝ မဟုတ္​ပါ​ေခ် . . . သုိ႔ရာတြင္​ ​ေတြး​ေခၚ ​ေျမာ္င္​ျမင္မႈ နည္​းပါးစြာျဖင့္ ကြယ္​လြန္​သူ၏ အနီးမွာ စား​ေသာက္​ဖြယ္​ရာမ်ား ျပင္​ဆင္​ထားျခင္း . . . အ​ေခါင္​းတလားကုိ သယ္​ယူသည့္ အခါမွာလည္​းပဲ အ​ေခါင္းေပၚမွာ စားၿမိန္​ စာထုပ္​ကုိ တင္​​ေပးလုိက္​ျခင္​း . . . မီးသႃဂိၤဟ္ ​ျခင္​းမျပဳပဲ အုတ္​ဂူသြင္​းသည့္ အခါ အုတ္​ဂူ တြင္းသုိ႔ အစားအ​ေသာက္​မ်ား ၊ အဝတ္​အထည္​မ်ား ထည့္​ေပးလုိက္​ျခင္​း အစ႐ွိတဲ့ ​ေကြၽး​ေမြးျခင္​း ​ေပးကမ္​းျခင္​းတုိ႔မွာ ကြန္​လြန္​သူ အဖုိ႔ စား​ေသာက္​ သုံးစြဲႏုိင္​ျခင္​း မ႐ွိသည္​့အတြက္​ အက်ဳိးမဲ့ျဖစ္​႐ုံးမကပဲ က်န္​ရစ္​သူတုိ႔ အဖုိ႔လဲ အခ်ိန္​ကုန္​ ​ေငြကုန္​ျခင္း​ သာ အဖတ္ ​တင္​ပါလိမ္​့မယ္​ . . .

ထုိ႔သုိ႔ မ​ေရာင္​ရာ ဆီးလူးမည့္အစား သံဃာ​ေတာ္​ အ႐ွင္​သူျမတ္​​ေတြကုိ ပင့္ဖိတ္​ၿပီး ပစၥည္​း​ေလးပါးကုိလႉဒါန္​းကာ ​ေရစက္​သြန္​ခ် အမွ်​ေပး​ေဝပါက ​ပတဂတိမွာ ႐ွိ​ေနၾကတဲ့ မိမိတုိရဲ႕​ သက္ဆုိင္ရာ ​​ကြယ္​လြန္​သူ​ေတြ ရႏုိင္​ၾကမွာပါလုိ႔ မွန္​ကန္​​ေသာ နည္​းစနစ္​ကုိ အၾကံျပဳရင္​း . . . ။

( For Unicode )

သေဆုံးပြီးနောက် ဝိညာဉ်ဘဝနဲ့ အိမ်ထဲမှာ ၇ ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်

ကွယ်လွန် ပြီးတဲ့နောက် ဝိညာဉ် ဘဝ နဲ့ အိမ် မှာ ၇ ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်

မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘဝ ဟောင်းမှ ဘဝ သစ်သို့ ပြောင်းကြရာ၌ သေလျှင်သေခြင်း မိမိ တို့ အိမ်မှ ထွက်မသွားပဲ ကွန်လွန် သူတိုင်း ၇-ရက်လည်အောင် စောင့်နေသည်ဟု ယူဆနေကြပါ၏ . . .

ထို့ပြင် ရက်လည် သပိတ်သွတ် မှ သာဓု ခေါ်ကာ ရောက်ရမည့် ဘဝကို ပြောင်းသွားသည်ဟု အတွေးတိမ်စွာဖြင့်လည်း အထင်လွဲ နေကြပါတယ် . . . အမှန်အားဖြင့် ထိုသို့ ထင်မြင်ယူဆနေခြင်းမှာ လွဲမှားနေပါတယ် . . .

ထိုကိစ္စ ရှင်းလင်းရလျှင် ပဋိသန္ဓေ စိတ် စေတသိတ်နှင့် ကမ္မဇရုပ်တို့၏ ပထမဆုံး ဖြစ်တည်ရာ ဥပါဒ်ခဏ ကို ပဋိသန္ဓေ ဟုခေါ်ပါ၏။ထို့သို့ ပဋိသန္ဓေ နေကြသော အမျိုးအစားက ၃-မျိုးရှိပါတယ် . . .

၁။ သံသေဒဇ ပဋိသန္ဓေ

၂။ သြပပါတိက ပဋိသန္ဓေ

၃။ ဂဗ္ဘသေယျက ပဋိသန္ဓေ ဆိုပြီး၃-မျိုးရှိပါတယ် . . .

ထို သတ္တဝါ သုံးမျိုးအနက် ပြိတ္တာ သရဲ ၊ မှင်စာ ၊ တစ္ဆေ ၊ ဘီလူး အစရှိတဲ့ ပြိတ္တာ အမျိုးအစားတို့က ကိုယ် အထင်အရှားဖြင့် ဘွားခနဲ ပေါ်လာကြတဲ့ “ သြပပါတိက “သတ္တဝါ အမျိုးအစားမှာ ပါဝင်ပါတယ် . . .

ထို ပြိတ္တာ အမျိုးအစားတွေကို “ သေထရည်ပြု ၊ သာဓုခေါ်လတ် ၊ လှူခံမြတ်မှ ၊ သေသူရ၏ ”ဆိုတဲ့အတိုင်း မိမိတို့အတွက် ရည်မှန်းပြီး သံဃာတော် တို့အား လှူဒါန်မှု ပြုကာ အမျှပေးဝေရာ၌ သာဓု ခေါ်ဆိုနိုင် ခွင့်ရပြီ ဆိုမှ ထိုပြိတ္တာ ဘုံဘဝမှ လွတ်မြောက်နိုင်ကြမှာ ဖြစ်ပါတယ် . . .

လူတစ်ယောက် ကွယ်လွန်ပြီးသည့်နှောက် ဝိညာဉ်ဘဝဖြင့် အိမ်မှာ ၇-ရက်နေသည်ဟူသော အယူဆမှာ လုံးဝ မဟုတ်ပါချေ . . . သို့ရာတွင် တွေးခေါ် မြော်င်မြင်မှု နည်းပါးစွာဖြင့် ကွယ်လွန်သူ၏ အနီးမှာ စားသောက်ဖွယ်ရာများ ပြင်ဆင်ထားခြင်း . . . အခေါင်းတလားကို သယ်ယူသည့် အခါမှာလည်းပဲ အခေါင်းပေါ်မှာ စားမြိန် စာထုပ်ကို တင်ပေးလိုက်ခြင်း . . . မီးသဂြိၤဟ် ခြင်းမပြုပဲ အုတ်ဂူသွင်းသည့် အခါ အုတ်ဂူ တွင်းသို့ အစားအသောက်များ ၊ အဝတ်အထည်များ ထည့်ပေးလိုက်ခြင်း အစရှိတဲ့ ကျွေးမွေးခြင်း ပေးကမ်းခြင်းတို့မှာ ကွန်လွန်သူ အဖို့ စားသောက် သုံးစွဲနိုင်ခြင်း မရှိသည့်အတွက် အကျိုးမဲ့ဖြစ်ရုံးမကပဲ ကျန်ရစ်သူတို့ အဖို့လဲ အချိန်ကုန် ငွေကုန်ခြင်း သာ အဖတ် တင်ပါလိမ့်မယ် . . .

ထို့သို့ မရောင်ရာ ဆီးလူးမည့်အစား သံဃာတော် အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီး ပစ္စည်းလေးပါးကိုလှူဒါန်းကာ ရေစက်သွန်ချ အမျှပေးဝေပါက ပတဂတိမှာ ရှိနေကြတဲ့ မိမိတိုရဲ့ သက်ဆိုင်ရာ ကွယ်လွန်သူတွေ ရနိုင်ကြမှာပါလို့ မှန်ကန်သော နည်းစနစ်ကို အကြံပြုရင်း . . . ။

LEAVE A REPLY

Please enter your comment!
Please enter your name here