အသားေရာင္းခ်သူ တဦးမွ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာဆို ထားတာေလးပါ

0
363

(Zawgyi)

အသားေရာင္းခ်သူ တဦးမွ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာဆို ထားတာေလးပါ

အသားေရာင္းသူ တဦးမွ ပြင့္ပြင့္ လင္းလင္း ၀န္ခံ ေျပာဆိုထားတာ ေလးပါ ။ ဒီပံုမ ောေတြ႕ရတာ ကေတာ့ ၀က္သား ထဲမွာ ကင္ဆာ ျဖစ္ေနတဲ့ အပိုင္းေလးပါ။ သူ အသားေရာင္းခဲ့တာ ႏွစ္ေပါင္း ၃၀ ရွိပါၿပီတဲ့ … အသားထဲမွာ ဒီလို ကင္ဆာျဖစ္ေနတဲ့ အပိုင္းေတြ႕ေပါင္းလဲ မ်ားေနၿပီတဲ့ … ေတြ႕ရင္လဲ ကင္ဆာ ျဖစ္ေနတဲ့အပိုင္း ကိုဘဲ ျဖတ္ထုတ္ လိုက္ၿပီး ေရာင္းလိုက္ပါ သတဲ့ … ဒီလို ျဖစ္ေနတာကို မေရာင္းသင့္ဘူး ဆိုတဲ့ ဥပေဒေတြ ဘာမွ မရွိပါဘူး တဲ့ …

က်ေနာ္လဲ စဥ္းစားမိပါတယ္ … လူေတြမွာေတာင္ ကင္ဆာ ျဖစ္ႏႈန္းက ဒီေလာက္ထိ မ်ားေနတာ ကင္ဆာျဖစ္ေစတဲ့ အစားအစာ အကုန္စားေနတဲ့ … က်န္းမာေရးနဲ႔ မညီညြတ္ေအာင္ ေကၽြးသမွ် အကုန္စားေနတဲ့ … အသားတိုးေဆးေတြ ဓာတုေဗဒ ေဆးပစၥည္းေတြ အစံုပါေနတဲ့ အစားအစာကို စားေနတဲ့ ၀က္​ေတြ မွာေတာ့ ကင္ဆာ ျဖစ္ႏႈန္းက လူေတြထက္ ပိုမ်ားလိမ့္မယ္ …

ဒီႏိုင္ငံမွာဆိုလဲ အစားအေသာက္ စံခ်ိန္စံညႊန္းကို ထိန္းေပးတဲ့ စနစ္ကလဲ ေကာင္းေကာင္း မရွိေတာ့ ကိုယ္စားေနတဲ့ အသားေတြ အစားအေသာက္ေတြက အႏ ၱရာယ္ကင္းရဲ႕လား ဆိုတာေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး …

ဟိုတေန႔ကလည္း ေတြ႕လိုက္ပါတယ္ … တိရစာၦန္ေတြမွာ ကင္ဆာျဖစ္တာ တင္မကဘဲ တီဘီေရာဂါ ျဖစ္ေနတာေတြပါ ရွိပါတယ္… ဒါေတြကိုလဲ ဒီလိုဘဲ ေရာင္းေနၾကပါသတဲ့ …

ျမန္မာႏိုင္ငံ အေနနဲ႔ေတာ့ ကင္ဆာ ျဖစ္ပြားမႈ အမ်ားဆံုး ႏိုင္ငံေတြထဲမွာ ပါေနတာလဲ မဆန္းပါဘူး… စားေသာက္ဆိုင္ေတြ ၾကည့္လိုက္ပါ … အကင္ေရာင္းတဲ့ ဆိုင္က လူေတြ အမ်ားဆံုးပါ … မာလာဟင္းနဲ႔ တြဲတဲ့ တရုတ္အကင္ဆိုင္ … ယိုးဒယားအကင္ဆိုင္ … ကိုးရီးယားအကင္ဆိုင္ … လမ္းေဘးအကင္ဆိုင္ စတာေတြ စံုစိေနပါတယ္ …

ကင္ဆာနဲ႔ ဆက္စပ္မႈ ရွိေနတဲ့ အသားေတြထဲမွာ အဆိုးဆံုးက အသားအနီေတြပါ … အသားအနီေတြကေတာ့ ႏို႔တိုက္ သတၱ၀ါေတြရဲ႕ ၾကြက္သားအနီ ပါ၀င္တဲ့ အမဲသား၊ ၀က္သား၊ သိုးသား၊ ဆိတ္သား၊ ျမင္းသား စတာေတြ ပါ၀င္ ပါတယ္ …

ေနာက္တစ္ခုက ျပဳျပင္ေျပာင္းလဲထားတဲ့ အသားေတြပါ … ဥပမာ ဆားနဲ႔ နယ္ထားတဲ့ ၀က္ေပါင္ေျခာက္ေတြ… မီးခိုး မိႈင္းတိုက္ထားတဲ့ အသားေျခာက္ေတြ … ၀က္အူေခ်ာင္းေတြ… စည္သြတ္ဘူးထဲပါတဲ့အသားေတြ စတာေတြကလဲ ကင္ဆာျဖစ္ပြားမႈ ႏႈန္းကို တိုးေစပါတယ္ … အသားေတြကို ခ်က္လုပ္တဲ့ ပံုစံေၾကာင့္လဲ ကင္ဆာ ျဖစ္ေစတဲ့ႏႈန္းကို ပိုၿပီး တိုးသြားေစပါတယ္ …

မီးအပူခ်ိန္ျမင့္ျမင့္နဲ႔ ခ်က္လုပ္တာေတြ ဥပမာ မီးနဲ႔ တိုက္ရိုက္ကင္တာ … သံျပားပူေပၚမွာ ကင္တာ စတာေတြဟာ Polycyclic aromatic hydrocarbons နဲ႔ Heterocyclic aromatic amines ဆိုတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတုေဗဒပစၥည္းေတြ ပိုထြက္လာေစလို႔ ကင္ဆာ ျဖစ္ႏိုင္ေျခကို ပိုမ်ားေစပါတယ္ … ဒီဟာေတြက အူမႀကီး ကင္ဆာနဲ႔ အစာအိမ္ ကင္ဆာေတြနဲ႔ ဆက္စပ္မႈ အမ်ားဆံုး ရွိေနပါတယ္ …

ဒီလိုမ်ိဳး ေလ့လာေတြ႕ရွိခ်က္ေတြ ထြက္လာလို႔ဘဲ တိုးတက္ၿပီးတဲ့ ႏိုင္ငံေတြမွာေတာ့ အသားစားသံုးမႈေတြကို ေလွ်ာ့ခ်ၿပီး သက္သတ္လြတ္ စားသံုးသူေတြ ပိုမိုမ်ားလာတာ ေတြ႕ရပါတယ္ …

ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြမွာေတာ့ လူအမ်ားစုဟာ အစားအေသာက္ရဲ႕ အရသာကို ဦးစားေပးၿပီး က်န္းမာေရးနဲ႔ ညီညြတ္မႈ ကိုေတာ့ သိပ္အေလးမထား ၾကေသးပါဘူး … အသား စားသည္ျဖစ္ေစ မစားသည္ ျဖစ္ေစ အာဟာရဓာတ္ မွ်တဖို႔နဲ႔ က်န္းမာတဲ့ လူေနမႈပံုစံ ေျပာင္းလဲေပးဖို႔က အေရးႀကီးဆံုး ျဖစ္ပါတယ္ …

Zane

(Unicode)

အသားရောင်းချသူ တဦးမှ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆို ထားတာလေးပါ

အသားရောင်းသူ တဦးမှ ပွင့်ပွင့် လင်းလင်း ဝန်ခံ ပြောဆိုထားတာ လေးပါ ။ ဒီပုံမ ောတွေ့ရတာ ကတော့ ဝက်သား ထဲမှာ ကင်ဆာ ဖြစ်နေတဲ့ အပိုင်းလေးပါ။ သူ အသားရောင်းခဲ့တာ နှစ်ပေါင်း ၃၀ ရှိပါပြီတဲ့ … အသားထဲမှာ ဒီလို ကင်ဆာဖြစ်နေတဲ့ အပိုင်းတွေ့ပေါင်းလဲ များနေပြီတဲ့ … တွေ့ရင်လဲ ကင်ဆာ ဖြစ်နေတဲ့အပိုင်း ကိုဘဲ ဖြတ်ထုတ် လိုက်ပြီး ရောင်းလိုက်ပါ သတဲ့ … ဒီလို ဖြစ်နေတာကို မရောင်းသင့်ဘူး ဆိုတဲ့ ဥပဒေတွေ ဘာမှ မရှိပါဘူး တဲ့ …

ကျနော်လဲ စဉ်းစားမိပါတယ် … လူတွေမှာတောင် ကင်ဆာ ဖြစ်နှုန်းက ဒီလောက်ထိ များနေတာ ကင်ဆာဖြစ်စေတဲ့ အစားအစာ အကုန်စားနေတဲ့ … ကျန်းမာရေးနဲ့ မညီညွတ်အောင် ကျွေးသမျှ အကုန်စားနေတဲ့ … အသားတိုးဆေးတွေ ဓာတုဗေဒ ဆေးပစ္စည်းတွေ အစုံပါနေတဲ့ အစားအစာကို စားနေတဲ့ ဝက်တွေ မှာတော့ ကင်ဆာ ဖြစ်နှုန်းက လူတွေထက် ပိုများလိမ့်မယ် …

ဒီနိုင်ငံမှာဆိုလဲ အစားအသောက် စံချိန်စံညွှန်းကို ထိန်းပေးတဲ့ စနစ်ကလဲ ကောင်းကောင်း မရှိတော့ ကိုယ်စားနေတဲ့ အသားတွေ အစားအသောက်တွေက အန ္တရာယ်ကင်းရဲ့လား ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး …

ဟိုတနေ့ကလည်း တွေ့လိုက်ပါတယ် … တိရစ္ဆာန်တွေမှာ ကင်ဆာဖြစ်တာ တင်မကဘဲ တီဘီရောဂါ ဖြစ်နေတာတွေပါ ရှိပါတယ်… ဒါတွေကိုလဲ ဒီလိုဘဲ ရောင်းနေကြပါသတဲ့ …

မြန်မာနိုင်ငံ အနေနဲ့တော့ ကင်ဆာ ဖြစ်ပွားမှု အများဆုံး နိုင်ငံတွေထဲမှာ ပါနေတာလဲ မဆန်းပါဘူး… စားသောက်ဆိုင်တွေ ကြည့်လိုက်ပါ … အကင်ရောင်းတဲ့ ဆိုင်က လူတွေ အများဆုံးပါ … မာလာဟင်းနဲ့ တွဲတဲ့ တရုတ်အကင်ဆိုင် … ယိုးဒယားအကင်ဆိုင် … ကိုးရီးယားအကင်ဆိုင် … လမ်းဘေးအကင်ဆိုင် စတာတွေ စုံစိနေပါတယ် …

ကင်ဆာနဲ့ ဆက်စပ်မှု ရှိနေတဲ့ အသားတွေထဲမှာ အဆိုးဆုံးက အသားအနီတွေပါ … အသားအနီတွေကတော့ နို့တိုက် သတ္တဝါတွေရဲ့ ကြွက်သားအနီ ပါဝင်တဲ့ အမဲသား၊ ဝက်သား၊ သိုးသား၊ ဆိတ်သား၊ မြင်းသား စတာတွေ ပါဝင် ပါတယ် …

နောက်တစ်ခုက ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေပါ … ဥပမာ ဆားနဲ့ နယ်ထားတဲ့ ဝက်ပေါင်ခြောက်တွေ… မီးခိုး မှိုင်းတိုက်ထားတဲ့ အသားခြောက်တွေ … ဝက်အူချောင်းတွေ… စည်သွတ်ဘူးထဲပါတဲ့အသားတွေ စတာတွေကလဲ ကင်ဆာဖြစ်ပွားမှု နှုန်းကို တိုးစေပါတယ် … အသားတွေကို ချက်လုပ်တဲ့ ပုံစံကြောင့်လဲ ကင်ဆာ ဖြစ်စေတဲ့နှုန်းကို ပိုပြီး တိုးသွားစေပါတယ် …

မီးအပူချိန်မြင့်မြင့်နဲ့ ချက်လုပ်တာတွေ ဥပမာ မီးနဲ့ တိုက်ရိုက်ကင်တာ … သံပြားပူပေါ်မှာ ကင်တာ စတာတွေဟာ Polycyclic aromatic hydrocarbons နဲ့ Heterocyclic aromatic amines ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပိုထွက်လာစေလို့ ကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေပါတယ် … ဒီဟာတွေက အူမကြီး ကင်ဆာနဲ့ အစာအိမ် ကင်ဆာတွေနဲ့ ဆက်စပ်မှု အများဆုံး ရှိနေပါတယ် …

ဒီလိုမျိုး လေ့လာတွေ့ရှိချက်တွေ ထွက်လာလို့ဘဲ တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာတော့ အသားစားသုံးမှုတွေကို လျှော့ချပြီး သက်သတ်လွတ် စားသုံးသူတွေ ပိုမိုများလာတာ တွေ့ရပါတယ် …

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ လူအများစုဟာ အစားအသောက်ရဲ့ အရသာကို ဦးစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု ကိုတော့ သိပ်အလေးမထား ကြသေးပါဘူး … အသား စားသည်ဖြစ်စေ မစားသည် ဖြစ်စေ အာဟာရဓာတ် မျှတဖို့နဲ့ ကျန်းမာတဲ့ လူနေမှုပုံစံ ပြောင်းလဲပေးဖို့က အရေးကြီးဆုံး ဖြစ်ပါတယ် …

Zane

LEAVE A REPLY

Please enter your comment!
Please enter your name here