ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္မွ လြဲ၍ တႏိုင္ငံလံုး မိုးရြာႏိုင္ေၾကာင္း သတင္းထုတ္ျပန္

0
174

(Zawgyi)

ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္မွ လြဲ၍ တႏိုင္ငံလံုး မိုးရြာႏိုင္ေၾကာင္း သတင္းထုတ္ျပန္

ကပၸလီပင္လယ္ျပင္မွာ ျဖစ္ေနတဲ့ ဆိုင္ကလုန္းမုန္တိုင္းရဲ႕ အရွိန္ေၾကာင့္ ကခ်င္နဲ႔ ရွမ္းက လြဲၿပီး တႏိုင္ငံလံုးမွာ မိုးရြာႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္ တိုင္းထြာခ်က္အရ ဆိုင္ကလုန္း မုန္တိုင္း ပါဘက္ ဟာ ျမန္မာႏိုင္ငံ ၊ ေကာ့ေသာင္းၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ မိုင္ ၇၀ ေလာက္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါတယ္။

မုန္တိုင္းရဲ႕ လက္ရွိ အေျခအေနဟာ ျမန္မာႏိုင္ငံ ဘက္ကို ဦးတည္ေရြ႕လ်ားမွာ မဟုတ္လို႔ အဝါေရာင္အဆင့္လို႔ သတ္မွတ္ထား ေပမယ့္ တနသၤာရီတိုင္းဟာ ဆိုင္ကလုန္းမုန္တိုင္းရဲ႕ အဝန္းအဝိုင္းထဲကို က်ေရာက္ေနတာေၾကာင္း မုန္တိုင္းရဲ႕ သက္ေရာက္မႈအႏၲရာယ္ကို ခံစားရႏိုင္တယ္လို႔ ဆိုပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ဒီေန႔ ေန႔လယ္ကေန ေနာက္ ၇၂ နာရီ (၃ ရက္) အတြင္း ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္တို႔က လြဲၿပီး တႏိုင္ငံလံုးမွာ ေနရာက်ဲက်ဲ ကေန ေနရာ စိပ္စိပ္ မိုးထစ္ခ်ဳန္း ရြာႏိုင္သလို တခ်ိဳ႕ေနရာေတြမွာ ေနရာကြက္ မိုးႀကီးႏိုင္တယ္လို႔ သတိေပးႏႈိးေဆာ္ ထားပါတယ္။

ၿပီးေတာ့ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႔၊ မြန္ – တနသၤာရီ ကမ္း႐ိုးတန္း တေလၽွာက္နဲ႔ ကမ္းလြန္ ပင္လယ္ျပင္တို႔မွာ တခါတရံ မိုးသက္ေလျပင္းေတြ က်ေရာက္ၿပီး လိႈင္းႀကီးႏိုင္တယ္ လို႔လည္း ဆိုပါတယ္။

မိုးသက္ေလျပင္းက်တုန္းမွာ ေရျပင္ ေျမျပင္ေလဟာ တနာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္ကေတာ့ ၈ ေပကေန ၁၀ ေပေလာက္ ရွိႏိုင္ပါတယ္။

ဆိုင္ကလုန္းမုန္တိုင္း ပါဘက္ရဲ႕ အရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္တာ၊ အခ်ိန္အခါမဟုတ္ မိုးရြာတာေတြ ျဖစ္ႏိုင္လို႔ ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔က ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္ေတြ၊ သေဘၤာေတြ အေနနဲ႔ ႀကိဳတင္ သတိျပဳ ေရွာင္ရွားၾကဖို႔လည္း အႀကံျပဳထား ပါတယ္ ။

ေနာက္ ၄၈ နာရီ အတြင္း မွာေတာ့ မုန္တိုင္းဟာ အေနာက္ေျမာက္ဘက္ကို ဆက္လက္ေရြ႕လ်ားၿပီး ကပၸလီကၽြန္းစုကို ျဖတ္ေက်ာ္ႏိုင္တယ္လို႔ ခန္႔မွန္းထား ပါတယ္ ။

မုန္တိုင္း ပါဘက္ဟာ ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီခြဲအခ်ိန္မွာ ဗဟိုခ်က္ေလဖိအား ၉၉၈ ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံး ေလတိုက္ႏႈန္း ကေတာ့ တနာရီကို မိုင္ ၅၀ ႏႈန္း ရွိေနပါတယ္။

ဒီဘြီဘီ
KT

(Unicode)

ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လွဲ၍ တနိုင်ငံလုံး မိုးရွာနိုင်ကြောင်း သတင်းထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ကချင်နဲ့ ရှမ်းက လွဲပြီး တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်း မုန်တိုင်း ပါဘက် ဟာ မြန်မာနိုင်ငံ ၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၇၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းရဲ့ လက်ရှိ အခြေအနေဟာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်လို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထား ပေမယ့် တနင်္သာရီတိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို ကျရောက်နေတာကြောင်း မုန်တိုင်းရဲ့ သက်ရောက်မှုအန္တရာယ်ကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၇၂ နာရီ (၃ ရက်) အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လွဲပြီး တနိုင်ငံလုံးမှာ နေရာကျဲကျဲ ကနေ နေရာ စိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်သလို တချို့နေရာတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်။

ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ် လို့လည်း ဆိုပါတယ်။

မိုးသက်လေပြင်းကျတုန်းမှာ ရေပြင် မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေ ဖြစ်နိုင်လို့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ ကြိုတင် သတိပြု ရှောင်ရှားကြဖို့လည်း အကြံပြုထား ပါတယ် ။

နောက် ၄၈ နာရီ အတွင်း မှာတော့ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ် ။

မုန်တိုင်း ပါဘက်ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်း ကတော့ တနာရီကို မိုင် ၅၀ နှုန်း ရှိနေပါတယ်။

ဒီဘွီဘီ
KT

LEAVE A REPLY

Please enter your comment!
Please enter your name here