လူၾကမ္းႀကီး ဦးမင္းစိန္ ရုတ္တရက္ ကြယ္လြန္ျခင္း အေၾကာင္းကို ဦးေအာင္ခိုင္ေျပာျပ

0
422

(Zawgyi)

လူၾကမ္းႀကီး ဦးမင္းစိန္ ရုတ္တရက္ ကြယ္လြန္ျခင္း အေၾကာင္းကို ဦးေအာင္ခိုင္ေျပာျပ

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ လူၾကမ္း ဦးမင္းစိန္ အသက္ (၅၆) ႏွစ္ သည္ ဇန္နဝါရီ ၅ ရက္ နံနက္ ၂ နာရီ ခြဲက ရန္ကုန္ၿမိဳ႕ ၊ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ပန္းနာရင္ၾကပ္ ေရာဂါေၾကာင့္ ခြၽဲဆို႔အေမာ ေဖာက္ေဝဒနာျဖင့္ ကြယ္လြန္ သြားေၾကာင္း ကိုလူေခ်ာအဖြဲ႕ ဥကၠဌ ဦးေအာင္ခိုင္က ျမန္မာတိုင္းမ္ေန႔စဥ္သို႔ ေျပာသည္။

“ ဦးမင္းစိန္က သူတို႔မိသားစု စားဝတ္ေနေရးအတြက္ မိုးကုတ္ကို သြားၿပီးေတာ့ အေခြေလးေတြ သြား ေရာင္းတယ္ ။ ဟိုမွာ ရာသီဥတု တအားေအးတဲ့ အခါမွာ နဂိုထဲက အဆုတ္ သိပ္မေကာင္းေတာ့ အဆုတ္ကို ထိၿပီး ေတာ့ ခြၽဲေတြ တအား ထြက္လာတယ္။ မေန႔က ေန႔လည္ပိုင္းက ရန္ကုန္ကို ျပန္ေရာက္လာတယ္။

ညေနဘက္မွာ ခ်က္ျခင္းေဆး႐ုံႀကီး တင္ခဲ့ရတယ္။ ေဆး႐ုံႀကီးမွာလည္း ခြၽဲေပ်ာ္ေဆးေတြ တိုက္ၿပီးေတာ့ အသက္ရႈ နည္းနည္း ျပန္မွန္လာတယ္။ ဦးေအာင္ခိုင္တို႔ ေရာက္တဲ့ အခ်ိန္မွာ ေအာက္ဆီဂ်င္ေပးထားရတယ္။ အသက္ရွဴႏႈန္းကို ဦးေအာင္ခိုင္တို႔ ၾကားတာကို သိပ္မႀကိဳက္ၾကဘူး ” ဟု ၎က ေျပာသည္။

” ဦးေအာင္ခိုင္တို႔ အားလုံးကို ေတြ႕ၿပီးေနာက္ေျပာင္ေနေသးတယ္။ ကိုလူေခ်ာအဖြဲ႕က ေထာက္ပံ့ေငြေလး ေပးခဲ့ပါတယ္။ ညေန ၆ နာရီေလာက္ ျပန္လာခဲ့တာပါ။ မနက္ ၂ နာရီ ၃၅ မိနစ္မွာ ကြယ္လြန္သြားတယ္လို႔ ဖုန္းဝင္လာပါတယ္။ မိသားစု စားဝတ္ေနေရး အတြက္ အရမ္းေအးတဲ့ ေနရာ ေဒသကိုသြားတဲ့အတြက္ ပန္းနာရင္ၾကပ္ ရွိတဲ့သူက ေဆးဝါးမျပည့္စုံရင္ အရမ္းအႏၲရာယ္ မ်ားပါတယ္ ။ ေအာက္ ဆီ ဂ်င္တစ္ဗူးနဲ႔ တစ္ဗူးလဲ ေပးေနရင္းအခ်ိန္မွာ ဆုံးသြားတာပါ ” ဟု ၎က ဆက္လက္ေျပာၾကားသည္။

သ႐ုပ္ေဆာင္ ကိုမင္းစိန္သည္ လူဆိုး၊ လူမိုက္၊ ဓားျပ၊ လူသတ္ေကာင္၊ မူးယစ္ ဂိုဏ္းစတား၊ အမ်ိဳးသမီး မ်ားကို အဓမၼက်င့္သူ ေနရာမ်ားတြင္လည္း ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ၿပီး ႐ုပ္ရွင္ ႏွင့္ ဗီဒီယိုျဖစ္ေသာ ဖိုက္တင္ကားမ်ား၊ အသတ္အပုတ္ကားမ်ား ႏွင့္ ၾကမ္းၾကမ္းရမ္းရမ္း ဇာတ္ကားေပါင္း ၁၀ဝဝ ဝန္းက်င္႐ိုက္ ကူးခဲ့သူလည္း ျဖစ္သည္။

“ အရင္တုန္းက ဗီဒီယိုေလာက မွာေတာ့ ေအာင္ခိုင္ ၊ ကိုဦး ၊ မင္းစိန္ ဆိုၿပီးေတာ့ ဗီဒီယိုေလာကမွာေတာ့ ေခါင္းေဆာင္ေနရာက ကား ၂၀ ေလာက္ ႐ိုက္ခဲ့ဖူးပါတယ္။ ဦးေအာင္ခိုင္ အဖြဲ႕က ရန္ပုံေငြကလည္း သိပ္ေတာင့္ တင္းတဲ့ အဖြဲ႕မဟုတ္ပါဘူး။ ဒါေပမယ့္ တတ္ႏိုင္သ ေလာက္ေတာ့ အလႉခံေငြေလးေကာက္ၿပီးေတာ့ စီစဥ္သြားဖို႔ေတာ ့ရွိမယ္ေပါ့ ” ဟု ဦးေအာင္ခိုင္က ထပ္မံေျပာသည္။

ဦးမင္းစိန္ သည္ သ႐ုပ္ေဆာင္ ရဲကိုကိုႏွင့္ ႐ိုက္ကူးခဲ့ေသာ ငရဲကလာသူ ျပာပူမေၾကာက္ ၊ ေ႐ႊသမင္ဘယ္ကထြက္ စသည့္ ဇာတ္ကားမ်ားျဖင့္ အႏုပညာေလာကထဲ သို႔ ဝင္ေရာက္ခဲ့ၿပီး အႏုပညာသက္တမ္း ၃၀ ေက်ာ္ ရွိကာ သားသမီးငါးေယာက္ က်န္ရွိခဲ့သည္။

၎၏ ႐ုပ္အေလာင္းကို ဇန္နဝါရီ ၇ ရက္ ေန႔လည္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေထာက္ၾကန္႔ၿမိဳ႕နယ္ ၊ တိေလာ ကရပ္ကြက္ ၊ မိတ္တလမ္းမွ ပို႔ေဆာင္မည္ျဖစ္ၿပီး ေရေဝးသုႆန္တြင္ သၿဂႋဳဟ္မည္ျဖစ္သည္ ။

The Myanmar Times , Myanmar Version

(Unicode)

လူကြမ်းကြီး ဦးမင်းစိန် ရုတ်တရက် ကွယ်လွန်ခြင်း အကြောင်းကို ဦးအောင်ခိုင်ပြောပြ

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် လူကြမ်း ဦးမင်းစိန် အသက် (၅၆) နှစ် သည် ဇန်နဝါရီ ၅ ရက် နံနက် ၂ နာရီ ခွဲက ရန်ကုန်မြို့ ၊ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ပန်းနာရင်ကြပ် ရောဂါကြောင့် ချွဲဆို့အမော ဖောက်ဝေဒနာဖြင့် ကွယ်လွန် သွားကြောင်း ကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

“ ဦးမင်းစိန်က သူတို့မိသားစု စားဝတ်နေရေးအတွက် မိုးကုတ်ကို သွားပြီးတော့ အခွေလေးတွေ သွား ရောင်းတယ် ။ ဟိုမှာ ရာသီဥတု တအားအေးတဲ့ အခါမှာ နဂိုထဲက အဆုတ် သိပ်မကောင်းတော့ အဆုတ်ကို ထိပြီး တော့ ချွဲတွေ တအား ထွက်လာတယ်။ မနေ့က နေ့လည်ပိုင်းက ရန်ကုန်ကို ပြန်ရောက်လာတယ်။

ညနေဘက်မှာ ချက်ခြင်းဆေးရုံကြီး တင်ခဲ့ရတယ်။ ဆေးရုံကြီးမှာလည်း ချွဲပျော်ဆေးတွေ တိုက်ပြီးတော့ အသက်ရှု နည်းနည်း ပြန်မှန်လာတယ်။ ဦးအောင်ခိုင်တို့ ရောက်တဲ့ အချိန်မှာ အောက်ဆီဂျင်ပေးထားရတယ်။ အသက်ရှူနှုန်းကို ဦးအောင်ခိုင်တို့ ကြားတာကို သိပ်မကြိုက်ကြဘူး ” ဟု ၎င်းက ပြောသည်။

” ဦးအောင်ခိုင်တို့ အားလုံးကို တွေ့ပြီးနောက်ပြောင်နေသေးတယ်။ ကိုလူချောအဖွဲ့က ထောက်ပံ့ငွေလေး ပေးခဲ့ပါတယ်။ ညနေ ၆ နာရီလောက် ပြန်လာခဲ့တာပါ။ မနက် ၂ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ ဖုန်းဝင်လာပါတယ်။ မိသားစု စားဝတ်နေရေး အတွက် အရမ်းအေးတဲ့ နေရာ ဒေသကိုသွားတဲ့အတွက် ပန်းနာရင်ကြပ် ရှိတဲ့သူက ဆေးဝါးမပြည့်စုံရင် အရမ်းအန္တရာယ် များပါတယ် ။ အောက် ဆီ ဂျင်တစ်ဗူးနဲ့ တစ်ဗူးလဲ ပေးနေရင်းအချိန်မှာ ဆုံးသွားတာပါ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သရုပ်ဆောင် ကိုမင်းစိန်သည် လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ် ဂိုဏ်းစတား၊ အမျိုးသမီး များကို အဓမ္မကျင့်သူ နေရာများတွင်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ရုပ်ရှင် နှင့် ဗီဒီယိုဖြစ်သော ဖိုက်တင်ကားများ၊ အသတ်အပုတ်ကားများ နှင့် ကြမ်းကြမ်းရမ်းရမ်း ဇာတ်ကားပေါင်း ၁၀ဝဝ ဝန်းကျင်ရိုက် ကူးခဲ့သူလည်း ဖြစ်သည်။

“ အရင်တုန်းက ဗီဒီယိုလောက မှာတော့ အောင်ခိုင် ၊ ကိုဦး ၊ မင်းစိန် ဆိုပြီးတော့ ဗီဒီယိုလောကမှာတော့ ခေါင်းဆောင်နေရာက ကား ၂၀ လောက် ရိုက်ခဲ့ဖူးပါတယ်။ ဦးအောင်ခိုင် အဖွဲ့က ရန်ပုံငွေကလည်း သိပ်တောင့် တင်းတဲ့ အဖွဲ့မဟုတ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သ လောက်တော့ အလှူခံငွေလေးကောက်ပြီးတော့ စီစဉ်သွားဖို့တော့ရှိမယ်ပေါ့ ” ဟု ဦးအောင်ခိုင်က ထပ်မံပြောသည်။

ဦးမင်းစိန် သည် သရုပ်ဆောင် ရဲကိုကိုနှင့် ရိုက်ကူးခဲ့သော ငရဲကလာသူ ပြာပူမကြောက် ၊ ရွှေသမင်ဘယ်ကထွက် စသည့် ဇာတ်ကားများဖြင့် အနုပညာလောကထဲ သို့ ဝင်ရောက်ခဲ့ပြီး အနုပညာသက်တမ်း ၃၀ ကျော် ရှိကာ သားသမီးငါးယောက် ကျန်ရှိခဲ့သည်။

၎င်း၏ ရုပ်အလောင်းကို ဇန်နဝါရီ ၇ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ် ၊ တိလော ကရပ်ကွက် ၊ မိတ်တလမ်းမှ ပို့ဆောင်မည်ဖြစ်ပြီး ရေဝေးသုဿန်တွင် သြင်္ဂိုဟ်မည်ဖြစ်သည် ။

The Myanmar Times , Myanmar Version

LEAVE A REPLY

Please enter your comment!
Please enter your name here