သရုပ္ေဆာင္ ဇာတ္ပို႔ လူၾကမ္း ဦးမင္းစိန္ ရန္ကုန္ေဆးရံုႀကီးတြင္ ရုတ္တရက္ ကြယ္လြန္

0
142

(Zawgyi)

သရုပ္ေဆာင္ ဇာတ္ပို႔ လူၾကမ္း ဦးမင္းစိန္ ရန္ကုန္ေဆးရံုႀကီးတြင္ ရုတ္တရက္ ကြယ္လြန္

ပရိသတ္ေတြကို ရသေျမာက္ေအာင္ ေဖ်ာ္ေျဖႏုိင္ဖို႔ အတြက္ က်ရာ ဇာတ္ဝင္ခန္း ကေနၿပီးေတာ့ အပိုအလို မရွိ သရုပ္ေဆာင္ခဲ့ ၾကသူမ်ား ၊ လူအခ်ိဳ႕သာ လုပ္ႏိုင္တဲ့ လူၾကမ္း ဆိုတဲ့ ကာရုိက္တာ ေတြကို အံဝင္ ဂြင္က် ျဖစ္ေအာင္ သရုပ္ေဆာင္ ႏုိင္တဲ့ လူၾကမ္းမင္းသား ဦးမင္းစိန္ တေယာက္ယေန႔ မနက္ ၂ နာရီ ခြဲ အခ်ိန္ ရန္ကုန္ ေဆးရံုႀကီးမွာ ကြယ္လြန္ သြားခဲ့ၿပီ ျဖစ္ပါတယ္ ။

လူၾကမ္း ဦးမင္းစိန္ဟာ လူၾကမ္း၊ လူမိုက္ အခန္း ေတြမွာသာ သရုပ္ေဆာင္ခြင့္ ရရွိသူ ျဖစ္ၿပီးေတာ့ အကယ္ဒမီ ဆိုတာ မေမ်ွာ္လင့္ခဲ့ ရတဲ့ ဘဝထဲမွာ ပါဝင္ခဲ့ ပါတယ္။ ဒါ့အျပင္ ကားရိုက္ ႀကဲလာတာနဲ႔ အမ်ွ မိသားစု စားဝတ္ေနေရး အတြက္ သံုးဘီး ဆိုင္ကယ္ေလး တစီးနဲ႔ ေရသန္႔ ပတ္ပို႔ရတဲ့ အလုပ္ ကိုပါ လုပ္ကိုင္ လာခဲ့တာ ျဖစ္ပါတယ္ ။

ယေန႔ ၅.၁.၂၀၁၉ ခုႏွစ္ မနက္ အေစာပိုင္း ၂ နာရီ ခြဲ အခ်ိန္ မွာေတာ့ လူၾကမ္း မင္းစိန္ တေယာက္ ရန္ကုန္ ေဆးရံုႀကီးမွာ ရုတ္တရက္ ကြယ္လြန္ သြားခဲ့ၿပီ ျဖစ္ပါတယ္ ။ ကြယ္လြန္ခ်ိန္မွာ ဦးမင္းစိန္ရဲ႕ အသက္ (၅၆) ႏွစ္ ရွိၿပီ ျဖစ္ပါတယ္ ။ ဇာတ္ပုိ႔သရုပ္ေဆာင္ ဦးမင္းစိန္ ေကာင္းရာ ဘံုဘဝ သုိ႔ ေရာက္ရွိႏိုင္ပါေစ လို႔ ဝမ္းနည္းစြာ နဲ႔ပဲ ပရိသတ္ေတြနဲ႔ ထပ္တူ ဆုေတာင္း ေပးလုိက္ ပါတယ္ ။

KT

(Unicode)

သရုပ်ဆောင် ဇာတ်ပို့ လူကြမ်း ဦးမင်းစိန် ရန်ကုန်ဆေးရုံကြီးတွင် ရုတ်တရက် ကွယ်လွန်

ပရိသတ်တွေကို ရသမြောက်အောင် ဖျော်ဖြေနိုင်ဖို့ အတွက် ကျရာ ဇာတ်ဝင်ခန်း ကနေပြီးတော့ အပိုအလို မရှိ သရုပ်ဆောင်ခဲ့ ကြသူများ ၊ လူအချို့သာ လုပ်နိုင်တဲ့ လူကြမ်း ဆိုတဲ့ ကာရိုက်တာ တွေကို အံဝင် ဂွင်ကျ ဖြစ်အောင် သရုပ်ဆောင် နိုင်တဲ့ လူကြမ်းမင်းသား ဦးမင်းစိန် တယောက်ယနေ့ မနက် ၂ နာရီ ခွဲ အချိန် ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ် ။

လူကြမ်း ဦးမင်းစိန်ဟာ လူကြမ်း၊ လူမိုက် အခန်း တွေမှာသာ သရုပ်ဆောင်ခွင့် ရရှိသူ ဖြစ်ပြီးတော့ အကယ်ဒမီ ဆိုတာ မမျှော်လင့်ခဲ့ ရတဲ့ ဘဝထဲမှာ ပါဝင်ခဲ့ ပါတယ်။ ဒါ့အပြင် ကားရိုက် ကြဲလာတာနဲ့ အမျှ မိသားစု စားဝတ်နေရေး အတွက် သုံးဘီး ဆိုင်ကယ်လေး တစီးနဲ့ ရေသန့် ပတ်ပို့ရတဲ့ အလုပ် ကိုပါ လုပ်ကိုင် လာခဲ့တာ ဖြစ်ပါတယ် ။

ယနေ့ ၅.၁.၂၀၁၉ ခုနှစ် မနက် အစောပိုင်း ၂ နာရီ ခွဲ အချိန် မှာတော့ လူကြမ်း မင်းစိန် တယောက် ရန်ကုန် ဆေးရုံကြီးမှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ကွယ်လွန်ချိန်မှာ ဦးမင်းစိန်ရဲ့ အသက် (၅၆) နှစ် ရှိပြီ ဖြစ်ပါတယ် ။ ဇာတ်ပို့သရုပ်ဆောင် ဦးမင်းစိန် ကောင်းရာ ဘုံဘဝ သို့ ရောက်ရှိနိုင်ပါစေ လို့ ဝမ်းနည်းစွာ နဲ့ပဲ ပရိသတ်တွေနဲ့ ထပ်တူ ဆုတောင်း ပေးလိုက် ပါတယ် ။

KT

LEAVE A REPLY

Please enter your comment!
Please enter your name here