
0
142

(Zawgyi)









(Unicode)

ချစ်သူကို ကွန်ဒုံး (၉၉၉) ဘူး နဲ့ Suprise လုပ်ပြီး လက်ထပ်ခွင့် တောင်းခဲ့တဲ့ ကောင်လေး

ဒီနေ့ခေတ်မှာတော့ ချစ်သူကို ပုံစံမျိုးစုံနဲ့ ရိုမန်တစ်ဆန်ဆန် Propose လုပ်နေကြတာကို တွေ့ရပါတယ် . . . တစ်ချို့ကလည်း တကယ့် တန်ဖိုးကြီးပစ္စည်းတွေကို သုံးပြီး လက်ထပ်ခွင့်တောင်း ၊ချစ်ခွင့်ပန်ကြတာတွေ ရှိသလို တစ်ချို့ကတော့ လူတွေအလယ်မှာ Suprise လုပ်ပြီး ချစ်ခွင့်ပန် ၊ လက်ထပ်ခွင့်တောင်းကြတာကို တွေ့ရပါတယ် . . .

အဲဒီအထဲမှာမှ တရုတ် အမျိုးသားတစ်ယောက်ကတော့ သူများနဲ့ မတူတဲ့ ပစ္စည်းတွေကိုသုံးပြီး ချစ်သူကို လက်ထပ်ခွင့်တောင်း ခဲ့ပါတယ် . . . ဒီဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံ Harbin မှာရှိတဲ့ မြို့တွင်းကွက်လပ်နေရာ တစ်ခုမှာ ဖြစ် ခဲ့တာပါ . . .

ကောင်လေးက သူ့ရဲ့ အချစ်တွေကို ကွန်ဒုံးတွေနဲ့ သက်သေပြခဲ့တာပါ . . . မြေကွက်လပ်ကြီးရဲ့ အလယ်မှာ ကွန်ဒုံးဘူးတွေကို အသည်းပုံစံပုံဖော် ဖြန့်ခင်းထားခဲ့ပါတယ် . . . ခေတ်သစ် Romeo ကတော့ ဘေးပတ်ပတ်လည်မှာ သန္ဓေတားပစ္စည်း ကွန်ဒုံးတွေကို ခြံရံလို့ သူ့ ကောင်မလေးကို ဒူးထောက် လက်ထပ်ခွင့်တောင်းခဲ့တာပါ . . .

လက်ဆောင်ပေးတဲ့ ပန်းစည်းကျပြန်တော့လည်း G-strings တွေနဲ့ လုပ်ထားတဲ့ သူ့ရဲ့ ပန်းစည်းပါ . . . . တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ အတွေးလို့ ထင်ရပေမယ့် ကွန်ဒုံးတွေနဲ့ လက်ထပ်ခွင့်တောင်းရတဲ့ အကြောင်းအရင်း ရှိပါတယ် . . .

“ ပျှမ်းမျှအားဖြင့် အမျိုသားတစ်ယောက်က သူ့ရဲ့ ဘဝမှ Sex ကိစ္စအကြိမ်ရေ (၆၀၀၀)လောက် ကြုံရတယ် . . . ကိုယ့် အတွက်ကတော့ အဲ့ဒီအကြိမ်ရေ အားလုံးဟာ မင်းနဲ့ပဲ ဖြစ်ချင်ပါတယ်…” ဆိုတဲ့ စကားကို ပြောပြီးလက်ထပ်ခွင့် တောင်းခဲ့တာပါ . . . ဘေးမှာရှိတဲ့ ပရိသတ်တွေကလည်း ကောင်လေးရဲ့ ထူးခြားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ စကားကို ဝိုင်းပြီး အားပေးခဲ့ကြပါတယ် . . .

လက်ထပ်ခွင့်တောင်းတာ အောင်မြင်ပြီးနောက်မှာတော့ ကောင်လေးက ကွန်ဒုံးတွေကို ကြိုက်တဲ့သူ ယူနိုင်ပါတယ်ဆိုပြီး ကြေညာခဲ့ပါတယ် . . . လူအုပ်ကြီးကလည်း အသည်းပုံ ဖော်ထားတဲ့ ကွန်ဒုံးတွေကို အလုအယက် ယူခဲ့ကြပြီး ခဏလေး အတွင်းမှာပဲ အကုန်လုံး ကုန်သွားခဲ့ပါတယ် . . .

လက်ထပ်ခွင့် တောင်းပြီးနောက်မှာတော့ ကောင်လေးစီးလာတဲ့ Porsche ကား အမိုက်စားလေးကို စီးပြီး နှစ်ယောက်သား ထွက်ခွ ာသွားခဲ့တယ်လို့ Nextshark မှာ ဖော်ပြထားပါတယ် …

LEAVE A REPLY

Please enter your comment!
Please enter your name here