ေကဘယ္လ္ကားကို အျပဳတ္ တိုက္ဖို႔ ႀကံေနေသာ က်ိဳက္ထီး႐ိုးက ကားသမားမ်ား

0
161

(Zawgyi)

ေကဘယ္လ္ကားကို အျပဳတ္ တိုက္ဖို႔ ႀကံေနေသာ က်ိဳက္ထီး႐ိုးက ကားသမားမ်ား

က်ိဳက္ထီး႐ိုး ေရာက္ရင္ cable car စီးျဖစ္ေအာင္ စီးေပးၾကပါ။ က်ိဳက္ထီး႐ိုး ေတာင္တက္ရင္ ေတာင္တက္ကားနဲ႔ ရေသ့ေတာင္အထိ တက္ပါ … ရေသ့ေတာင္မွာ ဆင္းမွာ လို႔ ကားသမားကို ႀကိဳေျပာထားပါ။

ရေသ့ေတာင္ဂိတ္ ကေန နည္းနည္းေလး လမ္းေလ်ွာက္လိုက္တာနဲ႔ ေကဗယ္ကားဂိတ္ကို ေရာက္ပါတယ္။ ကိုယ္က ေတာင္ေပၚမွာ အိပ္မွာဆိုရင္ အတက္တျခမ္း လက္မွတ္ျဖတ္ပါ ။ ေန႔ခ်င္းျပန္ ဆိုရင္ အသြားအျပန္ တခါထဲ လက္မွတ္ျဖတ္ထားပါ .. ညေန ၆ နာရီခြဲ အထိ ေကဗယ္ကား စီးလို႔ ရပါတယ္ ။

အသြား သက္သက္ အျပန္သက္သက္ လက္မွတ္ ဝယ္ရင္ တျခမ္းကို ၄၀၀၀ က်ပ္ပါ ။ အသြားအျပန္ လက္မွတ္ ဝယ္ရင္ ၆၀၀၀ က်ပ္ပါ ။ သက္သာ သြားတာေပါ့။

ေကဗယ္ကား စီးရမွာ မေၾကာက္ပါနဲ႔။ စီးလို႔ တည္ၿငိမ္တယ္ ။ ေတာင့္တင္းပါတယ္ ။ ေတာင္တက္ကားစီးတာထက္ လူအရမ္း သက္သာ ပါတယ္ ။ အဆင့္အတန္း႐ွိ႐ွိ သြားလာရတာ လူ႔ဂုဏ္သိကၡာ တက္ပါတယ္။ က်မဘာလို႔ ေကဗယ္အေၾကာင္း အက်ယ္တဝံ့ ေရးလည္းဆိုတာေျပာျပပါမယ္။က်မတို႔အျပန္မွာ ေကဗယ္စီးၿပီး ရေသ့ေတာင္ကားဂိတ္မွာ ကင္ပြန္းစခန္းထိ ကားျပန္စီးရပါတယ္။

ေတာင္ဆင္းကားဂိတ္ထိ ေကဗယ္ကားဂိတ္ကသူတို႔ကားနဲ႔လိုက္ပို႔ပါတယ္။..အျပန္ေတာင္ဆင္းကားမွာက်မတို႔ မိသါးစုေခါင္းခန္းစီးၿပီးျပန္ဆင္းလာပါတယ္။ေခါင္းခန္းမွာစီးရင္း ကားသမားကိုသိခ်င္တာေလးေတြေမးမိပါတယ္။.ကင္ပြန္းစခန္းမွာ ေကဗယ္ကားဂိတ္ လက္မွတ္ရံုေလး မ႐ွိတဲ့အေၾကာင္းလည္း က်မတို႔က ေျပာမိပါတယ္ အသြားတုန္းက ရေသ့ေတာင္ေရာက္ရင္ေကဗယ္စီးမယ္ဆိုၿပီး ရေသ့ေတာင္ဂိတ္မွာဆင္းမယ္ေျပာထားတာ မနက္ ၄နာရီေက်ာ္ေလာက္ ေမွာင္ေမွာင္မည္းမည္းနဲ႔ ဘယ္ေရာက္မွန္းမသိလိုက္ခင္ ရင္ျပင္ေတာ္ဂိတ္ကို ေတာင္တက္ကားကေရာက္ေနပါျပီ။ စိတ္ထဲဇေဝဇဝါျဖစ္သြားပါတယ္။ဒါေပမယ့္ လူေတြတိုးႀကိတ္ေနတာနဲ႔ဘာမွေျပာမေနေတာ့ပါဘူး။

စိတ္ထဲမွာေတာ့ ေတာင္တက္ကားနဲ႔ cable car ႔ျပသနာေတာ့႐ွိေနၿပီဆိုၿပီး ရိပ္မိလိုက္ပါတယ္ အျပန္ ကားဂိတ္နားမွာလည္း cableကားမွဝန္ထမ္းတစ္ေယာက္က hand speaker ေလးနဲ႔ ဆိုင္တန္းနားေခ်ာင္ကပ္ၿပီးလူေခၚေနတာေတြ႕ပါတယ္။ cableစီးလို႔ရပါတယ္။ promotion 3+1႐ွိပါတယ္တို႔ေျပာေနပါတယ္။စိတ္ထဲ တမ်ိဳးျဖစ္သြားပါတယ္။

marketingေတာင္ companyႀကီးတစ္ခုအေနနဲ႔ ရဲရဲဝံ့ဝံ့မဆင္းရဲတဲ့အေျခအေနကို က်မ ေကာင္းစြာသေဘာေပါက္လိုက္ပါတယ္။စိတ္ထဲမေကာင္းျဖစ္မိတယ္။က်မတို႔ျမန္မာေတြဟာ လက္ကမ္းႀကိဳတတ္တဲ့ဓေလ့ေပ်ာက္ဆံုးေနခဲ့တာၾကာခဲ့ၿပီထင္ပါတယ္ အမ်ားနဲ႔တစ္ေယာက္အေျခအေနမ်ိဳးကို cable car company ၾကံဳေနရတာေသခ်ာေနပါၿပီ။ဒါေၾကာင့္ ေတာင္တက္ကားေမာင္းတဲ့ကားသမားကိုေမးပါတယ္။အစ္ပါတယ္။

အေျဖေသခ်ာထြက္လာပါၿပီ။cable car companyက ရေသ့ေတာင္႐ွိေကဗယ္ကားဂိတ္ထိ ကားေျပးဆြဲဘို႔ကား ၅၀ ေတာင္းဆိုညိွႏိႈင္းပါတယ္။ေတာင္တက္ကားအသင္းကလံုးဝမေပးဘို႔ဆံုးျဖတ္ပါတယ္။အေၾကာင္းျပခ်က္ေပးပါတယ္။လက္႐ွိ ကား၁၅၀နဲ႔ က်ိဳက္ထီး႐ိုးဧည့္သည္ေတြ အတြက္လံုေလာက္ပါတယ္တဲ့။

ေနာက္တစ္ခုသိလိုက္ရတာက ကားသမားေတြရဲ႕ mindset ပါ။.အဲဒါက ဒီေတာင္တက္လမ္းက က်ေနာ္တို႔ရဲ႕ကိုယ္ပိုင္လမ္း သူတို႔နဲ႔ဘာဆိုင္လို႔လဲ။သူတို႔ကားေတြေျပးမယ္ဆို သူတို႔လမ္းသစ္ေဖာက္ေလ။ က်ေနာ္တို႔က ေကဗယ္ျပဳတ္ေအာင္တိုက္ထုတ္မွာ။ ေကဗယ္ျပဳတ္သြားေအာင္လုပ္မွာ။ဒီဇင္ဘာ၂၇ထဲက က်ေတာ္တို႔ကားေတြကိုေကဗယ္ကားဂိတ္ထိဧည့္သည္ေတြမပို႔ဘို႔ပိတ္လိုက္ၿပီ။သူတို႔က ဧည့္သည္လာပို႔ေပးတဲ့ကားသမားေတြကိုေကာ္မ႐ွင္ေပးတယ္။တစ္ခ်ိဳ႕ ကားသမားေတြကသြားခ်င္ၾကတယ္။ဒါေၾကာင့္ ပိတ္လိုက္တာ တဲ့ေလ။

ဒါေၾကာင့္ က်မတို႔ေတာင္အတက္မွာတုန္းကရေသ့ေတာင္ဂိတ္ေတာင္မဝင္ဘဲ တန္းတက္တာကိုးက်မတို႔လို ကေလးပါတဲ့မိသားစုေတြလည္း cableစီးမယ္ေျပာထားၿပီး ေမွာင္ေမွာင္မဲမဲမွာဘုမသိ ဘမသိရင္ျပင္ေတာ္ဂိတ္ကိုေရာက္ခဲ့ၾကရတာပဲ ။ အဲ့ဒီ့ညီမဆို ခရီးကပန္း အိပ္ခ်င္မူးတူးနဲ႔ ေကဗယ္ကဘယ္မွာစီးရမွာလဲလို႔ လိုက္ေမးေနေသးတာ ခရီးသြား ဧည့္သည္ေတြ အဆင္ေျပေရးကို ဦးစားမေပးဘဲ ကိုယ္က်ိဳးသာၾကည့္ၾကတာဟာ မလုပ္သင့္တဲ့လုပ္ရပ္ပါ။ တစ္သက္လံုးလည္း လုပ္စားလာၾကတာ ခ်မ္းသာေနၾကၿပီ။ ကိုယ့္ထဲက နည္းနည္း ခြဲေပးဘို႔ကို ရန္သူေတြ႔သလို အသည္းအသန္မာန္ေတြထည့္ျပဳတ္ေအာင္တိုက္ဘို႔အထိလုပ္ကိုင္ဘို႔ႀကိဳးစားလာၾကတာ ႐ွက္စရာေကာင္းလြန္းေနပါၿပီ။

အိမ္နီးခ်င္း ႏိုင္ငံေတြေတာင္ က်မတို႔ႏိုင္ငံထက္ အမ်ားႀကီး အဆင့္အတန္းျမင့္ျမင့္ေနထိုင္ေနၾကပါၿပီ။ နိမ့္က်တဲ့ ပံုရိပ္ေတြနဲ႔ အမ်ားႀကီး ေနာက္က်က်န္ရစ္ခဲ့ရတဲ့ က်မတို႔ျပည္သူေတြဟာအဆင့္အတန္းရွိ႐ွိ လူ႔ဂုဏ္သိကၡာ႐ွိ႐ွိေနထိုင္ခ်င္ၾကပါၿပီ။

အခုလို ကိုယ့္ႏိုင္ငံပံုရိပ္တင့္တယ္လာဘို႔၊ျပည္သူေတြ အဆင့္အတန္း႐ွိ႐ွိ ေနထိုင္သြားလာႏိုင္ဘို႔ကိုလက္ကမ္းႀကိဳဆိုရမယ့္အစားေဝမ်ွသံုးစြဲဘို႔ကို သေဘာထားမႀကီးႏိုင္တဲ့စိတ္ေတြနဲ႔ဆို ဒီႏိုင္ငံဟာ နိမ့္က်တဲ့အေနအထားေတြက႐ုန္းထြက္ႏိုင္ပါ့မလား။

က်မတို႔ျပည္သူေတြ ပင္ပန္းလွပါၿပီ။ အဆင္းရဲဆံုးႏိုင္ငံမွာေန အခ်ိဳ႕ငဲ့ဆံုး လူစဥ္မမွီတဲ့ လူေနမႈပံုစံေတြနဲ႔ ျဖစ္သလိုသြား ၾကံဳသလိုစား ႐ွက္စရာေတြကို႐ွက္စရာလို႔မျမင္တတ္ေတါ့ေအာင္ နိမ့္က်ခဲ့ၿပီးပါၿပီ။ အခုခ်ိန္မွာ အဆိုးရြားဆံုးအေနအထားေတြက႐ုန္းထြက္ဘို႔ ႀကိဳးစားေနၾကခ်ိန္မွာ ႏိုင္ငံႀကီးသားပီသတဲ့ သေဘာထားႀကီးေသာစိတ္ကိုေမြးျမဴၾကဘို႔ အျမင္က်ယ္ အေတြးခ်ဲ့ ့ၾကဘို႔အခ်ိန္တန္ပါၿပီ က်မတို႔ျပည္သူေတြဟာအဆင့္အတန္းျမင့္ျမင့္ လူ႔ဂုဏ္သိကၡာ႐ွိ႐ွိရပ္တည္ေနထိုင္ဘို႔ ထိုက္တန္တဲ့သူေတြပါ။က်မတို႔ေျပာင္းလဲခ်င္ပါၿပီ။cable carစီးခဲ့တာေလး ေျပာျပပါအံုးမယ္။

ေတာင္အတက္မွာ မစီးခဲ့ရေတာ့ အျပန္မွာ အတက္အဆင္း လက္မွတ္ျဖတ္လို႔ က်မတို႔ေတာ့ အတက္အဆင္းစီးၿပီးရင္းစီးလိုက္တယ္။ ကေလးေတြကေပ်ာ္လုိ႔ သူတို႔ခ်ည္းသက္သက္တစ္စီးစီးၾကတယ္။တစ္ေယာက္တစ္စီးစီစီးၾကတယ္။ေကဗယ္ေပၚက႐ႈခင္းေတြၾကည့္ရတာအရမ္းလွပါတယ္။ ညေနေစာင္းခ်ိန္ဆိုပိုလို႔လွပါတယ္ ေတာင္တက္ကားစီးရတာအရမ္းပင္ပန္းပါတယ္။မေျပာင္းမလဲတိုးက်ိတ္လုတက္ရတာ အရင္အေျခအေနအတိုင္းပါပဲ။ ကိုယ္ကဘယ္ေလာက္တန္းစီထား ကားလာထိုးတာနဲ႔ ဘယ္လိုဘယ္လိုေအာက္ကေနခုန္တက္လာမွန္းမသိတဲ့လူေတြနဲ႔ထိုင္ဖို႔ေနရာလုရျပန္ပါတယ္။

ကားလူျပည့္လည္း ခ်က္ခ်င္းမထြက္ေသးဘဲကားေပၚမွာ ခရီးကပန္း လူကႏြမ္းနဲ႔ က်ပ္ပိတ္သိပ္ျပီးေစာင့္ရတာ အေတာ္ဒုကၡမ်ားတာပါ။ဒီေတာ့က်ိဳက္ထီး႐ိုးေတာင္တက္ကားအေျခအေန အရင္အတိုင္းပါပဲ။ ပိုေကာင္းလာတယ္ဆိုတာမ႐ွိပါဘူး။

က်မအလုပ္က က်ိဳက္ထီး႐ိုးေတာင္တက္ကားနဲ႔ အေတာ္ၾကာၾကာလုပ္ကိုင္ခဲ့ရတာ စီမံခန္႔ခြဲခဲ့ရတာအခ်ိန္ကာလတစ္ခုအထိပါပဲ။ ဘယ္လိုပဲ စီစဥ္စီစဥ္စည္းကမ္းအားနည္းတဲ့ လူေတြေၾကာင့္အျမဲစကားေတြေျပာ စိတ္ပင္ပန္းလူပင္ပန္းခဲ့ၾကရတာပါ။

ေတာင္တက္ကားသမားေတြကလည္း က်မတို႔နဲ႔ဆိုၾကားေပါက္မရလို႔ ပညာကေပးခ်င္ၾကေသးတာမို႔ေနာက္ပိုင္းသူတို႔ကိုပါ ေအာက္ဆိုဒ္သေဘာမ်ိဳးေပးရပါတယ္။ က်ိဳက္ထီး႐ိုးဘုရားနဲ႔အနီးအနားေဒသခံတစ္ခ်ိုဳ ့ဆို က်ဳိုက္ထီး႐ိုးဘုရားႀကီးက သူတို႔ကိုလုပ္ေကြၽးေနသေယာင္ ထင္မွတ္ထားတာမို႔အနယ္နယ္အရပ္ရပ္ကဧည့္သည္ေတြအေပၚဆက္ဆံပံုေတြက ျပဴးျပဲေငြ႐ွာေနဟန္ အထင္းသားေပၚလြင္ေနတာပါ။

ဘုရားဖူးဧည့္သည္ေတြသက္ေတာင့္သက္သာ အဆင္ေျပေအးခ်မ္းစြာဘုရားဖူးႏိုင္တဲ့ လုပ္ပံုကိုင္ပံုမ်ိဳးနဲ႔ စီးပြား႐ွာၾကရင္အားလံုးအဆင္ေျပမွာပါ။ ဘုရားေပၚက အလႈခံေတြကလည္း အရင္ေလာက္မဆိုးေပမယ့္အရင္အခ်ိဳးအတိုင္းပါပဲ။

ေရႊနန္းက်င္နန္းေရာက္ၿပီဆိုတာနဲ႔ ဒီေနရာကစ ဘုရားကန္ေတာ့ရတယ္ဆိုၿပီး လူကိုအတင္းႀကီးကာ အတင္းတြန္းထည့္ေတာ့တာပါပဲ။ မုဆိုးေတာင္သြားလည္း လူကိုေ႐ွ႕ကပိတ္ေနာက္တစ္ေယာက္ကေက်ာကိုတြန္းၿပီး ဒီမွာ ကန္႔ေတာ့သြားဆိုၿပီးလုပ္တုန္းပါပဲ။ အရင္ကေလာက္မဆိုးတာအေျပာအဆိုေလးပါပဲ။

ဘုရားရိပ္သိပ္ေအးခ်မ္းပါတယ္။ ညေနေစာင္းေနဝင္ခ်ိန္ လံုးေတာ္ျပည့္ ေရႊသကၤန္း ေတြနဲ႔ ဝင္းလတ္ေနတဲ့ က်ိဳက္ထီး႐ိုး ဆံေတာ္႐ွင္ျမတ္ဟာ အလြန္အင္မတန္ၾကည္ညိဳသပၸါယ္စရာေကာင္းလွပါတယ္။ထီးေတာ္က ဆည္းလည္းေလးေတြကေလအခတ္မွာ တခြၽန္ခြၽန္ျမည္ေနတာစိတ္မွန္းနဲ႔ခံစားၾကည့္ရင္ ျငိမ္သက္ေအးခ်မ္းလို႔တကယ့္ကို ၾကည္ႏူးစရာပါ။

တန္ခိုးႀကီးလြန္းလို႔ အိမ္နီးခ်င္းထိုင္းေတြ အမ်ားဆံုးလာေရာက္ဖူးေမ်ာ္ၾကသလို ကမၻာအဝွမ္းကႏိုင္ငံျခားသားေတြလည္း လာဖူးေမ်ာ္ၾကတာမို႔အဆင့္အတန္းျမင့္ျမင့္ ဧည့္ခံႏိုင္မွသာ က်မတို႔ျမန္မာ့ပံုရိပ္ျမင့္တက္လာမွာ မဟုတ္လား။က်မတို႔ျပင္ၾကရေအာင္။ ေကာင္းေသာျပဳျပင္ျခင္းနဲ႔ႏိုင္ငံ့ပံုရိပ္ျမႇင့္တင္ၾကရေအာင္။

မမြန္မြန္ (4.1.2019) လြတ္လပ္ေရးေန႔

(Unicode)

ကေဘယ်လ်ကားကို အပြုတ် တိုက်ဖို့ ကြံနေသော ကျိုက်ထီးရိုးက ကားသမားများ

ကျိုက်ထီးရိုး ရောက်ရင် cable car စီးဖြစ်အောင် စီးပေးကြပါ။ ကျိုက်ထီးရိုး တောင်တက်ရင် တောင်တက်ကားနဲ့ ရသေ့တောင်အထိ တက်ပါ … ရသေ့တောင်မှာ ဆင်းမှာ လို့ ကားသမားကို ကြိုပြောထားပါ။

ရသေ့တောင်ဂိတ် ကနေ နည်းနည်းလေး လမ်းလျှောက်လိုက်တာနဲ့ ကေဗယ်ကားဂိတ်ကို ရောက်ပါတယ်။ ကိုယ်က တောင်ပေါ်မှာ အိပ်မှာဆိုရင် အတက်တခြမ်း လက်မှတ်ဖြတ်ပါ ။ နေ့ချင်းပြန် ဆိုရင် အသွားအပြန် တခါထဲ လက်မှတ်ဖြတ်ထားပါ .. ညနေ ၆ နာရီခွဲ အထိ ကေဗယ်ကား စီးလို့ ရပါတယ် ။

အသွား သက်သက် အပြန်သက်သက် လက်မှတ် ဝယ်ရင် တခြမ်းကို ၄၀၀၀ ကျပ်ပါ ။ အသွားအပြန် လက်မှတ် ဝယ်ရင် ၆၀၀၀ ကျပ်ပါ ။ သက်သာ သွားတာပေါ့။

ကေဗယ်ကား စီးရမှာ မကြောက်ပါနဲ့။ စီးလို့ တည်ငြိမ်တယ် ။ တောင့်တင်းပါတယ် ။ တောင်တက်ကားစီးတာထက် လူအရမ်း သက်သာ ပါတယ် ။ အဆင့်အတန်းရှိရှိ သွားလာရတာ လူ့ဂုဏ်သိက္ခာ တက်ပါတယ်။ ကျမဘာလို့ ကေဗယ်အကြောင်း အကျယ်တဝံ့ ရေးလည်းဆိုတာပြောပြပါမယ်။ကျမတို့အပြန်မှာ ကေဗယ်စီးပြီး ရသေ့တောင်ကားဂိတ်မှာ ကင်ပွန်းစခန်းထိ ကားပြန်စီးရပါတယ်။

တောင်ဆင်းကားဂိတ်ထိ ကေဗယ်ကားဂိတ်ကသူတို့ကားနဲ့လိုက်ပို့ပါတယ်။..အပြန်တောင်ဆင်းကားမှာကျမတို့ မိသါးစုခေါင်းခန်းစီးပြီးပြန်ဆင်းလာပါတယ်။ခေါင်းခန်းမှာစီးရင်း ကားသမားကိုသိချင်တာလေးတွေမေးမိပါတယ်။.ကင်ပွန်းစခန်းမှာ ကေဗယ်ကားဂိတ် လက်မှတ်ရုံလေး မရှိတဲ့အကြောင်းလည်း ကျမတို့က ပြောမိပါတယ် အသွားတုန်းက ရသေ့တောင်ရောက်ရင်ကေဗယ်စီးမယ်ဆိုပြီး ရသေ့တောင်ဂိတ်မှာဆင်းမယ်ပြောထားတာ မနက် ၄နာရီကျော်လောက် မှောင်မှောင်မည်းမည်းနဲ့ ဘယ်ရောက်မှန်းမသိလိုက်ခင် ရင်ပြင်တော်ဂိတ်ကို တောင်တက်ကားကရောက်နေပါပြီ။ စိတ်ထဲဇဝေဇဝါဖြစ်သွားပါတယ်။ဒါပေမယ့် လူတွေတိုးကြိတ်နေတာနဲ့ဘာမှပြောမနေတော့ပါဘူး။

စိတ်ထဲမှာတော့ တောင်တက်ကားနဲ့ cable car့ပြသနာတော့ရှိနေပြီဆိုပြီး ရိပ်မိလိုက်ပါတယ် အပြန် ကားဂိတ်နားမှာလည်း cableကားမှဝန်ထမ်းတစ်ယောက်က hand speaker လေးနဲ့ ဆိုင်တန်းနားချောင်ကပ်ပြီးလူခေါ်နေတာတွေ့ပါတယ်။ cableစီးလို့ရပါတယ်။ promotion 3+1ရှိပါတယ်တို့ပြောနေပါတယ်။စိတ်ထဲ တမျိုးဖြစ်သွားပါတယ်။

marketingတောင် companyကြီးတစ်ခုအနေနဲ့ ရဲရဲဝံ့ဝံ့မဆင်းရဲတဲ့အခြေအနေကို ကျမ ကောင်းစွာသဘောပေါက်လိုက်ပါတယ်။စိတ်ထဲမကောင်းဖြစ်မိတယ်။ကျမတို့မြန်မာတွေဟာ လက်ကမ်းကြိုတတ်တဲ့ဓလေ့ပျောက်ဆုံးနေခဲ့တာကြာခဲ့ပြီထင်ပါတယ် အများနဲ့တစ်ယောက်အခြေအနေမျိုးကို cable car company ကြုံနေရတာသေချာနေပါပြီ။ဒါကြောင့် တောင်တက်ကားမောင်းတဲ့ကားသမားကိုမေးပါတယ်။အစ်ပါတယ်။

အဖြေသေချာထွက်လာပါပြီ။cable car companyက ရသေ့တောင်ရှိကေဗယ်ကားဂိတ်ထိ ကားပြေးဆွဲဘို့ကား ၅၀ တောင်းဆိုညှိနှိုင်းပါတယ်။တောင်တက်ကားအသင်းကလုံးဝမပေးဘို့ဆုံးဖြတ်ပါတယ်။အကြောင်းပြချက်ပေးပါတယ်။လက်ရှိ ကား၁၅၀နဲ့ ကျိုက်ထီးရိုးဧည့်သည်တွေ အတွက်လုံလောက်ပါတယ်တဲ့။

နောက်တစ်ခုသိလိုက်ရတာက ကားသမားတွေရဲ့ mindset ပါ။.အဲဒါက ဒီတောင်တက်လမ်းက ကျနော်တို့ရဲ့ကိုယ်ပိုင်လမ်း သူတို့နဲ့ဘာဆိုင်လို့လဲ။သူတို့ကားတွေပြေးမယ်ဆို သူတို့လမ်းသစ်ဖောက်လေ။ ကျနော်တို့က ကေဗယ်ပြုတ်အောင်တိုက်ထုတ်မှာ။ ကေဗယ်ပြုတ်သွားအောင်လုပ်မှာ။ဒီဇင်ဘာ၂၇ထဲက ကျတော်တို့ကားတွေကိုကေဗယ်ကားဂိတ်ထိဧည့်သည်တွေမပို့ဘို့ပိတ်လိုက်ပြီ။သူတို့က ဧည့်သည်လာပို့ပေးတဲ့ကားသမားတွေကိုကော်မရှင်ပေးတယ်။တစ်ချို့ ကားသမားတွေကသွားချင်ကြတယ်။ဒါကြောင့် ပိတ်လိုက်တာ တဲ့လေ။

ဒါကြောင့် ကျမတို့တောင်အတက်မှာတုန်းကရသေ့တောင်ဂိတ်တောင်မဝင်ဘဲ တန်းတက်တာကိုးကျမတို့လို ကလေးပါတဲ့မိသားစုတွေလည်း cableစီးမယ်ပြောထားပြီး မှောင်မှောင်မဲမဲမှာဘုမသိ ဘမသိရင်ပြင်တော်ဂိတ်ကိုရောက်ခဲ့ကြရတာပဲ ။ အဲ့ဒီ့ညီမဆို ခရီးကပန်း အိပ်ချင်မူးတူးနဲ့ ကေဗယ်ကဘယ်မှာစီးရမှာလဲလို့ လိုက်မေးနေသေးတာ ခရီးသွား ဧည့်သည်တွေ အဆင်ပြေရေးကို ဦးစားမပေးဘဲ ကိုယ်ကျိုးသာကြည့်ကြတာဟာ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ တစ်သက်လုံးလည်း လုပ်စားလာကြတာ ချမ်းသာနေကြပြီ။ ကိုယ့်ထဲက နည်းနည်း ခွဲပေးဘို့ကို ရန်သူတွေ့သလို အသည်းအသန်မာန်တွေထည့်ပြုတ်အောင်တိုက်ဘို့အထိလုပ်ကိုင်ဘို့ကြိုးစားလာကြတာ ရှက်စရာကောင်းလွန်းနေပါပြီ။

အိမ်နီးချင်း နိုင်ငံတွေတောင် ကျမတို့နိုင်ငံထက် အများကြီး အဆင့်အတန်းမြင့်မြင့်နေထိုင်နေကြပါပြီ။ နိမ့်ကျတဲ့ ပုံရိပ်တွေနဲ့ အများကြီး နောက်ကျကျန်ရစ်ခဲ့ရတဲ့ ကျမတို့ပြည်သူတွေဟာအဆင့်အတန်းရှိရှိ လူ့ဂုဏ်သိက္ခာရှိရှိနေထိုင်ချင်ကြပါပြီ။

အခုလို ကိုယ့်နိုင်ငံပုံရိပ်တင့်တယ်လာဘို့၊ပြည်သူတွေ အဆင့်အတန်းရှိရှိ နေထိုင်သွားလာနိုင်ဘို့ကိုလက်ကမ်းကြိုဆိုရမယ့်အစားဝေမျှသုံးစွဲဘို့ကို သဘောထားမကြီးနိုင်တဲ့စိတ်တွေနဲ့ဆို ဒီနိုင်ငံဟာ နိမ့်ကျတဲ့အနေအထားတွေကရုန်းထွက်နိုင်ပါ့မလား။

ကျမတို့ပြည်သူတွေ ပင်ပန်းလှပါပြီ။ အဆင်းရဲဆုံးနိုင်ငံမှာနေ အချို့ငဲ့ဆုံး လူစဉ်မမှီတဲ့ လူနေမှုပုံစံတွေနဲ့ ဖြစ်သလိုသွား ကြုံသလိုစား ရှက်စရာတွေကိုရှက်စရာလို့မမြင်တတ်တေါ့အောင် နိမ့်ကျခဲ့ပြီးပါပြီ။ အခုချိန်မှာ အဆိုးရွားဆုံးအနေအထားတွေကရုန်းထွက်ဘို့ ကြိုးစားနေကြချိန်မှာ နိုင်ငံကြီးသားပီသတဲ့ သဘောထားကြီးသောစိတ်ကိုမွေးမြူကြဘို့ အမြင်ကျယ် အတွေးချဲ့ကြဘို့အချိန်တန်ပါပြီ ကျမတို့ပြည်သူတွေဟာအဆင့်အတန်းမြင့်မြင့် လူ့ဂုဏ်သိက္ခာရှိရှိရပ်တည်နေထိုင်ဘို့ ထိုက်တန်တဲ့သူတွေပါ။ကျမတို့ပြောင်းလဲချင်ပါပြီ။cable carစီးခဲ့တာလေး ပြောပြပါအုံးမယ်။

တောင်အတက်မှာ မစီးခဲ့ရတော့ အပြန်မှာ အတက်အဆင်း လက်မှတ်ဖြတ်လို့ ကျမတို့တော့ အတက်အဆင်းစီးပြီးရင်းစီးလိုက်တယ်။ ကလေးတွေကပျော်လို့ သူတို့ချည်းသက်သက်တစ်စီးစီးကြတယ်။တစ်ယောက်တစ်စီးစီစီးကြတယ်။ကေဗယ်ပေါ်ကရှုခင်းတွေကြည့်ရတာအရမ်းလှပါတယ်။ ညနေစောင်းချိန်ဆိုပိုလို့လှပါတယ် တောင်တက်ကားစီးရတာအရမ်းပင်ပန်းပါတယ်။မပြောင်းမလဲတိုးကျိတ်လုတက်ရတာ အရင်အခြေအနေအတိုင်းပါပဲ။ ကိုယ်ကဘယ်လောက်တန်းစီထား ကားလာထိုးတာနဲ့ ဘယ်လိုဘယ်လိုအောက်ကနေခုန်တက်လာမှန်းမသိတဲ့လူတွေနဲ့ထိုင်ဖို့နေရာလုရပြန်ပါတယ်။

ကားလူပြည့်လည်း ချက်ချင်းမထွက်သေးဘဲကားပေါ်မှာ ခရီးကပန်း လူကနွမ်းနဲ့ ကျပ်ပိတ်သိပ်ပြီးစောင့်ရတာ အတော်ဒုက္ခများတာပါ။ဒီတော့ကျိုက်ထီးရိုးတောင်တက်ကားအခြေအနေ အရင်အတိုင်းပါပဲ။ ပိုကောင်းလာတယ်ဆိုတာမရှိပါဘူး။

ကျမအလုပ်က ကျိုက်ထီးရိုးတောင်တက်ကားနဲ့ အတော်ကြာကြာလုပ်ကိုင်ခဲ့ရတာ စီမံခန့်ခွဲခဲ့ရတာအချိန်ကာလတစ်ခုအထိပါပဲ။ ဘယ်လိုပဲ စီစဉ်စီစဉ်စည်းကမ်းအားနည်းတဲ့ လူတွေကြောင့်အမြဲစကားတွေပြော စိတ်ပင်ပန်းလူပင်ပန်းခဲ့ကြရတာပါ။

တောင်တက်ကားသမားတွေကလည်း ကျမတို့နဲ့ဆိုကြားပေါက်မရလို့ ပညာကပေးချင်ကြသေးတာမို့နောက်ပိုင်းသူတို့ကိုပါ အောက်ဆိုဒ်သဘောမျိုးပေးရပါတယ်။ ကျိုက်ထီးရိုးဘုရားနဲ့အနီးအနားဒေသခံတစ်ချိုု့ဆို ကျိုက်ထီးရိုးဘုရားကြီးက သူတို့ကိုလုပ်ကျွေးနေသယောင် ထင်မှတ်ထားတာမို့အနယ်နယ်အရပ်ရပ်ကဧည့်သည်တွေအပေါ်ဆက်ဆံပုံတွေက ပြူးပြဲငွေရှာနေဟန် အထင်းသားပေါ်လွင်နေတာပါ။

ဘုရားဖူးဧည့်သည်တွေသက်တောင့်သက်သာ အဆင်ပြေအေးချမ်းစွာဘုရားဖူးနိုင်တဲ့ လုပ်ပုံကိုင်ပုံမျိုးနဲ့ စီးပွားရှာကြရင်အားလုံးအဆင်ပြေမှာပါ။ ဘုရားပေါ်က အလှုခံတွေကလည်း အရင်လောက်မဆိုးပေမယ့်အရင်အချိုးအတိုင်းပါပဲ။

ရွှေနန်းကျင်နန်းရောက်ပြီဆိုတာနဲ့ ဒီနေရာကစ ဘုရားကန်တော့ရတယ်ဆိုပြီး လူကိုအတင်းကြီးကာ အတင်းတွန်းထည့်တော့တာပါပဲ။ မုဆိုးတောင်သွားလည်း လူကိုရှေ့ကပိတ်နောက်တစ်ယောက်ကကျောကိုတွန်းပြီး ဒီမှာ ကန့်တော့သွားဆိုပြီးလုပ်တုန်းပါပဲ။ အရင်ကလောက်မဆိုးတာအပြောအဆိုလေးပါပဲ။

ဘုရားရိပ်သိပ်အေးချမ်းပါတယ်။ ညနေစောင်းနေဝင်ချိန် လုံးတော်ပြည့် ရွှေသင်္ကန်း တွေနဲ့ ဝင်းလတ်နေတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ဟာ အလွန်အင်မတန်ကြည်ညိုသပ္ပါယ်စရာကောင်းလှပါတယ်။ထီးတော်က ဆည်းလည်းလေးတွေကလေအခတ်မှာ တချွန်ချွန်မြည်နေတာစိတ်မှန်းနဲ့ခံစားကြည့်ရင် ငြိမ်သက်အေးချမ်းလို့တကယ့်ကို ကြည်နူးစရာပါ။

တန်ခိုးကြီးလွန်းလို့ အိမ်နီးချင်းထိုင်းတွေ အများဆုံးလာရောက်ဖူးမျော်ကြသလို ကမ္ဘာအဝှမ်းကနိုင်ငံခြားသားတွေလည်း လာဖူးမျော်ကြတာမို့အဆင့်အတန်းမြင့်မြင့် ဧည့်ခံနိုင်မှသာ ကျမတို့မြန်မာ့ပုံရိပ်မြင့်တက်လာမှာ မဟုတ်လား။ကျမတို့ပြင်ကြရအောင်။ ကောင်းသောပြုပြင်ခြင်းနဲ့နိုင်ငံ့ပုံရိပ်မြှင့်တင်ကြရအောင်။

မမွန်မွန် (4.1.2019) လွတ်လပ်ရေးနေ့

LEAVE A REPLY

Please enter your comment!
Please enter your name here