AA ေသာင္းက်န္းသူအဖြဲ႕ အင္အားအလုံးအရင္းျဖင့္ တခ်ိန္တည္း ဝင္ေရာက္တိုက္ခိုက္ ၊ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံး ၊ ၉ ဦး ဒဏ္ရာရ

0
298

(Zawgyi)

AA ေသာင္းက်န္းသူအဖြဲ႕ အင္အားအလုံးအရင္းျဖင့္ တခ်ိန္တည္း ဝင္ေရာက္တိုက္ခိုက္ ၊ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံး ၊ ၉ ဦး ဒဏ္ရာရ

ေနျပည္ေတာ္ ဇန္နဝါရီ ၄

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ရဲကင္းစခန္းေလးခုအား ယေန႔ နံနက္ပိုင္းတြင္ AA ေသာင္းက်န္းသူ အဖြဲ႕က အင္အားအလုံးအရင္းျဖင့္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံးၿပီး ၉ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ငျမင္းေဘာ္ရဲကင္းစခန္းအား ခန္႔မွန္းအင္အား ၁၀ဝ ခန္႔ရွိ AA ေသာင္းက်န္းသူ အဖြဲ႕ကလည္းေကာင္း၊ ေက်ာင္းေတာင္ရဲကင္းစခန္းအား ခန္႔မွန္းအင္အား ၁၀ဝ ခန္႔ရွိ AA ေသာင္းက်န္းသူအဖြဲ႕ ကလည္းေကာင္း၊ ဂုပၸိ ရဲကင္း စခန္းအား ခန္႔မွန္းအင္အား ၅၀ ခန္႔ရွိ AA ေသာင္းက်န္းသူအဖြဲ႕ ကလည္းေကာင္း၊

ခထီးလွ ရဲကင္းစခန္းအား ခန္႔မွန္းအင္အား ၁၀ဝ ခန္႔ရွိ AA ေသာင္းက်န္းသူအဖြဲ႕ က လည္းေကာင္း နံနက္ ၆ နာရီ ၄၅ မိနစ္တြင္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ဝင္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း။

ျဖစ္စဥ္ျဖစ္ပြားလွ်င္ ျဖစ္ပြားခ်င္း လႈပ္ရွားစစ္ေၾကာင္းမ်ားျဖစ္ေသာ အမွတ္ (၈) နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမွ စစ္ကူအဖြဲ႕မ်ားႏွင့္ တပ္မေတာ္ မွ စစ္ေၾကာင္းမ်ားက စခန္းမ်ားသို႔ စစ္ကူသြားေရာက္ပူးေပါင္းခဲ့ရာ ငျမင္းေဘာ္စခန္းသို႔ နံနက္ ၉ နာရီ ၃၅ မိနစ္တြင္လည္းေကာင္း၊ ေက်ာင္းေတာင္စခန္းသို႔ မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္တြင္ လည္းေကာင္း၊ ဂုပၸိစခန္းသို႔ နံနက္ ၉ နာရီ မိနစ္ ၂၀ တြင္လည္းေကာင္း၊ ခထီးလွ စခန္းသို႔ နံနက္ ၉ နာရီခြဲတြင္ လည္းေကာင္း ပူးေပါင္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ငျမင္းေဘာ္ရဲကင္းစခန္းႏွင့္ ေက်ာင္းေတာင္ရဲကင္းစခန္းမ်ားသို႔ စစ္ကူအဖြဲ႕ မေရာက္ရွိေသးမီ AA ေသာင္းက်န္းသူ အဖြဲ႕က ဖိအားေပးတိုက္ခိုက္မႈ ပိုမို ျပင္းထန္လာသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက အဆိုပါ စခန္းႏွစ္ခုအား စြန္႔ခြာခဲ့ရေၾကာင္း၊ ဂုပၸိရဲကင္းစခန္း ႏွင့္ ခထီးလွ ရဲကင္းစခန္းႏွစ္ခုသည္ နံနက္ ၇ နာရီခြဲခန္႔မွ စ၍ တပ္မေတာ္စစ္ေၾကာင္းမ်ား၏ လက္နက္ႀကီး ပစ္ကူရရွိခဲ့ၿပီး

ရဲကင္းစခန္းအတြင္းရွိ တပ္ဖြဲ႕ဝင္မ်ား၏ ႀကံ့ႀကံ့ခံ စနစ္တက် ျပန္လည္ခုခံတိုက္ခိ္ုက္မႈေၾကာင့္ AA ေသာင္းက်န္းသူအဖြဲ႕မ်ားက စခန္းႏွစ္ခုအား သိမ္းပိုက္ရရွိေရး အင္အားအလုံးအရင္းျဖင့္ ၿခံစည္း႐ိုးကို အႀကိမ္ႀကိမ္ ဖ်က္ဆီးထိုးေဖာက္ေသာ္လည္း စခန္းအား သိမ္းပိုက္ရရွိမႈမရွိဘဲ ဝန္းရံပိတ္ဆို႔ ထားခဲ့ေၾကာင္း၊

နံနက္ ၈ နာရီ ၁၀ မိနစ္မွ စ၍ ၎ကင္းစခန္းမ်ားသို႔ တပ္မေတာ္ ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ ပစ္ကူေပးတိုက္ခိုက္ခဲ့သျဖင့္ လည္းေကာင္း၊ တပ္မေတာ္စစ္ကူ စစ္ေၾကာင္းမ်ားက ဝိုင္းပတ္ပိတ္ဆို႔ထားသည့္ AA လက္နက္ကိုင္အဖြဲ႕မ်ားကို ပစ္အားသုံး၍ တရစပ္ထိုးစစ္ဆင္ ထိုးေဖာက္ဝင္ေရာက္တိုက္ခိ္ုက္မႈေၾကာင့္ လည္းေကာင္း နံနက္ ၉ နာရီခြဲ ခန္႔တြင္ စစ္ကူစစ္ေၾကာင္းမ်ားႏွင့္ ပူးေပါင္းမိသျဖင့္ AA ေသာင္းက်န္းသူအဖြဲ႕သည္ အေရွ႕ ဘက္သို႔ ဆုတ္ခြာသြားခဲ့ေၾကာင္း သိရသည္။

AA ေသာင္းက်န္းသူအဖြဲ႕၏ ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ငျမင္းေဘာ္ရဲကင္း စခန္းမွ တပ္ဖြဲ႕ဝင္ ၉ ဦး က်ဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ေက်ာင္းေတာင္ရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္ ၂ ဦး က်ဆုံး၊ ၁ ဦး ဒဏ္ရာ ရရွိၿပီး ဂုပၸိရဲကင္းစခန္း မွ ၃ ဦး ဒဏ္ရာရရွိကာ ခထီးလွ ရဲကင္းစခန္းမွ ၂ ဦးက်ဆုံး၊ ၃ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း။

ျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္ စုစုေပါင္း ၁၃ ဦးက်ဆုံးၿပီး ၉ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ လက္နက္ငယ္မ်ိဳးစုံ အလက္ ၄၀၊ ခဲယမ္းမ်ိဳးစုံ ၁၆၁၁၁ ေတာင့္၊ လက္ကိုင္စကားေျပာစက္ ၁ လုံးဆုံးရႈံးခဲ့ေၾကာင္း၊ AA ေသာင္းက်န္းသူအဖြဲ႕ ဆုတ္ခြာရာ လမ္းေၾကာင္းတစ္ေလွ်ာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ ပူးေပါင္းအဖြဲ႕ မ်ားက ပိတ္ဆို႔ ရွင္းလင္းလ်က္ရွိၿပီး ရဲကင္းစခန္းမ်ားရွိရာ ေက်း႐ြာ ၄ ႐ြာမွ တိုင္းရင္း သား၊ တိုင္းရင္းသူမ်ားသည္ ေက်း႐ြာမ်ားသို႔ စြန္႔ခြာတိမ္းေရွာင္သြားသျဖင့္ အဆက္ အသြယ္ရရွိေရး ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အေလးထား ေဆာင္႐ြက္လ်က္ရွိရာ ယခုကဲ့သို႔ AA ေသာင္းက်န္းသူအဖြဲ႕၏ အၾကမ္းဖက္တိုက္ခိုက္မႈ လုပ္ရပ္မ်ားေၾကာင့္ အေျခအေနမ်ားကို ပိုမိုရႈပ္ ေထြးေစၿပီး ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို ထိခိုက္ေစကာ ရခိုင္ျပည္နယ္ အတြင္း မတည္ၿငိမ္မႈမ်ား ျမင့္တက္လာေစႏိုင္ရန္ ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္လာျခင္း ျဖစ္ေၾကာင္း၊ AA ေသာင္းက်န္းသူအဖြဲ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ထိေရာက္စြာ တုန္႔ျပန္ေခ်မႈန္း ႏွိမ္နင္းသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

MOI
KT

(Unicode)

AA သောင်းကျန်းသူအဖွဲ့ အင်အားအလုံးအရင်းဖြင့် တချိန်တည်း ဝင်ရောက်တိုက်ခိုက် ၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး ၊ ၉ ဦး ဒဏ်ရာရ

နေပြည်တော် ဇန်နဝါရီ ၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူ အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀ဝ ခန့်ရှိ AA သောင်းကျန်းသူ အဖွဲ့ကလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀ဝ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ ကလည်းကောင်း၊ ဂုပ္ပိ ရဲကင်း စခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ ကလည်းကောင်း၊

ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀ဝ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ က လည်းကောင်း နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော် မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA သောင်းကျန်းသူ အဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမို ပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ စခန်းနှစ်ခုအား စွန့်ခွာခဲ့ရကြောင်း၊ ဂုပ္ပိရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုသည် နံနက် ၇ နာရီခွဲခန့်မှ စ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့ပြီး

ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် AA သောင်းကျန်းသူအဖွဲ့များက စခန်းနှစ်ခုအား သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီးထိုးဖောက်သော်လည်း စခန်းအား သိမ်းပိုက်ရရှိမှုမရှိဘဲ ဝန်းရံပိတ်ဆို့ ထားခဲ့ကြောင်း၊

နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၎င်းကင်းစခန်းများသို့ တပ်မတော် ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် လည်းကောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများက ဝိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက်ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ်ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လည်းကောင်း နံနက် ၉ နာရီခွဲ ခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AA သောင်းကျန်းသူအဖွဲ့သည် အရှေ့ ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

AA သောင်းကျန်းသူအဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်းလျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ ၄ ရွာမှ တိုင်းရင်း သား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက် အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

MOI
KT