ေျမြေတြကို အိပ္မက္ မက္မိတဲ့အခါ ဘာေတြ ျဖစ္တတ္သလဲ

0
776

(Zawgyi)

ေျမြေတြကို အိပ္မက္ မက္မိတဲ့အခါ ဘာေတြ ျဖစ္တတ္သလဲ

၁။ ေျမြကို ေၾကာက္ၿပီးထြက္ေျပးတယ္လို႔ အိပ္မက္ မက္ရင္

အိပ္မက္ထဲမွာ ေျမြက ကိုယ့္ကို ကိုက္ေတာ့မယ့္ ပုံစံ၊ ေပါက္ေတာ့မယ့္ ပုံစံနဲ႔ လိုက္လာလို႔ ေၾကာက္လန္႔တၾကား ထြက္ေျပးရတယ္ လို႔ အိပ္မက္ ျမင္မက္တယ္ ဆိုရင္ သင့္ထံသို႔ ကံမေကာင္းတဲ့ ကိစၥရပ္တစ္ခု မၾကာခင္ ေရာက္ရွိလာေတာ့မွာ လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

၂။ ေျမြနဲ႔ တရင္းတႏွီး ကစားေနရတယ္လို႔ မက္ရင္

သင္ဟာ ျပင္ပမွာေတာ့ ေျမြကို ေသမလို ေၾကာက္ေပမယ့္ အိပ္မက္ထဲမွာ ေျမြနဲ႔ ရင္းႏွီး ကၽြမ္းဝင္စြာကစားေနတယ္လို႔ ျမင္မက္တယ္ ဆိုရင္ သင္ရင္ဆိုင္ေျဖရွင္းေနရတဲ့ ျပႆနာေတြရဲ႕အရင္းအျမစ္ကိုရွာေတြ႕ၿပီး မၾကာခင္ ေျဖရွင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

၃။ ေျမြအေရခြံလဲတာကို သင္ကုိယ္တိုင္ျမင္ေတြ႕ရတယ္လို႔ မက္ရင္

အိပ္မက္ထဲမွာ ေျမြတစ္ေကာင္ အေရခြံ လဲေနတာကို သင့္မ်က္စိေရွ႕မွ ာမ်က္ဝါးထင္ထင္ ျမင္ေတြ႕ရတယ္ဆိုရင္ မၾကာခင္ အခ်ိန္မွ ာသင့္ထံသို႔ ေကာင္းေသာ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲမွုေတြ ေရာက္လာေတာ့မယ္လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

၄။ ေျမြကို သတ္ရတယ္ လို႔ အိပ္မက္ မက္ရင္

အိပ္မက္ထဲမွာ သင္ကိုယ္တိုင္ ေျမြကို သတ္လိုက္ရတယ္ လို႔ အိပ္မက္ ျမင္မက္လ်ွင္ သင့္ဘဝမွာ ႀကံဳေတြ႕ေနရတဲ့ အခက္အခဲဆုံး ျပႆနာေတြကို ယုံၾကည္ခ်က္ အျပည္႔နဲ႔ ေက်ာ္လႊားႏိုင္မွာ ျဖစ္ၿပီး သူမတူတဲ့ ေအာင္ျမင္မွုမ်ိဳး ရရွိေတာ့မွာ ျဖစ္ေၾကာင္း နိမိတ္ျပျခင္း ျဖစ္ပါတယ္ ။

၅။ ေျမြက သင္ဘယ္သြားသြား ေနာက္က လိုက္လာတယ္လို႔ ျမင္မက္တဲ့ အခါ

အိပ္မက္ထဲမွာ ေျမြက သင္ဘယ္သြားသြား ေနာက္က လိုက္ေနတယ္လို႔ ျမင္မက္ တာဟာ သင့္မွာ ငိုစရာ၊ ဝမ္းနည္းစရာ ကိစၥရပ္ တစ္ခု ျဖစ္ေပၚလာေတာ့မယ္ လို႔ ဆိုလိုျခင္း ျဖစ္ပါတယ္။

၆။ ေျမြကိုက္ခံရတယ္လို႔ အိပ္မက္ မက္ရင္

အိပ္မက္ထဲမွာ သင့္ကိုေျမြတစ္ေကာင္က ျပင္းျပင္း ထန္ထန္ လိုက္ကိုက္ၿပီး သင္ဒဏ္ရာ ရသြားတယ္လို႔ျမင္မက္တယ္ ဆုိရင္ ဘယ္လိုမွေရွာင္လြဲလို႔ မရေတာ့တဲ့ ျပႆနာ အႀကီးႀကီး ေပၚလာေတာ့မွာ ျဖစ္ပါတယ္။ ဒီလို အိပ္မက္မ်ိဳး ျမင္မက္ၿပီးၿပီ ဆုိရင္ မေပါ့ဆသင့္ပဲ သတိႀကီးစြာ ေနထုိင္သင့္ပါတယ္။

၇။ ေျမြအခ်င္းခ်င္ းရန္ျဖစ္ေနတာကို အိပ္မက္ မက္ရင္

ေျမြအခ်င္းခ်င္း ရန္သတ္ေနတာကို အိပ္မက္ ျမင္မက္တယ္ ဆိုရင္ သင္ေပါင္းသင္းေနတဲ့ မိတ္ေဆြ အေပါင္းအသင္းေတြ ထဲမွာ သင့္ကို မလုိမုန္းထားသူ ရွိေနၿပီလို႔ ဆိုလိုျခင္းပဲ ျဖစ္ပါတယ္။

popolay

(Unicode)

မြွေတွေကို အိပ်မက် မက်မိတဲ့အခါ ဘာတွေ ဖြစ်တတ်သလဲ

၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက် မက်ရင်

အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့် ပုံစံ၊ ပေါက်တော့မယ့် ပုံစံနဲ့ လိုက်လာလို့ ကြောက်လန့်တကြား ထွက်ပြေးရတယ် လို့ အိပ်မက် မြင်မက်တယ် ဆိုရင် သင့်ထံသို့ ကံမကောင်းတဲ့ ကိစ္စရပ်တစ်ခု မကြာခင် ရောက်ရှိလာတော့မှာ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

၂။ မြွေနဲ့ တရင်းတနှီး ကစားနေရတယ်လို့ မက်ရင်

သင်ဟာ ပြင်ပမှာတော့ မြွေကို သေမလို ကြောက်ပေမယ့် အိပ်မက်ထဲမှာ မြွေနဲ့ ရင်းနှီး ကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ် ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီး မကြာခင် ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။

၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မက်ရင်

အိပ်မက်ထဲမှာ မြွေတစ်ကောင် အရေခွံ လဲနေတာကို သင့်မျက်စိရှေ့မှ ာမျက်ဝါးထင်ထင် မြင်တွေ့ရတယ်ဆိုရင် မကြာခင် အချိန်မှ ာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေ ရောက်လာတော့မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

၄။ မြွေကို သတ်ရတယ် လို့ အိပ်မက် မက်ရင်

အိပ်မက်ထဲမှာ သင်ကိုယ်တိုင် မြွေကို သတ်လိုက်ရတယ် လို့ အိပ်မက် မြင်မက်လျှင် သင့်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲဆုံး ပြဿနာတွေကို ယုံကြည်ချက် အပြည့်နဲ့ ကျော်လွှားနိုင်မှာ ဖြစ်ပြီး သူမတူတဲ့ အောင်မြင်မှုမျိုး ရရှိတော့မှာ ဖြစ်ကြောင်း နိမိတ်ပြခြင်း ဖြစ်ပါတယ် ။

၅။ မြွေက သင်ဘယ်သွားသွား နောက်က လိုက်လာတယ်လို့ မြင်မက်တဲ့ အခါ

အိပ်မက်ထဲမှာ မြွေက သင်ဘယ်သွားသွား နောက်က လိုက်နေတယ်လို့ မြင်မက် တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာ ကိစ္စရပ် တစ်ခု ဖြစ်ပေါ်လာတော့မယ် လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက် မက်ရင်

အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်က ပြင်းပြင်း ထန်ထန် လိုက်ကိုက်ပြီး သင်ဒဏ်ရာ ရသွားတယ်လို့မြင်မက်တယ် ဆိုရင် ဘယ်လိုမှရှောင်လွဲလို့ မရတော့တဲ့ ပြဿနာ အကြီးကြီး ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီလို အိပ်မက်မျိုး မြင်မက်ပြီးပြီ ဆိုရင် မပေါ့ဆသင့်ပဲ သတိကြီးစွာ နေထိုင်သင့်ပါတယ်။

၇။ မြွေအချင်းချင် းရန်ဖြစ်နေတာကို အိပ်မက် မက်ရင်

မြွေအချင်းချင်း ရန်သတ်နေတာကို အိပ်မက် မြင်မက်တယ် ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ထဲမှာ သင့်ကို မလိုမုန်းထားသူ ရှိနေပြီလို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

popolay

LEAVE A REPLY

Please enter your comment!
Please enter your name here