ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္ဇာတ္ကား ႏိုင္ငံတကာအဆင့္ မီွေစရမည္ဟု လူမင္း အာမခံ

0
93

(Zawgyi)

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္ဇာတ္ကား ႏိုင္ငံတကာအဆင့္ မီွေစရမည္ဟု လူမင္း အာမခံ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ ႐ိုက္ကူးဖို႔ အေကာင္းဆုံး အကူအညီ အေထာက္အပံ့ေတြ ရရွိထားၿပီျဖစ္လို႔ ဒီ႐ုပ္ရွင္ဟာ ႏိုင္ငံတကာအဆင့္မီ ႐ုပ္ရွင္ျဖစ္ဖို႔ အာမခံတယ္လို႔ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူထားတဲ့ ဦးလူမင္းက ေျပာပါတယ္။

ဇန္နဝါရီ ၄ ရက္မနက္က ရန္ကုန္မွာျပဳလုပ္တဲ့ ေအာင္ဆန္း႐ုပ္ရွင္ တရားဝင္ လူမႈကြန္ရက္ စာမ်က္ႏွာ မိတ္ဆက္ပြဲ အခမ္းအနားမွာ ဒါ႐ိုက္တာ ဦးလူမင္းက ေျပာၾကားခဲ့တာပါ။

“က်ေနာ့္အေနနဲ႔လည္း ဒီ႐ုပ္ရွင္ႀကီးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြ၊ ဝန္ႀကီးဌာနေတြ အားလုံးေပါင္းၿပီးေတာ့ ႏိုင္ငံတကာအဆင့္မီ ႐ိုက္ကူးထုတ္လုပ္ၿပီး ဒီ႐ုပ္ရွင္ႀကီးကို ျပည္သူလူထုဆီ ခ်ျပႏိုင္လိမ့္မယ္လို႔ က်ေနာ္ လုံးဝယုံၾကည္ပါတယ္။ ဒီေလာက္ေကာင္းမြန္တဲ့ အေထာက္အပံ့မ်ိဳး ဘယ္တုန္းကမွ မရခဲ့ပါဘူး။ ဒီေလာက္ အေထာက္အပံ့ အကူအညီေတြ ရၿပီးေတာ့မွ ႏိုင္ငံတကာ အဆင့္မမီရင္ က်ေနာ္တို႔ ညံ့ရာေရာက္ပါတယ္။”

လက္ရွိမွာေတာ့ ဒီအတၳဳပၸတၱိ႐ုပ္ရွင္ ဇာတ္ၫြန္းအပိုင္း ၁၁၆ ပိုင္း ေရးသားၿပီးစီးသြားၿပီး သမိုင္းပညာရွင္ေတြထံ အတည္ျပဳေပးဖို႔အပ္ႏွံထားတယ္လို႔ ဦးလူမင္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ကို မူလက ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို ဇာတ္ၫြန္းဒါ႐ိုက္တာအျဖစ္ တာဝန္ေပးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဒီတာဝန္ေတြကို ဦးလူမင္းက လႊဲေျပာင္း တာဝန္ယူထားပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိ႐ုပ္ရွင္ကို က်ပ္သိန္းေပါင္း ၁၅၀၀၀ အကုန္က်ခံ ႐ိုက္ကူးမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ ျပသႏိုင္ဖို႔ ရည္မွန္းထားေပမယ့္ ဇာတ္ကား အရည္အေသြး ပိုေကာင္းေအာင္ အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႔ အခ်ိန္ထပ္မံတိုးယူရမယ္လို႔ ဆိုပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ၂၀၁၂ ခုႏွစ္က စတင္႐ိုက္ကူးဖို႔ စီစဥ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဗိုလ္ခ်ဳပ္ ႏွစ္ ၁၀၀ ျပည့္ေမြးေန႔မွာ ျပသဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ ၆ ႏွစ္အတြင္း ၁၁ မိနစ္စာ နမူနာဇာတ္ဝင္ခန္းတခုသာ ႐ိုက္ကူးႏိုင္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရပါတယ္။

ဒြီဗြီဘီ
KT

(Unicode)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား နိုင်ငံတကာအဆင့် မှီစေရမည်ဟု လူမင်း အာမခံ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ အကောင်းဆုံး အကူအညီ အထောက်အပံ့တွေ ရရှိထားပြီဖြစ်လို့ ဒီရုပ်ရှင်ဟာ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ဦးလူမင်းက ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်မနက်က ရန်ကုန်မှာပြုလုပ်တဲ့ အောင်ဆန်းရုပ်ရှင် တရားဝင် လူမှုကွန်ရက် စာမျက်နှာ မိတ်ဆက်ပွဲ အခမ်းအနားမှာ ဒါရိုက်တာ ဦးလူမင်းက ပြောကြားခဲ့တာပါ။

“ကျနော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်ပြီး ဒီရုပ်ရှင်ကြီးကို ပြည်သူလူထုဆီ ချပြနိုင်လိမ့်မယ်လို့ ကျနော် လုံးဝယုံကြည်ပါတယ်။ ဒီလောက်ကောင်းမွန်တဲ့ အထောက်အပံ့မျိုး ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဒီလောက် အထောက်အပံ့ အကူအညီတွေ ရပြီးတော့မှ နိုင်ငံတကာ အဆင့်မမီရင် ကျနော်တို့ ညံ့ရာရောက်ပါတယ်။”

လက်ရှိမှာတော့ ဒီအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ညွန်းအပိုင်း ၁၁၆ ပိုင်း ရေးသားပြီးစီးသွားပြီး သမိုင်းပညာရှင်တွေထံ အတည်ပြုပေးဖို့အပ်နှံထားတယ်လို့ ဦးလူမင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဇာတ်ညွန်းဒါရိုက်တာအဖြစ် တာဝန်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဒီတာဝန်တွေကို ဦးလူမင်းက လွှဲပြောင်း တာဝန်ယူထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁၅၀၀၀ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသနိုင်ဖို့ ရည်မှန်းထားပေမယ့် ဇာတ်ကား အရည်အသွေး ပိုကောင်းအောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အချိန်ထပ်မံတိုးယူရမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ နမူနာဇာတ်ဝင်ခန်းတခုသာ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ဒွီဗွီဘီ
KT

LEAVE A REPLY

Please enter your comment!
Please enter your name here