ျမင့္မုိရ္ေတာင္ကုိ ေက်ာခုိင္း၍

0
188

(Zawgyi)

ျမင့္မုိရ္ေတာင္ကုိ ေက်ာခုိင္း၍

” သားေလးက ဖတဆုိးေလး မလုိ႔ ေမေမက အရမ္းခ်စ္လုိ႔ အလုိ လုိက္ထားတာ သားကုိ ခ်စ္ရာ မေရာက္ပဲ ႏွစ္ရာ ေရာက္ေနတယ္ ဆုိတာ ေမေမ သိတယ္ ။ ဒါေပမယ့္ ေမေမ သိသိႀကီးနဲ႔ပဲ ဆက္မုိက္ ပါေတာ့မယ္ သားက ေမေမ့ဘဝမွာ အေရးအႀကီးဆုံး ပဲေလ ” တဲ့

အသိဥာဏ္ ထဲမွာ ကိန္းေအာင္း သြားတာ တစ္ခုက ငါ့အေမကုိ သားဆုိး မေအ တစ္ေပေပ လုိ႔ အေျပာ မခံႏုိင္ဘူး ဆုိတာပဲ… ကြၽန္ေတာ္ ဆုိးေပ မုိက္ေပမယ့္ မပ်က္စီးေအာင္ အေမ မ်က္ရည္ မက်ေအာင္ ေနျဖစ္တယ္…

ေသတၱာထဲမွာ ဘူးေလးနဲ႔ တစ္ယုတစ္ယ သိမ္းထားတာေလး ကုိ ထုတ္ျပၿပီး ” သား ဒါဘာေလးလဲ သိလား ” တဲ့…

” ဟားဟား ေမေမ့ ဟာက ႐ွည္ေမ်ာေမ်ာ တြန္႔လိမ္လိမ္နဲ႔ တီေကာင္ အေျခာက္ႀကီး မဟုတ္လား ဘာလုပ္ဖုိ႔ ဘူးထဲ ထည့္သိမ္းထား တာတုန္း”

အေမ ျပဳံးျပဳံးေလးနဲ႔ ျပန္ေျပာ လုိက္တဲ့ စကား တစ္ခြန္းေၾကာင့္ မ်က္ရည္ လည္တဲ့ အထိ ပီတိ ျဖစ္သြားတယ္… ” ဒါ သားကုိ ေမြးတုန္းက သားရဲ႕ခ်က္ၾကဳိးေလးေလ ေမေမ အမွတ္တရ သိမ္းထားတာ ” တဲ့

ကြၽန္ေတာ္ ငယ္ငယ္က ၾကဳိက္ခဲ့ ဝတ္ခဲ့တဲ့ အဝတ္အစားေလး ေတြ အေမ အခုထိ သိမ္းထား တုန္းပဲ…

ကြၽန္ေတာ့္ ပစၥည္းေလးေတြ အ႐ုပ္ေလး ေတြက အစ အေမ သိမ္းထား တုန္းပဲ…

တစ္ဦးတည္းေသာသား တစ္ေကာင္ႂကြက္မုိ႔လုိ႔ အေဖာ္ သိပ္မင္တတ္တဲ့ ကြၽန္ေတာ့္အတြက္ သူငယ္ခ်င္းေတြ ရလာေတာ့ အေမ့အိမ္က ကြၽန္ေတာ့္ သူငယ္ခ်င္းေတြ အတြက္ အလကား ရတဲ့ မုန္႔ဆုိင္ ျဖစ္လာတယ္… သားတစ္ေယာက္ တည္း ႐ွိတဲ့ အေမ့မွာ မုန္႔ဖုိး ေပးရတဲ့ သားေတြ မ်ားလာတယ္…

တစ္ခါ တစ္ေလေတာ့ ကေလးပီပီ ” သူတုိ႕ကုိ ဘာလုိ႔ မုန္႔ဖုိးေတြ ေပး မုန္႔ေတြ ဝယ္ေကြၽး ေနတာလဲ ေပးနဲ႔ေကြၽးနဲ႔ သားကုိပဲ ေပး ” လုိ႔ ေျပာေတာ့ ေမေမက ” သူတုိ႕ ေက်နပ္ေအာင္ ထားေပးမွာ သူတုိ႔က သားနဲ႔ ကစားမွာ ေပါ့ တဲ့ ”

မုန္႔ေတြ ေဝေပးတုိင္း မုန္႔ဖုိး ေပးတုိင္း အေမ ေျပာတတ္တဲ့ စကားတစ္ခြန္းက ” တည့္တည့္ ႐ွဴး႐ွဴး ေနၾက ရန္မျဖစ္ၾကနဲ႔ အန္တီ့ သားေလးကုိ အနုိင္ မက်င့္ရ ဘူးေနာ္ ရန္ျဖစ္ရင္ မုန္႔လဲ မေကြၽးေတာ့ဘူး မုန္႔ဖုိးလဲ မေပးေတာ့ဘူး ” တဲ့… ငယ္ငယ္က လူေကာင္ သိပ္ေသးတဲ့ ကြၽန္ေတာ္ဟာ ကစားေဖာ္ သူငယ္ခ်င္းေတြ ၾကားထဲမွာ အ႐ွိန္အဝါ ႀကီးႀကီးမားမား နဲ႔ ေနရတဲ့သူ ျဖစ္လာတယ္…

ကြၽန္ေတာ္ စားစရာ တစ္ခုမွာရင္ ႏွစ္ခု ဝယ္လာ တတ္တယ္…

ကစားစရာ အ႐ုပ္ တစ္႐ုပ္ မွာရင္ ႏွစ္႐ုပ္ ဝယ္လာ တတ္တယ္…

တျခား ကေလးေတြ အဝတ္ အစား ဒီဇုိင္း အသစ္ေတြ ဝတ္လာတာ အေမ ေတြ႔တာနဲ႔ ေနာက္တစ္ေန႔မွာ ကြၽန္ေတာ႕ ကုိယ္ေပၚကုိ ေရာက္ၿပီးသားပဲ…

ကြၽန္ေတာ္ဟာ လုိခ်င္တာကုိ ႏွစ္ခါ လက္ညဳိး ထုိးစရာ မလုိတဲ့ ေကာင္ေလး တစ္ေယာက္ေပါ့…

” သားက ေမေမ့ ဘဝပဲ ေမေမ အသက္႐ွင္ေန ေရြ႔ ငါ့သားေလး ဘယ္ေတာ့မွာ မ်က္ႏွာ မငယ္ေစရဘူး ” တဲ့…

အသက္ ၁၂ ႏွစ္မွာ ပထဦးဆုံး ရန္ျဖစ္ဖူး တယ္…

ေက်ာင္းစိမ္း ပုဆုိး စလြယ္ သုိင္းၿပီး အိမ္ကုိ အေမာ တေကာ ေျပးလာတဲ့ ကြၽန္ေတာ့္ကုိ ေမေမက ” ဘာျဖစ္လာတာလဲ သားေလးကုိ ဘယ္သူက ဘာလုပ္လုိက္ တဲ့ ေျပာစမ္း ” တဲ့…

” သားေၾကာက္တယ္ ေမေမ သားတုိ႔ အတန္းထဲက အတန္းေ ခါင္းေဆာင္က သားကုိ ခဏခဏ လုိက္ စၿပီး အႏုိင္ က်င့္တယ္ အဲ့ဒါ အခု သား သီးမခံႏုိင္ ေတာ့လုိ႔ ေက်ာင္းဆင္းတဲ့ အခ်ိန္ သူ႔ေခါင္းကုိ အုတ္နီခဲ နဲ႔ ထုပစ္တာ ေသြးေတြ အမ်ားႀကီးပဲ ထြက္လာတယ္ ေမေမ သား ဘာလုပ္ရ မလဲ အရမ္း ေၾကာက္တယ္ ”

” သားရယ္ သူမ်ား တစ္ဖက္သားကုိ ဘာလုိ႔ အဲ့ေလာက္ လုပ္ရ တာလဲ ေမေမ သားကုိ အဲ့လုိ မလုပ္ရဘူး လုိ႔ ဆုံးမ ထားတယ္ ေလ”

” သားကုိ အရမ္း အႏုိင္က်င့္တာ မခံႏုိင္ေတာ့ လုိ႔ပါ ”

” ကဲပါ ျဖစ္လာၿပီးမွေတာ့ မထူးေတာ့ပါဘူး သား ဘာမွ မျဖစ္ေစရဘူး ေမေမ ႐ွင္းေပးမယ္ ” ဆုိၿပီး အျပင္ကုိ ထြက္သြားတယ္… အေမျပန္လာေတာ့ ကြၽန္ေတာ္ သတိထားမိတာ တစ္ခုက အေမ့လက္က လက္ေကာက္ ႏွစ္ကြင္းမွာ တစ္ကြင္း မ႐ွိေတာ့ဘူး ဆုိတာပဲ…

” သားကုိ အဲ့လုိ လုပ္ရတယ္ လုိ႔ ဘယ္သူ ေျမႇာက္ေပး တာလဲ ေမေမ့ကုိ အမွန္ အတုိင္းေျပာ ”

” လမ္းထိပ္ မုန္႔ဆုိင္က ဦးေလးႀကီးကုိ မုန္႔သြားဝယ္ရင္း နဲ႔ ေျပာျပတာ အဲ့ဦးေလးက သူငယ္ငယ္ တုန္းက အဲ့လုိ လုပ္ခဲ့တာ ေနာက္ အႏုိင္က်င့္ မခံရေတာ့ဘူး လုိ႕ ေျပာတာ ”

” ေနာက္ဆုိ အဲ့လုိ မလုပ္ရဘူးေနာ္ သား သားကုိ အႏုိင္က်င့္တဲ့ သူ႐ွိရင္ ဆရာမ ေတြကုိ တုိင္ ေမေမ့ကုိလဲ ေျပာျပ ေမေမတုိ႔ ဆုံးမ ေပးမယ္ ၾကားလား ”

ေနာက္ေန႔ ေက်ာင္းသြားခါနီး လမ္းထိပ္ မုန္႔ဆုိင္မွာ မုန္႔ဝင္ ဝယ္ေတာ့ အျမဲတမ္း ကြၽန္ေတာ့္ကုိ စေနာက္ေနၾက ဦးေလးႀကီးက စကား လုံးဝ မေျပာေတာ့ဘူး မ်က္ႏွာလဲ မေကာင္းဘူး…

ေနာက္မွ သိလုိက္ရတာ ” ကြၽန္မသားကုိ ေနာက္တစ္ခါ အဲ့လုိေတြ ေျမႇာက္ေပးရင္ ကြၽန္မ ကုိယ္တုိင္ ႐ွင့္ေခါင္းကုိ ႐ုိက္ခြဲပစ္မယ္ ” လုိ႔ ရန္ေတြ႔ခဲ့ တာ တဲ့…

အေမဟာ ကြၽန္ေတာ္နဲ႔ ပတ္သက္ လာရင္ တစ္ေလာကလုံး ကုိေတာင္ ရင္ဆုိင္မယ့္ သူမ်ဳိး…

အေမဟာ သူ႔ရဲ႕ ငယ္ရြယ္ ေခ်ာေမာမႈနဲ႔ တပင္လဲမူ တစ္ပင္ထူ ဆုိတဲ့ စကားေတြကုိ ဥေပကၡာ ျပဳၿပီး သူ႔ရင္ခြင္ တစ္ခုလုံး ဘဝ တစ္ခုလုံးမွာ ကြၽန္ေတာ့္ တစ္ေယာက္တည္းကုိ ထည့္ၿပီး ေႏြးေထြးေစ ခဲ့တဲ့ သူမ်ဳိး…

အျပစ္ တစ္ခုခု လုပ္မိၿပီဆုိ ႐ုိက္တာ ႏွက္တာမ်ဳိး မလုပ္ပဲနဲ႔ တစ္လုံးခ်င္း နားထဲ ဝင္ေအာင္ တစ္ခါ လုပ္မိၿပီးသားအျပစ္ကုိ ေနာက္တစ္ခါ လုံးဝကုိ မလုပ္ေတာ့ ေအာင္ ဆုံးမ တတ္တဲ့ လိမၼာ ပါးနပ္တဲ့ သူမ်ဳိး…

အေမဟာ ကြၽန္ေတာ့္ အတြက္ အရာရာ…

” သားရယ္ တစ္ကယ္ သြားမလုိ႔လား ေမေမနဲ႔ပဲ ေနပါ့လား သားမွာ ဘာ ပူပင္စရာ ႐ွိလုိ႔လဲ ”

” ဘာမွ ပူစရာ မ႐ွိပါဘူး ေမေမရ… သားက အခု ကေလးမွ မဟုတ္ေတာ့တာ ၿပီးေတာ့ သား ဝါသနာပါတဲ့ အလုပ္မ်ဳိး ဆုိေတာ့ လုပ္ခ်င္လုိ႔ ပါ ”

” သားကုိ ေမေမ စိတ္မခ် ပါဘူး ”

” ဟားဟား ေမေမ ကလဲ သားအသက္ ကျဖင့္ ၂၅ ႏွစ္ေတာင္ ႐ွိေနၿပီ ဘာ စိတ္မခ် စရာ ႐ွိလုိ႔လဲ အရင္ကလဲ ဒီလုိပဲ သြားေနတာ ပဲကုိ ”

” အရင္က သြားတာက ခဏတျဖဳတ္ပဲ သြားတာေလ အခု ဟာက အလုပ္နဲ႔ ဆုိေတာ့ အၾကာႀကီး ေနရမွာေလ ေမေမက သားနဲ႔ တစ္ခါမွ အၾကာႀကီး ခြဲဖူးတာ မဟုတ္ဖူး ”

” သား သိပါတယ္ ေမေမရ… အားတုိင္း ဖုန္းဆက္မယ္ ခြင့္ရတုိင္းလဲ ျပန္လာမယ္ ဟုတ္ၿပီလား… အလုပ္ကုိလဲ လာမယ္ လုိ႔ ေျပာၿပီး သြားၿပီ ဆုိေတာ့ သြားကုိ သြားရေတာ့မွာ မလုိ႔ပါ ေတာ္ၾကာ သားကုိ ကတိမတည္တဲ့ သူ လုိ႔ ထင္သြားရင္ သား နာမည္ ပ်က္ေနဦးမယ္ ”

အေမ ငုိင္ကနဲ ျဖစ္သြားၿပီး မ်က္ရည္ေတြ က်လာတယ္… ၿပီးေတာ့မွ ” အင္းပါ သား ဆႏ ၵ႐ွိတယ္ ဆုိရင္မွေတာ့ သြားပါ ” တဲ့…

အေမဟာ ကြၽန္ေတာ့္ကုိ မသြားေစခ်င္ ေပမယ့္ သူ႔သားကုိ ကတိ မတည္တဲ့သူ ျဖစ္မွာရယ္ မ်က္နွာ ပ်က္မွာ စုိးရိမ္တာ ရယ္ေၾကာင့္ ခြင့္ျပဳခဲ့တာ ဆုိတာ ကြၽန္ေတာ္ ေသခ်ာေပါက္ သိပါတယ္…

အေမဟာ ကြၽန္ေတာ္႔ကုိ မ်က္ရည္ေတြ ၾကားထဲ ကေန အစစ အရာရာ ဂ႐ုစုိက္ဖုိ႔ အဆင္မေျပရင္ ခ်က္ခ်င္းျပန္ လာဖုိ္ တတြတ္တြတ္ မွာတယ္…

” ငါ့သားေလး ဘုန္းႀကီး ပါေစ သက္႐ွည္ ပါေစ ေဘးမသီ ရန္မခ ပါေစနဲ႔ အစစ အရာရာ အဆင္ေျပ ပါေစကြယ္ ”

အေမ့ရဲ႕ ဆုေပးသံ အဆုံးမွာ ကြၽန္ေတာ့္ ေျခလွမ္းေတြက ျမင့္မုိရ္ေတာင္ ကုိ ေက်ာခုိင္း၍…

ကြၽန္ေတာ့္ အေငြ႔အသက္ေတြ ႐ွိေနတဲ့ အခန္းေလးကုိ ၾကည့္ၿပီး အေမ ငုိေနမွာ ကြၽန္ေတာ္ သိတယ္…

မုန္႔ဖုိးပုိ လုိခ်င္တဲ့ ေန႔ဆုိ အေမ့ကို ေ႐ွ႕မွာ ထုိင္ခုိင္းၿပီး ထူးအိမ္သင့္ ရဲ႕ ေက်းဇူးပါ ေမေမ သီခ်င္းကုိ အျမဲတမ္း ဂီတာ တီးၿပီး ဆုိျပေနက်… ညတုိင္း စိတ္ေျပလက္ေပ်ာက္ တီးတတ္တဲ ကြၽန္ေတာ့္ရဲ႕ ဂစ္တာေလးကုိ ၾကည့္ၿပီး အေမ ငုိေနမွာ ကြၽန္ေတာ္ သိတယ္…

ခဏခဏ ႐ႈပ္ပြ ေနတတ္လုိ႔ အျမဲတမ္း ႐ွင္းေပးေနက် ကြၽန္ေတာ့္ ေသတၱာေလး ဟာလာ ဟင္းလင္း ျဖစ္ေနတာကုိ ၾကည့္ရင္း အေမ ငုိေနမွာ ကြၽန္ေတာ္ သိတယ္…

ကြၽန္ေတာ့္ကုိ သတိရတုိင္း ကြၽန္ေတာ့္ ပစၥည္းေလး ေတြကုိ ထုတ္ၾကည့္ၿပီး အေမ ငုိေနမွာ ကြၽန္ေတာ္ သိတယ္…

ေနာက္ျပန္လွည့္ၿပီး အေမ့ ရင္ခြင္ထဲမွာ အားရပါးရ ငုိခ်လုိက္ ခ်င္ေပမယ့္… အေမပုိၿပီး ဝမ္းနည္း ေနရမွာ စုိးလုိ႔ မ်က္ရည္ေတြ ၾကားထဲက ကြၽန္ေတာ္ အားတင္းၿပီး ဆက္ေလ်ွာက္ ခဲ့တယ္…

ျဖစ္ႏုိင္မယ္ဆုိ က်ြန္ေတာ္လဲ အေမ့ အရိပ္ကေန တစ္ဖဝါးမွ မခြာခ်င္ ပါဘူး ဒါေပမယ့္ အေမ အသက္ႀကီးၿပီေလ အေမ ဘာမွ မျဖစ္သလုိ ဟန္ေဆာင္ေန ေပမယ့္ ပါးေရ နားရည္ တြန္႔ေနတဲ့ အေမ့ မ်က္ႏွာမွာ ဇရာရဲ႕ အေငြ႔အသက္ေတြ ပင္ပန္းတဲ့ အရိပ္အေရာင္ေတြ စိတ္သြားတုိင္း ကုိယ္မပါႏုိင္ ေတာ့တဲ့ အေျခအေနေတြကုိ ကြၽန္ေတာ္ သိလာၿပီ အေမ… က်ြန္ေတာ္လဲ အရြယ္ ေရာက္ေနၿပီ ဆုိေတာ့ အေမ့အတြက္ တစ္လွည့္ျပန္ၿပီး ရပ္တည္ ပါရေစ အေမ အားကုိး ရတဲ့ သားတစ္ေယာက္ ျဖစ္ဖုိ႔ ၾကဳိးစားပါရေစ လုိ႔ စိတ္ထဲမွာ ေျပာေနမိတယ္…

အေမ့ ဓာတ္ပုံေလးကုိ ၾကည့္ရင္း ဝဲတက္လာတဲ့ မ်က္ရည္ကုိ လက္ခုံနဲ႔ အသာေလး သုတ္ၿပီး က်ြန္ေတာ့္ ရည္ရြယ္ခ်က္ေတြ ျပည့္တဲ့တစ္ေန႔ အျမန္ဆုံး ျပန္လာခဲ့ပါ့မယ္ အေမရယ္ လုိ႔ ကတိေပး လုိက္တယ္…

ကြၽန္ေတာ္စီးလာတဲ့ ကားေလး ကေတာ့ အေဝးေျပး လမ္းေပၚမွာ တရိပ္ရိပ္ ေျပးကာ…

ျမင့္မုိရ္ေတာင္ ႏွင့္ ေဝးရာ.. ေဝးရာ.. ေဝးရာ ဆီသုိ႔…. ။

ရာဟု

(Unicode)

မြင့်မိုရ်တောင်ကို ကျောခိုင်း၍

” သားလေးက ဖတဆိုးလေး မလို့ မေမေက အရမ်းချစ်လို့ အလို လိုက်ထားတာ သားကို ချစ်ရာ မရောက်ပဲ နှစ်ရာ ရောက်နေတယ် ဆိုတာ မေမေ သိတယ် ။ ဒါပေမယ့် မေမေ သိသိကြီးနဲ့ပဲ ဆက်မိုက် ပါတော့မယ် သားက မေမေ့ဘဝမှာ အရေးအကြီးဆုံး ပဲလေ ” တဲ့

အသိဉာဏ် ထဲမှာ ကိန်းအောင်း သွားတာ တစ်ခုက ငါ့အမေကို သားဆိုး မအေ တစ်ပေပေ လို့ အပြော မခံနိုင်ဘူး ဆိုတာပဲ… ကျွန်တော် ဆိုးပေ မိုက်ပေမယ့် မပျက်စီးအောင် အမေ မျက်ရည် မကျအောင် နေဖြစ်တယ်…

သေတ္တာထဲမှာ ဘူးလေးနဲ့ တစ်ယုတစ်ယ သိမ်းထားတာလေး ကို ထုတ်ပြပြီး ” သား ဒါဘာလေးလဲ သိလား ” တဲ့…

” ဟားဟား မေမေ့ ဟာက ရှည်မျောမျော တွန့်လိမ်လိမ်နဲ့ တီကောင် အခြောက်ကြီး မဟုတ်လား ဘာလုပ်ဖို့ ဘူးထဲ ထည့်သိမ်းထား တာတုန်း”

အမေ ပြုံးပြုံးလေးနဲ့ ပြန်ပြော လိုက်တဲ့ စကား တစ်ခွန်းကြောင့် မျက်ရည် လည်တဲ့ အထိ ပီတိ ဖြစ်သွားတယ်… ” ဒါ သားကို မွေးတုန်းက သားရဲ့ချက်ကြိုးလေးလေ မေမေ အမှတ်တရ သိမ်းထားတာ ” တဲ့

ကျွန်တော် ငယ်ငယ်က ကြိုက်ခဲ့ ဝတ်ခဲ့တဲ့ အဝတ်အစားလေး တွေ အမေ အခုထိ သိမ်းထား တုန်းပဲ…

ကျွန်တော့် ပစ္စည်းလေးတွေ အရုပ်လေး တွေက အစ အမေ သိမ်းထား တုန်းပဲ…

တစ်ဦးတည်းသောသား တစ်ကောင်ကြွက်မို့လို့ အဖော် သိပ်မင်တတ်တဲ့ ကျွန်တော့်အတွက် သူငယ်ချင်းတွေ ရလာတော့ အမေ့အိမ်က ကျွန်တော့် သူငယ်ချင်းတွေ အတွက် အလကား ရတဲ့ မုန့်ဆိုင် ဖြစ်လာတယ်… သားတစ်ယောက် တည်း ရှိတဲ့ အမေ့မှာ မုန့်ဖိုး ပေးရတဲ့ သားတွေ များလာတယ်…

တစ်ခါ တစ်လေတော့ ကလေးပီပီ ” သူတို့ကို ဘာလို့ မုန့်ဖိုးတွေ ပေး မုန့်တွေ ဝယ်ကျွေး နေတာလဲ ပေးနဲ့ကျွေးနဲ့ သားကိုပဲ ပေး ” လို့ ပြောတော့ မေမေက ” သူတို့ ကျေနပ်အောင် ထားပေးမှာ သူတို့က သားနဲ့ ကစားမှာ ပေါ့ တဲ့ ”

မုန့်တွေ ဝေပေးတိုင်း မုန့်ဖိုး ပေးတိုင်း အမေ ပြောတတ်တဲ့ စကားတစ်ခွန်းက ” တည့်တည့် ရှူးရှူး နေကြ ရန်မဖြစ်ကြနဲ့ အန်တီ့ သားလေးကို အနိုင် မကျင့်ရ ဘူးနော် ရန်ဖြစ်ရင် မုန့်လဲ မကျွေးတော့ဘူး မုန့်ဖိုးလဲ မပေးတော့ဘူး ” တဲ့… ငယ်ငယ်က လူကောင် သိပ်သေးတဲ့ ကျွန်တော်ဟာ ကစားဖော် သူငယ်ချင်းတွေ ကြားထဲမှာ အရှိန်အဝါ ကြီးကြီးမားမား နဲ့ နေရတဲ့သူ ဖြစ်လာတယ်…

ကျွန်တော် စားစရာ တစ်ခုမှာရင် နှစ်ခု ဝယ်လာ တတ်တယ်…

ကစားစရာ အရုပ် တစ်ရုပ် မှာရင် နှစ်ရုပ် ဝယ်လာ တတ်တယ်…

တခြား ကလေးတွေ အဝတ် အစား ဒီဇိုင်း အသစ်တွေ ဝတ်လာတာ အမေ တွေ့တာနဲ့ နောက်တစ်နေ့မှာ ကျွန်တော့ ကိုယ်ပေါ်ကို ရောက်ပြီးသားပဲ…

ကျွန်တော်ဟာ လိုချင်တာကို နှစ်ခါ လက်ညိုး ထိုးစရာ မလိုတဲ့ ကောင်လေး တစ်ယောက်ပေါ့…

” သားက မေမေ့ ဘဝပဲ မေမေ အသက်ရှင်နေ ရွေ့ ငါ့သားလေး ဘယ်တော့မှာ မျက်နှာ မငယ်စေရဘူး ” တဲ့…

အသက် ၁၂ နှစ်မှာ ပထဦးဆုံး ရန်ဖြစ်ဖူး တယ်…

ကျောင်းစိမ်း ပုဆိုး စလွယ် သိုင်းပြီး အိမ်ကို အမော တကော ပြေးလာတဲ့ ကျွန်တော့်ကို မေမေက ” ဘာဖြစ်လာတာလဲ သားလေးကို ဘယ်သူက ဘာလုပ်လိုက် တဲ့ ပြောစမ်း ” တဲ့…

” သားကြောက်တယ် မေမေ သားတို့ အတန်းထဲက အတန်းေ ခါင်းဆောင်က သားကို ခဏခဏ လိုက် စပြီး အနိုင် ကျင့်တယ် အဲ့ဒါ အခု သား သီးမခံနိုင် တော့လို့ ကျောင်းဆင်းတဲ့ အချိန် သူ့ခေါင်းကို အုတ်နီခဲ နဲ့ ထုပစ်တာ သွေးတွေ အများကြီးပဲ ထွက်လာတယ် မေမေ သား ဘာလုပ်ရ မလဲ အရမ်း ကြောက်တယ် ”

” သားရယ် သူများ တစ်ဖက်သားကို ဘာလို့ အဲ့လောက် လုပ်ရ တာလဲ မေမေ သားကို အဲ့လို မလုပ်ရဘူး လို့ ဆုံးမ ထားတယ် လေ”

” သားကို အရမ်း အနိုင်ကျင့်တာ မခံနိုင်တော့ လို့ပါ ”

” ကဲပါ ဖြစ်လာပြီးမှတော့ မထူးတော့ပါဘူး သား ဘာမှ မဖြစ်စေရဘူး မေမေ ရှင်းပေးမယ် ” ဆိုပြီး အပြင်ကို ထွက်သွားတယ်… အမေပြန်လာတော့ ကျွန်တော် သတိထားမိတာ တစ်ခုက အမေ့လက်က လက်ကောက် နှစ်ကွင်းမှာ တစ်ကွင်း မရှိတော့ဘူး ဆိုတာပဲ…

” သားကို အဲ့လို လုပ်ရတယ် လို့ ဘယ်သူ မြှောက်ပေး တာလဲ မေမေ့ကို အမှန် အတိုင်းပြော ”

” လမ်းထိပ် မုန့်ဆိုင်က ဦးလေးကြီးကို မုန့်သွားဝယ်ရင်း နဲ့ ပြောပြတာ အဲ့ဦးလေးက သူငယ်ငယ် တုန်းက အဲ့လို လုပ်ခဲ့တာ နောက် အနိုင်ကျင့် မခံရတော့ဘူး လို့ ပြောတာ ”

” နောက်ဆို အဲ့လို မလုပ်ရဘူးနော် သား သားကို အနိုင်ကျင့်တဲ့ သူရှိရင် ဆရာမ တွေကို တိုင် မေမေ့ကိုလဲ ပြောပြ မေမေတို့ ဆုံးမ ပေးမယ် ကြားလား ”

နောက်နေ့ ကျောင်းသွားခါနီး လမ်းထိပ် မုန့်ဆိုင်မှာ မုန့်ဝင် ဝယ်တော့ အမြဲတမ်း ကျွန်တော့်ကို စနောက်နေကြ ဦးလေးကြီးက စကား လုံးဝ မပြောတော့ဘူး မျက်နှာလဲ မကောင်းဘူး…

နောက်မှ သိလိုက်ရတာ ” ကျွန်မသားကို နောက်တစ်ခါ အဲ့လိုတွေ မြှောက်ပေးရင် ကျွန်မ ကိုယ်တိုင် ရှင့်ခေါင်းကို ရိုက်ခွဲပစ်မယ် ” လို့ ရန်တွေ့ခဲ့ တာ တဲ့…

အမေဟာ ကျွန်တော်နဲ့ ပတ်သက် လာရင် တစ်လောကလုံး ကိုတောင် ရင်ဆိုင်မယ့် သူမျိုး…

အမေဟာ သူ့ရဲ့ ငယ်ရွယ် ချောမောမှုနဲ့ တပင်လဲမူ တစ်ပင်ထူ ဆိုတဲ့ စကားတွေကို ဥပေက္ခာ ပြုပြီး သူ့ရင်ခွင် တစ်ခုလုံး ဘဝ တစ်ခုလုံးမှာ ကျွန်တော့် တစ်ယောက်တည်းကို ထည့်ပြီး နွေးထွေးစေ ခဲ့တဲ့ သူမျိုး…

အပြစ် တစ်ခုခု လုပ်မိပြီဆို ရိုက်တာ နှက်တာမျိုး မလုပ်ပဲနဲ့ တစ်လုံးချင်း နားထဲ ဝင်အောင် တစ်ခါ လုပ်မိပြီးသားအပြစ်ကို နောက်တစ်ခါ လုံးဝကို မလုပ်တော့ အောင် ဆုံးမ တတ်တဲ့ လိမ္မာ ပါးနပ်တဲ့ သူမျိုး…

အမေဟာ ကျွန်တော့် အတွက် အရာရာ…

” သားရယ် တစ်ကယ် သွားမလို့လား မေမေနဲ့ပဲ နေပါ့လား သားမှာ ဘာ ပူပင်စရာ ရှိလို့လဲ ”

” ဘာမှ ပူစရာ မရှိပါဘူး မေမေရ… သားက အခု ကလေးမှ မဟုတ်တော့တာ ပြီးတော့ သား ဝါသနာပါတဲ့ အလုပ်မျိုး ဆိုတော့ လုပ်ချင်လို့ ပါ ”

” သားကို မေမေ စိတ်မချ ပါဘူး ”

” ဟားဟား မေမေ ကလဲ သားအသက် ကဖြင့် ၂၅ နှစ်တောင် ရှိနေပြီ ဘာ စိတ်မချ စရာ ရှိလို့လဲ အရင်ကလဲ ဒီလိုပဲ သွားနေတာ ပဲကို ”

” အရင်က သွားတာက ခဏတဖြုတ်ပဲ သွားတာလေ အခု ဟာက အလုပ်နဲ့ ဆိုတော့ အကြာကြီး နေရမှာလေ မေမေက သားနဲ့ တစ်ခါမှ အကြာကြီး ခွဲဖူးတာ မဟုတ်ဖူး ”

” သား သိပါတယ် မေမေရ… အားတိုင်း ဖုန်းဆက်မယ် ခွင့်ရတိုင်းလဲ ပြန်လာမယ် ဟုတ်ပြီလား… အလုပ်ကိုလဲ လာမယ် လို့ ပြောပြီး သွားပြီ ဆိုတော့ သွားကို သွားရတော့မှာ မလို့ပါ တော်ကြာ သားကို ကတိမတည်တဲ့ သူ လို့ ထင်သွားရင် သား နာမည် ပျက်နေဦးမယ် ”

အမေ ငိုင်ကနဲ ဖြစ်သွားပြီး မျက်ရည်တွေ ကျလာတယ်… ပြီးတော့မှ ” အင်းပါ သား ဆန ္ဒရှိတယ် ဆိုရင်မှတော့ သွားပါ ” တဲ့…

အမေဟာ ကျွန်တော့်ကို မသွားစေချင် ပေမယ့် သူ့သားကို ကတိ မတည်တဲ့သူ ဖြစ်မှာရယ် မျက်နှာ ပျက်မှာ စိုးရိမ်တာ ရယ်ကြောင့် ခွင့်ပြုခဲ့တာ ဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်…

အမေဟာ ကျွန်တော့်ကို မျက်ရည်တွေ ကြားထဲ ကနေ အစစ အရာရာ ဂရုစိုက်ဖို့ အဆင်မပြေရင် ချက်ချင်းပြန် လာဖို တတွတ်တွတ် မှာတယ်…

” ငါ့သားလေး ဘုန်းကြီး ပါစေ သက်ရှည် ပါစေ ဘေးမသီ ရန်မခ ပါစေနဲ့ အစစ အရာရာ အဆင်ပြေ ပါစေကွယ် ”

အမေ့ရဲ့ ဆုပေးသံ အဆုံးမှာ ကျွန်တော့် ခြေလှမ်းတွေက မြင့်မိုရ်တောင် ကို ကျောခိုင်း၍…

ကျွန်တော့် အငွေ့အသက်တွေ ရှိနေတဲ့ အခန်းလေးကို ကြည့်ပြီး အမေ ငိုနေမှာ ကျွန်တော် သိတယ်…

မုန့်ဖိုးပို လိုချင်တဲ့ နေ့ဆို အမေ့ကို ရှေ့မှာ ထိုင်ခိုင်းပြီး ထူးအိမ်သင့် ရဲ့ ကျေးဇူးပါ မေမေ သီချင်းကို အမြဲတမ်း ဂီတာ တီးပြီး ဆိုပြနေကျ… ညတိုင်း စိတ်ပြေလက်ပျောက် တီးတတ်တဲ ကျွန်တော့်ရဲ့ ဂစ်တာလေးကို ကြည့်ပြီး အမေ ငိုနေမှာ ကျွန်တော် သိတယ်…

ခဏခဏ ရှုပ်ပွ နေတတ်လို့ အမြဲတမ်း ရှင်းပေးနေကျ ကျွန်တော့် သေတ္တာလေး ဟာလာ ဟင်းလင်း ဖြစ်နေတာကို ကြည့်ရင်း အမေ ငိုနေမှာ ကျွန်တော် သိတယ်…

ကျွန်တော့်ကို သတိရတိုင်း ကျွန်တော့် ပစ္စည်းလေး တွေကို ထုတ်ကြည့်ပြီး အမေ ငိုနေမှာ ကျွန်တော် သိတယ်…

နောက်ပြန်လှည့်ပြီး အမေ့ ရင်ခွင်ထဲမှာ အားရပါးရ ငိုချလိုက် ချင်ပေမယ့်… အမေပိုပြီး ဝမ်းနည်း နေရမှာ စိုးလို့ မျက်ရည်တွေ ကြားထဲက ကျွန်တော် အားတင်းပြီး ဆက်လျှောက် ခဲ့တယ်…

ဖြစ်နိုင်မယ်ဆို ကျွန်တော်လဲ အမေ့ အရိပ်ကနေ တစ်ဖဝါးမှ မခွာချင် ပါဘူး ဒါပေမယ့် အမေ အသက်ကြီးပြီလေ အမေ ဘာမှ မဖြစ်သလို ဟန်ဆောင်နေ ပေမယ့် ပါးရေ နားရည် တွန့်နေတဲ့ အမေ့ မျက်နှာမှာ ဇရာရဲ့ အငွေ့အသက်တွေ ပင်ပန်းတဲ့ အရိပ်အရောင်တွေ စိတ်သွားတိုင်း ကိုယ်မပါနိုင် တော့တဲ့ အခြေအနေတွေကို ကျွန်တော် သိလာပြီ အမေ… ကျွန်တော်လဲ အရွယ် ရောက်နေပြီ ဆိုတော့ အမေ့အတွက် တစ်လှည့်ပြန်ပြီး ရပ်တည် ပါရစေ အမေ အားကိုး ရတဲ့ သားတစ်ယောက် ဖြစ်ဖို့ ကြိုးစားပါရစေ လို့ စိတ်ထဲမှာ ပြောနေမိတယ်…

အမေ့ ဓာတ်ပုံလေးကို ကြည့်ရင်း ဝဲတက်လာတဲ့ မျက်ရည်ကို လက်ခုံနဲ့ အသာလေး သုတ်ပြီး ကျွန်တော့် ရည်ရွယ်ချက်တွေ ပြည့်တဲ့တစ်နေ့ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် အမေရယ် လို့ ကတိပေး လိုက်တယ်…

ကျွန်တော်စီးလာတဲ့ ကားလေး ကတော့ အဝေးပြေး လမ်းပေါ်မှာ တရိပ်ရိပ် ပြေးကာ…

မြင့်မိုရ်တောင် နှင့် ဝေးရာ.. ဝေးရာ.. ဝေးရာ ဆီသို့…. ။

ရာဟု

LEAVE A REPLY

Please enter your comment!
Please enter your name here