
0
183

(Zawgyi)





KT

(Unicode)

အိချောပို မွေးနေ့ပွဲမှာ ရွှေဆွဲကြိုး မဲပေါက်သွားတဲ့ ယုန်လေး

အနုပညာကို ချစ်မြတ်နိုးလွန်း တာကြောင့် အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ သာမက ဒါရိုက်တာပိုင်းမှာပါ အကောင်းဆုံး ကြိုးစားပြီး ရှေ့ဆက်နေတဲ့ ယုန်လေး ကတော့ အောင်မြင်မှု နေရာ တခု ရထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ယုန်လေးက အနုပညာ ညီမလေး အိချောပိုရဲ့ ၂၈ နှစ်ပြည့် မွေးနေ့ပွဲလေးသို့ တက်ရောက်ရင်း ရွှေဆွဲကြိုးလေး မဲပေါက်ခဲ့တဲ့ အကြောင်း လူမှုကွန်ယက် ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး အိချောပိုရဲ့ မွေးနေ့ပွဲမှာ ပျော်စရာတွေချည်းကြုံတွေ့ခဲ့ရတဲ့ ကံကောင်းသူကြီး ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက် ပါတယ်နော် ။ ယုန်လေး ကတော့ “ Happy Birthday Par ညီမလေး ယခုထက်ပို အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပါစေ … ညီမလေး ပွဲမှာအမှတ်တရ ကံစမ်းမဲ ရွှေဆွဲကြိုးလေး ပေါက်ပါတယ် အမြဲတမ်း သိမ်းထားပါ့မယ် ” ဆိုပြီး ကြည်နူးစွာ ရေးသားထားတာပါ။

အဆိုတော် တစ်ဦးအနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ယုန်လေးကတော့ အနှစ်သာရရှိတဲ့ သီချင်းတွေ ကိုလည်း ထိထိမိမိ ရေးသား သီဆိုတတ်သူ တစ်ဦးပဲ ဖြစ်ပါတယ် ။ အချစ်သီချင်းလေးတွေ ကိုလည်း ခံစားချက် အပြည့်နဲ့ ဖန်တီးတတ်တဲ့ ယုန်လေးရဲ့ တကယ့် အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲ ပါပဲနော် ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ယုန်လေးနဲ့ အိချောပိုတို့ အနုပညာ မောင်နှမ နှစ်ယောက်ကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

KT

LEAVE A REPLY

Please enter your comment!
Please enter your name here