
0
396

(Zawgyi)






KT

(Unicode)

၁၉ နှစ် အရွယ် ကရင်အမျိုးသားလေးက အသက် ၉၁ နှစ် အရွယ် အဘွားအိုကို လက်ထပ်

အချစ်ဆိုတာ အသက် အရွယ် နဲ့ မဆိုင် ပါဘူး ဆိုတဲ့ ကရင် အမျိုးသားလေး ဟာ အသက် ၉၁ နှစ် အရွယ် ချစ်ရသူ ဘွားဘွားကို လက်ထပ် ယူလိုက် ပါတယ် ။

အသက် ၁၉ နှစ် အရွယ် ကရင် အမျိုးသား လေးနဲ့ သူရဲ့ ချစ်သူ အသက် ၉၁ နှစ် အရွယ် အဘွားအိုကို သူတို့ ရဲ့ ဓလေ့ ရိုးရာ အတိုင်း နှစ်ဖက် ဆွေမျိုးများ ရှေ့မှောက် ဘုရားကျောင်း မှာ တရားဝင် လက်ထပ် ထိမ်းမြား ခဲ့ပါတယ် ။

သူ့ဘက်က ဆွေမျိုး တွေက ဒီမင်္ဂလာပွဲ ကြောင့် အလွန် အံ့အား သင့်ခဲ့ ပေမယ့် သူကတော့ အချစ် ဆိုတာ အသက် အရွယ် နဲ့ မဆိုင် ပါဘူး လို့ ပြောကြားခဲ့ သလို ၊ သတို့ သမီးဖြစ်သူ အဘွားအို ကလည်း သူ့ရဲ့ သတို့သား ကို အရှူး အမူး ချစ်ပါတယ် ၊ တသက်လုံး ချစ်သွား မှာပါ လို့ ပြောကြား ခဲ့ပါတယ် ။

လောကကြီးမှာ အချို့ အချို့ သော အဖြစ်အပျက်တွေက မယုံနိုင်စရာ ကောင်းအောင် ဖြစ်တတ် ပါတယ်၊ အဲဒီ အဖြစ်တွေ ထဲ မှာလည်း အချစ် ဆိုတဲ့ အရာက တခု အပါ အဝင် ဖြစ်ပါတယ် ။ အချစ်ကြောင့် ဘာမဆို ပြောင်းလဲ သွားတတ် ကြပါတယ် ။

KT

LEAVE A REPLY

Please enter your comment!
Please enter your name here