သင့္ႏႈတ္ခမ္း ေျခာက္ေသြ႔ျခင္းကို ေျဖရွင္းေပးႏုိင္တဲ့ အလြယ္ကူဆံုး နည္းလမ္း (၆) ခု

0
370

(Zawgyi)

သင့္ႏႈတ္ခမ္း ေျခာက္ေသြ႔ျခင္းကို ေျဖရွင္းေပးႏုိင္တဲ့ အလြယ္ကူဆံုး နည္းလမ္း (၆) ခု

သင့္ႏႈတ္ခမ္း ေျခာက္ေသြ႕ အက္ကြဲျခင္းက ဆြဲေဆာင္မႈ မရွိ၊ နာက်င္မႈပါ ျဖစ္ေပၚေစတဲ့ ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနက် ျပသနာ တစ္ခု ျဖစ္ပါတယ္။

အျဖစ္အမ်ားဆုံး လကၡဏာ ေတြထဲမွာ နီျမန္းျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အေရျပား လန္ျခင္း၊ အက္ကြဲျခင္းနဲ႔ က်ိန္းစပ္ျခင္းတို႔ ပါဝင္ပါတယ္။

အဓိက ျဖစ္ပြားရျခင္း အေၾကာင္းအရင္း တခ်ိဳ႕ထဲမွာ ဓာတ္ မတည့္ျခင္း၊ ဗီတာမင္ ခ်ိဳ႕တဲ့ျခင္း၊ ေဆးလိပ္ ေသာက္ျခင္း၊ ေရဓာတ္ ခန္းေျခာက္ျခင္း၊ လွ်ာျဖင့္ ႏႈတ္ခမ္း မၾကာခဏ ရက္ျခင္း၊ ရာသီဥတု ၾကမ္းတမ္းမႈ သို႔မဟုတ္ ေနေရာင္ျခည္နဲ႔ ထိေတြ႕ျခင္းတို႔ အပါအဝင္ ျဖစ္ပါတယ္။

ဒါေပမယ့္ အကုန္အက် သက္သာတဲ့ သဘာဝ နည္းလမ္းမ်ားနဲ႔ လြယ္တကူ ေျဖရွင္းႏိုင္ ပါတယ္။

(1) ပ်ားရည္

သဘာဝ ပ်ားရည္မွာ မယုံၾကည္ႏိုင္စရာ အက်ိဳး ေက်းဇူးေတြ ရွိပါတယ္။ ႏႈတ္ခမ္းကို ပ်ားရည္ စစ္စစ္နဲ႔ တစ္ေန႔ အႀကိမ္ အနည္းငယ္ လိမ္းေပးပါ။

ပ်ားရည္က ေျခာက္ေသြ႕မႈ မရွိေအာင္ တားဆီးေပးတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အစိုဓာတ္ကို စုပ္ယူ ထိန္းသိမ္း ေပးတယ္။ ဒါ့ေၾကာင့္ ေျခာက္ေသြ႕တဲ့ ႏႈတ္ခမ္းအတြက္ က်ိန္းေသေပါက္ အကူအညီ ျဖစ္ေစပါလိမ့္မယ္။

(2) အုန္းဆီ

အုန္းဆီ ဆိုတာ သဘာဝ အလွဆီ တစ္မ်ိဳး ျဖစ္ပါတယ္။ အုန္းဆီကို ႏႈတ္ခမ္းေပၚ မၾကာခဏ ပြတ္လိမ္း ေပးပါ။

3) အျပားလိုက္ လွီးထားတဲ့ သခြားသီး

သခြားသီးမွာ ေရဓာတ္ ပါဝင္ေနပီးသား ျဖစ္ပါတယ္။ ဒီေတာ့ သခြားသီးက ႏႈတ္ခမ္း ေျခာက္ျခင္း အတြက္ အေကာင္းဆုံး ေျဖရွင္းနည္း တစ္ခုပဲ ျဖစ္ပါတယ္။

သခြားသီးရည္ သို႔မဟုတ္ သခြားသီး အျပားကို ႏႈတ္ခမ္းမွာ လိမ္း ဒါမွမဟုတ္ တင္ထားေပးပါ။ ဆုံးရႈံးသြားတဲ့ အစို ဓာတ္ကို ျပန္လည္ ရရွိလာပါလိမ့္မယ္။

4) သၾကား

ႏႈတ္ခမ္းကို သၾကား နဲ႔ ပ်ားရည္ ပြတ္ေပးပါ။ ႏႈတ္ခမ္း အေရျပား ဆဲလ္ေသ ေတြကို ညင္သာစြာ ပြတ္သပ္ ဖယ္ရွားေပးပါ။ အဲဒါက ႏႈတ္ခမ္းကို ႏူးညံ့ ေပ်ာ့ေပ်ာင္း ေနေစ ပါလိမ့္မယ္။

5) ႏွင္းဆီ ပြင့္ဖတ္

အက္ကြဲေနတဲ့ ႏႈတ္ခမ္းကို ႏူးညံ့ ေပ်ာ့ေပ်ာင္းေစဖို႔ ႏွင္းဆီ ပြင့္ အဖတ္ေတြ အသုံးျပဳပါ။ ႏွင္းဆီ ပြင့္ဖတ္ကို ေရနဲ႔ ေသခ်ာေဆး ေၾကာသန႔္စင္၊ ႏြားႏို႔စိမ္၊ ႀကိတ္ေျခပီး ပ်စ္ပ်စ္ႏွစ္ႏွစ္ ျဖစ္ေအာင္ ျပဳလုပ္ပါ။ အဲဒီ အရည္ ပ်စ္ပ်စ္ေလးနဲ႔ ႏႈတ္ခမ္းကို ညအိပ္ယာ မဝင္မီ လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။

6) ရွားေစာင္း လက္ပတ္ အဆီပ်စ္

ရွားေစာင္း လက္ပတ္ အဆီပ်စ္က ေျခာက္ေသြ႕တဲ့ အသားအေရ အတြက္ အထူး ေကာင္းမြန္တယ္ ဆိုတာ အထင္အရွားပဲ ျဖစ္ပါတယ္။ အစိုဓာတ္ ထိန္းသိမ္း ေပး႐ုံတင္မက ႏႈတ္ခမ္း ေျခာက္ေသြ႕ အက္ကြဲလို႔ နာက်င္မႈကိုပါ သက္သာ ေစပါတယ္။ ရွားေစာင္း လက္ပတ္ အဆီပ်စ္ကို ႏႈတ္ခမ္းမွာ တိုက္႐ိုက္ လိမ္းေပး႐ုံ ပါပဲ။

Trend Myanmar

(Unicode)

သင့်နှုတ်ခမ်း ခြောက်သွေ့ခြင်းကို ဖြေရှင်းပေးနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း (၆) ခု

သင့်နှုတ်ခမ်း ခြောက်သွေ့ အက်ကွဲခြင်းက ဆွဲဆောင်မှု မရှိ၊ နာကျင်မှုပါ ဖြစ်ပေါ်စေတဲ့ တော်တော်များများ ဖြစ်နေကျ ပြသနာ တစ်ခု ဖြစ်ပါတယ်။

အဖြစ်အများဆုံး လက္ခဏာ တွေထဲမှာ နီမြန်းခြင်း၊ ခြောက်သွေ့ခြင်း၊ အရေပြား လန်ခြင်း၊ အက်ကွဲခြင်းနဲ့ ကျိန်းစပ်ခြင်းတို့ ပါဝင်ပါတယ်။

အဓိက ဖြစ်ပွားရခြင်း အကြောင်းအရင်း တချို့ထဲမှာ ဓာတ် မတည့်ခြင်း၊ ဗီတာမင် ချို့တဲ့ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ လျှာဖြင့် နှုတ်ခမ်း မကြာခဏ ရက်ခြင်း၊ ရာသီဥတု ကြမ်းတမ်းမှု သို့မဟုတ် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းတို့ အပါအဝင် ဖြစ်ပါတယ်။

ဒါပေမယ့် အကုန်အကျ သက်သာတဲ့ သဘာဝ နည်းလမ်းများနဲ့ လွယ်တကူ ဖြေရှင်းနိုင် ပါတယ်။

(1) ပျားရည်

သဘာဝ ပျားရည်မှာ မယုံကြည်နိုင်စရာ အကျိုး ကျေးဇူးတွေ ရှိပါတယ်။ နှုတ်ခမ်းကို ပျားရည် စစ်စစ်နဲ့ တစ်နေ့ အကြိမ် အနည်းငယ် လိမ်းပေးပါ။

ပျားရည်က ခြောက်သွေ့မှု မရှိအောင် တားဆီးပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အစိုဓာတ်ကို စုပ်ယူ ထိန်းသိမ်း ပေးတယ်။ ဒါ့ကြောင့် ခြောက်သွေ့တဲ့ နှုတ်ခမ်းအတွက် ကျိန်းသေပေါက် အကူအညီ ဖြစ်စေပါလိမ့်မယ်။

(2) အုန်းဆီ

အုန်းဆီ ဆိုတာ သဘာဝ အလှဆီ တစ်မျိုး ဖြစ်ပါတယ်။ အုန်းဆီကို နှုတ်ခမ်းပေါ် မကြာခဏ ပွတ်လိမ်း ပေးပါ။

3) အပြားလိုက် လှီးထားတဲ့ သခွားသီး

သခွားသီးမှာ ရေဓာတ် ပါဝင်နေပီးသား ဖြစ်ပါတယ်။ ဒီတော့ သခွားသီးက နှုတ်ခမ်း ခြောက်ခြင်း အတွက် အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုပဲ ဖြစ်ပါတယ်။

သခွားသီးရည် သို့မဟုတ် သခွားသီး အပြားကို နှုတ်ခမ်းမှာ လိမ်း ဒါမှမဟုတ် တင်ထားပေးပါ။ ဆုံးရှုံးသွားတဲ့ အစို ဓာတ်ကို ပြန်လည် ရရှိလာပါလိမ့်မယ်။

4) သကြား

နှုတ်ခမ်းကို သကြား နဲ့ ပျားရည် ပွတ်ပေးပါ။ နှုတ်ခမ်း အရေပြား ဆဲလ်သေ တွေကို ညင်သာစွာ ပွတ်သပ် ဖယ်ရှားပေးပါ။ အဲဒါက နှုတ်ခမ်းကို နူးညံ့ ပျော့ပျောင်း နေစေ ပါလိမ့်မယ်။

5) နှင်းဆီ ပွင့်ဖတ်

အက်ကွဲနေတဲ့ နှုတ်ခမ်းကို နူးညံ့ ပျော့ပျောင်းစေဖို့ နှင်းဆီ ပွင့် အဖတ်တွေ အသုံးပြုပါ။ နှင်းဆီ ပွင့်ဖတ်ကို ရေနဲ့ သေချာဆေး ကြောသန့်စင်၊ နွားနို့စိမ်၊ ကြိတ်ခြေပီး ပျစ်ပျစ်နှစ်နှစ် ဖြစ်အောင် ပြုလုပ်ပါ။ အဲဒီ အရည် ပျစ်ပျစ်လေးနဲ့ နှုတ်ခမ်းကို ညအိပ်ယာ မဝင်မီ လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။

6) ရှားစောင်း လက်ပတ် အဆီပျစ်

ရှားစောင်း လက်ပတ် အဆီပျစ်က ခြောက်သွေ့တဲ့ အသားအရေ အတွက် အထူး ကောင်းမွန်တယ် ဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ အစိုဓာတ် ထိန်းသိမ်း ပေးရုံတင်မက နှုတ်ခမ်း ခြောက်သွေ့ အက်ကွဲလို့ နာကျင်မှုကိုပါ သက်သာ စေပါတယ်။ ရှားစောင်း လက်ပတ် အဆီပျစ်ကို နှုတ်ခမ်းမှာ တိုက်ရိုက် လိမ်းပေးရုံ ပါပဲ။

Trend Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here