လြတ္လပ္ေရးေန႔တြင္ ၾကယ္မိုးမ်ား ရြာမည္

0
224

(Zawgyi)

လြတ္လပ္ေရးေန႔တြင္ ၾကယ္မိုးမ်ား ရြာမည္

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၄) ရက္ေန႔ နံနက္ (၃ ရက္ေန႔ ည) မွာ အေရွ႕ေျမာက္ဘက္အရပ္ ဆီက ခုႏွစ္စဥ္ၾကယ္ရဲ႕ အၿမီးနားမွာ ၾကယ္မိုးေတြ ႐ြာသြန္းၿဖိဳ႕မွာျဖစ္ပါတယ္ ။ အဂၤလိပ္လို Quadrantid Meteor Shower လို႔ ေခၚပါတယ္။ ၂၀၁၉ ခုႏွစ္ အတြက္ ပထမဆုံး ၾကယ္ေႂကြ ျခင္း ျဖစ္စဥ္တစ္ခု ပါပဲ ….

ၾကယ္ေႂကြတယ္ ဆိုတာ က်ေနာ္အၿမဲေျပာသလို ေကာင္းကင္မွာ လင္းလက္ေနတဲ့ ၾကယ္ေတြ ေႂကြက် ေသဆုံးသြားျခင္း မဟုတ္ပါ။ အာကာသအတြင္း လြင့္ေမ်ာေနတဲ့ ေက်ာက္ခဲမႈန္ေလး မ်ားဟာ အဲ့ဒီ့ေနရာကို ေရာက္ရွိလာတဲ့ ကမာၻရဲ႕ ေလထုနဲ႔ ပြတ္တိုက္မိ ရာက ေပၚထြက္လာတဲ့ အလင္းတန္းမ်ား ျဖစ္ပါတယ္။

ယခုတခါ ပြတ္တိုက္မိမယ့္ ေက်ာက္ခဲေလးမ်ား ကေတာ့ .. ၂၀ဝ၃ ခုႏွစ္မွာ ေတြ႕ရွိထားတဲ့ 2003 eh1 လို႔ အမည္ရတဲ့ ဥကၠာပ်ံတစ္ခုက က်န္ခဲ့တာလို႔ ခန္႔မွန္း ယူဆႏိုင္ပါတယ္ ။ (ပုံ)

ၾကယ္ေတြေႂကြမယ့္ ေနရာဟာ အေရွ႕ေျမာက္ဘက္ မိုးကုတ္စက္ဝိုင္းရဲ႕ ေအာက္ဘက္နားေလာက္မွာ ျဖစ္ေနလို႔ က်ေနာ္တို႔ ျမင္ရဖို႔ သိပ္ခက္ပါတယ္ ။ တနာရီကို အလုံး ၈၀ ေလာက္ ေႂကြမွာ ျဖစ္ၿပီး ေႂကြမယ့္အခ်ိန္ ကေတာ့ နံနက္ခင္းပိုင္း ခုႏွစ္စဥ္ၾကယ္ အစုံ ထြက္ေပၚခ်ိန္မွာ ျဖစ္ပါတယ္ ။

ခုႏွစ္စဥ္ၾကယ္ရဲ႕ အၿမီးနားက Bootes ၾကယ္တာရာထဲက ေႂကြက်မွာျဖစ္ၿပီး သူ႔ထဲမွာေတာ့ ထင္ရွားတဲ့ Arcturus ဆိုတဲ့ ၾကယ္နီႀကီးတစ္လုံးရွိပါတယ္။ ျမန္မာနကၡတ္အရေတာ့ သြာတိ နကၡတ္လို႔ ေခၚပါတယ္။ (ပုံ)

ယခုလို အခ်ိန္ (လ) မ်ိဳးမွာ သြာတိနကၡတ္ဟာ မိုးကုတ္စက္ဝိုင္း နဲ႔ သိပ္နီးပါတယ္။ ဇြန္လေလာက္ဆို ပိုၿပီးျမင္ရပါတယ္။ လကြယ္ရက္နား နီးလို႔ လျခမ္းဟာလည္း နံနက္ခင္းပိုင္းမွ ထြက္ေပၚလို႔ ေနပါတယ္။ လာမယ့္ ဇန္နဝါရီလ (၆) ရက္ေန႔မွာေတာ့ ေနတပိုင္းၾကတ္ျခင္းျဖစ္ေပၚမွာျဖစ္ၿပီး.. ျမန္မာႏိုင္ငံမွ ျမင္ေတြ႕ရဦးမည္ မဟုတ္ပါ..။

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

(Unicode)

လွတ်လပ်ရေးနေ့တွင် ကြယ်မိုးများ ရွာမည်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၃ ရက်နေ့ ည) မှာ အရှေ့မြောက်ဘက်အရပ် ဆီက ခုနှစ်စဉ်ကြယ်ရဲ့ အမြီးနားမှာ ကြယ်မိုးတွေ ရွာသွန်းဖြို့မှာဖြစ်ပါတယ် ။ အင်္ဂလိပ်လို Quadrantid Meteor Shower လို့ ခေါ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွက် ပထမဆုံး ကြယ်ကြွေ ခြင်း ဖြစ်စဉ်တစ်ခု ပါပဲ ….

ကြယ်ကြွေတယ် ဆိုတာ ကျနော်အမြဲပြောသလို ကောင်းကင်မှာ လင်းလက်နေတဲ့ ကြယ်တွေ ကြွေကျ သေဆုံးသွားခြင်း မဟုတ်ပါ။ အာကာသအတွင်း လွင့်မျောနေတဲ့ ကျောက်ခဲမှုန်လေး များဟာ အဲ့ဒီ့နေရာကို ရောက်ရှိလာတဲ့ ကမ္ဘာရဲ့ လေထုနဲ့ ပွတ်တိုက်မိ ရာက ပေါ်ထွက်လာတဲ့ အလင်းတန်းများ ဖြစ်ပါတယ်။

ယခုတခါ ပွတ်တိုက်မိမယ့် ကျောက်ခဲလေးများ ကတော့ .. ၂၀ဝ၃ ခုနှစ်မှာ တွေ့ရှိထားတဲ့ 2003 eh1 လို့ အမည်ရတဲ့ ဥက္ကာပျံတစ်ခုက ကျန်ခဲ့တာလို့ ခန့်မှန်း ယူဆနိုင်ပါတယ် ။ (ပုံ)

ကြယ်တွေကြွေမယ့် နေရာဟာ အရှေ့မြောက်ဘက် မိုးကုတ်စက်ဝိုင်းရဲ့ အောက်ဘက်နားလောက်မှာ ဖြစ်နေလို့ ကျနော်တို့ မြင်ရဖို့ သိပ်ခက်ပါတယ် ။ တနာရီကို အလုံး ၈၀ လောက် ကြွေမှာ ဖြစ်ပြီး ကြွေမယ့်အချိန် ကတော့ နံနက်ခင်းပိုင်း ခုနှစ်စဉ်ကြယ် အစုံ ထွက်ပေါ်ချိန်မှာ ဖြစ်ပါတယ် ။

ခုနှစ်စဉ်ကြယ်ရဲ့ အမြီးနားက Bootes ကြယ်တာရာထဲက ကြွေကျမှာဖြစ်ပြီး သူ့ထဲမှာတော့ ထင်ရှားတဲ့ Arcturus ဆိုတဲ့ ကြယ်နီကြီးတစ်လုံးရှိပါတယ်။ မြန်မာနက္ခတ်အရတော့ သွာတိ နက္ခတ်လို့ ခေါ်ပါတယ်။ (ပုံ)

ယခုလို အချိန် (လ) မျိုးမှာ သွာတိနက္ခတ်ဟာ မိုးကုတ်စက်ဝိုင်း နဲ့ သိပ်နီးပါတယ်။ ဇွန်လလောက်ဆို ပိုပြီးမြင်ရပါတယ်။ လကွယ်ရက်နား နီးလို့ လခြမ်းဟာလည်း နံနက်ခင်းပိုင်းမှ ထွက်ပေါ်လို့ နေပါတယ်။ လာမယ့် ဇန်နဝါရီလ (၆) ရက်နေ့မှာတော့ နေတပိုင်းကြတ်ခြင်းဖြစ်ပေါ်မှာဖြစ်ပြီး.. မြန်မာနိုင်ငံမှ မြင်တွေ့ရဦးမည် မဟုတ်ပါ..။

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)