၂၀၁၉ ေႏြရာသီဟာ ပံုမွန္ထက္ ပိုပူၿပီး မိုးအဝင္ ေနာက္က်ႏိုင္ေၾကာင္း ေဒါက္တာထြန္းလြင္ ခန္႔မွန္း

0
65

(Zawgyi)

၂၀၁၉ ေႏြရာသီဟာ ပံုမွန္ထက္ ပိုပူၿပီး မိုးအဝင္ ေနာက္က်ႏိုင္ေၾကာင္း ေဒါက္တာထြန္းလြင္ ခန္႔မွန္း

၂၀၁၉ တြင္ အစြန္း ေရာက္ရာသီဥတု ႀကံဳေတြ႕ႏိုင္ ဖြယ္မရွိဘဲ အယ္လ္နီညိဳေၾကာင့္ ေႏြရာသီပံုမွန္ထက္ ပူႏုိင္ကာ မိုး အဝင္ေနာက္က်ႏိုင္ေၾကာင္း မိုး ေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က ခန္႔မွန္းေျပာၾကား သည္။

၂၀၁၉ အတြင္း ျဖစ္ႏိုင္ဖြယ္ ရာသီဥတုအေျခအေနကို ေဒါက္ တာထြန္းလြင္သို႔ 7Day Dailyက ေမးျမန္းရာ အယ္လ္နီညိဳေၾကာင့္ ေႏြရာသီပိုပူႏိုင္ျခင္းႏွင့္ မုတ္သံုအဝင္ေနာက္က်ႏိုင္၍ မိုးရြာသြန္းမည့္ရက္ ပံုမွန္ထက္ေနာက္က်ႏိုင္ေၾကာင္း ဦးစားေပး ေျပာၾကားသည္။

‘‘ေႏြက ပံုမွန္အားျဖင့္ ပူတာ ကို အယ္လ္နီညိဳေၾကာင့္ ပိုပူေစ မယ္။ မိုးအဝင္ေနာက္က်မယ္။ အစြန္းေရာက္ရာသီဥတုေတာ့ ျဖစ္ဖို႔မရွိပါဘူး’’ ဟု ေဒါက္တာ ထြန္းလြင္က ေျပာသည္။

မိုးႀကိဳကာလျဖစ္သည့္ ေမလဆန္းပိုင္းအတြင္း ဘဂၤလား ပင္လယ္ေအာ္တြင္ မုန္တိုင္းတစ္ လံုးျဖစ္ႏိုင္ေသာ္လည္း အေနာက္ ေတာင္မုတ္သံုေလသည္ ေမလ ကုန္ခန္႔မွသာ ျမန္မာႏုိင္ငံသို႔ ဝင္ ေရာက္ႏိုင္သည္ဟု ခန္႔မွန္းေျပာ ၾကားသည္။ ပံုမွန္အားျဖင့္ အ ေနာက္ေတာင္မုတ္သံုေလသည္ ေမလလယ္ခန္႔တြင္ ဝင္ေရာက္ ျခင္းျဖစ္၍ ယခုႏွစ္တြင္ ၁၅ ရက္ ခန္႔ ေနာက္က်ႏိုင္ေျခရွိေနသည္။

‘‘မိုးကေတာ့ သိပ္မမ်ားႏိုင္ ဘူး။ ဒါေပမဲ့ ေရကေတာ့ ထံုးစံအ တိုင္းေဒသငါးခုမွာ ေဘးႀကံဳႏိုင္ တယ္’’ ဟု ၎ကေျပာသည္။

မိုးလယ္ကာလ မိုးေကာင္း ေနခ်ိန္တြင္ ျမစ္ႏွင့္ ပင္လယ္ေရ ႀကီးခ်ိန္ႏွင့္ တိုက္ဆိုင္ပါက ျမစ္ဝ ကြၽန္းေပၚေဒသမ်ား ျဖစ္ေသာ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီတိုင္း ေဒသႀကီးႏွင့္ ကရင္၊ မြန္ျပည္နယ္ တို႔တြင္ ေရႀကီးနစ္ျမဳပ္ႏိုင္သည့္ အေျခအေနကို ေဒါက္တာထြန္း လြင္က သတိေပးသည္။

ယခုႏွစ္သစ္ကူးကာလအ တြင္း ျမန္မာႏုိင္ငံေဒသအခ်ိဳ႕ ပံု မွန္ထက္ေအးေနၿပီး ရခိုင္ျပည္ နယ္ သံတြဲၿမိဳ႕တြင္ ဒီဇင္္ဘာ ၃၀ရက္က စံခ်ိန္တင္အေအးပိုခဲ့သည္။

Dr Tun Lwin

(Unicode)

၂၀၁၉ နွေရာသီဟာ ပုံမှန်ထက် ပိုပူပြီး မိုးအဝင် နောက်ကျနိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း

၂၀၁၉ တွင် အစွန်း ရောက်ရာသီဥတု ကြုံတွေ့နိုင် ဖွယ်မရှိဘဲ အယ်လ်နီညိုကြောင့် နွေရာသီပုံမှန်ထက် ပူနိုင်ကာ မိုး အဝင်နောက်ကျနိုင်ကြောင်း မိုး လေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောကြား သည်။

၂၀၁၉ အတွင်း ဖြစ်နိုင်ဖွယ် ရာသီဥတုအခြေအနေကို ဒေါက် တာထွန်းလွင်သို့ 7Day Dailyက မေးမြန်းရာ အယ်လ်နီညိုကြောင့် နွေရာသီပိုပူနိုင်ခြင်းနှင့် မုတ်သုံအဝင်နောက်ကျနိုင်၍ မိုးရွာသွန်းမည့်ရက် ပုံမှန်ထက်နောက်ကျနိုင်ကြောင်း ဦးစားပေး ပြောကြားသည်။

‘‘နွေက ပုံမှန်အားဖြင့် ပူတာ ကို အယ်လ်နီညိုကြောင့် ပိုပူစေ မယ်။ မိုးအဝင်နောက်ကျမယ်။ အစွန်းရောက်ရာသီဥတုတော့ ဖြစ်ဖို့မရှိပါဘူး’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

မိုးကြိုကာလဖြစ်သည့် မေလဆန်းပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းတစ် လုံးဖြစ်နိုင်သော်လည်း အနောက် တောင်မုတ်သုံလေသည် မေလ ကုန်ခန့်မှသာ မြန်မာနိုင်ငံသို့ ဝင် ရောက်နိုင်သည်ဟု ခန့်မှန်းပြော ကြားသည်။ ပုံမှန်အားဖြင့် အ နောက်တောင်မုတ်သုံလေသည် မေလလယ်ခန့်တွင် ဝင်ရောက် ခြင်းဖြစ်၍ ယခုနှစ်တွင် ၁၅ ရက် ခန့် နောက်ကျနိုင်ခြေရှိနေသည်။

‘‘မိုးကတော့ သိပ်မများနိုင် ဘူး။ ဒါပေမဲ့ ရေကတော့ ထုံးစံအ တိုင်းဒေသငါးခုမှာ ဘေးကြုံနိုင် တယ်’’ ဟု ၎င်းကပြောသည်။

မိုးလယ်ကာလ မိုးကောင်း နေချိန်တွင် မြစ်နှင့် ပင်လယ်ရေ ကြီးချိန်နှင့် တိုက်ဆိုင်ပါက မြစ်ဝ ကျွန်းပေါ်ဒေသများ ဖြစ်သော ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်၊ မွန်ပြည်နယ် တို့တွင် ရေကြီးနစ်မြုပ်နိုင်သည့် အခြေအနေကို ဒေါက်တာထွန်း လွင်က သတိပေးသည်။

ယခုနှစ်သစ်ကူးကာလအ တွင်း မြန်မာနိုင်ငံဒေသအချို့ ပုံ မှန်ထက်အေးနေပြီး ရခိုင်ပြည် နယ် သံတွဲမြို့တွင် ဒီဇင်ဘာ ၃၀ရက်က စံချိန်တင်အအေးပိုခဲ့သည်။

Dr Tun Lwin

LEAVE A REPLY

Please enter your comment!
Please enter your name here