ဟိုက္ေဝး ကားေမာင္းခ်ိန္ေတြမွာ လက္ေမာင္း နာက်င္ျခင္း မရွိေအာင္ ဒါေလးေတြ သိထားဖို႔လို

0
78

(Zawgyi)

ဟိုက္ေဝး ကားေမာင္းခ်ိန္ေတြမွာ လက္ေမာင္း နာက်င္ျခင္း မရွိေအာင္ ဒါေလးေတြ သိထားဖို႔လို

တခ်ိဳ႕က ကားေမာင္းၿပီး ခရီးသြားရတာ သက္သာတယ္၊ ဇိမ္က်တယ္ ထင္ၾကတယ္ဗ်။ ဒါေပမယ့္ ကား ေမာင္းရတာလည္း ထင္သေလာက္ေတာ့ မေကာင္း၊ ဇိမ္မက်ပါဘူး။

အထူးသျဖင့္ က်ေနာ္တို႔ ျပည္တြင္းလို Used ကား စီးနင္းမႈမ်ားတဲ့ေနရာေတြမွာေပါ့။ တဖက္ႏိုင္ငံမွာ အနည္းနဲ႔အမ်ား သုံး ၿပီးသား၊ သေဘာမက်လို႔မွ ေရာက္လာတဲ့ ကားေတြကို က်ေနာ္တို႔ အမ်ားစု သုံးေနၾကရတယ္ေလ။

ဒီေတာ့ ဘာေတြျဖစ္လာသလဲဆိုေတာ့ စီယာတိုင္ေလးေနတာေတြေၾကာင့္ျဖစ္ေစ၊ ကိုယ့္ရဲ႕ေမာင္းႏွင္မႈပုံစံ မက်တာေၾကာင့္၊ ထိုင္ခုံက စိတ္ႀကိဳက္ ခ်ိန္ညႇိလို႔ မရတာေတြေၾကာင့္၊ လမ္းေၾကာင့္၊ အစစ အားလုံးေပ့ါဗ်ာ။

အထူးသျဖင့္ ခရီးေဝးေမာင္းႏွင္မႈေတြမွာ ယာဥ္ေမာင္းသူအေနနဲ႔ လက္ေမာင္းနာက်င္မႈေတြကို ခံစားရေလ့ရွိပါတယ္။ ျပည္ တြင္း ကားအစီးေရ မ်ားလာၿပီ၊ ကားနဲ႔ ခရီးသြားမႈ မ်ားလာၿပီ၊ ဒီေတာ့ အခုလို လက္ေမာင္းနာက်င္မႈလည္း ခံစားရသူႏႈန္း က အရင္ကထက္ ပိုလာဖို႔ပဲ ရွိမယ္၊ ေလ်ာ့ဖို႔ေတာ့ မရွိဘူးေလ။

ဒီေတာ့ ကားေမာင္းႏွင္မႈေၾကာင့္ လက္ေမာင္း နာက်င္မႈ မျဖစ္ေအာင္ နည္းလမ္းေလးေတြ ေျပာျပပါခ်င္တယ္။

(၁) မေမာင္းခင္ လက္ေတြကို ဆန႔္တန္းမႈ လုပ္ပါ၊ တကယ္လို႔ ေမာင္းႏွင္ေနရင္း မီးပြိဳင့္မိေနခ်ိန္မ်ိဳး ဘရိတ္နင္းထားခ်ိန္မွာ လည္း လက္ကိုင္ဘီးကို ကိုင္ၿပီး ထိန္းေက်ာင္းေမာင္းႏွင္ရတဲ့ လက္ႏွစ္ဖက္ကို အတတ္ႏိုင္ဆုံး ဆန႔္တန္းေပးပါ။ လက္ ေမာင္းနာက်င္ရျခင္းနဲ႔ ထုံက်င္ျခင္းရဲ႕အဓိကအရင္းျမစ္ကေတာ့ ေသြးလည္ပတ္မႈ ေကာင္းစြာ မရွိျခင္းေၾကာင့္ပါပဲ။ ဒါ ေၾကာင့္ မေမာင္းႏွင္ခင္မွာလည္း ေလ့က်င့္ခန္းပုံစံ လက္ကို ဆန႔္တန္းျခင္းမ်ိဳး လုပ္ေပးပါ။

အေကာင္းဆုံးအေနနဲ႔ကေတာ့ မိမိ ေရွ႕တည့္တည့္ကို လက္ႏွစ္ဖက္လုံး ဆန႔္ထုတ္ျခင္း၊ ေကြးျခင္းပုံစံ၊ လက္ႏွစ္ဖက္ကို ေဘးဆန႔္တန္းၿပီး ရင္ဘတ္ ေရွ႕တည့္တည့္မွာ လက္အုပ္ခ်ီပုံစံ ျပန္သိမ္းျခင္း ပုံစံ၊ မတ္တပ္ရပ္အေနအထားကေန ခါးကို အတတ္ႏိုင္ဆုံး ကိုင္းၿပီး လက္ႏွစ္ဖက္နဲ႔ ေျခဖထိပ္ဖ်ားထိေအာင္ ထိေစၿပီး အေၾကာေလွ်ာ့တဲ့ ပုံစံမ်ိဳးေတြကို မေမာင္းခင္မွာ ၁၀ ႀကိမ္စီ ျဖစ္ေစ၊ အခ်ိန္ ၃ မိနစ္ကေန ၅ မိနစ္ ခန႔္ျဖစ္ေစ ေပးၿပီး လုပ္ပါ။

ကားေမာင္းေနရင္းအခ်ိန္မွာေတာ့ မီးပြိဳင့္မိေနခ်ိန္မ်ိဳး ထိန္းခ်ဳပ္မႈ မလိုအပ္ခ်ိန္ေတြမွာ လက္ကို အတတ္ႏိုင္ဆုံး ေနရာလြတ္ ေတြဆီကို ဆန႔္တန္းေပးပါ။

(၂) ဒုတိယတခ်က္ ေျပာခ်င္တာကေတာ့ ေမာင္းႏွင္မႈ ပုံစံပါ၊ တခ်ိဳ႕က ပုံစံထုတ္ၿပီး လက္ကိုင္ဘီးကို ကိုင္မႈအပိုင္းမွာ လက္ ေမာင္းႏွစ္ဖက္ကို ဆန႔္တန္းထားၿပီး ထိန္းခ်ဳပ္ ေမာင္းႏွင္မႈ ျပဳၾကပါတယ္။ ဒီအတြက္ လက္ေမာင္း ႂကြက္သားေတြဟာ ေမာင္းႏွင္ေနခ်ိန္တခုလုံးမွာ လက္ေမာင္းအရင္းကေန အဆုံးထိေအာင္ မတင္ေပးထားရပါတယ္။

အမွန္ကေတာ့ ကားေမာင္းႏွင္မႈရဲ႕ လက္ကိုင္ဘီး ထိန္းခ်ဳပ္ ကိုင္တြယ္မႈအေနနဲ႔ လက္ဖ်ား ႏွစ္ဖက္နဲ႔ပဲ လက္ကိုင္ဘီးကို ကိုင္ထားပါ။ လက္းေမာင္းနဲ႔ လက္ဖ်ံေတြကို ေလ်ာ့ထားေပးပါ။

လက္ေခ်ာင္းေတြကေန လက္ကိုင္ဘီးကို ကိုင္တြယ္ထားတာေၾကာင့္ ထိန္းခ်ဳပ္မႈ ၿမဲေနမွာ ျဖစ္သလို သင့္ရဲ႕လက္ေမာင္းနဲ႔ လက္ဖ်ံ ႂကြက္သားေတြလည္း အလုပ္အလုပ္စရာ မလိုဘဲ အနားရေနေစမွာ ျဖစ္ပါတယ္။

(၃) အထက္မွာ ၿမိဳ႕တြင္း ေမာင္းႏွင္မႈေတြအတြက္ မီးပြိဳင့္မိေနတာမ်ိဳး နားခ်ိန္ေတြမွာ လက္ကို အတတ္ႏိုင္ဆုံး ဆန႔္တန္း ေပးဖို႔ ေျပာခဲ့ပါတယ္။ အခု ခရီးေဝးေမာင္းႏွင္မႈအတြက္ ေျပာခ်င္ပါတယ္။ အမ်ားစုေသာ ခရီးေဝး ေမာင္းႏွင္မႈေတြမွာ ယာဥ္ေမာင္း တေယာက္တည္းကပဲ တာဝန္ယူ ေမာင္းႏွင္ေလ့ရွိသလို ခရီးေဝးဆိုတာ အနည္းဆုံး မိုင္ ၁၀၀နဲ႔ အထက္ အေနအထားပါ။

လက္ရွိ အျမန္လမ္းမွာေတာင္ ကီလို ၁၀၀ ထက္ ပိုမေမာင္းဖို႔ ေျပာထားပါတယ္။ ဒီေတာ့ ကီလို ၁၀၀ဟာ ၆၂မိုင္ပဲ ရွိပါ တယ္။ မိုင္ ၁၀၀ ခရီးကို သြားဖို႔ အနည္းဆုံးသတ္မွတ္ႏႈန္း အတိုင္းဆိုရင္ပဲ ၁နာရီခြဲေက်ာ္ ၾကာမွာပါ။ ဒါက အနည္းဆုံးပါ။ ဒီလို ခရီးေဝးေမာင္းႏွင္မႈေတြမွာ မိနစ္ ၃၀ ၾကာတိုင္း လက္ကို ဆန႔္တန္းမႈ ေလ့က်င့္ခန္း လုပ္ေပးပါ။

မီးပြိဳင့္မိစရာ မရွိေတာ့လို႔ ေမာင္းႏွင္ေနရင္း လက္ကိုင္ ဆန႔္တန္းေပးပါ။ ၁၅ မိနစ္ကေန ၂၀ မိနစ္အတြင္း တႀကိမ္ လုပ္ ေဆာင္ေပးပါ။ လက္တဖက္ကို ဆန႔္တန္း၊ ေကြးသိမ္းမႈ စကၠန႔္ ၃၀ စီ အလွည့္က် လုပ္ေပးမယ္ဆိုရင္ ဘယ္ေလာက္ ခရီး ေဝးေမာင္းႏွင္သည္ ျဖစ္ေစ လက္ေမာင္းနာက်င္မႈဒဏ္ကို အေကာင္းဆုံး ကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။

(၄) ယာဥ္ေမာင္းအေနနဲ႔ ေမာင္းႏွင္ေနရင္း အသုံးျပဳတတ္တဲ့ အရာေတြကို မိမိနဲ႔ အလြယ္တကူ လက္လွမ္းမီရာမွာ ထားရွိ စီးနင္းပါ။ မူလ ထိုင္လ်က္ အေနအထားအတိုင္း ထိုင္ေနရင္း မီႏိုင္ေလာက္မယ့္ အကြာအေဝးမွာပဲ ထားပါ။

တကယ္လို႔ မမီမကမ္းေနရာက ပစၥည္းတခုခုကို လိုခ်င္ရင္ ယာဥ္ေပၚပါ တျခား တေယာက္ကို ယူခိုင္းပါ။ အေနအထား ေျပာင္းၿပီး ကိုယ္တိုင္ မယူပါနဲ႔။ ေမာင္းႏွင္ေနရင္း ျဖစ္လို႔ အႏၲရာယ္လည္း မ်ားသလို ႂကြက္သားေတြကို နာက်င္ေစတတ္ တာေၾကာင့္ ေမာင္းႏွင္ၿပီး နာက်င္မႈဒဏ္ေတြ ျဖစ္လာေစတတ္ပါတယ္။

(၅) ေနာက္ဆုံး ေျပာခ်င္တာကေတာ့ အနားေပး ေမာင္းႏွင္ပါ။ အေရးႀကီး အေၾကာင္းအရာမ်ိဳး၊ မျဖစ္အေန အခ်ိန္မီ အ ေရာက္သြားရမယ့္အေနအထား မဟုတ္ရင္ အေကာင္းဆုံးက တနာရီ ေမာင္းႏွင္ၿပီးတိုင္း မိနစ္အနည္းငယ္ ၾကာေအာင္ အနားယူေပးပါ။

ယာဥ္အတြက္ကေတာ့ မိုင္ ၁၀၀ ေမာင္းႏွင္ၿပီးတိုင္း အနားေပးတာ အေကာင္းဆုံး ျဖစ္ေပမယ့္ ယာဥ္ေမာင္းအတြက္ကေတာ့ တနာရီေမာင္းႏွင္ၿပီးတိုင္း အနားေပးေလ့က်င့္ခန္းပုံစံ လုပ္ၿပီး အနားယူ အေညာင္းေျဖတာ အေကာင္းဆုံးပါပဲ။

ခ်စ္ေဖ (ေတာင္တြင္းေျမ)

(Unicode)

ဟိုက်ဝေး ကားမောင်းချိန်တွေမှာ လက်မောင်း နာကျင်ခြင်း မရှိအောင် ဒါလေးတွေ သိထားဖို့လို

 

တချို့က ကားမောင်းပြီး ခရီးသွားရတာ သက်သာတယ်၊ ဇိမ်ကျတယ် ထင်ကြတယ်ဗျ။ ဒါပေမယ့် ကား မောင်းရတာလည်း ထင်သလောက်တော့ မကောင်း၊ ဇိမ်မကျပါဘူး။

အထူးသဖြင့် ကျနော်တို့ ပြည်တွင်းလို Used ကား စီးနင်းမှုများတဲ့နေရာတွေမှာပေါ့။ တဖက်နိုင်ငံမှာ အနည်းနဲ့အများ သုံး ပြီးသား၊ သဘောမကျလို့မှ ရောက်လာတဲ့ ကားတွေကို ကျနော်တို့ အများစု သုံးနေကြရတယ်လေ။

ဒီတော့ ဘာတွေဖြစ်လာသလဲဆိုတော့ စီယာတိုင်လေးနေတာတွေကြောင့်ဖြစ်စေ၊ ကိုယ့်ရဲ့မောင်းနှင်မှုပုံစံ မကျတာကြောင့်၊ ထိုင်ခုံက စိတ်ကြိုက် ချိန်ညှိလို့ မရတာတွေကြောင့်၊ လမ်းကြောင့်၊ အစစ အားလုံးပေ့ါဗျာ။

အထူးသဖြင့် ခရီးဝေးမောင်းနှင်မှုတွေမှာ ယာဉ်မောင်းသူအနေနဲ့ လက်မောင်းနာကျင်မှုတွေကို ခံစားရလေ့ရှိပါတယ်။ ပြည် တွင်း ကားအစီးရေ များလာပြီ၊ ကားနဲ့ ခရီးသွားမှု များလာပြီ၊ ဒီတော့ အခုလို လက်မောင်းနာကျင်မှုလည်း ခံစားရသူနှုန်း က အရင်ကထက် ပိုလာဖို့ပဲ ရှိမယ်၊ လျော့ဖို့တော့ မရှိဘူးလေ။

ဒီတော့ ကားမောင်းနှင်မှုကြောင့် လက်မောင်း နာကျင်မှု မဖြစ်အောင် နည်းလမ်းလေးတွေ ပြောပြပါချင်တယ်။

(၁) မမောင်းခင် လက်တွေကို ဆန့်တန်းမှု လုပ်ပါ၊ တကယ်လို့ မောင်းနှင်နေရင်း မီးပွိုင့်မိနေချိန်မျိုး ဘရိတ်နင်းထားချိန်မှာ လည်း လက်ကိုင်ဘီးကို ကိုင်ပြီး ထိန်းကျောင်းမောင်းနှင်ရတဲ့ လက်နှစ်ဖက်ကို အတတ်နိုင်ဆုံး ဆန့်တန်းပေးပါ။ လက် မောင်းနာကျင်ရခြင်းနဲ့ ထုံကျင်ခြင်းရဲ့အဓိကအရင်းမြစ်ကတော့ သွေးလည်ပတ်မှု ကောင်းစွာ မရှိခြင်းကြောင့်ပါပဲ။ ဒါ ကြောင့် မမောင်းနှင်ခင်မှာလည်း လေ့ကျင့်ခန်းပုံစံ လက်ကို ဆန့်တန်းခြင်းမျိုး လုပ်ပေးပါ။

အကောင်းဆုံးအနေနဲ့ကတော့ မိမိ ရှေ့တည့်တည့်ကို လက်နှစ်ဖက်လုံး ဆန့်ထုတ်ခြင်း၊ ကွေးခြင်းပုံစံ၊ လက်နှစ်ဖက်ကို ဘေးဆန့်တန်းပြီး ရင်ဘတ် ရှေ့တည့်တည့်မှာ လက်အုပ်ချီပုံစံ ပြန်သိမ်းခြင်း ပုံစံ၊ မတ်တပ်ရပ်အနေအထားကနေ ခါးကို အတတ်နိုင်ဆုံး ကိုင်းပြီး လက်နှစ်ဖက်နဲ့ ခြေဖထိပ်ဖျားထိအောင် ထိစေပြီး အကြောလျှော့တဲ့ ပုံစံမျိုးတွေကို မမောင်းခင်မှာ ၁၀ ကြိမ်စီ ဖြစ်စေ၊ အချိန် ၃ မိနစ်ကနေ ၅ မိနစ် ခန့်ဖြစ်စေ ပေးပြီး လုပ်ပါ။

ကားမောင်းနေရင်းအချိန်မှာတော့ မီးပွိုင့်မိနေချိန်မျိုး ထိန်းချုပ်မှု မလိုအပ်ချိန်တွေမှာ လက်ကို အတတ်နိုင်ဆုံး နေရာလွတ် တွေဆီကို ဆန့်တန်းပေးပါ။

(၂) ဒုတိယတချက် ပြောချင်တာကတော့ မောင်းနှင်မှု ပုံစံပါ၊ တချို့က ပုံစံထုတ်ပြီး လက်ကိုင်ဘီးကို ကိုင်မှုအပိုင်းမှာ လက် မောင်းနှစ်ဖက်ကို ဆန့်တန်းထားပြီး ထိန်းချုပ် မောင်းနှင်မှု ပြုကြပါတယ်။ ဒီအတွက် လက်မောင်း ကြွက်သားတွေဟာ မောင်းနှင်နေချိန်တခုလုံးမှာ လက်မောင်းအရင်းကနေ အဆုံးထိအောင် မတင်ပေးထားရပါတယ်။

အမှန်ကတော့ ကားမောင်းနှင်မှုရဲ့ လက်ကိုင်ဘီး ထိန်းချုပ် ကိုင်တွယ်မှုအနေနဲ့ လက်ဖျား နှစ်ဖက်နဲ့ပဲ လက်ကိုင်ဘီးကို ကိုင်ထားပါ။ လက်းမောင်းနဲ့ လက်ဖျံတွေကို လျော့ထားပေးပါ။

လက်ချောင်းတွေကနေ လက်ကိုင်ဘီးကို ကိုင်တွယ်ထားတာကြောင့် ထိန်းချုပ်မှု မြဲနေမှာ ဖြစ်သလို သင့်ရဲ့လက်မောင်းနဲ့ လက်ဖျံ ကြွက်သားတွေလည်း အလုပ်အလုပ်စရာ မလိုဘဲ အနားရနေစေမှာ ဖြစ်ပါတယ်။

(၃) အထက်မှာ မြို့တွင်း မောင်းနှင်မှုတွေအတွက် မီးပွိုင့်မိနေတာမျိုး နားချိန်တွေမှာ လက်ကို အတတ်နိုင်ဆုံး ဆန့်တန်း ပေးဖို့ ပြောခဲ့ပါတယ်။ အခု ခရီးဝေးမောင်းနှင်မှုအတွက် ပြောချင်ပါတယ်။ အများစုသော ခရီးဝေး မောင်းနှင်မှုတွေမှာ ယာဉ်မောင်း တယောက်တည်းကပဲ တာဝန်ယူ မောင်းနှင်လေ့ရှိသလို ခရီးဝေးဆိုတာ အနည်းဆုံး မိုင် ၁၀၀နဲ့ အထက် အနေအထားပါ။

လက်ရှိ အမြန်လမ်းမှာတောင် ကီလို ၁၀၀ ထက် ပိုမမောင်းဖို့ ပြောထားပါတယ်။ ဒီတော့ ကီလို ၁၀၀ဟာ ၆၂မိုင်ပဲ ရှိပါ တယ်။ မိုင် ၁၀၀ ခရီးကို သွားဖို့ အနည်းဆုံးသတ်မှတ်နှုန်း အတိုင်းဆိုရင်ပဲ ၁နာရီခွဲကျော် ကြာမှာပါ။ ဒါက အနည်းဆုံးပါ။ ဒီလို ခရီးဝေးမောင်းနှင်မှုတွေမှာ မိနစ် ၃၀ ကြာတိုင်း လက်ကို ဆန့်တန်းမှု လေ့ကျင့်ခန်း လုပ်ပေးပါ။

မီးပွိုင့်မိစရာ မရှိတော့လို့ မောင်းနှင်နေရင်း လက်ကိုင် ဆန့်တန်းပေးပါ။ ၁၅ မိနစ်ကနေ ၂၀ မိနစ်အတွင်း တကြိမ် လုပ် ဆောင်ပေးပါ။ လက်တဖက်ကို ဆန့်တန်း၊ ကွေးသိမ်းမှု စက္ကန့် ၃၀ စီ အလှည့်ကျ လုပ်ပေးမယ်ဆိုရင် ဘယ်လောက် ခရီး ဝေးမောင်းနှင်သည် ဖြစ်စေ လက်မောင်းနာကျင်မှုဒဏ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) ယာဉ်မောင်းအနေနဲ့ မောင်းနှင်နေရင်း အသုံးပြုတတ်တဲ့ အရာတွေကို မိမိနဲ့ အလွယ်တကူ လက်လှမ်းမီရာမှာ ထားရှိ စီးနင်းပါ။ မူလ ထိုင်လျက် အနေအထားအတိုင်း ထိုင်နေရင်း မီနိုင်လောက်မယ့် အကွာအဝေးမှာပဲ ထားပါ။

တကယ်လို့ မမီမကမ်းနေရာက ပစ္စည်းတခုခုကို လိုချင်ရင် ယာဉ်ပေါ်ပါ တခြား တယောက်ကို ယူခိုင်းပါ။ အနေအထား ပြောင်းပြီး ကိုယ်တိုင် မယူပါနဲ့။ မောင်းနှင်နေရင်း ဖြစ်လို့ အန္တရာယ်လည်း များသလို ကြွက်သားတွေကို နာကျင်စေတတ် တာကြောင့် မောင်းနှင်ပြီး နာကျင်မှုဒဏ်တွေ ဖြစ်လာစေတတ်ပါတယ်။

(၅) နောက်ဆုံး ပြောချင်တာကတော့ အနားပေး မောင်းနှင်ပါ။ အရေးကြီး အကြောင်းအရာမျိုး၊ မဖြစ်အနေ အချိန်မီ အ ရောက်သွားရမယ့်အနေအထား မဟုတ်ရင် အကောင်းဆုံးက တနာရီ မောင်းနှင်ပြီးတိုင်း မိနစ်အနည်းငယ် ကြာအောင် အနားယူပေးပါ။

ယာဉ်အတွက်ကတော့ မိုင် ၁၀၀ မောင်းနှင်ပြီးတိုင်း အနားပေးတာ အကောင်းဆုံး ဖြစ်ပေမယ့် ယာဉ်မောင်းအတွက်ကတော့ တနာရီမောင်းနှင်ပြီးတိုင်း အနားပေးလေ့ကျင့်ခန်းပုံစံ လုပ်ပြီး အနားယူ အညောင်းဖြေတာ အကောင်းဆုံးပါပဲ။

ချစ်ဖေ (တောင်တွင်းမြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here